ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, April 28, 2014

ReaSon - ပင်လယ်ထဲကမြစ်များ(Album)


လူငယ်များသာမက လူကြီးပိုင်းတွေကပါ ကြိုက်နှစ်သက်ကြတဲ့ ReaSon တေးဂီတ အဖွဲ့၏ 2014 ထွက် သီချင်း Alburn အသစ်ဖြစ်ပါသည်၊  ReaSon - ပင်လယ်ထဲကမြစ်များ(Album)

၁။ အပြစ်မဲ့လူသား
၂။ Animation X (Feat : ဟန်ထူးလွင်)
၃။ ကွက်လပ်
၎။ ငါ့ကိုသတိရပါ
၅။ မှားခဲ့လား
၆။ စက်ရုပ်ကမ္ဘာ
၇။ Unabsent - Minded Maze (Instrumental)
၈။ ပင်လယ်ထဲကမြစ်များ (Feat : မျိုးကြီး)
၉။ For the Moment
၁၀။ အဆင်ပြေမှာပါ
၁၁။ အလွမ်းသည်
၁၂။ ဘောင်
၁၃။ ခံစားချက်

ReaSon
သီချင်းခွေ အသစ် Download ရန် Link (1)>>  ပင်လယ်ထဲကမြစ်များ(Album)-

                                     Link  (2) Ehlar.Com >> ပင်လယ်ထဲကမြစ်များ(Album)-
                         Link  (3) musicallchannel.net>> ပင်လယ်ထဲကမြစ်များ(Album)
-


Wednesday, April 23, 2014

ကမ္ဘာကြီး အဆုံးသတ်နိုင်သော အကြောင်းအရင်း ၁၀ ချက်

ကမ္ဘာကြီး အဆုံးသတ်နိုင်သော အကြောင်းအရင်း ၁၀ ချက်



၁ ။ ဥက္ကာခဲများနှင့် တိုက်မိခြင်း

ဒါဟာအရင်တုန်းကလဲ ဖြစ်ဖူးပါတယ်။ဒိုင်နိုဆောတွေမျိုးသုန်း
သွားတုန်းကပေါ့။ စကြာဝဠာအတွင်းမှာ ဤကဲ့သို့ဖြစ်ရပ်မျိုးဟာ မဆန်းပါဘူး။ ၁၉၉၂ ခုနှစ်အတွင်းမှာကိုဂျုပီတာဂြိုလ်အတွင်း
အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှုမျိုးနဲ့ဥက္ကာခဲ၃လုံးဝင်ရောက်

ခဲ့ပါတယ်။ယနေ့ ခေတ်မှာ နည်းပညာတွေနဲ့တော့ ကြိုတင်သိမြင်နိုင်ပါတယ်။


၂ ။ နေလုံး အဆမတန်ကြီးမားလာခြင်း
 နေမင်းဟာအစဉ်အမြဲတည်တန့်နေမည့်အရာမဟုတ်ပါ။ သူ့မှာလဲ အဆုံးသတ်ဆိုတာရှိပါတယ်။ နောင်နှစ်ပေါင်း ၅ ဘီလီယံခန့်မှာ နေမင်းကြီးဟာ လောင်ကျွမ်းစရာ
လောင်စာကုန်ဆုံးသွားမှာဖြစ်ပါတယ်။ ထိုအခါနေမင်းထဲမှာ
ရှိတဲ့ ဟိုက်ဒရိုဂျင် နဲ့ဟီလီယံဓာတ်ငွေ့တွေကြောင့်
အဆမတန်ဖောင်းဖွလာပြီး ကမ္ဘာလုံးကိုပါ
ဝါးမျိုသွားမှာဖြစ်ပါတယ်။



၃ ။ ကမ္ဘာအနှံ့ နျူကလိယစစ်ပွဲများ

နျူကလိယ ဗုံးများနဲ့ စစ်ဖြစ်ပြီးနောက်မှာ ကမ္ဘာ့ အိုဇုန်းလွှာပေါက်ပြဲမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ကမ္ဘာအနှံ့လေထုညစ်ညမ်းမှု တို့ကြောင့် ကမ္ဘာကြီးဟာ အသည်းအသန် ခံစားပြီး အဆုံးသတ်သွားနိုင်ပါတယ်။



၎ ။ မီးတောင်ပေါက်ကွဲမှု
အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့တိုပါဆိုတဲ့မီးတောင်ဟာလွန်ခဲ့တဲ့ နှစ်ပေါင်း၇၁၅၀၀ကလိုပေါက်ကွဲမှုမျိုးထပ်ဖြစ်ခဲ့ရင်အနီးနားမှာရှိတဲ့သန်းပေါင်းများစွာသော ပြည်သူတွေဟာချက်ချင်းသေဆုံးသွားနိုင်ပါတယ်။ပြီးတာနဲ့ကမ္ဘာအနှံ့မီးတောင်ပြာများနဲ့ပဲဖုံးလွှမ်းပြီးတော့ လေထုညစ်ညမ်းမှုကြောင့်အားလုံးနီးပါးဒုက္ခရောက်ကာအနည်းငယ်သာအသက်ရှင်ကျန်နိုင်ပါလိမ့်မယ်။


၅ ။ စက်ရုပ်များ
သိပ္ပံပညာရဲ့ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။အလွန်အသိညဏ်ရှိလှတဲ့စက်ရုပ်များဟာတစ်ချိန်မှာသူတို့ကိုယ်တိုင်အသစ်အသစ်များတီထွင်လာပြီးကမ္ဘာကြီးရဲ့အနာဂတ်ကို ပြောင်းလဲပစ်နိုင်ပါတယ်။


၆ ။ နည်းပညာအဆမတန် ထွန်းကားမှု
နည်းပညာများအဆမတန်ထွန်းကားမှုကြောင့်ကမ္ဘာပေါ်ရှိသယံဇာတများပျက်သုန်းကာစက်ရုပ်များသာအသက်ရှင်နိုင်မယ့်ပတ်ဝန်းကျင်မျိုးဖြစ်သွားနိုင်တယ်။

၇ ။ ရာသီဥတု ဖောက်ပြန်မှု
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတောင်များအရည်ပျော်ကာပင်လယ်ရေမျက်နှာပြင်မြင့်တတ်လာမှု။တစ်ချိန်ချိန်မှာလူသားတို့အတွက်နေထိုင်ရန်အဆင်မပြေသောရာသီဥတုဖောက်ပြန်မှုကြောင့်အနည်းငယ်သာလျှင်ရှင်ကျန်ရစ်နိုင်ပါတယ်။

၈ ။ သိပံ္ပစမ်းသပ်ချက် မှားယွင်း
 ဤအချက်ကတော့ရှင်းပါတယ်။သိပံ္ပပညာစမ်းသပ်ချက်တစ်ခုကြီးကြီးမားမားမှားယွင်းမှုသို့မဟုတ်မသိနားမလည်သောမသမာသူများထံသို့သိပံ္ပပညာရောက်ရှိသွားခဲ့ရင်ကမ္ဘာကြီးအတွက်စိုးရိမ်စရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။


၉ ။ ရောဂါကူးစက်မှု
 အလွန်အန္တရာယ်များပြီး ပြင်းထန်လှတဲ့ ရောဂါပိုးတစ်မျိုးကမ္ဘာအနှံ့ ပြန့်နှံ့သွားခဲ့ရင်..ထိုရောဂါပိုးအားကုသနိုင်မည့်ကုထုံးအားအချိန်မှီရှာမတွေ့နိုင်ခဲ့လျှင်...လူသားမျိုးနွယ်ဟာလဲထို ရောဂါပိုးကြောင့်ပျက်သုန်းမယ့်အန္တရာယ်နဲ့ကြုံတွေ့ နိုင်ပါတယ်။

၁၀ ။ ဂြိုလ်သားများ ကျူးကျော်မှု

ကျွန်ုပ်တို့ထက်နည်းပညာမြင့်မားသောအခြားကမ္ဘာမှသက်ရှိများဟာ၎င်းတို့ဂြိုလ်မှာသယံဇာတများရှားပါးလာသောကြောင့်ကမ္ဘာဂြိုလ်ကိုမျက်စိကျလာနိုင်ပါတယ်။အဲ့ဒီအချိန်လူသားတွေအတွက် နေရာရှိပါတော့မလား။








-

Tuesday, April 22, 2014

တော်သောဖေဖေ၏ သမီးတစ်ယောက်



" သမီးရေ ဒီမှာ ဒါလေးလာကြည့်ပါဦး" ဆိုသော တီဗွီရှေ့ မှအဖေ့ခေါ်သံကြားရလျှင် သေချာပြီ။

