ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, October 31, 2013

ရုပ်ပြောင်ဖန်တီးနိုင်တဲ့ Apk အလန်း..2013

မူလ ရုပ်ပုံ                                                                              Manboker.v2.3.1.apk နှင့်ဖန်တီး ပြီး
















....................
ရုပ်ပြောင် လုပ်တဲ့   apk လေးပါ- အသုံးပြုသူ များပြားပါတယ်

apk name က
=Manboker.v2.3.1.apk ဖြစ်ပါတယ်.

အသုံးဝင်ပုံက


မိမိရဲ့ရုပ်ပုံကို ကာတွန်းပုံစံလေးလို့၊ ပန်းချီရေးခြစ်ထားသလိုမျိုး စတိုင်အမျိုးမျိုးနဲ့ဖန်တီးလို့ရပါတယ်
..
စိတ်ထဲ ရှိသလို ဖန်တီးလို့ရတဲ့app လေးမို့ အသုံးပြုဖူးသူတိုင်း ကြိုက်နှစ်သက်ကြပါတယ်..

အောက်က လင့် တခုခု ကို ကလစ်ပြီး Download ပါ။


Download ရန် >>
1   'ဒီနေရာကို ကလစ်ပါ  ဒီနေရာကို ကလစ်ပါ3   ဒီနေရာကို ကလစ်ပါ

လေလွင့်နေတဲ့လူ

နှင်းဆီပန်းပွင့်ပုံလေး ပန်းချီဆွဲကြည့်ရအောင်-


အထက်ပါ ပုံကဲ့ သို့ နှင်းဆီပန်းပုံလေး.. ခဲပန်းချီ ရေးခြစ်ကြည့် ကြရအောင် ပါ
အောက်မှာ ပြထားတဲ့ ပုံလေးတွေ အတိုင်း အဆင့်ဆင့် ကျွန်တော် နဲ့ အတူတူ လေ့လာကြည့်ရအောင်

ဘီလ်ဂိတ်ပြောသော စကားတခွန်း



ဘီလ်ဂိတ်ပြော ခဲ့ တဲ့ စကားလေး တခွန်းပါ

" ကျွန်တော်ဟာ အမြဲတမ်း ပျင်းတဲ့လူတစ်ယောက်ရွေးပြီး....အခက်ဆုံးအလုပ်လုပ်ခိုင်းတယ်.

ဘာလို့လဲ ဆိုတော့   အဲ့ဒီပျင်းတဲ့ သူက..အလွယ်ဆုံးနည်းလမ်းရှာမှာဖြစ်လို့ပါ " တဲ့။



တေလာဆွစ်( Taylor Swift )- သီချင်းအသစ် Sweeter Than Fiction (CD)


ပေါ့စ် အဆိုတော် မလေး- တေလာဆွစ် 2013 ခုနှစ်နောက် ဆုံး ထွက်ရှိလာသည့် သီချင်းအသစ်..
သီချင်း ခေါင်းစဉ်က >> Sweeter Than Fiction

ကျွန်တော် ကတော့ တေလာဆွစ် သီချင်း ဆိုတာနဲ့ နားထောင်ပြီးသားပဲ..

အောက်မှာ Download ဆွဲယူ နားဆင်ပါ- Music Mp3

Sweeter Than Fiction သီချင်း Downlaod ရန် ( အောက်ကလင့် တခုခု ကို ကလစ်ပြီးဒေါင်းပါ)

Download LInk 1>>. ဒီနေရာကို ကလစ်ပါ..
Download LInk 2>> ဒီနေရာကို ကလစ်ပါ.
Download LInk 3>> ဒီနေရာကို ကလစ်ပါ..
Download LInk 4>>.ဒီနေရာကို ကလစ်ပါ....

အောက်မှာ တိုက်ရိုက် နားဆင်ကြည့်ပါ။


   
လေလွင့်နေတဲ့လူ-♫♪ သံစဉ်များနှင့်စီးမျောခိုက် ♫♪

Wednesday, October 30, 2013

“မှန်ရာကို သစ္စာဆိုပါမည်” ( funny)


ဦးမဲလုံး ဒေါသထွက်နေတယ်
သူ့သား ခြောက်ယောက်စလုံးကို တန်းစီခိုင်းထားပြီး စစ်မေးနေတယ်… …

“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”

ဘယ်သူမှ ပြန်မဖြေဘူး
ထပ်မေးတယ်… …

“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”

ဒါလည်း ဘယ်သူမှ ပြန်မဖြေဘူး

ဆိုတော့ ဦးမဲလုံးက ဆက်ပြောတယ်… …

“မင်းတို့ကို ဟိုဘက်အိမ်က မောင်ကျေးညိုလေးအကြောင်း ပြောပြမယ်၊ တခါက အဲဒီမောင်ကျေးညိုလေးဟာ သူ့အိမ်ရှေ့က တမာပင်ကို ဓားနဲ့ခုတ်လှဲပစ်တယ်၊ သူ့အဖေက ဘယ်သူခုတ်တာလဲလို့မေးတော့ မောင်ကျေးညိုလေးက သူခုတ်တာပါလို့ အမှန်အတိုင်း ဖြေလိုက်တယ်၊ အဲဒီလို အမှန်ပြောတော့ သူ့အဖေက မရိုက်ဘူးကွ”

ပြီးတာနဲ့ ခုနမေးခွန်းကို ပြန်မေးတယ်… …

“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”

အဲဒီမှာ တတိယ အငယ်ဆုံးသားက ပြန်ဖြေတယ်.. …

“ကျနော် တွန်းလှဲတာပါ”

…ဆိုတော့ ဦးမဲလုံးက အဲဒီသားကို ဆွဲထုတ်ပြီး ရိုက်ပါလေရော

သားလေးက ငိုရင်းနဲ့ မေးတယ်… …

“ကျေးညိုအပြစ်လုပ်တယ်၊ အမှန်ကို သူဝန်ခံတယ်၊ သူ့အဖေ မရိုက်ဘူး၊ ကျနော်အပြစ်လုပ်တယ်၊ အမှန်ကိုဝန်ခံတယ်၊ ကျနော့်ကို အဖေရိုက်တယ်”

