ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Saturday, November 30, 2013

ပင်တဂွန်နှင့် နာဆာကို ဟက်ခဲ့သူ ( Hacker တဦးဧ။်အကြောင်း)



Jonathan James
လို့အမည်ရတဲ့ လူငယ်တစ်ဦးပါ။ ပင်တဂွန်စစ်ဌာနချုပ်က ကွန်ပြူတာတွေကိုဟက်ခဲ့ပြီး နာဆာက ဆာဗာကွန်ပြူတာကိုပါ ၂၁ ရက် Down သွားအောင် ဟက်သွားခဲ့သူ ဖြစ်ပါတယ်။ အဲ့တုန်းက အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ နေထိုင်ပြီး အထက်တန်းကျောင်းသားဘဝမှာတင် ကျောင်းက ကွန်ပြူတာလုံခြုံရေး စနစ်တွေကို ဖျက်ဆီးမှုကြောင့် လူသတိထားခံလာရသူ ဖြစ်ပါတယ်။ ဗာဂျီနီးယား ပြည်နယ်က ပင်တဂွန်စစ်ဌာနချုပ်အခွဲ သုတေသနစစ်စခန်း တစ်ခုက ကွန်ပြူတာပေါင်းမြောက်များစွာကို ၁၉၉၉ ခုနှစ် အောက်တိုဘာလက စဟက်ပါတယ်။ သူ့ကြိုးစားမှုကြောင့် စစ်တပ်က ကွန်ပြူတာ များ ပျက်ဆီးခဲ့ပြီး နောက်ထပ်ခြေလှမ်းအနေနဲ့ နာဆာက ဂြိုလ်တုထိန်းချုပ် ကွန်ပြူတာ ဆာဗာကို လှမ်း Hack ပါတယ်။

Backdoor ကိုအသုံးပြုပြီး လုံခြုံရေးအတားအဆီးအားလုံးကို bypass လုပ်သွားတာပါ။ နောက်တော့ ကွန်ပြူတာပေါင်း ရာကျော် လျှို့ ဝှက်ကုဒ်နံပါတ်များ ပျောက်ဆုံးရပြီး ကမ္ဘာ့အပြင်ရောက်နေတဲ့ ဂြိုလ်တု နဲ့အကာသ စခန်းများကို ထိန်းချုပ်ရန် အခက်အခဲများ ဖြစ်စေပါတော့တယ်။ ယင်းအတွက် အဖြေရှာဖို့နာဆာတို့ ၃ ပတ်အချိန်ယူလိုက်ရပြီး ပြုပြင်မှုအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၁၀၀၀ ကုန်ကျခဲ့ပါတယ်။ Server Down တဲ့ ၂၁ ရက်အတွင်း ဆုံးရှုံးရတဲ့ ငွေကြေး ပမာဏ မပါရှိသေးပါဘူး။

ဒါနဲ့ IP Source ကိုရအေင်ယူပြီး ဖလော်ရီဒါက ၁၅ နှစ်သား james ကို ကွန်မန်ဒိုများ ဝင်စီးပါတောတယ်။ ၆ လ အချုပ်ထဲ နေခဲ့ရပြီး အိမ်အကျယ်ချုပ်ကို နှစ်နဲ့ချီချ ပါတယ်။ ယင်းအတွက် ထောင်ဒဏ် ၁၀ နှစ်ကျခံရနိုင်တဲ Jonathan James ဟာ တရားရုံးတော်ချိန်းဆိုချက်ကို ၂၀၀၈ ခုနှစ်မှာ နောက်တစ်ခါ ထပ်သွားရမှာ ဖြစ်ပါတယ်။ ကြားထဲ ကာလမှာ သူဟာ အမြဲစောင့်ကြည့်ခံရပါတယ်။ ကွန်ပြူတာကိုလည်း ဘယ်အကြောင်းအမျိုးမျိုးနဲ့မှ အသုံးပြုခွင့် မပေးပါဘူး။ သို့ပေမယ့် စောင်ကြည့်ကာလမှာတင် James ဟာ ဝါသနာကို မစွန့်လွတ်ပြီး Hacking ကို ဆက်လိုက်စားပါတယ်။