သူသတင်းလိုင်းတစ်ခုခုကြည့်ရင်းဘာသာပြန်ပေးဖို့ အကူအညီတောင်းပြီ။ရှမ်းလူမျိုးဖြစ်သောအဖေသည် မြန်မာစကား၊ရှမ်းစကားနှင့်ထိုင်းစကားတတ်သည်။ထိုင်းစကားကတော့အဖေငယ်စဉ်ကမိသားစုဆင်းရဲလွန်း၍ကိုရင်ဝတ်အဖြစ်နဲ့ ထိုင်းနယ်စပ်ရှိဘုန်းကြီးကျောင်းသို့ အဘိုးအဘွားများကကျောင်းအိပ်ကျောင်းစားပို့ ပြီးဆယ်နှစ်ခန့် နေစေခဲ့သောကြောင့်။တကယ်တော့အဖေ့အနေနှင့်ထိုင်းသတင်းရုပ်သံလိုင်းများကိုကြည့်လို့ ရပါသည်။သို့ သော်"ငါ့သမီးအသံကိုကြားချင်လို့ "ဟုဆိုကာတရုတ်ရုပ်သံလိုင်း၊အင်္ဂလိပ်ရုပ်သံလိုင်းများကိုဖွင့်ပြီးသတင်းများကိုဘာသာပြန်စေသည်။
ခြံလုပ်ငန်းများနှင့် နေ့တိုင်းလုံးပန်းနေသောအဖေ့အတွက်ညနေခင်းအပန်းဖြေရာမှာသားသမီးများနှင့်စကားလက်ဆုံကျနိုင်ရန်၊နွေးနွေးထွေးထွေးနေနိုင်ရန်သာဖြစ်သည်။သို့ သော်လည်းတစ်နေကုန်မျက်နှာချင်းဆုံရန်မအားသောမိသားစုတစ်ခုမှာ ပြောစရာခေါင်းစဉ်များများမရှိခဲ့။သတင်းများကပင်အကောင်းဆုံးခေါင်းစဉ်ဖြစ်လေသည်။တရုတ်ရုပ်သံသတင်းများ၊အင်္ဂလိပ်ရုပ်သံသတင်းများဘာသာပြန်ပြတိုင်းအဖေကအမြဲတမ်းပြုံး၍နားထောင်လေ့ရှိသည်။တစ်ခွန်းမှပြန်မပြော။ ခြံလုပ်ငန်းပင်ပင်ပန်းပန်းလုပ်ခဲ့ရပြီးကြမ်းရှနေသောသူ၏လက်အစုံဖြင့်သူ့ သမီးလက်ကိုတင်းတင်းဆုပ်ကိုင်ရင်းသာတစ်ချက်တစ်ချက်"အင်း""အင်း"ဟု ပြန်ပြောတတ်သည်။
အဖေသည်ညာဘက်နားလည်းမကြားရချေ။ဒါကလည်းငယ်စဉ်ကသင်္ကြန်တစ်ခုမှာဟိုင်းလတ်ကားကိုယ်တိုင်မောင်းပို့ ရင်းကျုံးဘေးအရောက်ကလေးတွေဘာစားမလဲဟု မေးဖို့ ကားမှန်တံခါးအချမှာမီးသတ်ပိုက်နှင့်အထိုးခံရပြီးနားစည်ပေါက်သွားခဲ့သောကြောင့်။ထို့ ကြောင့်သတင်းများဘာသာပြန်ပေးရတိုင်းအဖေ့ဘယ်ဘက်မှာထိုင်ပြီးဘာသာပြန်ပေးရသည်။တကယ်တော့အဖေ့ကိုသတင်းတွေဘာသာပြန်ပေးရတာအတော်ပင်ပန်းပါသည်။မျက်စိကသတင်းများကိုကြည့်နေရသည်။နားကအသံများကိုနားထောင်ရသည်။တစ်ခါတရံမသိသောစကားလုံးများပါလာပါကလက်မှချရေးပြီးdictionary ပြန်လှန်ရသည်။တရုတ်ဘာသာမှလည်းကောင်း၊အင်္ဂလိပ်ဘာသာမှလည်းကောင်းသတင်းများကိုပါးစပ်ကမြန်မာလိုပြန်ပြန်ပြောပေးရသည်။နားတစ်ဖက်သာကြားသောအဖေအတွက်အသံတအားတိုးလျှင်လည်းအဆင်မပြေ။အလုံးစုံချဘာသာပြန်လိုက်လျှင်လည်းကိုယ့်အသံပဲကိုယ်ကြားပြီးတီဗွီကအသံနားထောင်ဖို့ လွတ်သွားတတ်သည်။တစ်ခါတရံတော့ဘာသာပြန်ပေးရတာသိပ်စိတ်မရှည်ချင်။အဖေ့ဘာသာထိုင်းရုပ်သံတွေကြည့်လည်းရနေတာပဲဟု ငြူစူချင်သည်။
သို့ သော်တီဗွိကိုစိုက်ကြည့်ရင်းသူ့ သမီးဘာသာပြန်သမျှကို ပြုံးပြီးနားထောင်နေသောအဖေ့မျက်နှာမြင်တိုင်းထိုစိတ်ကပျောက်သွားရသည်။အဖေကမကြားလိုက်ဘူးဟုပြောတိုင်းခပ်ကျယ်ကျယ်ပြန်ပြောမိလျှင်လည်းအဖေ့မျက်နှာကဝမ်းနည်းသွားတတ်သည်။ထိုအခါမျိုးမှာအဖေကဒီစာတွေမသင်ခဲ့ရပေမယ့်သူကျောင်းထားပေးလို့ သာငါတရုတ်စာ၊အင်္ဂလိပ်စာတတ်နေတာပဲဟူသောစိတ်သွင်းမိတိုင်းအဖေ့အပေါ်သတင်းဘာသာပြန်ပေးရသည့်အလုပ်ကိုကြည်ဖြူတတ်လာခဲ့သည်။
သတင်းတွေကြည့်ပြီးပါကလည်းဘာသာပြန်ပြီးရုံနှင့်ဒီအတိုင်းပြီးမသွားခဲ့။ထိုသတင်းများကို ပြန်၍သုံးသပ်စေသည်။အဖေနှင့်ပြန်ဆွေးနွေးသည်။ပြီးတော့အဖေကဒီနေရာမှာသမီးဒီလိုဘာသာပြန်လိုက်ရင်စကားလုံးပိုကျစ်လျစ်မသွားဘူးလားစသဖြင့် ထောက်ပြသည်။ဤသို့ ဖြင့်သတင်းများကိုဘာသာပြန်ပေးရာတွင်လိုရင်းတိုရှင်း၊ထိထိမိမိ၊ဆိုလိုရင်းရောက်အောင်ပါးစပ်ကစာစီတတ်လာသည်။ဦးနှောက်ကလည်းပိုတွေးတတ်လာသည်။ဤသို့ ဖြင့်ညနေတိုင်းအဖေနဲ့ အတူသတင်းကြည့်သောအကျင့်ဖြစ်လာခဲ့သည်။ကိုးတန်းနှင့်ဆယ်တန်းနှစ် ဘော်ဒါဆောင်နေစဉ်ကာလများ၊အဖေ မြစ်ကြီးနားသို့ သွားကာရာဘာခြံလုပ်သောကာလများမှလွဲ၍အဖေအိမ်မှာရှိတိုင်းအဖေနှင့်အတူသတင်းကြည့်ရင်းသတင်းများဘာသာပြန်ပေးဖြစ်ခဲ့သည်။
အဖေအိမ်မှာမရှိသော၊ခရီးထွက်နေသောကာလများမှာလည်းကိုယ်တိုင်သတင်းကြည့်တတ်သောအကျင့်၊နားထဲမှာတရုတ်စကား၊အင်္ဂလိပ်စကားများကြားရုံနှင့် မြန်မာလိုစကားလုံးစဉ်းစားတတ်သောအကျင့်၊ ပြန်လည်ဘာသာပြန်ရာမှာအသံနှုန်းတစ်ခုနှင့်ခပ်မှန်မှန်ပြန်ပြောတတ်သောအကျင့်၊သတင်းတစ်ခုအပေါ်ပြန်သုံးသပ်တတ်သောအကျင့်၊စကားလုံးများနားရည်ဝသောအကျင့်၊မသိသေးသောစကားလုံးအသစ်များ ပြန်လေ့လာတတ်သောအကျင့်များအပြင်နိုင်ငံတကာသတင်းများကိုလည်းဆာလောင်ခုံမင်တတ်သောအကျင့်များရခဲ့ပါသည်။ထိုအကျင့်မှာဆယ်နှစ်သမီးမှစအဖေလေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။ယခုအသက်နှစ်ဆယ်ရှိပြီ။အဖေ့ကိုဘာသာပြန်သူအဖြစ်လုပ်ပေးခဲ့သည့်သက်တမ်းလည်းဆယ်နှစ်ခန့် ရှိပေပြီ။
ငယ်တုန်းကတော့အဖေဘာကြောင့်ထိုင်းရုပ်သံတွေကိုယ်တိုင်မကြည့်ဘဲသမီးဖြစ်သူကိုတရုတ်လို၊အင်္ဂလိပ်လိုတွေမှတစ်ဆင့် မြန်မာလိုဘာသာပြန်ခိုင်းသလဲနားမလည်ခဲ့။အဖေဘာကြောင့်နားတစ်ဘက်ထဲကနေသူ့ သမီးအသံတစာစာကိုမက်ခဲ့သလဲနားမလည်ခဲ့။အဖေဘာကြောင့်သမီးဘာသာပြန်ပေးသောသတင်းကိုမှနားထောင်ချင်ခဲ့သလဲနားမလည်ခဲ့။အခုတော့နားလည်ခဲ့ပါပြီ။
စာအရေးအသားများနှင့်ပတ်သက်၍ တော်သည်ဟု ချီးကျူးခံရတိုင်း ၊အဖေ့ကိုသာ ပြေးမြင်ယောင်မိသည်။
တကယ်တော့ ကျွန်မသည်

"ဖေဖေ၏ တော်သောသမီးတစ်ယောက်"မဟုတ်ခဲ့ပါ။

"တော်သောဖေဖေ၏ သမီးတစ်ယောက်"သာဖြစ်ပါတော့သည်။






-

Sunday, April 20, 2014

မြင်းမိုရ်တောင် ဟူသည်



-ဗြဟ္မဏ ၀ါဒ ဖြစ်တဲ့ ဟိန္ဒူ နဲ့ ဂျိန်းဘာသာ မဟာဘာရတ္တ ကျမ်းအရ

မေယု ဆိုတဲ့ မြင်းမိုရ် တောင်ကို သက္ကတ ဘာသာနဲ့ သုမေရု၊ မဟာမေရု ခေါ်ပြီး မြင်းမိုရ်တောင်မှာ နတ်ပြည် အထပ်ထပ် ရှိနေပြီး ဂန္ဓမာ ဒန (Gandhamadana) နဲ့တစ်ကွ တောင်စဉ် ( ၇ ) သွယ် ကျွန်းကြီး လေးကျွန်း နဲ့ ဂင်္ဂါ (Ganga) မြစ် တို့ရှိကြောင်း
ဖေါ်ပြထားတာကို တွေ့နိုင်ပါတယ်... မြင်းမိုရ် တောင်ကိုဗဟိုပြုပြီး နေလနက္ခတ်တာရာများသွားလာလည်ပတ်လျှက်ရှိသည်ုဟုဖော်ပြပါရှိပါသည်
ဘူတန် လူမျိုးတွေရဲ့ မြင်းမိုရ် တောင်   လည်း ဒီသဘော အတိုင်းပင်ပါပဲဂျပန် လူမျိုးတွေက တော့ (Shumisen)ဟု ခေါ်ဝေါ်ကြပါတယ်
ကောင်းကင်၊ ငရဲ နှင့် လူ့ပြည်တို့ ကို ဆက်သွယ်ထားတယ် လို့ ယုံကြည်ခဲ့ကြပါတယ် ...။
အေဒီ ၅၀၀ ခုနှစ် (ဗုဒ္ဓပေါ်ပြီး- အနှစ် ၁၀၀၀ ခန့်)မှာ ပေါ်ထွန်းခဲ့တဲ့ နက္ခတ် ဗေဒင် ပညာ ၏ မီးရှုးတန်ဆောင် ဖြစ်ခဲ့တဲ့ ဆရာ ၀ါဟရ မိဟိရ က သူ့ရဲ့ပဉ္စ သိဒ္ဓန္တ ကျမ်း အခန်း ၁၃ မှာမြင်းမိုရ် တောင် မေရု သည် ကမ္ဘာကြီး၏ လည်နေသော ၀င်ရိုးမျဉ်း ကြီး ဖြစ်ကြောင်း နှင့် သုမေရု နှင့် ကုမေရု ဆိုသည်မှာလည်း ကမ္ဘာ၏ တောင်မြောက် ၀င်ရိုးစွန်း ၂-ဘက်ကို ဆိုလိုခြင်း ဖြစ်ကြောင်း၊ မေရုသည် ကမ္ဘာကြီး၏ အလယ် တည့်တည့် နေရာ ဆုံချက် ဖြစ်ကြောင်း တို့ကို ရှင်းပြခဲ့ဖူးပါတယ်။

★ ★ အင်း .... ဒီအပေါ်က မှတ်ချက်တွေကိုကြည့်ခြင်းအားဖြင့် ... လေးကျွန်းတစ်မြင်းမိုရ်ဆိုတဲ့ စကားလေးတစ်လုံးကို ရှေး ဆရာကြီးတွေက ... ကိုယ့်အယူဝါဒ နဲ့ကိုယ် ချဲ့ကားပြီး .... မြင်းမိုရ်တောင်ဟာ ကမ္ဘာကြီးပေါ်မှာ ပဲရှိနေသယောင် ... ဟိမ၀န္တာ နားမှာပဲရှိနေသယောင် ... သီတာ ( ၇ ) တန်မှာ ဂင်္ဂါမြစ်ပဲပါသယောင် .... ကိုယ်ထင်ရာ အမှန်လုပ် ... ရေးနေတာကိုတွေ့ရမှာပါ

... ဥပမာပေးရရင်

★ တစ်ခါက .... မျက် မမြင် တစ်ယောက်ဟာ... လူတစ်ယောက်ကို ..ဗျိုင်းဟာဘယ်လိုပုံစံ ရှိလဲ ဆိုတာ မေးတယ် တဲ့ ဒီအခါ .. ဒီလူက ဗျိုင်းဆိုတာ ဖြူသော အရောင် ရှိပါတယ်လို့ပြန်ဖြေတာပေါ့ ... ဖြူတာကိုသူကမသိပြန်ဖူး ... ဒီတော့ ဖြူတယ်ဆိုတာ ဘာကိုပြောတာလဲတဲ့ ပြန်မေးတဲ့ အခါမှာ ...ဟိုလူကပြန်ဖြေတယ် ... ဖြူတယ်ဆိုတာ မင်းအခုသောက်နေတဲ့ နို့လိုပေါ့တဲ့ ... ဒီအခါမှာ မျက်မမြင်ကကောက်ချက် ချလိုက်တာကတော့ .... ဗျိုင်းဆိုတာ ... ငါသောက်နေတဲ့ နွားနို့ ကဲ့သို့ ဆိမ့်သော အရသာ ရှိသည့် အရည်လို့ နားလည်သွားတော့တာပေါ့... သူတို့လဲ ဒီလိုပါပဲ ... မသိတာကိုအသိလုပ် ... ထင်ရာ မှန်းပြောတော့ တာ။