ဒီတော့ ဦးမဲလုံးက ပြန်ပြောတယ်… …

“ကျေးညို တမာပင် ခုတ်လှဲတုန်းက သူ့အဖေက တမာပင်ပေါ်မှာ ငုတ်တုတ်ထိုင်မနေဘူးကွ”… တဲ့


Monday, October 28, 2013

စကားကြီး ဆယ်မျိုး - ရှင်းလင်းချက်

စကားကြီး ဆယ်မျိုး - ရှင်းလင်းချက်

မြန်မာစကားမှာ စကားကြီးဆယ်မျိုးရှိပါတယ်။ တနည်းအားဖြင့် စကားအရာ အင်္ဂါလေးတန် စကားဆယ်မျိုးပါဝင်တဲ့ စကားတစ်ခွန်းဟာ တစ်ခွန်းဆို ဆိုသလောက် အဓိပ္ပါယ်ပြည့်ဝ စေပါတယ်-


စကားကြီး ဆယ်မျိုးကတော့

(၁)ရေကူးညာတင်
(၂)ကောက်ပင်ရိတ်လှီ
(၃)ရေစီးဖောင်ဆန်
(၄)အိုးတန်ဆန်ခပ်
(၅)ဆီပွတ်ကျည်ပွေ့
(၆)ဆင်ဝှေ့ရန်ရှောင်
(၇)တောင်သူယာခုတ်၊
(၈)ကြက်ဆုတ်ခွပ်ပစ်
(၉) ရေစစ်ကရား
(၁၀)ခက်တင်မောင်းနင်း  ပြောနည်းတို့ပဲဖြစ်ပါတယ်....

(၁)။ရေကူးညာတင်ပြောနည်း

မြစ်တစ်ဘက်မှ အခြားတစ်ဘက်သို့ ကူးသည် အခါ မြစ် ညာဘက်မှစ၍ကူး မှသာ၊လိုရာသို့ ရောက် သ လို၊စကား ပြောသည့်အခါ လည်း လိုရာရောက်အောင် အထက်ကတင်ကူး၍ပြောနည်းကိုခေါ်သည်။

(၂)။ကောက်ပင်ရိတ်လှီးပြောနည်း

စပါးရိတ်သည့်အခါတစ်နိုင်ကောက်ပင်အချို့ကို လက်တစ်ဖက်ဖြင့် ပိုင်ပိုင် နိုင်နိုင်ဆုပ်ကိုင်ပြီးမှအခြားလက်
တစ်ဖက်က တံဇဉ်ဖြင့် ပင်ရင်းမှ ရိတ်ဖြတ်ရသကဲ့သို့ စကားပြောရာတွင်လည်း တစ်ဘက်လူ၏စကားကို သိမ်း ကျုံးဖမ်းဆုတ်ပြီး အခြေအမြစ် ကိုင်၍ပြောနည်းကိုခေါ်သည်။

(၃)။ရေစီးဖောင်ဆန်ပြောနည်း

အညာဆန်ဖောင်ကြီးသည် လိုသမျှကိုတင်ဆောင်၍ ဖြည်းဖြည်းသာသာ ဆန်တက်သဖြင့် လိုရာခရီးရောက် သ ကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာလိုရာရောက်အောင် ပြောခြ င်း ကိုခေါ်သည်။

(၄)။အိုးတန်ဆန်ခပ်ပြောနည်း

ထ္မင်းချက်ရာတွင် သူ့အိုးနှင့်သူ့ဆန်တန်ရုံ အနေတော်ထည့်ချက်မှ နူးနပ်စွာစားသုံးရသကဲ့သို့ စကားကိုမ ယုတ် မ လွန်နှင့်လို ရာရောက်အောင် ပြောဆိုခြင်းကိုခေါ်သည်။

(၅)။ဆီပွတ်ကျည်ပွေ့ပြောနည်း

ဆီဆုံထဲတွင်နှမ်း(သို့)မြေပဲထည့်၍ ကျည်ပွေ့ဖြင့်အထပ်ထပ်ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကား ကို အောင်မြင်အောင် ပြောခြင်းကိုခေါ်သည်။

(၆)။ဆင်ဝှေ့ရန်ရှောင်ပြောနည်း

ဆင်ဝှေ့ရန်အလိုက်ခံရသည့် လွတ်ရာရှောင်ပြေးလျှင် လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဘေး အန္တရာယ် ဖြစ်စေမည့် စကားကို ရှောင်လွဲ ပြောဆိုခြင်းကိုခေါ်သည်။

(၇)။တောင်သူယာခုတ်ပြောနည်း

တောင်သူတို့သည် ယာခုတ်သည့်အခါ ရှေ့ဦးစွာချုံနွယ်တို့ကို ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကိုခုတ်လဲကြ သကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို ဦးစွားပြောပြီးမှ စကားကြီးများကို ပြော၍ အနိုင်ယူခြင်း ကိုခေါ်သည်။

(၈)။ကြက်ဆုတ်ခွပ်ပစ်ပြောနည်

ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ယန်ပြုပြီးမှ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကိုဦး စွာလိုက်လျောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းကိုခေါ်သည်။

(၉)။ရေစစ်ကရားပြောနည်း


ရေစစ်သောဓမကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျင်အပေါက်ကို လက်ဖြင့်ပိတ်ယူပါ က ရေမ ထွက်နိုင် သ ကဲ့သို့ တဖက်လူ`စကားကိုပိတ်မိအောင်ပြောခြင်း ကိုခေါ်သည်။

(၁၀)။ခက်တင်မောင်းနင်းပြောနည်း

တစ်ဖက်လူ၏စကားကို ဟုတ်၏လည်းမဆို မဟုတ်၏လည်းမငြင်း မတင်မကျပြောသော စကားကိုခေါ် သည်။

http://www.zaylinthawtar1994.blogspot.com/

Sunday, October 27, 2013

ဝိုင်းစုခိုင်သိန်း -အာဘွား 2013 တေးAlbum အသစ်

                                     Alternate Text

အဆိုတော် သရုပ်ဆောင်ဝိုင်းစုခိုင်သိန်း  ရဲ့2013 ထွက်  တေးAlbum အသစ်- .အာဘွား Download ဆွဲယူ နားဆင်ရန်...