အမေရိကန်ကနာမည်ကြီးဟက်ကာများနဲ့ပူးပေါင်းမိလာပြီးဟက်ကာ လောကမှာအချင်းများစရာများ ဖြစ်လာပါတယ်။ ဒီလိုနဲ့ Hacking နဲ့ပက် သက်လို့ စိတ်အနှောင့်အယှက်ဖြစ်လာပြီး စိတ်ကျရောဂါဝေဒနာ ခံစားလာရပြီး ၂၀၀၈ ခုနှစ် မေလ ၁၈ ရက်နေ့မှာ သေဆုံးနေတဲ့ Jonathan James ကိုတွေ့ရှိခဲ့ပါတယ်။

ရေချိုးခန်းထဲမှာ သေနတ်တစ်လက်နဲ့ ကိုယ့်ခေါင်းကိုယ်ပစ်ပြီး လုပ်ကြံ ခဲ့တာ ဖြစ်ပါတယ်။ စာလည်းချန်ခဲ့ပါတယ်။ သူချန်ထားတဲ့ စာမှာ သူအစွပ်စွဲခံရတဲ့ Hacking အမှုတစ်ခုပါဝင်ပါတယ်။ စပါမားကတ် Network တစ်ခုကို ဟက်ကာများ Hack ထားတဲ့အမှုတစ်ခုပါ။ သူပါဝင်တယ်ဆိုတဲ့အချက် မဟုတ်ကြောင်းတရားမျှတမှုဟူသည့်အချက်အပေါ်မှာသူအယုံအကြည်မရှိတော့ကြောင်းစာတစ်စောင်ချန်
ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီတော့ အသက် ၁၅ နှစ်အရွယ်မှာတင် ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာကို Hack နိုင်တယ်။
သိုပေမယ့် ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခဲ့တဲ့ James ဟာ ကမ္ဘာ့ Hacker လောကမှာ ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်တစ်ခု အဖြစ် ကျန်ရှိနေခဲ့ကြောင်း သိရပါတယ်။
..
Ref: wiki
အောင်ခမ်း ( smart.com.mm )

Monday, November 25, 2013

နီကိုရဲ - မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ

စာရေးဆရာ နီကိုရဲ ရေးသားသော -  မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ

Typing - ကောင်းဆိုး ၊  pdf - ကင်းကောင်


မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ စာအုပ် ဒေါင်း ရန် .Download PDF. 

........................................................

Myanmar Online Tea Shop



အိုင်းစတိုင်း-ဆန်းလွင်

ကမ္ဘာကျော်သိပ္ပံ တွေးခေါ်ပညာရှင်ကြီးအိုင်းစတိုင်း၏ဘ၀ ဖြစ်ရပ်ကိုဤစာအုပ်တွင်ဦးဆန်းလွင် ရေးသားထားသည်။
ဖတ်ရှုလေ့လာရန် သင့်မြတ် လှသော စာအုပ်ကောင်း တအုပ်ဖြစ်ပါသည်...


အိုင်းစတိုင်း(ဆန်းလွင်) စာအုပ် Download ရန် .Download ဆွဲရန်

                                                                

Myanmar Online Tea Shop




ဒေါ်အောင်ဆန်းစုကြည် ဧ။် သားနှစ်ယောက် - ရှင်ပြုပွဲ မှ ဓာတ်ပုံများ









ကမ္ဘာကျော်မင်းသမီး ဂျိုလီ( Angelina Jolie )




ညှို့မင်းသမီးတယောက်အဖြစ် နာမည်ကြီးတဲ့ Angelina Jolie Voight ကို ၁၉၇၅ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ နေထိုင် တဲ့ ရုပ်ရှင်မင်းသားဟောင်းဂျွန်ဗွိုက် နဲ့ မာချီလင်းဘာထရန် တို့ထံမှာ မွေးဖွားခဲ့ပါ တယ်။

၁၉၇၆ ခုနှစ် မိဘနှစ်ပါး ကွာရှင်းချိန်မှာ ဂျိုလီနဲ့ သူမရဲ့ မောင်ကို မိခင်ဖြစ်သူ ဘာထရန် ကပဲ မြေတောင်မြှောက်ပေးခဲ့ ပါတယ်။ သူမ အသက် ၁၁ နှစ်အရွယ်မှာ ဖခင်ဖြစ်သူထံမှ ရလာတဲ့ အနုပညာဗီဇကြောင့် လော့စ်အိန်ဂျယ်လိစ် မှာရှိတဲ့ Lee Strasberg Theatre Institute ကို တက်ရောက်ခဲ့ပြီး အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့ပါတယ်။


