ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Saturday, August 31, 2013

ငါးရှဥ့် ပုံပြင်





ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ ဖတ်ရပါတယ်။

ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ငါးရှဥ့်တွေဟာကမ်းမကပ်ခင် သေကုန်ကြတယ်။ဒါပေမယ့်တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။


အဲဒီလျှို့ဝှက်ချက်ကတံငါသည်ဟာ လှေဝမ်းထဲမှာငါးခူးတစ်ချို့ထည့်ထားပြီးဖမ်းရတဲ့ငါးရှဥ့်ကိုငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်ကမဖြစ်မနေပြန်ခုခံရတယ်။ ငါးရှဥ့်ရဲ့"အသက်ရှင်ရေး"ဆိုတဲ့သဘာဝစိတ်ကအပြန်အလှန်တိုက်ခိုက်မှုအောက်မှာအလိုအလျှောက်ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။

ကမ်းမကပ်ခင်သေရတဲ့ငါးရှဥ့်တွေကသူတို့ကိုဖမ်းမိသွားပြီ...ဘယ်လိုပဲရုန်းရုန်းလွတ်တော့မှာမဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့အသက်ရှင်ဖို့ဆိုတဲ့မျှော်လင့်ချက်ကအလွယ်တကူပျက်စီးသွားခဲ့တယ်။ဒါကြောင့် လှေဝမ်းထဲမှာကြာကြာမနေရဘဲအချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်ကစိန်ခေါ်မှုတွေကိုသတ္တိရှိရှိရင်ဆိုင်ဖို့၊စိန်ခေါ်မှုကြောင့်ဘဝရဲ့အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေကကိုယ့်သားသမီးကြီးပြင်းလို့နားလည်မှုအတင့်သင့်ရှိလာတဲ့အခါဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့်ဂျပန်လူမျိုးတွေရဲ့ဘဝစိန်ခေါ်မှုတွေကိုရင်ဆိုင်ရဲတဲ့သတ္တိ၊စွမ်းရည်တွေကြောင့်ဂျပန်နိုင်ငံကယနေ့အာရှမှာ အတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တယ်။


မူရင်း -- http://share.youthwant.com.tw/D31021212.html

နိုင်းနိုင်းစနေ (Thursday, January 01, 2009)


Friday, August 30, 2013

လေ အလွင့် စိတ် အလွင့်



သက်စွန့်ဆံဖျား ရွက်လွှင့်ခဲ့ရတာ
တော်ရာမှာ ပျော်သလိုသာနေ
ကံကြမ္မာကို ကျိန်ဆဲပြီး

ဒီ ဂစ်တာအိုကြီး တဒေါင်ဒေါင် တီးနေရတာ
ယဉ်ကျေးမှုမတူရင် ခပ်ဝေးဝေးနေရုံပဲ
ကန္တာရထဲမှာ ညကိုပဲ မျှော်နေရတာ

မီးလောင်ဒဏ်ရာကို
ရှေးဦးသူနာပြုစုနည်းနဲ့ ကုသခဲ့ရတာ
ရူးချင်ယောင် မဆောင်ချင်နဲ့
ကိုယ့်ဇာတာနဲ့ကိုယ်ပဲ

လွတ်ရာကျွတ်ရာမှာ
လေချွန်နေလိုက်မယ်..........................၊။


ကြယ်ပန်းလူ 
လေလွင့်နေတဲ့လူ....နှစ်သက်မိသော ကဗျာ တပုဒ်

ကံကောင်းချင်တော့ ဆူးပုံကြီးတစ်ခုလုံး တက်နင်းမိတယ်

ရေနွေးငွေ့သုံး စက္ကူရထားကြီး စီးပြီး
တဲလ်အဗီးဗ်မှာ ကဗျာရွတ်တော့
ချိုပေါ့ခွက်ထဲ ဆေးပြင်း လိပ်ပြာတွေ ခြွေထည့်ရင်း
နံနက်ခင်း အမြှောက်ဆံတွေကို ခူးယူနမ်းရှိုက်မိ
ကိုယ့်ဘဝကို သူယူပန်ဖို့ကလည်း
ခေါင်းမှာ ဘူရ်ကာက ကန့်လန့် ကန့်လန့်
ဒါတောင် သက်တန့်တွေကို ဘယ်သူမှ မရပ်တံ့စေနိုင်ဘူး
ဆန့်ထားတဲ့ လက် အရင်းက ပြတ်သွားတော့
အသစ် ထွက်မလာတော့ဘူး
လက်ငုတ်လက်ရင်းကလေးနဲ့ပဲ လုပ်ကိုင်စားသောက်ပေါ့တဲ့
နို့ လက်တိုလက်တောင်း ခိုင်းချင်တာခိုင်းနိုင်အောင် ဘယ်သူရှိမလဲ
ဆန့်ထားတဲ့ အချစ်ကတော့
ကမ္ဘာကြီးကို ဘယ်အချိန်ဖြစ်ဖြစ် တစ်က ပြန်စလို့ရတယ်
ဆန့်ထွက်ဖို့အတွက် ဘယ်သူ “တစ်” အဖြစ်ခံမလဲဆိုတော့
ကြောင်ဆေးက မပေါ့သလို ဖြစ်နေတယ်
အမေ အမြဲပန်တဲ့ ပန်းတွေ
အမေ့ရင် သွေးတွေခေါင်းမှာ ဘယ်တော့ ဝေမလဲ
စိတ်ထဲ မွှေးသမျှနဲ့ဘဲ ဘဝကို ချစိုက်ချင်နေတာ ထိန်းမရခဲ့
ညကတော့ အမဲမပျက်ဘဲ အမဲဖျက်လျက်မို့
အဖျားသွေးတက်ပြီး စိတ်တွေဆူလာတိုင်း
ကိုယ့်ကိုယ်ကို လက်ဘက်ခြောက်လို ခပ်နေရတာ အမောတကောပဲ
တောင်စဉ်ရေမရာဘူတာတန်းတလျှောက်
လက်မှတ်စစ် တစ်ယောက်မှမပါတဲ့ ရထားကြီးပေါ်
ကျွန်တော်တို့ နေထိုင် ကြီး ပျင်းခဲ့ကြ
အင်တာနက်ပေါ်ကနေ ကမ္ဘာကြီးကို ဟန်ပါပါသမ်းဝေရင်း
အတင်းနဲ့ သတင်းမခွဲနိုင်တဲ့ခေတ်မှာ
လူတိုင်းဟာ citizen journalist တွေဖြစ်လို့
ဘာပညာရင်နို့မှ မသောက်စို့ရပါပဲ ဂျို့ထိုးနေတဲ့ မိတဆိုးမြို့ပြကြီးထဲ
အစာမကြေဆေးတွေပဲ လိုက်ရှာဝယ်နေရတယ်။