★ ★ ကဲရှင် ... ဘုရားရှင်ဟောတဲ့ မြင်းမိုရ်တောင်ကို ကြည့်ရအောင် ...။
ကျမတို့ သာသနာတော်မှာရော ... ဘုရားရှင်က မြင်းမိုရ်တောင် ရှိတယ် ၊ မရှိဖူး ဟောခဲ့လား ဆိုတာ အရင် လေ့လာရအောင်ပါ ...။


★ သုတ်ပါထေယျအဋ္ဌကထာ ၁၄၆မှာ
မြင်းမိုရ်တောင်သည်အရှေ့ဘက်တွင် ငွေသားအတိပြီး၏။ ငွေရောင်ရှိ၏။ တောင်ဘက်သည် မြ ... မြရောင်။ အနောက်ဘက်.. ဖလ်… ဖလ်ရောင်။ မြောက်ဘက်… ရွှေ.. ရွှေရောင် ရှိကြောင်းပြပါတယ်။

★ ၀ိသုဒ္ဓိမဂ် ဋ္ဌ.၂၀၀၊ သုတ္တနိပါတဋ္ဌ ဒု-၁၆၄-၁၆၅ မှာတော့

သတ္တ၀ါတို့တည်ရာ ဤ စကြာဝဠာသည် အလျားရော အနံပါ.. ယူဇနာပေါင်း တစ်သိန်းနှစ်သောင်း သုံးထောင်လေးရာ ငါးဆယ်ရှိကြောင်း။ အ၀န်း(လုံးထည်)အားဖြင့် ယူဇနာသုံးသန်း ခြောက်သိန်းတစ်ထောင့်သုံးရာငါးဆယ်ရှိကြောင်း….. အောက်တွင် ယူဇနာနှစ် သိန်းလေးသောင်း အထူရှိတဲ့ ရေပြင် ……. ရေအောက်မှာ ယူဇနာကိုးသိန်းခြောက်သောင်းအထုရှိ လေ။ စကြာဝဠာဗဟိုတွင် ရေအထက် ယူဇနာ ၈၄၀၀၀ပေါ်နေသော မြင်းမိုရ်တောင်။ မြင်းမိုရ်တောင်ဝတွင်(ယုဂန္ဓရ၊ ဣသန္ဓ ၊ ကရ၀ီက၊ သုဒဿန၊ နေမိန္ဒ၊ ၀ိနတက၊ အဿကဏ္ဍ) တောင်စဉ် ၇ထပ် တို့ရှိပြီး တစ်ခုသည် တစ်ခုအောက် ထက်ဝက်နိမ့် ဆင်းလာခဲ့ တယ်လို့ ဆိုပြန်ပါတယ် ...။


★ ဇာတကပါဠိတော်လာ နေမိမင်း နတ်ပြည်ကြွခန်းမှာ
နတ်သားများက နေမိမင်း၏အဆုံးမတော်ကြောင့် ငါတို့ဒီကိုရောက်ကြရပါတယ်လို့ပြောတဲ့အတွက် ထိုမင်းကြီးအား ဖူးလိုကြောင်း တာဝတိံသာ နတ်များကလျှောက်ထားရာ သိကြားမင်းက မာတလိနတ်သားအား အပင့်ခိုင်းခဲ့ပါတယ် ။ မာတလိက ငရဲကိုဖြတ်၍၎င်း နတ်ဘုံများကိုဖြတ်၍၎င်း တာဝတိံသာသို့ သွားရာနှစ်လမ်းတွင် ကြိုက်ရာကိုရွေးရန် မင်းကြီးအားပြောခဲ့ပါတယ် ။ နေမိမင်းက ပထမ ငရဲလမ်း ထို့နောက် အပြန် နတ်လမ်း က သွားလိုကြောင်း မိန့်ကြားပါတယ် ။နတ်လမ်းခရီးသွားချိန်မှာ ဗရဏီနတ်သမီးဗိမာန်၊ ဖလ်ဗိမာန်၊ မြဗိမာန်၊ သောဏဒီနိ နတ်သားဗိမာန် ၊ ကြောင်မျက်ရွဲ ဗိမာန်များကို ပြသပေးပါတယ် သိကြားမင်း၏ အထောက်တော်ရောက်လာ၍တာဝတိံတာသို့သာဦးတည်ခရီးနှင်ခဲ့ပါတယ်။ထိုရထားသည် တောင်စဉ်ခုနထပ်ရံပြီးတည်နေသော မြင်းမိုရ်တောင်သို့ရောက်သောအခါ ။ မင်းကြီးမေး၍ တောင်းများအကြောင်းကို မာတလိကပြောပြပါတယ် ။ ((ပါဠိဂါထားများဖြင့်လျှောက် ထားတာပါ))


★ ဓဇဂ္ဂသုတ်များ ငါးရာငါးဆယ် နိပါတ်လာ ကုလာဝကဇာတ်များတွင်
သိကြားမင်းက အသုရာတို့နှင့် စစ်တိုက်ရာတွင် နဂါး၊ ဂဠုန်၊ ဂုမ္ဘာဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗတို့ကို မြင်းမိုရ်တောင်၏ အဆင့်ဆင့်တွင် ခံတပ်အဖြစ်ထားကြောင်း (အာလိန်ငါးဆင့်) ယင်း၏ တောင်ထိပ်တွင် သိကြားမင်း စိုးစံကြောင်း ။(မြင်းမိုရ်တောင်သည် မြခနောက်သုံးခု၏ အထိပ်၌ တည်ရှိကြောင်း။ ယင်းသုံးခုတို့အကြား ယူဇနာ ၁၀၀၀၀ အကျယ်တွင် သိကြားမင်းကို စစ်ရှုံး၍ ဘုံပေးခဲ့ရသော အသူရာနတ်ပြည်ရှိကြောင်း)) ပြ ဆိုထားပါတယ်
★ နိကာယ်ကဏ္ဍ ၊ ၁၄ - သတ္တသူရိယသုတ် ... သုတ်ပါထိက၀ဂ္ဂ ပါဠိတော် ၊ ... အဂ္ဂည သုတ် အဌကထာ၊ ၀ိသုဒ္ဓိမဂ် အဌကထာ (စာ-၂၀၀)၊ ... ၅၅၀ ဧကနိပါတ် ကုလာဝကဇာတ် ၊နေမိဇာတ်၊ ... အာဒိကပ္ပ ကမ္ဘာ ဦးကျမ်း ၊ ပဥှာကထန ကျမ်း တွေမှာတော့
ကမ္ဘာမပျက်ခင်နှစ် တစ်သိန်း အလိုတွင်တဲ့ .... လောကဗျူ ဟာ နတ်တို့သည် ... အို ..အချင်းတို့ ၊ နောင်နှစ်ပေါင်း တစ်သိန်းကြာသောအခါ ကမ္ဘာ ဖျက်မိုးကြီး ရွာသွန်း၍ ကမ္ဘာကြီးပျက်စီးလတ္တံ့ ။မဟာ သမုဒ္ဒ ရာလည်းခန်းခြောက်ကာ
ဤကမ္ဘာမြေနှင့် တကွ မြင့်မိုရ်တောင် ကြီးလဲ မီးဟုန်းဟုန်းတောက် ၍ ပျက်စီးလတံ့္တ ။ ဗြဟ္မပြည်တိုင်အောင် ပျက်စီးလတ္တံ့ …. လို့ကြိုတင်ကြွေးကြော်ကြပါလိမ့်မယ်တဲ့ .... ။


စကြ၀ဠာ ထဲမှာ မြင့်မိုရ် တောင်ကို ဗဟိုပြုပြီး တောင်စဉ် (၇)ထပ် ၊ ကျွန်းကြီး (၄) ကျွန်း ၊ အရံကျွန်းငယ် ( ၂၀၀၀ ) ကို နေ နဲ့ လ ကအလင်း ရောင်ပေး နေ တယ်တဲ့ .... ဒီလို နေ ၊လ တစ်စုံ ၊ (၄) ကျွန်း ၊ တစ် မြင့်မိုရ် လို့ ခေါ်တယ်တဲ့ စကြ၀ဠာ အနန္တရှိပြီး စကြ၀ဠာ (၃)ခုကြားမှာ လောကန္တရိတ် ငရဲ ရှိပါတယ်တဲ့ ... ။

စကြဝဠာ အလယ်ဗဟို တွင်ယုဂန်၊ ဣဿိ၊ ကရပိ၊ နေမိ၊ သုဒဿ၊ ၀ိနဿက၊ အဿကဏ်စတဲ့ တောင်စဉ် ( ၇ ) ထပ် ၊ သီတာ ( ၇ ) တန် ၀ိုင်းရံလျှက် .... ယူဇနာတသိန်းခြောင်သောင်းရှစ်ထောင် မြင့်သောမြင့် မိုရ်တောင်တည် ရှိနေ၏တဲ့ ။
ယူဇနာ ရှစ်သောင်း လေးထောင်သည် သမုဒ္ဒရာရေတွင် နစ်မြှုပ်နေ၏

မြင့်မိုရ်တောင် တွင် အဆင့်ငါးဆင့် (တစ်နည်း) အာလိန်ငါးဆင့်ဟု ရှိ၏

ပထမအာလိန်သည် ရေ၏အထက် ပေါ်နေပြီး ထိုနေရာတွင် နဂါးမင်းနှင့် မြွေမျိုးတို့နေကြ၏။
ဒုတိယအာလိန်အဆင့်ကား လက်ပံတောကြီး၌ ဂဠုန်မင်းတို့ နေကြကုန်၏။
တတိယအာလိန်အဆင့်ကား ကုမ္ဘဏ်တို့ နေကြကုန်၏။
စတုတ္ထအာလိန်အဆင့်ကား ဘီလူးရက္ခိုသ်တို့ နေကြကုန်၏။

ပဉ္စမအာလိန်အဆင့်ကား မြင့်မိုရ်တောင်၏ခါး ယုဂန္ဓိုရ်တောင်၏ ထိပ်နှင့် ညီမျှ၍ ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ အမည်ရှိသော နတ်မင်းကြီးလေးပါးတို့၏ နေရာ စတုမဟာရာဇ်နတ်ပြည်ဖြစ်၏။
မြင်းမိုရ်တောင်၏ အရှေ့ဘက်မျက်နှာ ဓတရဋ္ဌနတ်မင်း။
တောင်ဘက်မျက်နှာ ဝိရူဠကနတ်မင်း။
အနောက်မျက်နှာ ဝိရူပက္ခနတ်မင်း။
မြောက်မျက်နှာ ကုဝေရနတ်မင်းများ နေကြကုန်၏။ ..

★ ★ ★ အဲ့ဒီတော့ ဘုရားရှင် နှုတ်တော်က ကိုယ်တိုင် မြွက်ဟခဲ့တဲ့ အတွက် ... မြင်းမိုရ်တောင်ရှိတယ်လို့ သတ်မှတ် ရပါမယ် .... ဘာလို့လဲဆိုတော့ ဘုရားရှင်နှုတ်တော်က ...မရှိတဲ့အရာကို ရှိပါတယ်လို့ ထွက်ရိုးထုံးစံမှ မရှိတာကိုး ...

★ ★ ဒီတော့ ... ဒါဆိုမြင်းမိုရ်တောင်ဘယ်မှာလဲလို့မေးရင် ...