ဂျိုလီ ငယ်စဉ်က ဖခင်ဖြစ်သူ ဂျွန်ဗောက်စ် နှင့်အတူ

အသက် ၁၄ နှစ်အရွယ်မှာ မော်ဒယ်လ် အဖြစ်နဲ့ လော့စ်အိန်ဂျယ်လိစ်၊ နယူးယော့ခ် နဲ့ လန်ဒန်တို့မှာ လှည့်လည် လုပ်ကိုင်ခဲ့ပြီးတော့ ၁၆ နှစ်အရွယ်မှာ ပြဇာတ် မင်းသမီးအဖြစ်ပြောင်းလဲ ခဲ့ပါတယ်။

မိဘနှစ်ပါးနဲ့အတူ ဂျိုလီ

အဓိက မင်းသမီး အဖြစ်နဲ့ ၁၉၉၃ ခုနှစ်မှာ Cyborg 2 ဇာတ်ကားနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာ Love Is All There Is ဇာတ်ကား၊ Romeo and Juliet ၊ Mojave Moon ၊ Playing God စတဲ့ ဇာတ်လမ်းတွေမှာ သရုပ် ဆောင် ခဲ့ပါတယ်။ Tomb Raider ၊ Mr & Mrs Smith ၊ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ Salt စတဲ့ ရုပ်ရှင် ဇာတ်ကားတွေမှာ ပီပြင်စွာ သရုပ်ဆောင်ခဲ့ ပါတယ်။

လူသားချင်းစာနာမှု အလုပ်တွေကိုလည်း Tomb Raider ဇာတ်ကား ရိုက်ကူးအပြီး၊ ကမ္ဘောဒီးယားနိုင်ငံက အပြန်မှာ စတင် လုပ်ကိုင်လာခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း သူမကို သံတမန်အဖြစ် ၂၀၀၁ ခုနှစ်မှာ ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျိုလီဟာ ကမ္ဘာအနှံ့က နိုင်ငံပေါင်း ၂၀ ကျော်မှာရှိကြတဲ့ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေ (Internally Displaced Person) အရေးကို လုပ်ကိုင် ခဲ့ပါတယ်။

ထိုင်း- မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေ၊ ကမ္ဘောဒီးယား၊ အီကွေဒေါ၊ ကိုဆိုဗို၊ ကင်ညာ၊ ဆူဒန်၊ အင်ဂိုလာ နဲ့ နမ်ဘီးယား နိုင်ငံတွေမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို လှည့်လည်ပြီး လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ တွေကိုလည်း ပေးခဲ့ပါသေးတယ်။

လက်ရှိမှာ မက်ဒေါက်စ်၊ ပက်စ် နဲ့ ဇာဟာရာလို့ခေါ်တဲ့ မွေးစားသားသမီး၃ဦးနဲ့အတူ နေထိုင်လျက်ရှိပါတယ်။


http://glanceonme.blogspot.com/






Saturday, November 23, 2013

Until You - Shayne Ward ( ယခု လူကြိုက်များသည့်သီချင်းလေးတပုဒ် )





Until You - Shayne Ward ( ယခု လူကြိုက်များသည့်သီချင်းလေးတပုဒ် ဖြစ်ပါတယ်.)

'ဒီ video လေး Download ပြီး..လွမ်းနေတဲ့ အချိန် တွေမှာလည်း...နားဆင်ပေါ့နော် ခံစားချက်တိုက်ဆိုင်နေမှာ အသေအချာ ပါပဲ ဗျာ..ကျွန်တော် နှစ်သက်မိ တဲ့ VideoMusic လေးတခုပါ...


သီချင်း Title: [Vietsub + Kara] Until You - Shayne Ward ( Clip tình cảm lãng mạn )

Video Thumbnail

Download MP4


Until You - Shayne Ward  Mp3 Download ချင်ပါက 1.2.3 ကြိုက်ရာကို ကလစ်
.