သိုးထိန်း(အန္တိမ)

http://thoehtane.wordpress.com/

Avril Lavigne - Heres To Never Growing

အဆိုတော် မလေး  Avril Lavigne  ရဲ့ သီချင်းအသစ်။ Juny လရဲ့ လက်ရွေးစင် တေးသီချင်း တပုဒ်ပေါ့ဗျာ...




Download >> http://en.savefrom.net/#url=http://youtube.com/watch?v=sXd2WxoOP5g&utm_source=youtube.com&utm_medium=short_domains&utm_campaign=ssyoutube.com

ကကြိုးပျောက်တဲ့ည


နွေရာသီကို ငါကြည့်မရတော့ဘူး ကြယ်မကြွေဘူး
ငှက်ဆိုးတွေမအော်ဘူး
ဒါပေမယ့်
နွေရာသီကိုငါကြည့်မရတော့ဘူး။
ငါ့ဆီက ထွက်ခွါသွားချိန်နဲ့
ငါ့ဆီကိုပြန်ရောက်လာချိန်က
တစ်ထပ်တည်းကျနေတယ်
ကကြိုးရှင်ရယ်
ဒီပွဲက ကားလိပ်ချတာ သိပ်စောလွန်းတယ်။

ရှူး .. . တိုးတိုး
တိမ်တွေမအိပ်သေးဘူး
လမ်းတွေမအိပ်သေးဘူး
ငါလည်းမအိပ်သေးဘူး
အာရုဏ်တက်မှ နေ၀င်သွားပြန်ပြီ ။
လူတစ်ယောက်ရဲ့သမိုင်းမှာ
အနိုင်နဲ့ပိုင်းသွားတဲ့ဓါးချက်တွေ
ဘယ်လောက်များများပွင့်ဝေခဲ့ပြီလဲ

ငါ့ရင်ဘတ်ငါဆွဲလှန်ကြည့်တယ်
အော် . . . အဲဒီတောင်ယာလေးတောင်
ရိတ်သိမ်းခံခဲ့ရပြီပဲ။

သွားပါ.. .
ငါ့အနားကနေထွက်သွားပါ
တော်တော်ကြာ
ပန်းရထားနဲ့အခေါ်မှာ
နင်မပါပဲ ကျန်နေခဲ့ပါဦးမယ်။
အသိုက်ပျက်တဲ့လူငယ်တစ်ဦးရဲ့ဒိုင်ယာရီမှာ
နက်ဖြန်ခါတွေစုတ်ပြဲလို့
နင့်လမ်းနင်ဖြောင့်ဖြောင့်လျှောက်ပါ
ကကြိုးရှင်
နေမ၀င်ခင် အိမ်ပြန်ရောက်ပါစေကွာ ။         



လရိပ်ပျိုးသော ပန်းပင်လယ်

နှစ်သက်မိသော ကဗျာ တပုဒ် --လေလွင့်နေတဲ့လူ

Thursday, August 29, 2013

တန်ဖိုးရှိတဲ့ စာလေးပါ...


တခါကဖားအုပ် တစ်အုပ်ဟာ တောအုပ်တစ်အုပ်ကို ဖြတ်ပြီး ခရီးသွားကြတယ် ...။ သွားရင်းနဲ့ ဖားအုပ်ထဲက ဖားလေး နှစ်ကောင်ဟာ တွင်းနက်တစ်ခုထဲကို ကျသွားသတဲ့ ...။

အဲတော့ကျန်တဲ့ဖားတွေအကုန်လုံးကလည်းတွင်းရဲ့အ၀မှာဝိုင်းကြည့်ကြတာပေါ့..။တွင်းဘယ်လောက်နက်လဲဆိုတာ သူတို့မြင်သွားကြတော့...ဒီလိုတွင်းနက်ထဲကျသွားတဲ့အတွက်ကံဆိုးတဲ့ဒီနှစ်ကောင်တော့အပြင်ကို၏ထွက်လို့ရတော့မှာ
မဟုတ်ဘူးဆိုတော့ အချင်းချင်းပြောနေကြတယ် ...။