★ ဘုရားရှင်အလိုတော်အရ ....စင်္ကြာဝဠာ အလယ် ဗဟို မှာ ... မြင်းမိုရ်တောင် ရှိတယ် ဆိုတော့ ... ခုခေတ်လက်ရှိသိပ္ပံပညာကလဲ စကြာံဝဠာ အလယ်ကို သွားနိုင် လောက်အောင်လဲ ... မတိုးတက်သေး ပါဖူး ...။

★ စကြာံဝဠာ အလယ်ကိုမပြောပါနဲ့ ... မျက်စိနဲ့ လှမ်းမြင်နေရတာတွေတောင် .... ရောက်အောင်မသွားနိုင်သေးတဲ့ အချိန် .... လက်ရှိကျမတို့နေတဲ့ နေအဖွဲ့ အစည်းလေးကိုတောင် .... လပေါ်ရောက်အောင် .... အနိုင်နိုင် သွားနေရတာဆိုတော့ .... တစ်ကယ်လို့ စင်္ကြာဝဠာ ကြီးတစ်ခုလုံးကို ပတ်နိုင်တဲ့ သိပ္ပံပညာ ထွန်းကားလာပြီ ဆိုရင် ... ဘုရားရှင်ဟောတာ မှန်ကန်ကြောင်း သိပ္ပံပညာက သက်သေပြမှာပါ ...။

★ ★ ဒါဆို .... မင်းက ဘာလို့ကျိန်းသေပြောရဲတာလဲလို့မေးစရာရှိပါတယ် ဒီလိုမေးခဲ့ရင် ....
ဘုရားရှင် လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၆၀၀ ) လောက် က ဟောကြားခဲ့တာတွေဟာ တစ်နေ့တစ်ခြား သိပ္ပံပညာက သက်သေတွေပြလက်ခံလာရ တာ တွေ မနဲတော့ပါဘူး ... အောက်က ဥပမာ( ၁၀ ) ချက် လောက်နဲ့ သက်သေပြရတော့မှာပါ ။


★ ( ၁ ) လက်ရှိ ကမ္ဘာနဲ့ သိပ္ပံပညာရှင်တွေလက်ခံထား တဲ့ ကမ္ဘာကြီးရဲ့သက်တမ်းဟာ ( ၁၄ ) ဘီလီယံ နီးပါး ရှိပြီး ... လက်ရှိကမ္ဘာကြီးရဲ့သက်တမ်းဟာ ( ၄ )ဘီဘီယံ ခွဲကျော်ပြီဆိုတာ နှစ်သန်းချီနေတဲ့ ပရိုင်းမိတ်တွေ ကျောက်ဖြစ်ရုပ်ကြွင်းတွေ သက်သေ နဲ့အတူလက်ခံတဲ့ အတွက် ဘုရားရှင်ရဲ့ တရားတော်တွေနဲ့ကိုက်ညီနေပါတယ်... .( တစ်ခြား ဘာသာ ကျမ်းတွေက အတိအလင်း ပြောထားတဲ့ ၆၀၁၇ နှစ်မဟုတ်ပါဘူး ) ။

★ ( ၂ ) တလောကတော့ ဒီစင်္ကြ၀ဠာရဲ့ အဆုံးသတ်ကို သိပ္ပံပညာက ရှာတွေ.တယ်လို့ ပြောတာ ဖတ်လိုက်ရ ပါတယ်။ အဲဒီ နယ်နိမိတ်ရဲ့ ဟိုတဖက်မှာ မှောင်မဲနေတယ်..တဲ့ ။ ဒါပေမယ့် တစုံတရာနဲ့ ပိတ်နေတာမဟုတ် ဘူး ။ နောက်ထပ် ဒီလိုစကြ၀ဠာတွေ ရှိဦးမယ်လို့ သုံးသပ်ကြတယ်။မြတ်စွာ ဘုရားဟော တဲ့ စကြ၀ဠာအနန္တ ဆိုတာ မကြာခင် သက်သေ ပြကြတော့မယ် ထင်ပါတယ်။

★ ( ၃ )သီတင်းကောင်းတစ်ခုကတော့ ဖားအောက်တောရကျောင်းတိုက် မှာ ယောဂီတွေဟာ ဒါတွေကို မြင်နေရတယ်။
နိုင်ငံခြားသားတွေေ၇ာပဲ။ မယုံရင်လာ …လက်တွေ့ တရားလာမှတ်၊ ကိုယ့်ဟာကို ကြည့် ကြလို့ ဆရာတော်ကြီးက ရဲ ရဲ ဖိတ်ခေါ် တယ်။ ငါပြောတာကို ယုံမနေနဲ့ ။ကိုယ့်ဟာကို ကြည့်ကြတဲ့ ။


★ ( ၄ ) The Buddha seems to present a model of cosmology wherein the universe expands and contracts over extremely long periods of time, this description has been found by some to be consistent with the expanding universe model and Big Bang. The Buddha seems to be saying here that the universe expands outward, reaches a stabilising point, and then reverts its motion back toward a central point resulting in its destruction, this process again to be repeated infinitely. Throughout this expanding and contracting process, the objects found within the universe undergo periods of development and change over a long stretch of time, according to the environment in which they find themselves. Following this passage above, the Buddha goes on to say that the “beings” he described in this paragraph become attached to an earthlike planet, get reborn there, and remain there for the duration of the life. As a consequence of this, physical characteristics change and evolutionary changes takes place. This is often interpreted as a very rough theory of evolution. Furthermore, the Aggañña Sutta presents water as pre-existent to earthlike planets, with the planet forming with water and the life moving from the water onto the earth. Buddha does not talk about a specific earth, but about earthlike planets in general.
အထက်ပါ စာပိုဒ်၏ အစတွင် မိမိတို့၏ စကြာဝဠာကြီးသည် ကျယ်လာလိုက် ပြီးပြန်ကျုံ့သွားလိုက်ဖြင့် ကြိမ်ဖန်များစွာ ဖြစ်တတ် သည့် သဘောရှိကြောင်း ဗုဒ္ဓမြတ်စွာဘုရားဟောကြားသည့် အဂ္ဂညသုတ္တန်ကို ရည်ညွှန်း၍ သုံးသပ်ထာပါတယ်။ Expansion of universe နှင့် Big-Bang အယူအဆနှင့်လည်း ကိုက်ညီနေသည်ဟု လည်း ဖော်ပြထားပါသည်။

★ ( ၅ ) စကြာဝဠာကြီးက ပျက်ခါနီးရင် ကျုံ့သွားတယ်ဆိုတာ သိပ္ပံပညာရှင်တွေ ပြောတာမဟုတ်ပဲ ဗုဒ္ဓဘုရားရှင် ဟောကြားချက်မှာပါကြောင်း မူလတင်ပြမှုကို ဖြည့်စွက်လိုပါတယ်။ အဂ္ဂညသုတ်ကို အင်္ဂလိပ်လို ရေးထားတဲ့အထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
In the second part of the Sutta, Buddha tells the story of how the human beings came to dwell on Earth. The Buddha told that sooner or later, after a very long time, there would be a time when the world shrinks. As the universe shrinks, many of its inhabitants would die. Of these deceased creatures, some were born again (due to good karma) in the Heavenly realm of Abbhasara (Lucid Light). There, they floated for a very - very long time, as a bodiless, radiating extreme light. They don’t eat or drink, as they nourish themselves from pure spiritual joy.


★ ( ၆ ) Einstein ကလဲ ... Matter and mind must arise together or not at all ; that, in other words , there is simultaneous genesis of matter and mind . လို့ အတည်ပြုခဲ့ ပါတယ်။ ဒီလို ရုပ် ၊ နာမ် တို့ အတူတကွ ဖြစ်ပေါ်လာဖို့ ဘုံအရင်း အမြစ် တစ်ခုတော့ ရှိရမယ် ဆိုပြီး ရှာကြံကြ ပါတယ် ။

★ ( ၇ )Henri Bergson said that mind is a condensation from consciousness . He also said that once consciousness is present, matter can be deduced from it. In other words, consciousness gives rise to mind and matter. ဟင်နရီဘဂ်ဆင် ပြောတာ က နာမ်ဟာ အာရုံစုဖွဲ့မှုကနေ ဖြစ်လာတယ် ။ အာရုံစုဖွဲ့မှုဖြစ်လာတာနဲ့ ရုပ်ကိုလည်း ဆင်ခြင်တွေး ဆနိုင်ပြီ ။ တစ်နည်းဆိုရရင် အာရုံသိမှုဟာ နာမ် နဲ့ ရုပ်ကို ဖြစ်စေတယ်…… လို့ ပြောပါတယ်။
ဒီအချက်ကို ဗုဒ္ဓမြတ်စွာက အတိအကျ ဟောတော်မူခဲ့ပါတယ်။
” ၀ိဥာဏပစ္စယာ နာမရူပံ “...(အာရုံသိမှု ၀ိဥာဏ် သည် နာမ် နှင့် ရုပ် ကို ဖြစ်စေသည်။)….

ဒီတော့ စကြာဝဠာ ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များမှ တဆင့် သတ္တ၀ါရဲ. ရုပ် ၊ နာမ် ပိုင်း ဆင့်ကဲ ဖြစ်စဉ်တွေဟာ သိပ္ပံပညာရဲ. သုံးသပ်ချက်တွေ နဲ့ ဗုဒ္ဓမြတ်စွာရဲ. တရားတော်များ အဘယ်မျှ တူညီ နီးစပ်နေကြောင်း ၀မ်းမြောက်ဖွယ် ရာ တွေ့ ရှိရပါတယ်။


★ ( ၈ ) ကျန်တဲ့ ဘာသာရေးကျမ်းတွေမှာ ထာဝရဘုရားတွေဟာ အမေရိကတိုက်ကို မဖန်ဆင်းခဲ့ပေမယ့် ခရစ်တော် ပေါ်ပြီး နှစ်ပေါင်း ( ၁၄၉၂ ) ခုနှစ် မှာ ကိုလံဘတ်က အမေရိကတိုက်ကို ဗျုန်းဆို ရှာဖွေတွေ့ ရှိခဲ့ ပါတယ် .... ဗုဒ္ဓက လွန်ခဲ့တဲ နှစ်ပေါင်း ( ၂၆၀၀ ) ထဲ လက်ရှိကမ္ဘာမြေပေါ်မှာရှိနေတာတွေကို ဟောခဲ့ တာပါ ...။

★ ( ၉ ) ဘုရားရှင် ဟောတော်မူခဲ့တာက စင်္ကြာဝဠာ အနန္တ ... သတ္တ၀ါအနန္တ ပါ ... ပုရွက်ဆိတ်တွေ... ပိုးလောက်လန်းတွေ ... တီတွေ ... ယုတ်ဆွအဆုံး ... လေထဲမှာ ပြန့်လွင့်နေတဲ့ ပိုးမွှားတွေ ... ကိုယ့်သွေးတစ်စက်ကိုစစ်ရင်တောင် ... သွေးထဲမှာပါနေတဲ့ ..သန်းချီတဲ့ ပိုးတွေ ... နှုတ်ခမ်းအရေခွံကို ခွာပြီး ... အဏုမြူ မှန်ပြောင်းနဲ့ ကြည့်ရင်တောင် ... ရာထောင်ချီတဲ့ပိုးတွေ၇ှိနေပါတယ် ... နူး တို့အသက် တစ်ခါရှု တိုင်းလဲ ... လေထဲမှာပျံ့ လွင့်နေတဲ့ .... သိန်းချီတဲ့ပိုမွှားလေးတွေ နှခေါင်းကတစ်ဆင့် ၀င်သွားတာပဲလေ ... ဒါကို ဘုရားရှင် ဟောခဲ့တာ နှစ်ပေါင်း ၂၆၀၀ တောင်ကြာခဲ့ပြီပေါ့ ... လူသားတွေက ..မိုက်ခရိုစကုတ် ဆိုတာပေါ် လာမှ ... ဘုရားရှင် ဟောတာမှန်တယ်ဆိုတာ ... လာဝန်ခံရတာပါ ...။

★★ ဒီအချက်အလက်တွေကိုထောက်ထားပြီး ... တစ်ချိန်ချိန်မှာ ... သိပ္ပံပညာသည် .... စင်္ကြာဝဠာကို ပတ်နိုင်လောက်အောင် ထွန်းကားလာတာနဲ့ ... မြင်းမိုရ်တောင် ရှိတာကို သက်သေလာပြကြမှာပါ လို့ပြောပါရစေ ရှင် ။

★ ★ ဆရာတော်အရှင်ဥာဏိဿ ရ ရဲ့ မှတ်ချက်ပါရှင် ...