ဝိုင်းစုခိုင်သိန်း၊
မိုးမိုး၊စံပီး၊ရွှေဂျော်ဂျော်၊ဇဝါ၊ညီမင်းခိုင်၊ဖိုးကာ၊ဘန်နီဖြိုးဆောင်းဦးလှိုင်

သီချင်း တပုဒ်ချင်း ဆီ ကိုကလစ် ရွေးချယ် ဒေါင်းလုဒ်ပါ။


၁။ အာဘွား
၂။ နောက်ဆုံးအချစ်
၃။ Sweet 16
၎။ ဟိုတုန်းကအိမ်
၅။ အိမ်မက်လှေ
၆။ အပြစ်မဲ့သက်သက်
၇။ သိသလိုမသိသလိုနဲ့
၈။ ချစ်တာအမှား
၉။ လူဆိုးမလေးအချစ်
၁၀။ အလွမ်းတေးပန်းချီ
၁၁။ ပန်းပွင့်
၁၂။ မင်းရဲ့ရွေးချယ်မှု.........


သီချင်းAlbum တခုလုံးဒေါင်းရန် Download >> 'ဒီနေရာကို ကလစ်ပါ./


http://zaylinthawtar1994.blogspot.com/

လေးဖြူ- ဒိုင်ယာရီ သီချင်းသစ်



ရောစ့်ကာကြီး ကိုလေးဖြူ  ရဲ့ သီချင်းအသစ် တပုဒ်ဖြစ်တဲ့-- ဒိုင်ယာရီ သီချင်း နားထောင်လို့ကောင်းတယ်ဗျ
အောက်မှာ ဒေါင်းလုဒ်ပြီး နားထောင်ပါ

ဒိုင်ယာရီ သီချင်း Download ဆွဲချင်ပါက >> .. 'ဒီနေရာကို ကလစ်ပါ......



လေလွင့်နေတဲ့လူ

http://zaylinthawtar1994.blogspot.com/

Thursday, October 24, 2013

ပုံကိုထိလိုက်တာနဲ့ ပုံက ပတ်ပတ်လည်နေစေအောင်

                                     
                                                 Alternate Text
                                                  


အထက်ပါကဲ့ သို့ BLOG မှာ တင်တဲ့ ပုံတိုင်း(သိုမဟုတ်). ပုံတခုခုကို ..မောက်လေးနဲ့ ထိလိုက်တာ နဲ့
ပတ်ပတ်လည် - လည်ပတ် သွားစေရန်ပြုလုပ် နိုင်မဲ့ နည်းလမ်းလေး ပါ။

ဒီနေ့..ရှာရင်းဖွေရင်းကလိကြည့်တာ...အဆင်ပြေလို့ နောက်ပြန်လေ့လာလို့ရအောင်..တင်လိုက်ပါတယ်




ပထမ နည်း

ဒီနည်းက Blog မှာတင်တဲ့ ပုံတိုင်း လည်နေမှာ ဖြစ်ပါတယ်
Blog အကောင့်ကို ဖွင့်
Templates ကိုကလစ် >> Edit HTML.ကိုနှိပ်
Ctrl  + F ကိုတွဲနှိပ်ပြီး  ]]></b:skin>  ကိုရှာပါ
ရှာတွေ့ရင် ]]></b:skin> ရဲ့အပေါ် မှာ အောက်က အနီရောင် ကုတ် တွေကို ကော်ပီယူပြီထည့်လိုက်ပါ

img {
-webkit-transition: all 1s ease-in-out;
-moz-transition: all 1s ease-in-out;
-o-transition: all 1s ease-in-out;
transition: all 1s ease-in-out;
}
img:hover {
-webkit-transform:rotate(1080deg);
-moz-transform: rotate(1080deg);
-o-transform:  rotate(1080deg);
-ms-transform: rotate(1080deg);
transform: rotate(1080deg);
}



ထည့်ပြီးရင် Save လိုက်ပါ။ ....


ဒုတိယနည်း


Blog အကောင့်ကို ဖွင့်
Templates ကိုကလစ် >> Edit HTML.ကိုနှိပ်
Ctrl  + F ကိုတွဲနှိပ်ပြီး  ]]></b:skin>  ကိုရှာပါ
ရှာတွေ့ရင် ]]></b:skin> ရဲ့အပေါ် မှာ အောက်က အနီရောင် ကုတ် တွေကို ကော်ပီယူပြီထည့်လိုက်ပါ

.rotate {
-webkit-transition: all 1s ease-in-out;
-moz-transition: all 1s ease-in-out;
-o-transition: all 1s ease-in-out;
transition: all 1s ease-in-out;
}
.rotate:hover {
-webkit-transform:rotate(1080deg);
-moz-transform: rotate(1080deg);
-o-transform:  rotate(1080deg);
-ms-transform: rotate(1080deg);
transform: rotate(1080deg);
}


ထည့်ပြီးရင် Save လိုက်ပါ။post မှာ ပုံတင်တဲ့ အခါ အောက်က ကုတ်ကို အစားထိုးထည့်ပါ။
<img class="rotate" src="Put Your Image Link Here" alt="Alternate Text" title="Title Text" />