3D ခဲပန်းချီ များ လေ့လာ ခံစားရန်






























ဝါသနာ ပါလို့ လေ့လာ ခံစားရင်း မျှဝေ လိုက်ပါတယ်...ဇေလင်း

Wednesday, August 28, 2013

City FM 11 နှစ်မြောက်သီချင်းခွေ


City FM 11 နှစ်မြောက် အထိမ်းအမှတ် တေးသီချင်းခွေ  (
ငြိမ်းချမ်းပါစေ)

သီဆိုထားသူများ

Rဇာနည်, ချမ်းချမ်း, ဂျက်ဆန်ထွန်း, စိုင်းစိုင်းခမ်းလှိုင်, စိုးပြည့်သဇင်, ထူးအယ်လင်း, နီနီခင်ဇော်, ဘန်နီဖြိုး, ရန်အောင်, နေတိုး, အောင်လ, ဖြူဖြူကျော်သိန်း, မြန်မာပြည်သိန်းတန်

ဇော်ဝင်းထွဋ် သီချင်းများ



ကျွန်တော်တို့ရဲ့ ရော့စ်ကာကြီး၏ကို ဇော်ဝင်းထွဋ်၏ရဲ့သီချင်းဟောင်း..သီချင်းကောင်းလေးများ(14)ပုဒ်ပါ

သီချင်းနာမည်ကိုကလစ်ပြီး Downloadပါ (သို့)Right ကလစ်နှိပ်ပြီး  save  link  as  ကိုနှိပ်

Wanted- ငါ့ဂီတ ငါ့ဗီဇ


Wanted- ငါ့ဂီတ ငါ့ဗီဇ တေးအမ်ဘမ် ။ သီချင်းတွေ အကုန်မိုက်တယ် ကြိုက်တယ်.

သီချင်းနာမည်ကို ကလစ်ပြီး ဒေါင်းပါ


ကောင်းကောင်း- ကောင်းကင်ကလူ

ကောင်းကောင်း ရဲ. ကောင်းကင်ကလူ...တေးအမ်ဘမ်..ရင်ကို ထိတဲ့သီချင်းအေးအေးလေးတွေ ပါ

သီချင်းနာမည်ကို ကလစ်ပြီး Download ပါ

1.ခဏလူ
2.အစားထိုးမရတဲ့အချစ်
3.မကြင်နာသူသို
4.ကျွန်တော်ချစ်တဲ့သူမှာချစ်သူရှိတယ်
5.မိုးနဲ့အတူ
6.သူငယ်ချင်းအတွက်
7.အဖေါ်ပြုပါ
8.ဒူးထောက်နေမယ်
9.ပုံပြင်ဟောင်း
10.နှလုံးသားဇာတ်ညွှန်း – Feat: မို့မို့လွင်
11.ဂီတဘဝ
12.ညီမလေး
13.ကောင်းကင်ကလူ

Tuesday, August 27, 2013

Wanted ၏ တေးစီးရီး အသစ်


Wanted..Rockအဆိုတော်အဖွဲ့ရဲ့ နောက်ဆုံးထွက်တေးအမ်ဘမ်အသစ်တစ်ယောက်တစ်နေရာမှ ဒေါင်းရန်

အလွမ်းကဗျာ..

ဒီ အပေါ်က ကောင်လေး နှင်းဆီပန်းကိုင်ထားတဲ့ ပုံကိုကြည့်ပြီး.
သူငယ်ချင်းများကွန့်မန်ပေးထားသည့်အထဲမှတချိုကိုကဗျာအဖြစ်အသက်သွင်းခြင်း..( လေလွင့်နေတဲ့လူ)


ကဗျာ(1)

ငါ့လက်ထဲက နှင်းဆီပန်းလေး လည်းကြေမွ..
ဟော တိမ်လွှာယံက မိုးသားတွေ လည်းရွေ့လျားနေတာ .မင်းမြင်တွေ့နေရတယ်မှတ်လားး

ပိုင်ဆိုင်ထားတဲ့အရာတခုက တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ပြီး
အချစ်ကြောင့် ဘဝဟာပျက်စီးသွားနိုင်တယ်..

ဒါဟာ ဘဝရဲ့ သင်္ခါရတစ်ခုပါပဲ
ဘယ်အရာမှမမြဲဘူးအချိန်တန်ရင် ပျက်စီးရမှာပဲ ငါသိပါတယ်..

မတည်မြဲခြင်းတွေ ကြီးစိုးနေတဲ့.လောကကြီးမှာ..
မပြောင်းလဲ တဲ့ အရာဟာ ချစ်ခြင်းတရားတဲ့....

သူထက်သာ ငတိုး ။လုံမ ငယ် ။လမ်းဘေးက လူမုန်း။လေလွင့်နေတဲ့လူ
-----------------------------------------------------------
ကဗျာ(2)

ချစ်သူ.....
ငါ့လက်ထဲက ရနံသင်းလို့အပြစ်ကင်းတဲ့ နှင်းဆီပန်းလေး..
အေးမြပါတယ် ဆိုတဲ့.လေပြေ ညှင်းက
နူးညံတဲ့သူရဲ့ ပွင်ချပ်လွာတွေကို တစ်စစီ ဖဲ့ချွေနေလေရဲ့

သိုသော် ရိုးသားလွန်းတဲ့ နှင်းဆီ
ပဲ့ကြွေနေတဲ့ကြားက
သူရဲ့ မွေးရနံက လောကကြီးနဲ့အတူ
..လေပြေညုင်းလေးကို ရနံ သင်းနေစေခဲ့တယ်...