နတ်ပြည်နှင့် သက်တမ်းကို လူနှစ်အားဖြင့်ရေတွက်ရရင်
စတုမဟာရာဇ် ၅၀၀.... လူ့ပြည် ၉-သန်း
တာဝတိံသာ ၁၀၀၀ ... လူ့ပြည် ၃ကုဋေ ၆သန်း
ယာမာ ၂၀၀၀ ..... လူ့ပြည် ၁၄ကုဋေ ၄သန်း
တုတိတာ ၄၀၀၀ .... လူ့ပြည် ၇၅ကုဋေ ၆သန်း
နိမ္မာနရတီ ၈၀၀၀ ...... လူ့ပြည် ၂၃၀ကုဋေ ၄သန်း
ပရနိမ္မိတ၀သ၀တ္တီ ၁၆၀၀၀ ..... လူ့ပြည် ၉၂၁ကုဋေ ၆သန်း ပါ ..။


★ ငါတို့ကမ္ဘာက နေကို လှည့် ရင်း သူ့ဘာသာလည်းလှည့် သူဘာသာတစ်ပတ်ပြည့်အောင်လှည့်ရင် တစ်ရက်။ ..လှည့်ရင်း လှည့်ရင်းဖြင့် နေကို ပတ်မိသော် တစ်နှစ်.. ဖြစ်၏။ စကြာဝဠာအနန္တဟု ဗုဒ္ဓဟောသကဲ့သို့ .....

★ ယနေ့ပညာရှင်များသည် ဂြိုလ်အားလုံးကို မဆိုနှင့် မြင်နေရသော နေရာတိုင်းသို့ပင် မရောက်နိုင်ခြင်း လူပြည်တွင် အနှစ်ငါးဆယ်သည် စတုမဟာရာဇ် နတ်ပြည်တွင် တစ်ရက်၊ လူပြည်အနှစ် ၁၀၀ သည် တာဝတိံသာ တစ်ရက်ဖြစ်သည်ဟုဆိုခြင်း စသည်ကိုထောက်သော် နတ်ဘုံသည် ဤငါတို့ လူများနေရာ စကြာဝဠာ အတွင်းမရှိနိုင်ရာ။

★ ★ ခေတ်သုံးခေတ်နှင့် စကြာဝဠာ
၁။ဇာတိခေတ်။
ဘုရားရှင်ပဋိသန္ဓေရာအခါ ဖွားတော်မူရာအခါ သစ္စာလေးပါးကိုသိတော်မူရာအခါ စသည်အချိန်တွင် စကြာဝဠာ တစ်သောင်းတုန်ဟီး၏။

၂။ အာဏာခေတ်
ရတနသုတ် ၊ အာဋာနာဋိယသုတ် စသည့်ပရိတ်တို့၏ အာနုဘော်သည် စကြာဝဠာ ကုဋေတစ်သိန်း တိုင်အောင် ပြန့်နှံ့၏။

၃။ ၀ိသယခေတ်
မြတ်စွာဘုရားသည် စကြာဝဠာကုဋေတစ်သိန်းအကြောင်းကို သိလိုအံ့ ဆင်ခြင်၏။ သိ၏။ ထို့ထက်အလွန်ကို သိလိုအံ့ ဆင်ခြင်နိုင်၏။ သိနိုင်၏။ မြတ်ဗုဒ္ဓ၏ ဥာဏ်တော်သည် (အနန္တံ ပရိမာဏံ) အပိုင်းခြားမရှိ အလိုရှိတိုင်းသော စကြာဝဠာသို့ ဖြန့်ကျက်နိုင်၏။ တဲ့
(((( ယ္ခုဆို သိပ္ပံပညာက စကြာံဝဠာထဲမှာ ပျံ့ လွင့်နေတဲ့ ဗုဒ္ဓရဲ့ အသံများကို ဖမ်းယူနိုင်ခဲ့ပါင်္ပြီ ))))


★ ဤသို့ဖြစ်ရကား တာဝတိံသာနတ်နှင့် ယင်းတို့တည်ရာ မြင်းမိုရ်တောင်သည်ကား အခြားစကြာဝဠာမှာသာ ရှိသည်ဟု ယူဆနိုင်သလို အကယ်၍ငါတို့စကြာဝဠာမှာပင် ဆိုစေဦးတော့ ငါတို့နေရာဤကမ္ဘာ၊ ငါတို့မြင်ရာ နေလုံးကြီးနှင့် အလွန်ဝေးကွာစွာ တည်ရှိနေမည်ဟု ကောက်ချက်ချမိပါတယ်။

★ ငါတို့ အနှစ်၁၀၀ မှယင်းတို့ တစ်ရက်ဆိုရကား အဆပေါင်း ရာကျော် ထောင် ဂဏန်း မျှ ဝေးကွာမည်ဟု ယူဆမိ။ ထို့ကြောင့်သာ နေကို တစ်ပတ်ပတ်ရန် များစွာကြာမြင့်ခြင်း ဖြစ်ရာ၏။

★ ဤသို့စသည်အားဖြင့် ဆက်စပ်စဉ်းစားက မြင်းမိုရ်တောင်သည်ရှိ၏။ ထို့သော် ငါတို့နေရာ ဤကမ္ဘာပေါ်တွင် မတည်နိုင် ။ ဤစကြာဝဠာအတွင်း အလွန်ဝေးကွာရာ အခြားနေရာ၌ ဖြစ်စေ။ ဤစကြာဝဠာပြင်ပတွင်ဖြစ်စေ တည်၏ဟု ယုံကြည်ကြောင်း ပြောပါရစေ ။

★ တစ်ချို့ဆရာတော်များက မြောက်အမေရိကတိုက်ကို မြောက်ကျွန်းလို့အမှားကြီး မှားစွာ ယူကြပါ တယ် မြောက်ကျွန်း သူများ အသက်က ( ၇၀၀ ) ရှိပြီးကိုယ်ရောင် ကိုယ်ဝါတောက်ပကြတယ်ဆိုတဲ့ ကျမ်းဂန်အဆိုများနှင့် ဆန့်ကျင်ရုံသာမက ယုတ္တိလည်းမရှိတာတွေ့ရမှာဖြစ်ပါတယ်....


ကျမ်းကိုးအားလုံးကို ရှာပေးခဲ့တဲ့ ဆရာတော်အရှင် ဥာဏိသရ နှင့် အွန်လိုင်း ဆိုဒ် ( ၂ ) ဖြစ်တဲ့ နျူ မာန် ( မိုးတား ) နဲ
http://astrologyformyanmar.blogspot.com/2011/11/blogpost.htmlကိုလဲကျေးဇူးပါရှင်


ချမ်းမြေ့ကြပါစေရှင် ....


-

Monday, April 14, 2014

စိတ်ကို လှည့်စားတဲ့ ပုံလေးတွေ





လေတိုက်နေသလို


လေးထောင့်ကွက်တွေကြားက အ၀ိုင်းလေးတွေမှာ ဘယ်အ၀ိုင်းကမဲနေသလဲလို.ရှာပေးပါ


ဘယ်မျဉ်းကကောက်နေသလဲ


ဆင်ခြေထောက်က ဘယ်နှစ်ချောင်းလဲဆိုတာ ကြည့်ကြည်ပါ
---




Sunday, April 13, 2014

မြန်မာ့အလှ၊ မြန်မာ့ ပန်းချီများ

မြန်မာ့အလှ၊ မြန်မာ့ ပန်းချီများ ဖြစ်ပါသည်။ ရုပ်ပုံပေါင်း ၂၀ ရှိပါသည်၊ အောက်မှာ ဆက်လက် ကြည့်ရှုခံစားပါ။

Saturday, April 12, 2014

မြန်မာ့ အလှ၊ မြန်မာ့လက်ရာ art



Paintings
by  Ba Khine



မြန်မာ့အလှ၊ မြန်မာ့ လက်ရာပန်းချီများ






Paintings by Aye Min



မြန်မာ့ အလှပန်းချီများ








Paintings by  Aung Kyaw Htet



မြန်မာ့အလှ၊ မြန်မာ့ ပန်းချီများ




--





Paintings by K Kyaw





ဖိုင်ပို့နည်း အလွယ်







Gmailကတစ်ယောက်နဲ့တစ်ယောက်ဖိုင်တွေ၊သီချင်းတွေ ပေးပို့ကြရာမှာလိုင်းမကောင်းရင်ဖိုင်မရောက်တာတို့၊အချိန်ကြာပြီးအဆင်မပြေတာတွေ ဖြစ်လေ့ရှိတတ်ပါတယ်..ဒီလိုအခက်အခဲကိုဖြေရှင်းဖို့ အောက်မှာ ဖော်ပြမဲ့နည်းလမ်းလေးကအဆင်ပြေအောင် ကူညီပေးပါလိမ့်မယ်။

'ယခုဖော်ပြမဲ့နည်းလေးကဖိုင်တွေ ပေးပို့ရာမှာ မြန်ဆန်လွယ်ကူမှုရှိစေတဲ့
Uploadဆိုဒ်တခုနဲံ့ဖိုင်တွေ ပေးပို့နည်းဖြစ်ပါတယ်

အဆင့် ( 1 )  
https://www.sendspace.com/ - ကိုသွားပါ။




Browse ကို ကလစ် ပြီး မိမိ စက်ထဲက ပို့ချင်တဲ့ ဖိုင်ကို ရွေးပြီး Open ကို နှိပ်လိုက်ပါ

အဆင့် (2 )



ဒီအဆင့် မှာ..
To - ဆိုသည့်နေရာမှာ ကိုယ့်ပေးပို့ချင်တဲ့ သူ၏ E-mail လိပ်စာ ထည့်ပါ -eg- skyfall.ptn@gmail.com
From - ဆိုသည့်နေရာမှာ မိမိ ၏ E-mail လိပ်စာ ထည့်ပါ - eg -greenlover.3@mail.ru
ထည့်ပြီးပြီ ဆိုရင် Uploadကို နှိပ်လိုက်ပါ.


.. ဖိုင်ပို့နေပါလိမ့်မယ်... 100 % ပြည့်သွားရင် အောက်က ပုံလိုပေါ်လာပါလိမ့်မယ်..


ဒီအဆင့် ရောက်ရင် အဆင်ပြေပါပြီ... ကိုယ်ပို့လိုက်တဲ့သူ ရဲ့ Email ဆီ
Upload တင်ပို့လိုက်တဲ့ ဖိုင်ရောက်သွားပါပြီ

အဆင်ပြေပါစေ..




Friday, April 11, 2014

ဖိုဒါတွေ Shortcut ဖြစ်နေလျှင်



မိမိ ကွန်ပျူတာ ( သို့) မန်မိုရီ စတစ် ထဲက ဖိုင်တွေ၊ Fonder တွေ ဖွင့်လို့မရပဲ  Shortcut ဖြစ်နေခြင်းကို
ဖြေခြင်းနိုင်မဲ့ နည်းလမ်းလေး ဖြစ်ပါတယ်...

ဆက်ဖတ်ရန်

ဒီ Virus မိပီဆိုရင် မန်မိုရီကတ်ထဲက ဖိုင် တချို( သို့)  အကုန်လုံး Shortcut ပုံဖြစ်လာပါတယ်

ကွန်ပျူတာထက်..မန်မိုရီကတ်တွေမှာအဖြစ်များပါတယ်၊ဒီလို ဖြစ်နေတာကို အောက်က  ဆော့ဝဲလေးက ဖြေရှင်းပါလိမ့်မယ်.....

 အဆင်ပြေပါတယ် ။လိုအပ်သူများ ဒေါင်းလုပ်ယူလိုက်ပါ.....။


Shortcut Virus သတ်သည့်ဆော့ဝဲလ်  Download ရယူရန် >>   Shortcut Virus Remover

အဆင်ပြေပါစေ

http://www.zwmnna.com



Wednesday, April 9, 2014

Adele ၏ Someone Like You



ကမ္ဘာကျော် ပေါ့စ်၊R&Bအဆိုတော်
Adele၏SomeoneLikeYouဟုအမည်ရသည့်တေးသီချင်းကောင်းတပုဒ်ဖြစ်ပါသည်၊

Adele ၏ Someone Like You သီချင်း နားဆင်ရန်-  DownLoad

Genres: Pop/Rock, R&B
Meta Styles: Alternative/Indie Rock, Soul



Adele - Someone Like You သီချင်းစာသား အောက်မှာ ကြည့်ရှု့ပါ၊

I heard, that your settled down.
That you, found a girl and your married now.
I heard that your dreams came true.
Guess she gave you things, I didn't give to you.