Put Your Image Link Here ဆိုတဲ့ နေရာ ပုံရဲ့ url ကိုထည့်သွင်းပါ။







သီပေါမင်း နှင့်စုဖုရားလတ်



မြန်မာ တို့ဧ။် နောက်ဆုံးထီးနန်းစိုးစံတော် မူသွားသော  ဘုရင် သီပေါမင်း နှင့် မိဖုရား ဖြစ်သူ စုဖုရားလတ်

Myanmar Historical Archive


Tuesday, October 22, 2013

ဒေါင်းရန် ဖတ်ရန် စာအုပ်ပေါင်း 237 အုပ်

.အောက်မှာတင်ထားသည့် စာအုပ်များဖတ်ချင်ပါက -ကလစ်လိုက် ပါ
စာအုပ်ဒေါင်းချင်ပါက-
1. စာအုပ်နာမည်ကို Right ကလစ် >> Save link As 

 2.စာအုပ်နာမည်ကို ကလစ်.>>.Ctrl +S ကို တွဲ နှိပ်ပြီး Save ပါ

  1. ကဗျာများ (ဗိုလ်ချုပ်အောင်ဆန်း)
  2. ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ (ဆန်းလွင်)
  3. ကမ္ပလာနီအောက်ဝယ် (ဒဂုန်ရွှေမျှား)
  4. ကမ္ဘာကို ကိုင်လှုပ်သူ (ဒဂုန်ရွှေမျှား)
  5. ကမ္ဘာမြေရဲ့ချစ်သူ (ဂျူး)
  6. ကမ္ဘာမြေရဲ့ချစ်သူ (ဂျူး)
  7. ကလေးအတွေး(မင်းခိုက်စိုးစန်)
  8. ကံကိုပြင်လိုက်ပါ (ရဝေနွယ်-အင်းမ)
  9. ကွက်လပ်ကလေးဖြည့်ပေးပါ(မစန္ဒာ)
  10. ကျွန်မင်းသား (ဒဂုန်ရွှေမျှား)
  11. ကျွန်မနဲ့ဆေးလိပ် (ဂျူး)
  12. ကျွန်တော်နှင့်လက်တွဲဖေါ်များ (နီကိုရဲ)
  13. ကျွန်တော်နှင့်ဈေးသည်အလွဲများ (နီကိုရဲ)
  14. ချစ်သူမင်းနန္ဒာ(ချစ်ဦးညို)
  15. ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ် (ဂျူး)
  16. ချစ်သူ၏သမီး (ဂျူး)
  17. ချစ်ခြင်း၏အနုပညာ (ဂျူး)
  18. စက္ကူပန်းတွေရဲ့သီချင်း (ဝေမှူးသွင်)
  19. စာမရီတို့ထူးထူးခြား(ချစ်ဦးညို)
  20. စိန်တစ်ပွင့် (မိုးမိုးအင်းလျား)
  21. စိုမှာစိုးလို့မိုးမိတယ် (မင်းခိုက်စိုးစန်)
  22. စွယ်စုံလက်ဆောင် (အကြည်တော်)
  23. ဆရာတော်ဦးဥတ္တမ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ (ဦးဘရင်)
  24. ဆရာဝန်နှစ်ယောက် (ဂျူး)
  25. ဇ (အကြည်တော်)
  26. ဇက်ပေါ်ကဆီးသီး(နီကိုရဲ)
  27. ဇွတ် (နီကိုရဲ)
  28. တစ်မျိုးညာနွဲ. သွေမဖယ် စိုးပါနဲ.မေရယ် (နွမ်ဂျာသိုင်း)
  29. တစ်သုံးခုနှစ်ရှစ် (နီကိုရဲ)
  30. နဂါးနိုင်ဓါး by tatkathoe Nay Ling Aung
  31. နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ (နီကိုရဲ)
  32. နတ်နေကိုင်း(အကြည်တော်)
  33. နတ်ပြည်၏နံနက်ခင်း(အကြည်တော်)
  34. ပင်လယ်နှင့်တူသောမိန်းမများ (ဂျူး)
  35. ပန်းစကား (မစန္ဒာ)
  36. ပန်းပွင့် ခရေနှင့်အခြားဝတ္တျုတိုများ (မစန္ဒာ)
  37. ပိုးကောင်များ(အကြည်တော်)
  38. ဖရန်.(ဇ)ကာ(ဖ)ကာ၏ စာ (မြင့်သန်း)
  39. ဖူးစာရှင်(မင်းလူ)
  40. ဘီလူး (အကြည်တော်)
  41. မဟူရာမေတ္တာ (နိုင်ဝင်းဆွေ)
  42. မိန်းမလှအမုန်း (၀င်းဦး)
  43. မိန်းမနှစ်ယောက် (ဂျူး)
  44. မိုးတိမ်ပုံပြင်(အကြည်တော်)
  45. မုန်း၍မဟူ (ဂျာနယ်ကျော်မမလေး)
  46. မလေးမဏိစန္ဒာရဲ့နှောင်း (ချစ်ဦးညို)
  47. မှ တစ်ဆင့် (မိုးမိုးအင်းလျား)
  48. ယာဇ (ချစ်ဦးညို)
  49. ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့ (ဂျူး)
  50. ရှက်စိတ် (လူထုစိန်ဝင်း)
  51. ရှူး (တာရာမင်းဝေ)
  52. လရဲ့အောက်ဘက်မိုင်အဝေးမှာ(ဂျူး)
  53. လူပျိုဘုရားလုံးဝမရှိ (အရှင်ဆန္ဒာဓိက)
  54. လရောင်ကိုကြောက်သူ (ဂျူး)
  55. လွမ်းလေကညင်း(နွမ်ဂျာသိုင်း)
  56. လွယ်အိတ်ထဲကအလွဲများ (နီကိုရဲ)
  57. လှည့်စား (နီကိုရဲ)
  58. သင်နဲ့နံနက်ခင်းကိုသာဝင်ခွင့်ပြုမည် (တာရာမင်းဝေ)
  59. သစ်ရွက်တို့၏ပေါ့ဆခြင်းများ(ဝေမှူးသွင်)
  60. သိက္ခာရှိတဲ့ မုန့်ဟင်းခါး (မိုးမိုးအင်းလျား)
  61. သုည (မင်းခိုက်စိုးစန်)
  62. သဲလှည်း (အကြည်တော်)
  63. သံစုံကြူးတဲ့ည (နီကိုရဲ)
  64. သံသရာအကွေ့တစ်ရာ (အကြည်တော်)
  65. အက်ဆစ်တစ်ခွက် (ဂျူး)
  66. အစီရ၀တီ ကုဏ္ဍလကေသာ(ချစ်ဦးညို)
  67. အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း(ကံချွန်)
  68. အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ (ဂျူး)
  69. အမှတ်တရ (ဂျူး)
  70. အိပ်မက်အပိုဒ်ခွဲ၉(အကြည်တော်)
  71. အိုင်ဒီယာ အက်ဆေးများ(နေ၀င်းမြင့်)
  72. အိုင်အိုဒင်းကိုကိုကြီးနှင့် (အကြည်တော်)
  73. အီဂျစ်ဘုရင်မာယာရှင် (ဒဂုန်ရွှေမျှား)
  74. အတောင်ပံတွေရှိခဲ့ရင် (လွန်ထားထား)
  75. အမေနဲ့အမေ့အကြောင်း(ချစ်စံဝင်း)
  76. အပြင်ကလူ (ကြည်အေး)
  77. အဖြူ (ဂျာနယ်ကျော် မမလေး)
  78. ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် (အကြည်တော်)