1. ဒီနေရာကို ကလစ်ပါ.            2.ဒီနေရာကို ကလစ်ပါ.           3.ဒီနေရာကို ကလစ်ပါ

Friday, November 22, 2013

♥ ချစ်သူ အတွက် မွေးနေ့ ဆုတောင်း ♥

ခင်မင်မိသူ.. သူငယ်ချင်း လေး( သို့ ) ချစ်သူ အတွက် မွေးနေ့ ဆုတောင်း 

......

ယနေ့ မှာကျရောက်သော  မင်္ဂလာရှိသော မွေးနေ့ပိုင်ရှင် ဖြစ်တဲ့ ခင်မင်ရတဲ့ သူငယ်ချင်း ဖြစ်သူ

ချစ် သူ ( facebook https://www.facebook.com/thiri.mon.731 )  အတွက်  

BunnyPhyo နှင့်KiKiသီဆိုထားတဲ့သီချင်းလေးနဲ့ ဆုတောင်းဂုဏ်ပြုသံစဉ်လေး.ပျံသန်းစေခဲ့ပါတယ်..

အောက်မှာ အဲ့ သီချင်းလေး ကို Download ပြီး.. နားဆင်နော် ...ချစ်သူ....

Download Mp3 ဆွဲရန် >> Birthday song(ကလစ်လိုက်ပါ). ///. . Birthday song...

ပျော်ရွှင်သောနေ့ရက်များစွာပိုင်ဆိုင်ပါစေ
...တောင်းဆုပြုရင်း...............

Zay Lin

Thursday, November 21, 2013

ပျောက်ဆုံးနေတဲ့ မြို့တော် - The Atlanta ဆိုတဲ့ရှေးမြို့ဟောင်း




စိတ်ဝင်စားမိတဲ့အကြောင်းအရာထဲကတစ်ခုမို့လက်လှမ်းမီသလောက်အကြောင်းအရာတွေစုစည်းပြီးရေးလိုက်ပါတယ်။
------------------------------------------------------------------

The Atlanta ဆိုတဲ့ရှေးမြို့ဟောင်းအကြောင်း ကြားဖူးကြမှာပါ..။

ဒီမြို့တော်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀၀ ကျော် (BC ၉၆၀၀) ခန့်တုန်းက Pillars of Hercules (ယခုခေတ်ဂျီဘရော်တာ ရေလက်ကြားဖြစ်ပေါ်စေသောကုန်းမြေမြင့်ထိပ်) ရဲ့အနောက်ဖက်ယွန်းယွန်းမှာ ရှိခဲ့တယ်လို့ယူဆကြတဲ့ ရှေးခေတ်ရဲ့အသိဥာဏ်ပိုင်းနဲ့နက်နဲမှုတို့နဲ့အတူပျောက်ဆုံးနေတဲ့မြို့တော်ဖြစ်ပါတယ်။

                

တည်နေရာမှန်းဆချက်ဂြိုလ်တုဓါတ်ပုံ

ဒီသမိုင်းကြောင်းကိုပြောတဲ့အခါချန်လှပ်ထားလို့မရတဲ့လူနှစ်ယာက်ရှိနေပါတယ်။ပထမတယောက်ကတော့.......
ဂရိကဗျာစာဆိုဟိုးမား (Homer) ဖြစ်ပါတယ်။ဟိုးမားကိုဘီစီ ၈ ရာစုနှစ်လောက်မှာမွေးဖွားခဲ့တယ်လို့