Old friend, why are you so shy?

Ain't like you to hold it back or hide from the light.

I hate to turn up out of the blue uninvited.

But I couldn't stay away, I couldn't fight it.
I'd hoped you'd see my face & that you'd be reminded,
That for me, it isn't over.

Nevermind, I'll find someone like you.

I wish nothing but the best, for you too.
Don't forget me, I beg, I remember you said:-
"Sometimes it lasts in love but sometimes it hurts instead"
Sometimes it lasts in love but sometimes it hurts instead, yeah.

You'd know, how the time flies.

Only yesterday, was the time of our lives.
We were born and raised in a summer haze.
Bound by the surprise of our glory days.

I hate to turn up out of the blue uninvited,

But I couldn't stay away, I couldn't fight it.
I'd hoped you'd see my face & that you'd be reminded,
That for me, it isn't over.

Nevermind, I'll find someone like you.

I wish nothing but the best for you too.
Don't forget me, I beg, I remember you say:-
"Sometimes it lasts in love but sometimes it hurts instead", yay.

Nothing compares, no worries or cares.

Regret's and mistakes they're memories made.
Who would have known how bittersweet this would taste?

Nevermind, I'll find someone like you.

I wish nothing but the best for you.
Don't forget me, I beg, I remember you said:-
"Sometimes it lasts in love but sometimes it hurts instead"

Nevermind, I'll find someone like you.

I wish nothing but the best for you too.
Don't forget me, I beg, I remembered you say:-
"Sometimes it lasts in love but sometimes it hurts instead"
Sometimes it lasts in love but sometimes it hurts instead, yay yeh yeah.





Tuesday, April 8, 2014

ကျွန်တော့်တို့ ဘ၀ရဲ့ပဲ့ကိုင်ရှင် အဖေ





အဖေ...ကျွန်တော်တို့ဘ၀ရဲ့ ပိုင်ကိုင်ရှင်ဟာ အဖေပါ အဖေ တစ်ယောက်ရဲ့ မေတ္တာ ၊ ဂရုဏာတွေကို နှိုင်းတုလို့မရ၊ ဖော်ကျူးလို့မလွယ်ပေမယ့်....တတ်နိုင်တဲ့အနုပညာနဲ့ ရေးချယ်ထားတဲ့ရင်ထဲကပန်းချီကားတစ်ချပ်ပါကြည့်ရှု ခံစားကြည့်ပါ ၊ အဖေတစ်ယောက်၇ဲ့ မေတ္တာ၊ဂရုဏာ တွေဟာရင်ကိုတိုက်ရိုက်ထိမှန်လာပါလိမ့်မယ်




Monday, April 7, 2014

၃၈ ဖြာ မင်္ဂလာ (38 Mingalar in Daily Life )


၃၈ ဖြာ မင်္ဂလာ (38 Mingalar in Daily Life )


မင်္ဂလာတရားသုံးဆယ့်ရှစ်ပါးဆိုတာကိုငယ်ငယ်တုန်းကကဗျာလိုရောစာလိုရောပါဠိလိုရောသင်ကြရ၊ရွတ်ဖတ်ခဲ့ကြရတယ်။
အဓိပ္ပာယ်လည်းအဲဒီကတည်းကသိခဲ့တာပါပဲ။.ဒါပေမယ့်အသက်ကြီးလာချိန်မှာတစ်ရက်တစ်ရက်..ကိုယ်ဖြတ်သန်းနေတဲ့
..လောက..ပတ်ဝန်းကျင်မှာ..အဲဒီ..မင်္ဂလာတရားသုံးဆယ့်ရှစ်ပါးထဲက..ဘယ်နှစ်ပါးနဲ့များ..ကိုက်ညီပါသလဲလို့..ချိန်ထိုးကြည့်
ရင်းက..စိုက်ပျိုးခြင်း၊ရှင်သန်ခြင်း၊..ပွားများခြင်း..စက်ဝန်းလေး..တစ်ခုကို..သွားတွေ့မိတယ်။..တချို့ဟာတွေဟာ..ချက်ချင်း ..မဖြစ်ပေမယ့်..တစ်ခုနဲ့..တစ်ခုက..ဆက်စပ်နေတယ်။..ဒီဟာကြောင့်ဟိုဟာ ဖြစ်လာတာမျိုးတွေ တွေ့လာတယ်။တချို့အရာ
တွေက..ကျင့်သုံးဖို့ရာအချိန်ယူရတယ်..၊ရင်းရတယ်။..တချို့ဟာတွေကတစ်ခုကို..ဖြည့်ဆည်းဖို့တခြားတစ်ခုမှာအားနည်းသွား
တတ်တယ်။

ကိုယ်ဖြတ်သန်းနေတဲ့ဘဝနဲ့ကိုယ့်ပတ်ဝန်းကျင်ကို၃၈ ဖြာမင်္ဂလာတရား တော်လာအချက်များနဲ့နဲ့ချိန်ထိုးကြည့်ရင်
ကောင်းခြင်းနဲ့မကောင်းခြင်းဘယ်အရာက.အားသာနေလဲဆိုတာ.မြင်လာနိုင်ပါတယ်။ပါဠိနဲ့ မြန်မာပြန်တွေကြောင့်အနက်ခက်
နေရင်အင်္ဂလိပ်လို ပြန်ထားတာလေးဖြည့်စွက်တင်ပြထားပါသည်၊ဖတ်ကြည့်လိုက်ပါ။ပီပီပြင်ပြင် မြင်လာပါလိမ့်မယ်၊...


ReadMore

အသေ၀နာစ ဗာလာနံ
(လူမိုက်တို့ကို မဆည်းကပ်ခြင်း) Not to Associate with Fools ဗာလကို လူမိုက်လို့ တိုက်ရိုက် ဘာသာပြန်ရင်တော့ ဆိုးသွမ်း သောင်းကျန်းနေသူဆိုပြီး မျက်စိထဲ တစ်မျိုးမြင်လို့ အဓိပ္ပာယ် လွဲသွားနိုင်တယ် ထင်တယ်။ ကျွန်တော်ကတော့ အင်္ဂလိပ်လို Fools ဆိုတာလေး ပိုသဘောကျတယ်။ ဗာလ - လူဗလာ - ဘာမှမရှိတဲ့သူ ဆိုတာမျိုးကိုလည်း သဘောကျတယ်။ ဒီလိုလူတွေဆီက ကျွန်တော်တို့ ဘာတွေများ ရနိုင်မှာလဲ။ ကိုယ်တစ်နေ့တာ ဖြတ်သန်း ပေါင်းသင်း ဆက်ဆံ ကိုးကွယ်နေတာ ဘယ်လိုလူတွေလဲ ??? လူ့ဗာလတွေ ဖြစ်မနေဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ကိုယ့်အတွက် ဘာမှ ကျန်မှာ မဟုတ်ပါဘူး။

ပဏ္ဍိတာနဉ္စ သေ၀နာ (ပညာရှိတို့ကို ဆည်းကပ်ခြင်း )To Associate with the Wise ပညာရှိလို့ ဆိုလိုက်ရင်လည်း ကျွန်တော်တို့ မျက်စိထဲမယ် သင်တိုင်းကြီးနဲ့ နှုတ်ခမ်းမွှေးစစကြီးနဲ့ ဒိဿာပါမောက္ခကြီးတွေ ပြေးပြေး မြင်မိတယ်။ တကယ်တမ်း To Associate with the wise ဆိုလိုက်တာနဲ့ ကိုယ့်ကို ကောင်းရာ မွန်ရာ လမ်းမှန်ကို ညွှန်ပြပေးနိုင်တဲ့ သင်ကြားပြသပေးနိုင်တဲ့ စာတွေ့သိသူ၊ လက်တွေ့သိသူ ဘယ်သူမဆိုနဲ့ သက်ဆိုင်နိုင်ပါတယ်။ ကိုယ်တစ်နေ့တာ ဖြတ်သန်း ပေါင်းသင်း ဆက်ဆံ ကိုးကွယ်နေသူတွေဟာ ဒီမင်္ဂလာတရားတော်နဲ့ ကိုက်ညီပါရဲ့လား ???

ပူဇာစ ပူဇနေယျာနံ(ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း)To Honour Those Worthy of Honour ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း လို့ ကြားလိုက်တာနဲ့ ပူဇော်ဆိုတဲ့ စကားကြားလိုက်တာနဲ့ ကျွန်တော်တို့ စိတ်ထဲမယ် ဆရာကန်တော့ပွဲတွေ လူကြီး ကန်တော့ပွဲတွေကိုပဲ စိတ်ရောက်ရောက် သွားတတ်တယ်။ ဒါလည်း မှန်ကန်ပေမယ့် အင်္ဂလိပ်လိုလေး ရှင်းထားတဲ့ To Honour those worthy of honour ဆိုတဲ့ စကားလေးအတိုင်း ချီးမြှောက်ဂုဏ်ပြုသင့်သူကို (ကြီးကြီးငယ်ငယ်) ဘယ်သူကိုမဆို ချီးမြှောက် ဂုဏ်ပြုရမယ် ဆိုတာလေးက ပိုပြီး ရှင်းလင်းအသက်ဝင်တယ် ထင်မိတယ်။ Worthy of Honour ဆိုတာမျိုးအတွက်တော့ ဘယ်အရာတွေက Worthy ဆိုတာ သိဖို့လည်း လိုအပ်ပါသေးတယ်။ တချို့က Expressing respect to those worthy of respect လို့ ဘာသာပြန်တယ်။ ပိုပြီးတောင် ထိမိ မှန်ကန်ပါသေးတယ်။ ကိုယ်တစ်နေ့တာ ဖြတ်သန်း ပေါင်းသင်း ဆက်ဆံ ကိုးကွယ်နေသူတွေထဲမှာ ဒီလို လူမျိုးကို တွေ့ကြုံလာရင် စိတ်အားဖြင့်သော်လည်းကောင်း၊ နှုတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်အားဖြင့်သော်လည်းကောင်း တတ်နိုင်သမျှ ချီးမြှောက်ဂုဏ်ပြုမိပါသလား ???
အပေါ်က သုံးခုပေါင်းကိုမှ ဘုရားရှင်က အတွဲလေးတစ်ခုလို ထားခဲ့တယ်။ "အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ" တဲ့။ တွဲထားတာလေးက ဘယ်လောက် အဆီအနှစ် ပြည့်ဝလိုက်သလဲဗျာ။ တစ်ခုချင်းစီလည်း မင်္ဂလာတရားပါပဲ။ ဒါပေမယ့် ဒီသုံးခု ညီညွတ်မှ ပိုအသက်ဝင်မယ်။ လူမိုက်ရှောင်ရုံနဲ့ မပြီး၊ ကောင်းတဲ့သူနဲ့ ပေါင်းနေရုံနဲ့လည်း မပြီး၊ ချီးမြှောက်သင့်သူ ချီးမြှောက်နေရုံနဲ့လည်း မပြီး အဲဒီသုံးခုစလုံးကို တပြိုင်နက် လုပ်ဆောင်နေရမှာ။
------------------------------------------------------------
ပတိရူပဒေသ ၀ါသောစ (သင့်တင့်သောအရပ်၌ နေထိုင်ခြင်း) Living in a Suitable Locality
ဒီဟာကိုတော့ နေထိုင်တာ တစ်ခုတည်း မပြောချင်ဘဲ သင့်တင့်တဲ့ ဒေသမှာ အခြေချ လုပ်ကိုင် နေထိုင်နေတာလို့ ဖြည့်စွက်ချင်မိတယ်။ ကိုယ် အခြေချ နေထိုင် လုပ်ကိုင်နေတဲ့ ဒေသ (သို့) လုပ်ငန်း (သို့) ပတ်ဝန်းကျင်ဟာ ကိုယ့်ဗီဇ၊ ကိုယ့်ပညာ၊ ကိုယ့်လိုအပ်ချက်၊ ကိုယ့်ရပ်တည်ချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ သင့်တင့်လျောက်ပတ်တဲ့ဟာ ဖြစ်နေပါရဲ့လား ??? ကိုယ်သင်ကြားနေရတာ ကိုယ်ဝါသနာပါတာ ဟုတ်ပါရဲ့လား ??? ကိုယ်လုပ်ကိုင်နေရတာ ကိုယ်နဲ့ အဆင်ပြေတဲ့ လုပ်ငန်း ဟုတ်ပါရဲ့လား ???