  79. ခေတ်သစ်တစ်ခု၏အစ၊ အဓိပ္ပါယ်များ၏အဆုံး(မင်းခိုက်စိုးစန်)
  80. ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည(မင်းခိုက်စိုးစန်)
  81. တောသားကြီး(အကြည်တော်)
  82. ထောင်မင်းသားဦးဘိုးတော် (ဒဂုန်ရွှေမျှား)
  83. ပျောက်သောလမ်းမှာ စမ်းတ၀ါး (မိုးမိုးအင်းလျား)
  84. ယောင်္ကျားတစ်ယောက်ရဲ့ဖြစ်တည်မှု (ပုညခင်)
  85. ရေပွက်ပမာ (မြသန်းတင့်)
  86. ရော်ဘင်ဆင်ကရူးဆိုး(ဒဂုန်ရွှေမျှား)
  87. ရေမျောသီး (ဂျူး)
  88. ရွှေဝါပြည် (ရန်ကုန်ဘဆွေ)
  89. လေထဲမှာပျံဝဲသူများ (ဂျူး)
  90. လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း (ချစ်ဦးညို)
  91. အောက်စ်ဖို.ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း(သိပ္ပံမောင်ဝ)
  92. ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ (နန္ဒာသိန်းဇံ)
  93. ဝေဒနာ ကြာနီပွင့်(မိုးမိုးအင်းလျား)
  94. ဖြူမှောင်ဝေကင်း(မိုးမိုးအင်းလျား)
  95. မြတ်ဗုဒ္ဓ ဒေသနာ(ဒေါက်တာဝါလ်ပိုလာ)
  96. မြရဲ့လ (ဂျူး)
  97. ကြယ်စင်တံတားကမ်းပါးနှင်းဖြူ (ဂျူး)
  98. ကြယ်ကြွေတို့ရဲ့အတောင်ပံ (ဂျူး)
  99. ကြာညိုနံ.သင်းသောရေ၀တီမ (မြသန်းတင့်)
  100. သြဂုတ်တစ္ဆေများနှင့်အခြားဝတ္တုတိုများ(မြသန်းတင့်)
  101. နွမ်းလျအိမ်ပြန် (ကြည်အေး)
  102. နှလုံးသားထဲကြွက်ဝင်နေသည် (နီကိုရဲ)
  103. နှလုံးသားမိတ္တူ (အရှင်ဆန္ဒာဓိက)
  104. ကာလီဒေ၀ (အောင်ခန်.)
  105. ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း (တာရာမင်းဝေ)
  106. ကိုဒေါင်း (မောင်ထင်)
  107. ကိုဒေါင်း(မောင်ထင်)
  108. ကိုးမရှိတဲ့ န၀င်း (တာရာမင်းဝေ)
  109. ကလေးပြဿနာ (ပါရဂူ)
  110. ကျွန်တော့်ဘ၀အကြောင်း (သော်တာဆွေ)
  111. ကျွန်တော်နှင့်ဧဒင်ကချေသည် (တာရာမင်းဝေ)
  112. ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု (တာရာမင်းဝေ)
  113. ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ (တာရာမင်းဝေ)
  114. ခရီးထွက်ရန်စီစဉ်ကြခြင်း(ရွှေဥဒေါင်း)
  115. ချစ်သုံးလီ (သန်းဆွေ)
  116. ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး (မောင်စူးစမ်း)
  117. ဂျီဟောသူ (မစန္ဒာ)
  118. ငယ်ကချစ်အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  119. ငယ်သူမို.မသိပါ (မစန္ဒာ)
  120. ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)
  121. ငါပြောချင်သမျှငါ့ကြောင်း (ဒေါက်တာသန်းထွန်း)
  122. ငှက်တွေ ဆောင်းမခိုမီ (ငြိမ်းအေးအိမ်)
  123. စက်ဝိုင်း (မစန္ဒာ)
  124. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃ (ဇင်သန်.)
  125. စိတ်ပြောင်းကိုခွာ (ဒဂုန်ရွှေမျှား)
  126. ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
  127. ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ (ညီသစ်)
  128. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဇာတ်သိမ်း (မင်းသိင်္ခ)
  129. ဆူးကလေးစူးတယ် ခူးမယ် (ဆောင်းဝင်းလတ်)
  130. ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ (ဒဂုန်ရွှေမျှား)
  131. ညီမလေးရယ်စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)
  132. တန်းခူးလေနှင့်လျော့တော့သည် (တက္ကသိုလ် ဘုန်းနိုင်)
  133. တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ (ရွှေဥဒေါင်း)
  134. တာတေ စနေသား (ဦးနု)
  135. ထမင်းလုံး တစ္ဆေ (ဒဂုန်ရွှေမျှား)
  136. ထူးအတွေ.ကြုံအဆန်း တစ္ဆေဇာတ်လမ်းများ (ဒေါက်တာအောင်ကျော်)
  137. နံနက် ၃နာရီ (ဆောင်းဝင်းလတ်)
  138. ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
  139. ပစပ်ရာဇ၀င်(မှော်ပီဆရာသိန်းကြီး)
  140. ပန်းတစ်ပွင့်ရဲ. ရင်ခုံသံ (၀င်းဝင်းမြင့်)
  141. ဗိုလ်ချုပ်ကြီးများ The Generals of Burma
  142. ဗွီအိုအေ မြန်မာ ▪ Burmese
  143. ဘရန်ဒီတစ်ပုလင်း(သော်တာဆွေ)
  144. ဘ၀တစ်ခုအမှတ်တရ (ဆွေမင်း၊ ဓနုဖြူ)
  145. ဘ၀အကျဉ်းသား (ဦးရွှေအောင်)
  146. မ" တတ်ပါ့" (မင်းသိင်္ခ)
  147. မင်းဒင်
  148. မင်းသိခ
  149. မသက်ဇင်
  150. မဟာသေနာပတိ (ချစ်ဦးညို)
  151. မာန၏နောက်ဆွဲတွဲများ (လွန်ထားထား)
  152. မီးရောင်အောက်ကိုဝင်လျှင် (မိုးမိုး အင်းလျား)
  153. မီးပြတိုက် (ဆောင်းဝင်းလတ်)