ချစ်သူ ရည်းစား ထားခြင်း နှင့်ပတ်သက်လို့ သိရန် အချက်တချို့



ချစ်သူရည်းစားထားတယ်ဆိုတာဖိနပ်ဝယ်စီးရတာနဲ့တူပါတယ်။ပထမဆုံးအကြိမ်ဝယ်စီးတဲ့ဖိနပ်ကခြေထောက်ပေါက်မှာပဲကိုယ့်ခြေထောက်နဲ့တော်ပမလားကိုယ်နဲ့လိုက်ပါ့မလားမသိနိုင်ဘူး။အဲ့လိုပဲပထမဆုံးထားတဲ့ချစ်သူကလည်းတစ်ယောက်နဲ့တစ်ယောက်နားလည်မှူ့ပေးနိုင်ဖို့တော်တော်ကြိုးစားရမယ်စစချင်းမှာအဆင်မပြေတာ ခြေထောက်ပေါက်တာရှိမှာပဲ။ဘာပဲပြောပြောအဲ့ဒါကိုသည်းခံပြီးနားလည်မှူ့နဲ့ ရှေ့ဆက်ရမှာပေါ့။ဒါပေမဲ့ကိုယ်နဲ့မတော်တဲ့ဖိနပ်ကိုဇွတ်ဝတ်လို့မရဘူးထားခဲ့ရမှာပဲ။ဇွတ်လုပ်လို့အလဲလဲအကွဲကွဲနဲ့သွေးထွက်သွားတဲ့လူတွေအများကြီးပါအဲ့အချိန်ကျပေးလိုက်ရတဲ့တန်ဖိုးကိုမနှမျှောနဲ့သင်ခန်းစာကိုပဲမှတ်ထားပါ။
readmore



ဖိနပ်ရွေးတဲ့အခါလှဖို့မလိုဘူးကိုယ်နဲ့တော်တာကိုရွေးရမယ်ကိုသွားမဲ့ခရီးပေါ်မူတည်ပြီးရွေးရမယ်ကိုယ်သွားမဲ့ခရီးကကန္တာရလမ်းကြမ်းဖြစ်နေရင်ဖန်ခြေနင်းကလှပေမဲ့ဘယ်လိုမှသင့်တော်မှာမဟုတ်ဘူး။ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုဦးစားပေးရမယ်။ကိုယ့်ဘဝကကြမ်းလားသာယာလားကိုယ်ဘာတွေလိုအပ်မလည်းသူကဘယ်လောက်ဖြည့်ဆီးပေးနိုင်မလည်းကိုယ့်အနားမှာဘယ်လောက်ရပ်တည်နိုင်မလည်းဆိုတာကိုဆုံးဖြတ်ပါ။ကိုယ်ချစ်တာထက်ကိုယ့်ကိုချစ်တဲ့လူကိုရှာပါ။

သူများစီးပြီးသားဖိနပ်ကိုလည်းစီးပါသူများကမတော်လို့ထားခဲ့တဲ့ဖိနပ်ကကိုယ့်အတွက်အသင့်တော်ဆုံးဖြစ်နိုင်ပါတယ်။အဲ့ဖိနပ်လေးကစုတ်ပြဲနေခဲ့ရင်သေသေချာချာတယုတယနဲ့လိုသလိုပြန်ချုပ်ပေးလိုက်ကိုယ့်အတွက်အသင့်တော်ဆုံးဖြစ်လာလိမ့်မယ်။အဲ့လိုပဲအရင်ကချစ်သူရှိတဲ့လူကိုလည်းစဉ်းစားပါသူ့မှာအတွေ့အကြုံရှိတဲ့အတွက်ကိုယ့်အတွက်အသင့်တော်ဆုံးဖြစ်လာနိုင်တယ်သူအသည်းကွဲနေတာကိုကုစားပေးပြီးယုယမယ်ဆိုရင်သင့်ကိုအရမ်းချစ်လာမှာပါ။

တစ်ချို့တွေကျတော့AllstarJeanဖိနပ်နဲ့တူတယ် ဟောင်းလေကောင်းလေပဲအရင်ကထားခဲ့တဲ့ချစ်သူကတခြားချစ်သူထက်နားလည်မှုပိုရှိမှာပါအချိန်မနှောင်းသေးခင်ပြန်ရှာဖို့ ပြန်တည်ဆောက်လို့ရပါတယ်။