ဒီဇာတ်လမ်းမှာ ငါဟာ ဆူးများနဲ့နှင်းဆီ၊ မင်းကအေးမြတဲ့လေပြေလေးပေါ့ကွာ..


Thet Soe Naing။ လေလွင့်နေတဲ့လူ
--------------------------------------------------------------

ကဗျာ(3)

ကြေလွင့်သွားတဲ့ ပန်းလေးတပွင့်လိုပါပဲ.
တနေ့မှာငါ့အသဲ တစစီ ကွဲအက်သွားတယ်
ကွဲအက်သွားချိန်
ရင်ထဲက စီးဆင်းလာတဲ့မျက်ရည် တွေက
ပင်လယ်ဖြစ်ကာမုန်တိုင်းထန်ပြီး.

ငါ့အိမ်မက်တွေကို တိုက်စားခဲ့တာ အကြိမ်ကြိမ်အခါခါ

Dar Wee ။လေလွင့်နေတဲ့လူ
----------------------------------------------------------

ကဗျာ(4)


နာကျင်ပေမဲံ သတိရနေဆဲ
ကမ္ဘာခြားလည်း..ငါ့ရင်ခွင်ဆီ နင်ပြန်လာမယ်.ယုံကြည်မိဆဲ

ယုံကြည့်မှုက တည့်တံ။ငါ့အချစ်တွေကထခိုင်မြဲပေမဲ့
နင့်ကိုပေးမယ့် နှင်းဆီပန်းလေးလည်း ကြွေလွင့်သွားပြန်ပြီ
အချိန်တွေရွေ့လျား နေမြဲပါ

ငါ့အသက်ရှင်လျက်ရှိနေပါတယ်..
သို့သော် ရင်ခုန်သံကို မကြားရတော့တာ..မင်းမရှိတဲ့အချိန်ကစလိုပေါ့
ချစ်သူရယ်..

ငှက်ကလေးရဲ့ တေးသံကို နားဆင်ရင်း
အချစ်ကို ရင်ဝယ်ပိုက်ကာ......
တိမ်တွေလို လေနဲ့ အတူ မင်းရှိရာကို လွင့်မျောချင်ရဲ့...


Paing Lay ။လေလွင့်နေတဲ့လူ
-------------------------------------

ပညာရေးရဲ့အနှစ်

Resize of edu crisis

ပညာရေးမှာ အဓိက ပလေယာ ၄ ဦးရှိပါတယ်။ ဒီပလေယာ၎ ဦး တဦးဦး ဖောက်ပြန်ရင် ပညာရေးဟာ ဘာတွေ ဘယ်လောက်ပြင်ပြင် ကျပြီးရင်း ကျနေမှာပါပဲ။
၁။ အစိုးရ

  • ပညာရေးအပေါ် သုံးတဲ့အသုံးစရိတ် မတိုးသေးသရွေ့ ပညာရေးကောင်းမှ တိုင်းပြည်ကောင်းမည်ဟူသော ခံယူချက်အား အပေါ်ယံ ပြောပြီး နှစ်နှစ်ကာကာ မယုံသေးသရွေ့၊ 
  • ကျောင်းသားအား မိမိတို့အာဏာ ကုလားထိုင်ကို ဖယ်ရှားမည့်သူဟု ခံယူထားသေးသရွေ့
၂။ ဆရာ ဆရာမ

  • ကျောင်းသားကျောင်းသူအား ဈေးကွက်တခုပမာ သဘောထားနေသရွေ့၊
  • လစာမလောက်သော အကြောင်းပြချက်ဖြင့် ဆရာ ဂုဏ် ပျက်ယွင်းနေသရွေ့
  • ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် မိမိတို့အခန်းကဏ္ဍသည် အရေးအကြီးဆုံး ဆိုသောအချက်အား မေ့နေသရွေ့
  • မိမိကိုယ်တိုင် တာဝန်ယူမှု တာဝန်ခံမှုနှင့် စေတနာ နည်းနေသရွေ့
  • ဆရာ ဆရာ မတို့၏ တီထွင်ဖန်တီးမှု နည်းနေသရွေ့
၃။ မိဘ

  • မိမိတို့ သားသမီး အောင်မြင်မှုရန် မသမာမှုပြုရန် စည်းကမ်း ဥပဒေပြင်ပမှ ဆောင်ရွက်ရန်ဝန်မလေးသရွေ့
  • ငွေ အာဏာ အသုံးပြု လိုရာ ရရန် ဆောင်ရွက်ဖို့ ၀န်မလေးသရွေ့
  • မိဘများ အစိုးရ ဆရာ ဆရာ မများနှင့် ပူးပေါင်းဆောင်ရွက်ရန် အားနည်းနေသရွေ့
  • မိမိသားသမီး ပညာတတ်ရေးထက် အမှတ်ကောင်း လိုင်းကောင်းရရန် ဦးတည်နေသရွေ့
  • ဆရာဆရာမနှင့် ပူးပေါင်းရမည့်အစား အပြစ်ရှာ ရန်သာ ဦးတည်နေသရွေ့
၎ ။ကျောင်းသား ကျောင်းသူ