  154. မနောမယကိုပီတာ(မင်းသိင်္ခ)
  155. မအောင်ရင် (မင်းသိင်္ခ)
  156. မအောင်ရင် (မင်းသိင်္ခ)
  157. မျက်ရည်စများနှင့်ရယ်သံ (ကျော်လှိုင်ဦး)
  158. မျိုးရိုးထဲမှ ဆိုးပေကြီးများ (သုမောင်)
  159. မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ
  160. ရတနာ လိုဏ်ဂူ (နတ်နွယ်)
  161. ရတနာပုံ (ရွှေဥဒေါင်း)
  162. ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း)
  163. ရှက်ပြုံး (ချစ်စံဝင်း)
  164. ရှက်ပြုံး (ချစ်စံဝင်း)
  165. လက်မတင်ကလေး (ဒဂုန်ရွှေမျှား)
  166. လက်သုံးတော်ဓါး (အောင်ခန်.)
  167. လင်္ကာဒီပချစ်သ (ချစ်ဦးညို)
  168. လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င် (တာရာမင်းဝေ)
  169. လူညာကြီး (ဆွေဆွေအောင်)
  170. လူသုံးကုန်ပစ္စည်းရောင်းသူများ (ဖေမြင့်)
  171. လူလေး-ခွန်တွင်း
  172. လွယ်အိပ်ကလေး (ဆွေဆွေအောင်)
  173. သိပ္ပံမှသည် သစ္စာဆီသို (ချစ်ငယ်)
  174. သုခ မှတ်စု
  175. သူ.လိုဘုရင် (ပါရဂူ)
  176. သူတို.အမြင်သူတို.အတွေး (ပါရဂူ)
  177. သူယောင်ရုပ် (ဒဂုန်ရွှေမျှား)
  178. သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက် (ဒဂုန်ရွှေမျှား)
  179. ဟာသများလက်ရွေးစင် (မောင်ကောင်းထိုက်)
  180. ဟာသများလက်ရွေးစင် ၁၄ (မောင်ကောင်းထိုက်)
  181. ဟာသများလက်ရွေးစင် ၂ (မောင်ကောင်းထိုက်)
  182. အချစ် လက္ခဏာ (စံ-ဇာဏီဘို)
  183. အချစ် ဗေဒင် (စံ-ဇာဏီဘို)
  184. အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ (သုသုက)
  185. အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း (တာရာမင်းဝေ)
  186. အနာဂတ်မျက်လုံးရှင်
  187. အနားသတ်သစ္စာ (စိုးမြတ်သူဇာ)
  188. အမှတ်တရရွှေ ၆၀ (၀င်းငြိမ်း)
  189. အရိပ် (မစန္ဒာ)
  190. အဟိတ်- - - ၀တ္တုဇာတ်လမ်းများ (သိပ္ပံမောင်ဝ)
  191. အာဇာနည် (ဦးနု)
  192. အတွေးအမြင်စာစဉ်
  193. အဖော် (ရှား)
  194. အမွေ အောင်သင်း
  195. အရှေ.မြို.ရိုးမှ မိုးရေစက်များ (တာရာမင်းဝေ)
  196. အနှစ်၃၀ ချစ်နိုင် (စိတ်ပညာ)
  197. ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ ချစ်နိုင် (စိတ်ပညာ)
  198. ကောင်းကင်အကြွေကောက်တဲ့လက် (တာရာမင်းဝေ)
  199. ကျောက်ဖြုံးကျော်ကြီး(သော်တာဆွေ)
  200. ခေါင်းတုံးပေါ်ထိပ်ကွက်(ရွှေဥဒေါင်း)
  201. ခေါင်းနှင့်ပန်း (ဖိုးဝမောင်)
  202. စောရသက်ပြင်း (ဒဂုန်ရွှေမျှား)
  203. တော (လင်းဝေမြိုင်)
  204. တော်ဖလာနှင့်စကားစမြည် (ကျော်ဝင်း)
  205. တွေ.ရကြုံရ ရှတတလေးတွေ (အီကြာကွေး)
  206. တွေးသူများ (ကိုတာ)
  207. နေဘုရားတော် (အောင်ခန်.)
  208. ပေတလူ(မင်းသိင်္ခ)
  209. ဗေဒါလမ်း (ဇော်ဂျီ)
  210. မှော်ဆရာရဲ.ကျောင်းစာအုပ် (တာရာမင်းဝေ)
  211. ယောနသံ ဇင်ယော် (ဦးဘသန်း)
  212. ရေဘုရင်မြေပြင်မှာတော့ (ကြည်သာ)
  213. ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ(၀င်းသိန်းဦး)
  214. ရွှေဖိနပ်မှာအစိမ်းရောင် (တာရာမင်းဝေ)
  215. ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)
  216. သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ ( အောင်သင်း )
  217. သေရွာပြန်တို.၏အဏ္ဏ၀ါခရီး (ဖိုးကျော.)
  218. သေပြေးရှင်ပြေး (မောင်ပေါ်ထွန်း)
  219. သွေး (ဂျာနယ်ကျော် မမလေး)
  220. အေးချမ်းစေသော စကားလုံးလေးများ (ဖိုးဝမောင်)
  221. ဝေေ၀ရီရီ ၀တ္တု(ဇော်ဇော်အောင်)
  222. ဂြိုလ်မွေတဲ့ပန်းတဂေါင်း (ဒဂုန်ရွှေမျှား)
  223. ငြိုးမာန်ဖွဲ့သူရယ်(မစန္ဒာ)
  224. ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ (ဆန်းလွင်)
  225. ဖြတ်သန်းသွားလာခွင့်မရှိ (မိုးနီလွင်)
  226. မြတ်သက်မော (ရွှေဥဒေါင်း)
  227. မြတ်သက်မော် (ရွှေဥဒေါင်း)
  228. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က (ဦးနု)
  229. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ (ဦးနု)
  230. မြန်မာ၁၂လအကြောင်း(မောင်ထင်)
  231. မြိုင် (ဒဂုန်တာရာ)
  232. ၀တ္တုတိုများ ၆ (မစန္ဒာ)
  233. ၀တ္တုတိုပေါင်းချုပ် (မင်းသိင်္ခ)
  234. ၀သန်လေချိန်မှန်ကူး (တက္ကသိုလ် ဘုန်းနိုင်)
  235. ၀ိညာဉ်၏ အရိပ် (ဒဂုန်ရွှေမျှား)
  236. ၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ
  237. ပြိုင်မြင်းတို.ရဲ့ခွာသံ (တာရာမင်းဝေ)
.