သူများအမြင်ကိုမကြည့်နဲ့မမေးနဲ့ကိုယ့်ဟာကိုပဲဆုံးဖြတ်ပါသူများနဲ့ကိုယ်နဲ့အမြင်ချင်းလုံးဝမတူဘူးသူများအမြင်ဆိုးပေမဲ့ကိုယ့်အတွက်အကောင်းဆုံးဖြစ်နေတတ်တယ်။ယောက္ခမနဲ့တည့်ပမလားမစဉ်းစားနဲ့ကိုယ့်အလုပ်ကိုအကောင်းဆုံးဖြစ်အောင်သာကျိုးစားပါ၊ဆုံးဖြတ်ချက်ပြတ်သားပါ။အားလုံးပဲတစ်နေရာထဲမှာမနေပါနဲ့တစ်ရံထဲမဝတ်ပါနဲ့၊အဆင်မပြေရင်ပေးသွားလိုက်ပါအသည်းမကွဲပါနဲ့။တစ်နေ့မှာအသင့်တော်ဆုံးနဲ့အလှပဆုံးဖိနပ်လှလှလေးတစ်ရံပိုင်ဆိုင်နိုင်မှာပါ။


Admin<Joker>






Wednesday, November 20, 2013

2013နိုင်ငံခြား တေးသီချင်းများ လက်ရွေးစင်

VA - Now That’s What I Call Music! USA CD1  တွင်ပါဝင်သော သီချင်း အပုဒ် 20 ထဲကမှ ကျွန်တော်ကြိုက်နှစ်သက်သောသီချင်းများကို ရွေးထုတ်ပြီးသူငယ်ချင်းများနားဆင်ရအောင်တင်လိုက်ပါတယ်...

သီချင်းနာမည်ကို ကလစ်ပြီး Download ဆွဲပါ



1.  FUN - We Are Young (Feat. Janelle Monae)..
2.  The Black Eyed Peas - I Gotta Feeling...
3.   will.i.am - Bang Bang...
4.  Maroon 5 - Payphone (Feat. Wiz Khalifa)..
5.  Katy Perry - Firework...
6.  Lady GaGa - Poker Face..
7.  Jennifer Lopez - On The Floor (Feat. Pitbull)...
8.  B.O.B - Airplanes (Feat. Hayley Williams)...
10.Nicole Scherzinger - Don't Hold Your Breath...
11. Ke$ha - Die Young..


Zây Łïñ -- http://zaylinthawtar1994.blogspot.com/

သံစဉ်များ နှင့်စီးမျောခိုက်

Thursday, November 14, 2013

တိမ်အပြည့်နဲ့ မိုးခေါင်သူလေးဆီသို့


သူငယ်ချင်းဆိုတဲ့ ကြိုးတစ်ချောင်းနဲ့
နင် ငါ့ကို ကောင်းကောင်း ချည်သွားခဲ့ပြီ.

တိမ်အပြည့်နဲ့ မိုးခေါင်သူလေးရေ
ပန်းခြွေတဲ့ ရာဇ၀င်ကို နင် ပြင်ဆင်မှ ဖြစ်မှာပါ။

မတီးခတ်ရသေးတဲ့ စောင်းကြီးတွေမှာလည်း
ဂီတဟာ ခိုအောင်းနေတာပဲ။

ရေမလောင်းတဲ့ သစ်စေ့လေးဟာလည်း
ပန်းပွင့်တွေကို သိုဝှက်ထားမှာပဲ။

သူ ပြောချင်သလို ပြောပါစေတော့ကွယ်။

လွမ်းတတ်သူတို့ ဘာသာဘာဝ
နှုတ်ခမ်းကိုသာ ခပ်ဖွဖွ ကိုက်ထားလိုက်ရတယ်။





Wednesday, November 13, 2013

ကမ္ဘာ့တွေးခေါ်ပညာရှင်ကြီးများ-ဦးဆန်းလွင်


ဦးဆန်းလွင် ရေးသာပြုစုထားသောကမ္ဘာ့တွေးခေါ်ရှင်ကြီးများ..စာအုပ်ဖတ်ရန်၊မှတ်ရန်..သင့်မြတ်လှသော..
စာအုပ်ဖြစ်သောကြောင့် Download ဆွဲယူ ဖတ်ရှုပါ။။

ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ စာအုပ်--  ဒေါင်းရန်  >>>.....ဒီနေရာကို ကလစ်ပါ....