  • ကျောင်းသား ကျောင်းသူများ စည်းကမ်းတကျ ပညာမသင်ကြားသရွေ့
  • ဆရာ ဆရာမအပေါ် ရိုသေလေးစားမှု ပျောက်ဆုံးနေသရွေ့၊
  • မိမိကိုယ်တိုင် ရိုးရိုးသားသား ကြိုးစားလိုစိတ် ပျောက်ဆုံးနေသရွေ့၊
  • အနာဂတ် တိုင်းပြည်အတွက် ထမ်းဆောင်ရန် ဟူသော ရည်ရွယ်ချက်မရှိသေးသရွေ့၊
ပညာရေးမှာ ဘာပဲလုပ်လုပ် မအောင်မြင်နိုင်ကြောင်းပါ။ တိုင်းပြည်လည်းဆင်းရဲတွင်းမှ မထွက်နိုင်သလို ဘ၀ အာမခံချက်လည်း ဘာမျှမရှိနိုင်ကြောင်းပါ။
ကိုကြီးသောင်း ( မန္တလေး သတင်းပုံရိပ်များ )

http://www.maukkha.org/index.php




ကံကောင်းသောနေ့

သေဆုံးရမယ်ဆိုရင်တောင်
မီးလျှံ ကိုတွေ့ရတဲ့ ပိုးဖလံအတွက်
ကံကောင်းသောနေ့တဲ့ ~~

နွမ်းရဦးမယ်ဆိုရင်တောင်

လရောင်ကိုမြင်တွေ့ ခွင့် ရတဲ့ ကုမဒြာ အတွက်
ကံကောင်းသောနေ့တဲ့ ~~

လွမ်းနေရဦးမယ်ဆိုရင်တောင်

ချစ်သူကိုမြင်ခွင့် ရတဲ့ နေ့ဟာ
ကံကောင်းသောနေ့ပါပဲ ~~


ကိုရုပ်ဆိုး

https://www.facebook.com/youksoe
 လေလွင့်နေတဲ့လူ နှစ်သက်မိသော

Monday, August 26, 2013

Tripps-Adventures ဂီမ်းလေး အပျင်းပြေ ဆော့ရအောင်




Tripps-Adventures
'ဒီဂိမ်းပုံစံ လေးကCasper လေးတစ်ကောင်ကပါဝါတခုကို၇ရှိအောင်ရယူရမှာပါဖြစ်ပါတယ်.
စိတ်ဝင်စားဖို့ကောင်းပါတယ်....ဥာဏ်ကို လွှာသုံးရမဲ့...ဥာဏ်စမ်းဂိမ်းလေး ဆိုလည်းမမှားပါဘူးး

ဖိုင်ဆိုဒ် 30 ကျော်ပဲ ရှိပါတယ်....အောက်မှာ ဒေါင်းပါ



Tripps-Adventures ဂိမ်းဒေါင်းရန်  >> 
Download   <<


အင်စတော လုပ်နည်း

ဒေါင်းလုဒ် ဆွဲပြီးတဲ့ ဖိုင်ကို ဖွင့်လိုက်ပါ။။

1. Tripp's - Adventures.exe ဆိုတာကို ကလစ်
2 .Extract  ကိုနှိပ် အင်စတောလုပ် ပြီးရင် ok -ကိုနှိပ်...ပြီး ကစားလို့ရပါပြီ


လေလွင့်နေတဲ့လူ

http://www.zaylinthawtar1994.blogspot.com/

--

Saturday, August 24, 2013

2013 July လအတွင်း ထွက်ရှိထားတဲ့နိုင်ငံခြား တေးသီချင်းကောင်းများ

http://www.colourbox.com/preview/4709530-222760-music-background-with-rose-and-notes.jpg


2013  July လအတွင်း ထွက်ရှိထားတဲ့နိုင်ငံခြား အဆိုတော်များရဲ့ တေးသီချင်းများထဲကမှ....
တေလာဆွစ် ရဲ့ Everything Has Changed ၊ပေါ့အဆိုတော်မလေး..Selena Gomez ရဲ့၊Come Get It
အပါအ၀င် လက်ရွေးစင်  တေးသီချင်းကောင်းများ..MP3...ကျွန်တော် တော့ ဒေါင်းလုဒ်ဆွဲထားလိုက်ပြီ
သီချင်း တွေ အကုန် နားထောင်လို့ ကောင်းတယ်......( လေလွင့်နေတဲ့လူ )

သီချင်းနာမည်ကို ကလစ်ပြီး ဒေါင်းပါ (သို့မဟုတ်) သီချင်းနာမည်ကို Right Click ထောက်Save target As..ကိုနှိပ်....

ဘဝအတွက် ကြိုးစားနေချိန် ရှောင်ရှားဖွယ်ရာများ



မပျင်းနဲ့

ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလားကဲလားနဲ့ တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။


မတွေဝေနဲ့


လောကီလူသားပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။ အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေ
သွားတတ်ပါတယ်။ ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။

မစိုးရိမ်နဲ့

ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့မလား။ ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော ရှိရဲ့  လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်းက Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။


အားမငယ်နဲ့

ငါ့ဘော်ဒါတွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။ (ဘာဖြစ်တာလဲတော့ မသိဘူး) ကိုယ်က ဘဝရဲ့ အဓိပ္ပါယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်လည်နေရတဲ့အခြေအနေထဲမှာ စိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်နေမယ့်အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။



အချစ်ဆိပ် မတက်နဲ့


ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေးတစ်လုံးနဲ့ နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို အတိုက်စားခံလိုက်ကြတယ်။ Love ဆိုတာကြီးက The Whole Life မဟုတ်ပါဘူး။ Just a part of life ပါလေ။ စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိ တာက ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။

စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ် နည်းဖို့အတွက် ပေးဆပ် တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်လည်းမဆက်၊ မအိပ်ဆက်၊ တစ်ပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ၊ ၈ နာရီက အပြင်မှာ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလို့ပါ၊ သဲသဲကို သတိရလို့ပါဆိုပြီး ဖုန်းတွေဆက်ကြ နဲ့ အိပ်ရေး ပျက်အောင် လုပ်တဲ့ အခန်းဖော်ကြောင့် တိုက်ခန်း စပ်မငှားတော့တာ ကြာပါပြီ။ ဒီတော့ ချစ်တော့ ချစ်ပါ။ Target တစ်ခုထားပြီး ကြိုးစားနေစဉ် ကာလမှာပေါ့။ အဆိပ်တော့ မတတ်ပါနဲ့။ ဖြေဆေးမရှိပါဘူး။ ကြိုးစားနေတဲ့ လူငယ်တွေအတွက် ကျရှံးစေမယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။


အပျော်မမက်နဲ့

စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေ
ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများနေရင်လည်း မကောင်းဘူး။ ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့ Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေလိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှုအတွက် တစ်ဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီစမ်း ပဲဆီနံလေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။ အချို့ ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့။ အိနြေ္ဒရရလေး ပျော်နိုင်ပါတယ်။

ဒါနဲ့ ထပ်လောင်းပြောချင်တာကကြိုးစားနေတဲ့ဘဝရဲအရသာဆိုတာဟာလည်းပန်းတိုင်ရောက်မှခူးဆွတ်ရမှာ
မဟုတ်ပါဘူးနော်။ အသီးမသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တစ်ခါတစ်လေကျ ကြိုးစားနေရင်းနဲ့ အချို့ က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှုအတွက် ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။

အားလုံး ကြိုးစားရကျိုးနှပ်တဲ့ ပန်းတိုင်တစ်ခုသို့ ရောက်ရှိနိုင်ကြပါစေ။


TechSpace Journal
အောင်ခမ်း (TSJ team)



မြတ်ဗုဒ္ဓ၏ အံ့ဖွယ် (၁၈) ပါး။



(၁) မြတ်စွာဘုရားရှင် ၀တ်ရုံတော်မူသည့် သင်္ကန်းတော်သည် ဟောင်းနွမ်းခြင်း၊ ဂျီးတင်ခြင်း၊ လျှော်ဖွယ်ရခြင်း မရှိခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၂) မြတ်စွာဘုရားရှင်သည် ပရိက္ခရာရှစ်ပါးကို ဆောင်ယူတော်မူသည့်အခါတွင် ထိုပရိက္ခရာအစုံတို့သည် ကိုယ်တော်နှင့်မထိမစပ်ပဲ လက်လေးသစ်မျှ ကွာတော်မူနေခြင်း တည်းဟူသော အံ့သြဖွယ်ရာတစ်ပါး။

ရင့်ကျက်သူမှာမရှိသင့်တဲ့၊မရှိတဲ့ လက္ခဏာရပ်များ

http://www.delivermagazine.com/wp-content/uploads/2010/09/measure_success_jump_large.jpg




လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။

ဘဝရဲ့စိန်ခေါ်မှုကိုအကြိမ်ကြိမ်ရင်ဆိုင်ရဲပြီးကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင်ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊လွယ်လွယ်လက်လွတ်တတ်သူကဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီမရောက်နိုင်ပါဘူး။ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များမှာ ..


(၁) ချက်ချင်းတုန့်ပြန်တယ်၊ ဆင်းရဲသားစိတ်ထားရှိတယ်။

(i)အခွင့်အရေးတစ်ခုနဲ့ကြုံတွေ့တိုင်းသူတို့တွေ့တာကအခွင့်အရေးထဲကအခက်အခဲကိုဖြစ်တယ်။ဒါကြောင့်"No"လို့ချက်ချင်းငြင်းဆန်တတ်သူဖြစ်တယ်။

(ii) ဆင်းရဲသားစိတ်ထားလိုမျိုး နေ့ချင်းညချင်းကြီးပွားချင်ကြတယ်။အလွယ်တကူရတဲ့အရာကတန်ဖိုးရှိတဲ့အရာ မဟုတ်သလို တန်ဖိုးရှိတဲ့အရာကလည်း အလွယ်တကူ မရနိုင်ပါဘူး။ အိုလံပစ် ရွှေတံဆိပ်ပိုင်ရှင်တွေက တစ်ညတည်း ကြိုးစားခဲ့ကြတာမဟုတ်ပါဘူး။

ပြိုင်ပွဲမှာသူတို့ရလိုက်တာကသူတို့ကြိုးစားလေ့ကျင့်ခဲ့တဲ့ရလဒ်အတွက်လူတွေရဲ့အသိမှတ်ပြုခြင်းတွေဖြစ်ပါတယ်။ "Rich Dad Business School" စာအုပ်မှာပြောထားတာက အမေရိကန်မှာ ထီတစ်သန်းဆုပေါက်သူတွေဟာ ၅နှစ်နောက်ပိုင်းမှာ သူတို့ရဲ့ဘဝက အရင်ကလောက်မပျော်ဘူးလို့ ဆိုပါတယ်။