ပုဗ္ဗေစ ကတပုညတာ
(ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း)Good Deeds Done in the Past
ကောင်းမှု ပြုတတ်တဲ့သူဖြစ်မှ ကောင်းမှု ဆက်ပြုနိုင်မှာပါ။ ကောင်းမှုဆိုတာ ဒါန တစ်ခုထဲ ရည်ရည်တာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ပြုတာမျိုး မဟုတ်ဘဲ စဉ်ဆက်မပြတ် ပြုနေဖို့ လိုပါမယ်။ မနေ့က ကောင်းမှုဟာ ဒီနေ့အတွက် ကောင်းမွန်တဲ့ အတိတ် ဖြစ်သွားခဲ့ပြီး ဒီနေ့ ကောင်းမှုကတော့ မနက်ဖြန်အတွက် ကောင်းမွန်တဲ့ မျိုးစေ့ ဖြစ်ပါလိမ့်မယ်။


အတ္တသမာပဏီဓိ ( မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း )Setting Oneself in the Right Course
မိမိကိုယ်ကို ဘယ်လို ဆောက်တည်မလဲ။ ကိုယ့်မှာ မှန်ကန်တဲ့ အသိ ရှိရဲ့လား၊ အဲဒီလို မှန်ကန်တဲ့ အသိရှိအောင် မှန်ကန်စွာ ကြိုးပမ်းခဲ့ရဲ့လား၊ မှန်ကန်စွာ  လမ်းညွှန်နိုင်သူကို ချဉ်းကပ် ဆည်းပူးခဲ့ရဲ့လား။ ကိုယ်လုပ်နေတဲ့ အလုပ်ဟာ ဖြောင့်မှန်ရဲ့လား၊ အဲလို ဖြောင့်မှန်အောင် မှန်ကန်စွာ ကြိုးစားလေ့လာခဲ့သလား၊ မှန်ကန်စွာ လမ်းညွှန်နိုင်သူတွေနဲ့ သင်ကြားခဲ့ရဲ့လား။ ကိုယ့်ကိုမြင်လိုက်တာနဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်ဟာ ဘာလဲဆိုတာ တခြားသူတွေ သိမြင်နိုင်ရဲ့လား။

ဗိုလ်ချုပ်အောင်ဆန်းလို့ ပြောလိုက်တာနဲ့ လွတ်လပ်ရေးဆိုတာကို ပြေးမြင်သလို၊
ဒေါ်အောင်ဆန်းစုကြည်လို့ ပြောလိုက်တာနဲ့ ဒီမိုကရေစီ ပြေးမြင်သလို ခံယူချက်၊ လုပ်ဆောင်ချက်၊ ရပ်တည်ချက်တွေနဲ့ မိမိ တစ်ထပ်တည်း ကျနေအောင် တည်ဆောက်ထားရဲ့လား

ကိုယ့်ကိုကိုယ် ကောင်းအောင် ဘယ်လို တည်ဆောက် ယူမလဲ။ ၃၈ ချက်ကို ဖော်ပြထားပါတယ်။ အနည်းဆုံး အခုအနေအထားမှာ အပေါ်က လူမိုက်ရှောင်၊ ပညာရှိဆောင်၊ ပူဇော်သင့်သူပူဇော် ဒီသုံးခုနဲ့တင် အတော်လေး အဓိပ္ပာယ် ရှိနေပါပြီ။


ဒီအပေါ်က သုံးခုကိုလည်း ဘုရားရှင်က အတွဲလေး တစ်တွဲ အနေနဲ့ တွဲထားပါသေးတယ်။ "ပတိရူပ ဒေသ၀ါသောစ၊ ပုဗ္ဗေစ ကတပုညတာ။ အတ္တသမ္မာ ပဏိဓိစ၊ ဧတံ မင်္ဂလ မုတ္တမံ" တဲ့ဗျား။ ခင်ဗျား ဘယ်လိုပဲ ဘယ်လောက်ပဲ ကောင်းမွန်စွာ ကျင့်ကြံ ဆောက်တည် ကြိုးပမ်းနေသော်ငြား ခင်ဗျား ကျင်လည်နေရာ လုပ်ကိုင်နေရာ ပတ်သက်နေရာ နေထိုင်နေရာ အရပ်၊ ဒေသ၊ အလုပ် ဟာ ပတိရူပဒေသဝါသောစ- သင့်တင့်တဲ့ အရပ်မဟုတ်ခဲ့ဘူးဆိုရင် ခင်ဗျားအတွက် အကျိုးမရှိပြန်ပါဘူး။ ဒါကြောင့်မို့ ကမ္ဘာက လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ကြံခံရတယ်၊ ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရတယ်။ ဒါပေမယ့် သူတို့တွေဟာ ပုဗ္ဗေစကတပုညာတာ စဉ်ဆက်မပြတ် ကောင်းမှုပြုခဲ့သူတွေ ဖြစ်တဲ့အပြင် အတ္တသမာပဏီဓိစ ကိုယ့်ကိုကိုယ် ယုံကြည်ချက် ရည်ရွယ်ချက် ဦးတည်ချက် ရပ်တည်ချက် ခိုင်ခိုင်မာမာ တည်ဆောက်ထားသူတွေ ဖြစ်တာမို့ နာမည် မပျက်ယွင်းခဲ့ကြဘူး။
------------------------------------------------------------
ဗာဟုဿစ္စ     ( အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း ) Great Learning အကြားအမြင်များသောသူ ဘယ်လို ဖြစ်နိုင်မလဲ??? အကြားအမြင် များဖို့ဆိုတာ အမြဲမပြတ် လေ့လာ လုပ်ကိုင်နေဖို့ လိုအပ်ပါတယ်။ သင်ယူမှု လေ့လာမှုဆိုတာ ဆုံးခန်းတိုင်တယ် မရှိပါဘူး။ ဒီဘက်ခေတ်မှာဆို အတတ်ပညာ နည်းပညာတွေက အချိန်နဲ့အမျှ အလျှင်အမြန် ပြောင်းလဲနေတယ်။ ဒါတွေကို လေ့လာ သိရှိနေမှ အခြားသူတွေနဲ့ ကိုယ်က ဆွေးနွေးနိုင်မယ် ပြောပြနိုင်မယ် နားလည်နိုင်မယ်။ To have much learning သင်ယူမှု တော်တော်များများဟာ ကျောင်းသင်ခန်းစာတွေကနေ လာတယ်။ ဒီနေရာမှာ ကျောင်းသင်ခန်းစာဆိုတာ သီအိုရီပိုင်းတွေကို ပြောတာပါ။ ကျွန်တော်တို့ တက္ကသိုလ်တုန်းက ပြောကြတာ ရှိတယ်။ ကျောင်းမှာ သီအိုရီတွေပဲ သင်တယ်။ လက်တွေ့မပါလို့ မထိရောက်ဘူး မတတ်ဘူး စသည်ဖြင့်ပေါ့လေ။ ဒီနေရာမှာ မင်္ဂလာတရားထဲ ထူးဆန်းတာက ဗာဟုသစ္စဉ္စ သိပ္ပဉ္စ ဆိုပြီး ခွဲခြား ပြောထားတယ် (အောက်တစ်ခုမှာ ဆက်ကြည့်ပါ)။

စာတွေ့နဲ့ လက်တွေ့ကို ခွဲပြောထားတာပါ။ ဒီတော့ ကျောင်းတွေက သီအိုရီပဲသင်တာများပြီး လက်တွေ့ အားနည်းတာက ကျောင်းအပိုင်း၊ ကိုယ့်အပိုင်းက အဲဒီသင်ကြားရတဲ့ သီအိုရီတွေကိုရော ပိုင်နိုင်ရဲ့လား ကျေညက်မှု ရှိရဲ့လား ဆိုတာပါပဲ။ တကယ်တော့ သီအိုရီကို လက်တွေ့မှာ အသုံးချနိုင်မှ အသုံးကျတာပါ။ လက်တွေ့ဘယ်လောက်ကောင်းကောင်း သီအိုရီ မကျွမ်းကျင်သူတွေဆိုတာလည်း အရာ မရောက်လှပြန်ပါဘူး။
- ကိုယ်မတတ်ကျွမ်းတာဟာ အပေါင်းအသင်း မကောင်းလို့လား (အသေဝနာစဗာလာနံ လူ့ဗာလတွေနဲ့ မပေါင်းနဲ့လို့ ဆိုထားတယ် ကိုယ်က ပေါင်းနေတာလား) - တကယ်တတ်ကျွမ်းသူဆီမှာ ချဉ်းကပ် သင်ကြားပါရဲ့လား (ပဏ္ဍိတာနဉ္စ သေ၀နာ ဆိုတာကို လိုက်နာသလား) - (ပူဇာစ ပူဇနေယျာနံ) Expressing respect to those worthy of respect ကိုယ်လိုချင်တဲ့ ပညာ ဗဟုသုတကို ရဖို့ ကိုယ့်ကို ပေးနိုင်တဲ့သူတွေက ပေးချင်လာအောင်ရော ရိုသေသမှု ဂါရ၀တရား ရှိရဲ့လား

- (ပတိရူပဒေသ ၀ါသောစ) ကိုယ်နေတဲ့အရပ်က ကိုယ်လိုချင်တာတွေ ဖြည့်စွမ်းနိုင်တဲ့ အရပ်ဟုတ်ရဲ့လား (ဥပမာ- ရန်ကုန်တက္ကသိုလ်တွေနဲ့ နယ်တက္ကသိုလ်တွေ မတူသလို၊ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ရန်ကုန်တက္ကသိုလ် တခြားစီ)
- (ပုဗ္ဗေစ ကတပုညတာ) ဥပမာ- ဆယ်တန်း အမှတ်ကောင်းလို့ ဝါသနာပါပါမပါပါ ပေါ်ပင်ဖြစ်တာကို ယူတယ်။ ဘွဲ့တစ်ခုရအောင် ကြုံရာ ယူတယ်။ အဲဒီဟာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားမှု၊ လေ့လာလိုက်စားမှု၊ အခြေခံ၊ အားထုတ်မှု (ပြုခဲ့သော ကောင်းမှု) မရှိဘဲနဲ့ ဒီနေရာမှာ အောင်မြင်ဖို့ ခက်ခဲတယ်။ ပရိုဂရမ်းမင်း ဝါသနာပါသူဟာ ထက်မြက်ရမယ်၊ ထိုးထွင်းကြံဆတတ်ရမယ်၊ ဝီရိယ ရှိရမယ်၊ သင်္ချာပိုင်း တော်ရမယ် ဒါတွေက ဟိုးတုန်းကတည်းက ပြုခဲ့ရမယ့် ရှိနေရမယ့် အရာတွေပါ။ ဒါတွေမရှိဘဲ ကုဒ်ဒင် ဘယ်လောက်တတ်တတ် ထိပ်တန်းပရိုဂရမ်မာ မဖြစ်နိုင်ဘူး။ - (အတ္တသမာပဏီဓိ) မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း ရှိရဲ့လား။ ကိုယ့်လုပ်နေတဲ့ အလုပ်အပေါ်မှာ ကိုယ်လေ့လာနေတဲ့ ပညာရပ်အပေါ်မှာ ကိုယ်ဆည်းပူးနေတဲ့ အကြောင်းအရာ တစ်ခုအပေါ်မှာ Commitment ရှိရဲ့လား။ ဒါတွေမရှိဘဲနဲ့ ဗာဟုဿစ္စ အကြားအမြင် များတဲ့သူ မဖြစ်နိုင်ပါဘူး။ ဆိုတော့ကာ မင်္ဂလာတရားတော်တွေဟာ လိုက်နာစရာ တစ်ခုနဲ့ တစ်ခု အရမ်းပဲ ချိတ်ဆက်နေပါတယ်။ ကိုယ်ဟာ ကိုယ့်လုပ်ငန်းမှာ ကိုယ့်ပညာရပ်ပိုင်းမှာ မအောင်မမြင် ဖြစ်နေသေးရင် ဒါတွေနဲ့ တိုက်ဆိုင် စစ်ဆေး ကြည့်သင့်ပါတယ်။