Tuesday, November 12, 2013

ကမ္ဘာ့နာမည်ကျော် ပုဂ္ဂိုလ် 100 ပါဝင်တဲ့ပန်းချီကားတချပ်


အထက်ဖော်ပြပါ ပန်းချီကား ကို ၂၀၀၆ ခုနှစ်က တရုတ်လူမျိုး ပန်းချီဆရာ သုံးယောက်ဖြစ်တဲ့

Dai Dudu, Li Tiezi, နဲ့ Zhang Anjiun တို့ရေးဆွဲခဲ့တဲ့
Disscussion the Divine Comedy with Dante လို့အမည်ရတဲ့ ပန်းချီကားပဲဖြစ်ပါတယ်..

Dante ဆိုတာက
နာမည်ကျော် Divine Comedy ဆိုတဲ့ ငရဲနဲ့ကောင်းကင်ဘုံ ခရီးသွားဆိုတဲ့ ကဗျာရှည်ကြီးကို ရေးသားခဲ့သူ ၁၂၆၅ ခုနှစ်ဖွား အီတလီ ကဗျာဆရာ တစ်ယောက်ဖြစ်ပါတယ်..

ပန်းချီကား ရဲ့ အဓိပ္ပါယ်က
ရှင်ခြင်း သေခြင်းနဲ့ ကောင်းကင်ဘုံနဲ့ ငရဲတို့ကို ခရီးသွားမယ့်လူတွေ အကြောင်း ဆွေးနွေးခြင်း  ဖြစ်ပါတယ်.. ( ဒီထက်လည်း ပန်းချီကား -အဓိပ္ပါယ် နက်နဲနိုင်ပါတယ်)

ေ ခါင်းစဉ်အတိုင်းပါပဲ အဆိုပါ ဧရာမဆီဆေးပန်းချီကားကြီးမှာ လူဆိုးရော၊ လူကောင်းရောသေလူရော ရှင်လူရော......ဥပမာ-ဟစ်တာလာ၊ အမေရီကန်သမ္မတကြီးလင်ကွန်း၊ နပိုလီယံ၊
ဂန်ဒီ ၊မင်ဒဲလား၊ အိုင်းစတိုင်း၊ မာသာထရီဆာ၊ဘရုစလီ ၊ဟာသမင်းသားကြီးချာလီချာပရင်၊ စသည့် နာမည်ကျော် ပုဂ္ဂိုလ်များ အပါအ၀င်ကမ္ဘာ့နာမည်ကျော် ပုဂ္ဂိုလ် ၁၀၀ ကို ထည့်သွင်းရေးဆွဲထားပါတယ်

ပန်းချီကားရဲ့ ညာဘက်အပေါ်ထောင့်မှာတော့ ပန်းချီဆရာတွေကိုယ်တိုင် သူတို့ပုံတူကို ပြန်ထည့်ထားတဲ့အတွက် ပန်းချီကားထဲမှာ လူ ၁၀၃ ယောက်တိတိပါဝင်ပါတယ်

အေသင်မြို့က Raphael's ဥရောပအနုပညာစတိုင်လ် ရေးဆွဲထားတဲ့ အဆိုပါပန်းချီကားကြီးမှာ
မျက်နှာဟန်ပန် အမူအယာ လက်အထားအသို ကစလို့ လှို့ဝှက်ချက်တွေအပြည့်မို့ အခုထိ လူတိုင်း ထင်မြင်ချက်တွေ ပေးကြဆဲဖြစ်ပါတယ်

များပြားလှတဲ့ ထင်မြင်ချက်တွေကိုသာ ရေးသားရမယ်ဆို ပန်းချီကားအရသာပျက်မှာ စိုးလို့ မိမိဘာသာ သုံးသပ်ပါလို့ အနုပညာ website အတော်များများက ဆိုပါတယ်

  ဖော်ပြပါ ပန်းချီကားထဲက ကမ္ဘာကျော်ပုဂ္ဂိုလ်များ. က ဘယ်သူတွေ လဲဆိုတာ အောက်မှာ ဆက်ကြည့်ပါ။
လူပုံကို ထိ လိုက်တာ နဲ့ နာမည် ပေါ်လာမှာ ဖြစ်ပါတယ်...