http://shweone.wordpress.com/




ထီးတော်တင်ပွဲ တခုတင်တွေ့ရသော ကိုလေးဖြူ



ထီးတော်တင်ပွဲတခုတွင်အပေါ်မှပိုက်ဆံကြဲသည်ကိုရွာသားများနှင့်အတူ မော့ကြည့်နေသော..  ရော့စ်ကာကြီးကို လေးဖြူ


www.facebook.com


မြန်မာ့အလှ ဓာတ်ပုံ










http://travel-wonders.com


မြန်မာ့ ပထမ ပုဂ္ဂိုလ်များ




ပထမဆုံး.. မြန်မာ့ နိုင်ငံမှ ကမ္ဘာဂင်းနစ် မှတ်တမ်းဝင်သူ- မင်းကွန်းဆရာတော် ဘုရားကြီး

၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်

၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု

၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )

၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်

၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်

၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး

၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ

၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း

၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု

၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်

၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး

၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး

၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး

၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး

၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 

၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ

၁၈။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ

၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)

၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း

၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်

၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်

၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်

၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်

၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်

၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်

၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)

၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)

၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင်

၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)

၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း

၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်

၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်

၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)

၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု

၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ

၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)

၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 

၃၉။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်

(Aureum Online Media)

http://www.zaylinthawtar1994.blogspot.com/


Sunday, October 20, 2013

အသုံးချ ကွန်ပျုတာ Short Cut Key များ



Start + M - ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး tast bar ပေါ်မှာ နေရာ ချပေး ပါလိမ့်မယ်။

Start + Shift + M  - task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့ windows တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။

Start + E - Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows explorer ကို ဖွင့်ပေး ပါတယ်။

Start + R - Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။

Start + F - windows search dialog box ကို ဖွင့် ပေးပါတယ်။

Start + Ctrl + F - search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့ computer ဟာ network ချိတ်ဆက် ထားရင် computer dialog box ကို ဖွင့်ပေး ပါတယ်။

Start + Pause ( Break ) - Systerm properties dialog box ကို ဖွင့်ပေး ပါတယ်။

F1 - အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။

Ctrl + Esc - Start Menu ကို ဖွင့်ပေး ပါတယ်။

Alt + Tab - ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို ကူးပြောင်း အလုပ်လုပ် စေနိုင် ပါတယ်။

Alt + F4 - ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။ အလုပ် လုပ်လျက် သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ် မလားလို့ မေးပါ လိမ့်မယ်။

ှ့Shift + Del - select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။

Windows program key combination
Ctrl + C
- မိတ္တူ ပွားပေး ပါမယ်။

Ctrl + X - တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။

Ctrl + past - မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား ပေးပါတယ်။

Ctrl + Z - undo. လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ မူလ အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။

Ctrl +B - document အတွင်းမှာရှိတဲ့ tast တွေကို ပိုမို ထင်ရှား အောင် ပြုလုပ် ပေးပါတယ်။

Ctrl + U - document အတွင်းမှာရှိတဲ့ tast အောက်ခြေမှာ မျဉ်းသား လိုတဲ့အခါ သုံးကြပါတယ်။

Ctrl + I
- Italic- text တွေကို စောင်းပေးပါတယ်။

Mouse/ Keyboard Modifier
Shift + right click (တစ်ချက်) - Rice click နဲ့တူတယ်။ active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။

Shift + Left Click (နှစ်ချက်)
Alt + Left Click (နှစ်ချက်) - ဖိုင်သို့မဟုတ် folder ရဲ့ properties ကိုပြပေးမယ်။