(၂)
(i) ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို မပြောင်းလဲချင်ဘူး လူလူချင်းကြားမှာ အခြေခံကွဲပြားနေတဲ့အချက်က တွေးခေါ်နည်း ခြားနားတာပဲဖြစ်တယ်။ အောင်မြင်သူဖြစ်ချင်ရင် ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို အရင်ဆုံးပြောင်းလဲပစ်ရပါတယ်

အဲဒီနောက် အပြုအမူကို ပြောင်းလဲရပါတယ်။ ကိစ္စရပ်တစ်ခုဆောင်ရွက်တဲ့အခါ အခက်အခဲ၊ အဟန့်အတားကို သင်အရင်ဆုံးမြင်ရင် အောင်မြင်ဖို့မပြောနဲ့ မဖြစ်မြောက်တဲ့အံ့သြဖွယ်ဖြစ်ရပ်မှာ သင်ပါသွားနိုင်ပါတယ်။ ဟောင်းတဲ့အတွေးအခေါ်ဆိုတာ... ချက်ချင်းတုန့်ပြန်တာ၊ ဆင်းရဲသားစိတ်ထားရှိတာ၊ အခက်အခဲကြုံတာနဲ့ နောက်ဆုတ်ပြေးတာ.. တွေဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့အားက အရာအားလုံးကို သိမ်းသွင်းနိုင်ပါတယ်။ ဟောင်းအိုတဲ့ အပြုအမူဆိုတာ... အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ အကျိုးမရှိတဲ့ ဖြေဖျော်မှုတွေဖြစ်တယ်။

(ii) တခြားလူကို နောက်ကွယ်မှာ ဝေဖန်ကဲ့ရဲ့ဖို့ နှစ်သက်တယ် ဒီလိုလူမျိုးကို ကျွန်တော်တို့က အားယားနေသူလို့ တင်စားတယ်။ ဒီလိုစကားကို ကျွန်တော်တို့ နားမထောင်ဘူး၊ မပြောဘူး၊ လက်ဆင့်မကမ်းဘူး။ သူပြောဆိုဝေဖန်တဲ့စကားက မှန်တယ်ထားဦး သူ့အတွက်လည်း ဘာကောင်းကျိုးမှ မရှိပါဘူး။

(iii) အမြဲညည်းတွားတယ်၊ အပြုအမူ အပျက်ဆောင်တယ် လူဆိုတာ ခြောက်ပစ်မကင်းပါဘူး။ ချွတ်ယွင်းချက် အနည်းအများတော့ ရှိတတ်ကြပါတယ်။ ကိုယ်ကျင့်တရားအတွက် မဟုတ်ဘူးဆိုရင် သူတို့ကို ကောင်းတဲ့အကြည့်နဲ့ ကျွန်တော်တို့ကြည့်ဖို့လိုတယ်။ ပိုအရေးကြီးတာက သူ့ရဲ့ချွတ်ယွင်းချက်ကိုပဲ အမြဲမကြည့်ဖို့ဖြစ်တယ်။ သူ့အပေါ် ကိုယ်မကျေမနပ် ညည်းတွားတာတွေက မှန်ခဲ့တယ်ဆိုရင်တောင် မညည်းတွားသင့်ပါဘူး။ အကြောင်းက အောင်မြင်သူတွေဟာ ဘယ်တော့မှ မညည်းတွားလို့ပါပဲ။

(iv) သင်ယူဖို့ ငြင်းဆန်တယ်၊ ပြောင်းလဲဖို့ ငြင်းဆန်တယ် ၂၁ရာစုလောကရဲ့ထူးခြားတဲ့ လဏ္ခာ သုံးရပ်က ... အမြန်နှုန်း၊ ပြောင်းလဲနှုန်းနဲ့ ကပ်ဆိုက်နှုန်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့ နည်းဗျူဟာက သင်ယူမယ်၊ လုပ်ငန်းတွေကို ပြောင်းလဲမယ်။ သင်မြန်မြန်သင်ယူနိုင်လေ သင့်ပြောင်း လဲနှုန်း ကမြန်လေ အောင်မြင်မှုကို သင်မြန်မြန်ဆန်ဆန်ရလေဖြစ်တယ်။ ဒီကနေ့ခေတ် လုပ်ငန်းတွေ ရဲ့ယှဉ်ပြိုင်မှုက လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုဖြစ်တယ်။

လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုက သင်ယူခြင်းရဲ့ယှဉ်ပြိုင်မှုပဲဖြစ်တယ်။ ကပ်ဆိုက်တဲ့ကာလမှာ သင်အောင်မြင်ချင်ရင် များများသင်ယူရတယ်။ ဒီကနေ့ခေတ် သူဌေးသူကြွယ်တချို့ဟာ နောင် ၅နှစ် ၁ဝနှစ်မှာ ၈ဝ%က ဒေဝါရီခံရကိန်းရှိတယ်။ တကယ်လို့ သင်အောင်မြင်ချင်ရင် သင်ယူရမယ်၊ ပြောင်းလဲရမယ်။

(၃) ခံစားချက်ရဲ့ အထိန်းအချုပ်ကို အမြဲခံတယ် လောကမှာဖြစ်ပျက်နေတဲ့ ကြေကွဲဝမ်းနည်းခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေဟာ လူလူချင်းကြား သည်းမခံနိုင်လို့ ဖြစ်လာတာတွေဖြစ်တယ်။ တချို့က မဖြစ်စလောက်ကိစ္စနဲ့ ဒေါသအကြီးအကျယ်ထွက်တယ်။ ပေါက်ကွဲတယ်။ အောင်မြင်ခြင်းအတွက် အခြေခံအချက်