ဆရာ နန္ဒာသိန်းဇံ၏ စာအုပ်များ (8)အုပ်


ဆရာကြီး နန္ဒာသိန်းဇံ၏ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း အပါ အ၀င် စာအုပ်များစုစည်းမှု

  1. ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း .
  2. ဘဝအဓိပ္ပါယ်နှင့်ဘဝသစ္စာ
  3. အနေခက်အောင် ကူညီကြသူများ
  4. မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ. ..
  5. မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း. ..
  6. အရိမဒ္ဒနမှ တွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲ..
  7. နောင်တကင်းရာသို့
  8. ပြောရင်းပြောနေမည်ချစ်ခြင်းမေတ္တာ. 


စာရေးဆရာ သိုးဆောင်းရဲ့စာအုပ်များ



စာရေး ဆရာ သိုးဆောင်း ရဲ့စာအုပ်များစုစည်းမှု...လက်ညှိုးထိုး၍ပန်းဝေသည် အပါအ၀င်
  1. နှစ်ပါးသွား DOWNLOAD
  2. ခြေဆယ်တစ်လှမ်း အချစ်တောင်းခံလွှာ DOWNLOAD
  3. ဟောဒါလက်ယာတောင်ဘက်ပါ DOWNLOAD     
  4. နေကမ္ဘာရဲ့မီးအိမ်ရှင် DOWNLOAD
  5. အပေတေတစ်ယောက်ရဲ့ကျောင်းဆင်းချိန် DOWNLOAD   
  6. အချစ်တောင်းခံလွှာ DOWNLOAD
  7. သုံးခါနမ်းမှပွင့်မယ့်ပန်း DOWNLOAD
  8. သူဘယ်သူလဲ DOWNLOAD
  9. သစ္စာမဖေါက်ကြေးစာချုပ် DOWNLOAD
  10. သက်တန့်အသစ် DOWNLOAD
  11. လျှို့ဝှက်မြို့ရိုး DOWNLOAD
  12. ပုံပြင်တွေလွယ်ထားတဲ့ချစ်သူ DOWNLOAD
  13. တစ်ရက် DOWNLOAD
  14. ဆိုက်ကိုဆော့(ဖ်)ဝဲ DOWNLOAD
  15. ကတိသစ္စာတည်သောခါဝယ်နွယ်မြက်သစ်ပင်ဆေးဘက်ဝင်၏ DOWNLOAD
  16. လက်ညှိုးထိုး၍ပန်းဝေသည်(ပထမပိုင်း) DOWNLOAD
  17. ရွှေအတိပြီးသော DOWNLOAD
  18. ဧဒင်မြို့ကအပြေးသမား DOWNLOAD
  19. တော်ရိလျော်ရိလေးပဲချစ်ခဲ့သည် DOWNLOAD
  20. ဝင်ခွင့်မရမြို့ DOWNLOAD
http://sarchitthu.blog.com/?p=142
================================================




လုလင်မောင် ၀ဲလောင် http://lulinmg9wellaung.blogspot.com/


လေလွင့်နေတဲ့လူ..စာပေချစ်သူ များအတွက် တဆင့် မျှဝေသည်။

Sunday, November 10, 2013

blog post title ကိုကာလာအမျိုးမျိုးပြောင်းလဲနေအောင်

ဘလော့ ပို့စ် ခေါင်းစဉ် နှင့် Links တွေကို မောက်ထိလိုက်တာ နဲ့အရောင် အမျိုးမျိုးပြောင်းလဲနေအောင် လုပ်တဲ့ နည်းလမ်းလေးပါ ၊ လွယ်ကူပါတယ် ၊

(1) ဘလော့ အကောင့်ကို ၀င်
Template ကိုသွား Edit HTML ကိုကလစ်

(2) Ctrl+F  ကို တွဲနှိပ်ပြီး </head> ကုတ်လေးကို ရှာပါ- တွေ့ရင်
(3) </head> ရဲ့ အပေါ် မှာ အောက်က Box ထဲက ကုတ်တွေ ကော်ပီယူ(ကူး)ထည့်လိုက်ပါ
(4) Saveမလုပ်ခင်Preview Templateကိုကလစ်ပြီးအဆင်ပြေ/မပြေကြည့်ပြီးမှ Save Template ပါ




</head> ရဲ့ အပေါ် မှာ ထည့်ရန် ကုတ်      



WiD(walkerindark)  အားကျေးဇူး အထူးတင်လျက်



ဖလက်သီချင်းများနားဆင်ရန်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin) ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်