F 10 - mune bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင် လုပ်ဆောင် ပေးပါတယ်။

Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။

Shift + F 10 - ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ’short-cut’ ဖိုင်ငယ်လေး တစ်ခု ပြုလုပ် ပေးထား ပါတယ်။

Alt + down arrow - drop-down list box ကျလာစေပါတယ်။ ဆော့ဖ်ဝဲတစ်ခု အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု မှာပဲဖြစ်စေ features တိုင်း လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ ကိုယ်စီ ရှိကြသည်။

Alt + Tab (or)
Alt + F6- ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကို လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ် မှန်သမျှကို အလွယ်တကူ ကြည့်ရှု နိုင်ပြီး လုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။

Shift + ? - တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့ ‘Auto Run’ box တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ စစ်ဆေး လိုတဲ့အခါမှာ အသုံးဝင်ပါတယ်။

Alt + Space - Restore, move, size, minimize, maximize စတဲ့ command တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။

Alt + hypen - Multiple Document Interface ကို ပြသ ပေးတယ်။

Alt + underlined letter - ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင် options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသား လေးကို နှိပ်လိုက်တဲ့ အခါမှာ အဲဒီ ‘feature’ ရဲ့’drop down box’ ( = ပါဝင်တဲ့ လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။

Ctrl + F4 - address bar ကိုဖွင့်ပေးတယ်။

Selected objects & shell objects

F2 - ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေ စေပါမယ်။

F3 - ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။

Alt + Enter - ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’ ကို ဖော်ပြ ပေးပါတယ်။

ဖိုင်တစ်ခုမိတ္တူပွားရန် - Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့ တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး မိတ္တူပွား ပေးပါလိမ့်မယ်။

Shortcut တစ်ခုဖန်တီးရန် - Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင် ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို drag ဆွဲယူပါ။

F4 - object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar ကို ဖွင့်ပေးပါတယ်။

General folder/shortcut control
F5(Refresh) - လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်း စေပါ။

F6 - Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor ရွှေ့နိုင် ပါတယ်။

Ctrl + A - အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။ တကယ်လို့ desktop ပေါ်မှာ item တစ်ခု ကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ် ပြီးသား ဖြစ်သွား ပါလိမ့်မယ်။

Shift + Click + closebutton - ဖွင့်ထားတဲ့ folder တွေမှန်သမျှ parten folder ကိုရော root folder တွေရော ပိတ်ပေးသည်။

Windows explorer အတွင်း
*(keypad) - ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။

+(keypad) - root floder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။

-(keypad) - root flolder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။

Right Arrow - ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။

Left Arrow - ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။

Properties control
Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift - Mouse မသုံးဘဲ Keyboard နဲ့ခုန်ပျံကျော်လွှားသွား နိုင် တယ်။ (Mouse အသုံးမပြုလိုပါက mouse properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)

Accessibliity Short-cuts
Shift ကိုငါးကြိမ်နှိပ်တဲ့အခါ - Control panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့ အသံကလေး ပေါ်လာ ပါလိမ့်မယ်။ ပြီးရင်တော့ Shift Key ကို save မလုပ် ချင်ရင် cancel လုပ်ပါ။

ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ - ညာဘက် Shift ကို ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ် ထားရင် filter key box လေး ပေါ်လာ ပါလိမ့်မယ်။

‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ - Number lock Key ကိုငါးစက္ကန့် ကြာ အောင် ဖိထားတဲ့အခါမှာလည်း ထိုနည်း လည်းကောင်းပါပဲ၊ အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။

ဘယ်ဘက် Alt + ဘယ်ဘက် Shift =+ Number Lock - PC ထဲက’ကွိ’ အသံလေးအတွက် function ပဲဖြစ်ပါတယ်။ အဓိကအားဖြင့်ကတော့ mouse key တွေကို အပိတ်အဖွင့် လုပ်စေချင်တာပါ။

ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview - မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard တွဲတွေကို တွဲဘက် နှိပ်ပေး ရပါလိမ့်မယ်။

Keyboard Keys
Start (Windows logo) + D - Window တွေကို task bar ပေါ်ကိုခဏ တင်ပေးတယ်။

Ctrl + Start + F - Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို မလိုချင်ရင် ပယ်ဖျက် ထားလို့ရပါတယ်။

Ctrl + Start + Tab
- address bar ဆီကို ချက်ချင်း cursor ချပေးတယ်။

Start + Tab - Taskbar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို တခုကနေ တခု ကူးပြောင်းနိုင်တယ်။

Start + Pause (Break) - System properties ကိုချက်ချင်း ဖွင့်ပေးတယ်။

Application Key - File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။

Dialog box command
Tab - dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့ အဆင်သင့် ဖြစ်နေတယ်။

Shift + Tab - လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။

Space-bar - ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမုာ button တခုကို ရွေးထားတယ်။ အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။ တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာ Enter နဲ့တူတယ်။

Esc - အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့ တူတယ်။

Alt + Underline Letter
- Alt ကို ဖိထားပြီး underline သားထားတဲ့ အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် short-cut တခုပါပဲ။

Enter - object တခုကို select ပေးပြီး OK button နှိပ်လိုက်တာနဲ့ ဆင်တူတယ်။



စွန်းဝူခုံး ဇာတ်ကားထဲမှ (Liu Xiao Ling Tong)၀ူခုံး ရဲ့ ပုံတချို့



ခန့်တယ်ဗျာ

ရုပ်တည်ကြီးနဲ့ ဗျ









မင်းသားကြီး - ဂျက်ကီချန်း နှင့် အတူ




တန်ကိုယ်တော်၊ပါကျဲ၊ ၀ူကျင့်၊ ၀ူခုံး



.သူလည်း စွံတယ်နာ်...

ဒီပုံလေး အကြိုက်ဆုံး ပဲ.....

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်