(၅)ချက်မှာ တစ်အချက်က ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်။ နှစ်အချက်က ကျန်းမာရေး။ သုံးအချက်က အချိန်စီမံခန့်ခွဲရေး၊ လေးအချက်က ဘဏ္ဍာစီမံခန့်ခွဲရေး၊ ငါးအချက်က ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးတွေဖြစ်တယ်။

ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးရဲ့ အဓိကအချက်(၃)ချက်က

(i) တခြားသူကို ကိုယ့်ကိုယ်ကိုထက် ပိုဂရုစိုက်တာဖြစ်တယ်။

(ii) အပြစ်မရှာဘူး၊ မညည်းတွားဘူး၊ မဝေဖန်ဘူး။ များများချီးကျူး ချီးမွမ်းတယ်၊ များများခွင့်လွှတ်နားလည်တယ်

(iii)နားထောင်ကောင်းသူ၊ ပြောဆိုဆက်ဆံရေးကောင်းသူလုပ်တယ်။ဂရုစိုက်ဖော်ရွေမှုက အေးစက်လျစ်လျူရှုမှုထက်များတယ်။

(၄) စိတ်မှန်းနဲ့ ကိစ္စရပ်တွေကို ဝေဖန်ပိုင်းခြားတယ်၊ မှန်ကန်တဲ့ အကြောင်းရင်းကို အခြေမခံဘူး ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ လူတော်တော်များများက ကိစ္စရပ်တွေကို စိတ်မှန်းနဲ့ပဲ ဝေဖန်ပိုင်းခြားကြတယ်။ ကျွန်တော်ထင်တာက ဒီလိုပါ။ ကျွန်မထင်တာက ဟိုလိုပါ။ ထင်တာပြောရရင်...

(၅) အလုပ်လုပ်ရမှာ ယုံကြည်မှုကို အမှီမပြုဘူး။ လူ့အပြောကိုပဲ အမှီပြုတယ် လူ့ဘဝက ကိုယ့်အတွက်ရှင်သန်တာဖြစ်တယ်၊ သူတစ်ပါးအတွက် ရှင်သန်တာ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ပါးစပ်က သူ့ကိုယ်ပေါ်မှာရှိတဲ့အတွက် ပြောချင်ရာပြောပါစေ။ ဂရုမစိုက်ပါနဲ့။ လမ်းမှားညွှန်ပြပြီး အဲဒီအမှားအတွက် ကိုယ်တိုင်တာဝန်ယူပေးသူ မရှိပါဘူး။ တကယ့်လမ်းမှန်ကို ညွန်ပြတဲ့ ဆရာကောင်းသမားတွေ ပေါများပါတယ်။

ဒီလောကရဲ့လူအုပ်စုကို နှစ်ဖွဲ့ခွဲရင် တစ်ဖက်က ၅%နဲ့ ကျန်တစ်ဖက်က၉၅%ဖြစ်တယ်။၅%သော အောင်မြင်သူတွေက မအောင်မြင်ခင်မှာ လူတွေရဲ့ကဲ့ရဲ့ဝေဖန်တာကို ခံရတယ်။ အရူး၊ လူတုံးလူအလို့ အခေါ်ခံရတယ်။ လေဒီယိုတီထွင်ခဲ့သူဟာ အရူးလို့စွပ်စွဲခံရပြီး အရူးဆေးရုံ အပို့ခံခဲ့ရပါတယ်။ လူအများရဲ့(၉၅%)ဘဝလို့ ကျွန်တော်တို့ မဖြတ်သန်းချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခေါ်ခံရပါစေ၊ အလှောင်ရယ်ခံရပါစေ ကျေနပ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။ 



linkin park ရောစ့် တေးဂီတ အဖွဲ၏ သီချင်းဟောင်းလေး တပုဒ်


linkin park 
...ROCK တေးဂီတ အဖွဲ၏ သီချင်းဟောင်းလေး တပုဒ်။  In The End


ဒေါင်းလုဒ် ဆွဲချင်ပါက အောက်က အနီရောင် လင့်ကို Copy ယူ

http://www.youtube.com/watch?v=eVTXPUF4Oz4 

ပြီးရင်http://en.savefrom.net/  ကိုသွားပြီး..အကွက်ထဲကို Paste ကာ Download ပါ။



လေလွင့်နေတဲ့လူ

Friday, August 23, 2013

facebookက videoကို Mp3 (or) Mp4 ဒေါင်းလုဒ်ဆွဲနည်း



Facebook က video ကို MP3 (သို့ )MP4 နှစ်သက်ရာဖိုင်ဖြင့် လွယ်ကူစွာ Downloadဆွဲနည်း ဖြစ်ပါသည်၊




အဆင့်(1) ဒေါင်းချင်တဲ့  facebok  video လင့်ကို copy ယူလိုက်ပါ

အဆင့်(2) http://www.fbdown.net/  ကို သွားပါ


အဆင့်(3)


အဆင့်(4)

အဆင့်(5)



အဆင့်(6)


facebook က video ကို mp3 ဒေါင်းချင်ရင် တော့

http://www.facebookvideomp3.com/
ကိုသွားပါ..


videoလင့်ကို ယူ အဲ့ဆိုက်က အကွက်လေးထဲထည်

Inder ကိုနှိပ်..MP4 ရယ် MP3 ရယ်.လိုချင်တာ ရွေးပြီးဒေါ်င်းလို့ရပါပြီ




Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်