သိပ္ပ ( အပြစ်မရှိသော လက်မှုပညာ အစရှိသော အတတ်တို့ကို တတ်ခြင်း ) Practical Skill သိပ္ပဉ္စကို Practically Skillful လို့ ရည်ညွှန်းပါတယ်။ သက်သက်ကို ခွဲခြားထားတာပါ။ လောကမှာ စာတွေ့သမား၊ လက်တွေ့သမား တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ကြတာတွေ ရှိတယ်။ ဒါပေမယ့် အဲဒီနှစ်ခုစလုံး ပိုင်နိုင်တဲ့သူသာ အအောင်မြင်ဆုံး ဖြစ်နိုင်တာပါ။ ဗာဟုသစ္စဉ္စ ဆိုတဲ့ ပညာရပ်ပိုင်းဆိုင်ရာ အသိတွေ သီအိုရီတွေ ရှိပြီးရင် သိပ္ပဉ္စ ဆိုတဲ့ လက်တွေ့ပိုင်း (တကယ် လုပ်နိုင်တာ) လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဘာသာပြန်ထားတဲ့ အပြစ်မရှိသော ဆိုတဲ့ စကားလေးဟာ အင်မတန်မှ ကျယ်ဝန်းပါတယ်။ ကိုယ်လုပ်နေတာဟာ အပြစ်ရှိခြင်း မရှိခြင်းကို သိဖို့ဆိုတာက ကိုယ့်မှာ ပညာသိ ရှိနေဖို့ လိုအပ်တာ ပေါ်လွင်ပါတယ်။

ဝိနယောစ သုကိက္ခိတော( ကောင်းစွာသင်အပ်သောဝိနည်းတရား ရှိခြင်း )A Highly Trained Discipline
သိပ်ကောင်းတဲ့ အချက်လေးပါ။ Well-trained in discipline ဝိနည်း၊ စည်းကမ်းကျင့်ဝတ်၊ ဆောင်ရန် ရှောင်ရန် ဒါတွေကို သိနေရပါမယ်။ စည်းစနစ်လို့ လွယ်လွယ် တွေးကြည့်ပါ။ ဥပမာ ဓာတုဗေဒ၊ ရူပဗေဒ၊ ဆေးအတတ် စတာတွေမှာ စမ်းသပ်မှုတွေ လေ့လာမှုတွေ ပြုလုပ်တိုင်း အဆင့်တိုင်း အဆင့်တိုင်းကို ကိုယ်လုပ်ထားတဲ့ အချက်တွေကို ရေးမှတ်ထားကြရတယ်။ ဒါမှသာ အောင်မြင်ခဲ့ရင် ဘယ်ဟာနဲ့ ဘယ်ဟာ ဘယ်လိုပေါင်းပြီး ဘယ်လို လုပ်လိုက်လို့ ဘယ်လို ရလာတယ် စတဲ့ တိကျတဲ့ ဖော်မြူလာကို ရလာပါမယ်။ ဒါကြောင့် ဘာလုပ်လုပ် ချရေးမှတ်ရမယ်ဆိုတာ အရမ်းလွယ်ကူပေမယ့် လူတိုင်း မလုပ်နိုင်ကြတဲ့ စည်းကမ်းဥပဒေပါ။ ဒါတွေလုပ်ရင် လက်အိတ်ကို စွပ်ထားရမယ်၊ အများပြည်သူ အန္တရာယ် ဖြစ်စေနိုင်တဲ့ နေရာတွေမှာ မပြုလုပ်ရဘူး။ စသည်ဖြင့် စသည်ဖြင့်ပေါ့လေ မဖြစ်မနေ သိနေ လိုက်နာကျင့်သုံးနေရမယ့် ကျင့်ဝတ်စည်းတွေပါ။ နိုင်ငံတကာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စားတာ သောက်တာကအစ အက်တိကတ် ယဉ်ကျေးမှုတွေ မတူညီကြဘူး။ ဒါတွေကို နေရာဒေသအလိုက် လိုက်နာ ကျင့်သုံးနိုင်ရမယ်။ အလုပ်တစ်ခုနဲ့ တစ်ခု မတူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လိုက်နာရတာတွေ၊ စောင့်ထိန်းရတာတွေ ရှိတယ်။ ဒါတွေဟာ ကိုယ်နဲ့ တစ်သားထဲ ရှိနေရမယ်။ သီးဆစ် တစ်စောင်ရေးတယ် လိုအပ်တဲ့ မဖြစ်မနေ ပါဝင်ရမယ့် ခေါင်းစဉ်တွေ၊ ခေါင်းစဉ်ခွဲတွေ၊ သုံးသပ်ချက်တွေ ပါကို ပါနေရမယ်။


သုဘာသိတ၀ါစာ ( ကောင်းစွာပြောဆိုခြင်း ) Well-spoken Speech
စကားကို ကောင်းစွာဆိုခြင်းတို့ အင်္ဂါလေးပါး စကားကိုသာ ပြောတတ်ခြင်းတို့ စသည်ဖြင့် ပညာရှင်များ အနက်ဖွင့်ကြပေမယ့် လက်တွေ့ နိစ္စဓူဝ လုပ်ငန်းခွင်တွေမှာ ဒါကို Presentation Skill ရယ်လို့ ကျွန်တော်က မြင်ပါတယ်။ တချို့လူတွေ ပညာဘယ်လောက်တတ်တတ် ကိုယ်တတ်တာကို သူများ နားလည်အောင် မပြောပြနိုင်ဘူး။ သူရှင်းလိုက်တိုင်း လည်နေတယ်။ တချို့လူတွေ ကိုယ့်အယူအဆ ကိုယ်တတ်ကျွမ်းတာကို မျှဝေချင်တာတောင် လူနားဝင်အောင် မပြောဘူး ဒေါသတွေ မာန်တွေ ဌာန်တွေ အာဃာတတွေနဲ့ ပြောတတ် ဆိုတတ်ကြတယ်။ သူများ နှစ်လိုဖွယ် လက်ခံနားထောင်ချင်ဖွယ် စိတ်ဝင်စားဖွယ် ကောင်းအောင် မပြောတတ်ဘူး ဆိုတာမျိုးပေါ့ဗျာ။ ဒီနေရာမှာလည်း လူတိုင်း စကားကောင်းစွာ မဆိုနိုင်ကြပါဘူး။ လူမိုက်နဲ့ များများပေါင်းနေတဲ့သူဆီကနေ လူမိုက်စကားတွေ ကြားရတတ်တယ်။ ပညာရှင်တွေနဲ့ ပေါင်းသင်းနေသူတွေ ဆီကနေ ပညာရှင်စကားတွေ ကြားရတတ်တယ်။ အကြားအမြင်မများသူ တစ်ယောက်ဆီကနေ ဖွယ်ဖွယ်ရာရာ ကောင်းကောင်းမွန်မွန် စဉ်းစား ဆင်ခြင်စရာတွေ မကြားရတတ်ဘူး စသည်ဖြင့် အခြား မင်္ဂလာတရားတွေနဲ့လည်း ဆက်စပ်နေပြန်ပါတယ်။

အထက်ကဟာတွေ အတိုင်းပါပဲ ဘုရားရှင်က "ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယောစ သုကိက္ခိတော။ သုဘာသိတာစ ယာ ၀ါစာ။ ဧတံ မင်္ဂလ မုတ္တမံ" ဆိုပြီး အဲဒီလေးခုကို ပေါင်းစည်းပေးထားပါတယ်။ ပညာရပ်အနေနဲ့ စဉ်းစားကြည့်ရင် လူတစ်ယောက်ဟာ ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတတွေ၊ သီအိုရီတွေ၊ အချက်အလက်တွေကို သင်ယူမယ်၊ ပြီးရင် လက်တွေ့ပိုင်းဆိုင်ရာ ဖြည့်ဆည်းမယ်၊ ဆောင်ရန် ရှောင်ရန်တွေ လိုက်နာစရာတွေကို သိထားမယ် လိုက်နာမယ်၊ ကိုယ်တတ်ကျွမ်း သိနားလည်တာကို တစ်ဖက်လူ နားလည်အောင် နားဝင်အောင် ထိထိမိမိ ပြောတတ်ဆိုတတ်ရမယ်။ ကျွန်တော့်မျက်လုံးထဲ ပါရဂူကျမ်းပြု စာသင်သားတစ်ဦး သူ့စာတမ်းအတွက် ပညာရှင်တွေရှေ့မှာ အစစ်ဆေး ခံနေရာမျိုးကို မြင်ယောင်နေမိပါတယ်။ သူဘွဲ့ရမယ့် ကိစ္စဟာ ဒီနေရာက အထူးကို အရေးကြီးတာကို ကျမ်းပြုဖူးသူတိုင်း သိမှာပါ။
------------------------------------------------------------
မာတာပိတု ဥပဋ္ဌာန ( အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း )Looking After One’s Mother and Father

ပုတ္တဒါရဿသင်္ဂဟ ( သားမယားတို့အား ထောက်ပံ့ခြင်း )Caring for One’s Wife and Children

အနာကုလ ကမ္မန္တာ ( အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း )Unconfused Actions

ဒါနဉ္စ  ( အလှူပေးခြင်း ) Generosity

ဓမ္မစရိယ ( မြတ်သော အကျင့်တို့ကို ကျင့်ခြင်း ) A Righteous Life

ဥာတကာနဉ္စ သင်္ဂဟ
( ဆွေမျိုးတို့အား ထောက်မခြင်း ) Caring for One’s Relatives

အန၀ဇ္ဇာနိကမ္မာနိ ( အပြစ်မရှိသော အမှုတို့ကို ပြုခြင်း )Blameless Actions

ပါပ အာရတီ ( မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း ) To Abhor All Evil

ပါပ ၀ိရတီ  ( မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း ) To Avoid All Evil

မဇ္ဇပါန သံယမော ( သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း) Abstention from Intoxicants
အပ္ပမာဒေါစ ဓမ္မေသု ( ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း ) Diligence in Righteousness

ဂါရဝ( ရိုသေထိုက်သူတို့အား ရိုသေခြင်း ) Reverence

နိဝါတ
( မိမိကိုယ်ကို နှိမ့်ချခြင်း ) Humility

သန္တုဌီ( ရောင့်ရဲလွယ်ခြင်း ) Contentment

ကတညုတ( သူပြုဖူးသော ကျေးဇူးကို သိခြင်း ) Gratitude

ကာလေန ဓမ္မဿဝန  ( သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း )
Hearing the Dhamma at the Right Time

ခန္တီ   ( သည်းခံခြင်း ) Patience

သောဝစဿတာ  ( သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း ) Compliance

သမဏာနဉ္စ ဒဿန     (  ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း ) Seeing the Monks

ကာလေန ဓမ္မသာကစ္ဆာ ( သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း )
Opportune Discussion of the Dhamma

တပေါ ခြိုးခြံစွာကျင့်ခြင်း ) Self-restraint

ဗြဟ္မစရိယ  ( မြတ်သော အကျင့်တို့ကို ကျင့်ခြင်း ) A Holy Life

အရိယသစ္စာနဒဿန   
( အရိယသစ္စာတို့ကို သိမြင်ခြင်း )Seeing the Four Noble Truths

နိဗ္ဗာန သစ္ဆိကိရိယာ
( နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း ) Realising Nibbāna

နကမ္ပတိ
  (  လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း )
When Affected by Worldly Conditions, if One’s Mind Remains Unshaken

အသောက ( လောကဓံတရားတို့တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း ) Sorrowless

ဝိရဇံ ( လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း ) Stainless

ခေမံ  ( လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း ) Secure



နေ့စဉ်နေ့တိုင်းမင်္ဂလာတရား၃၈ပါးနဲ့ ပြည့်စုံကြပါစေ ပြည့်စုံအောင်လုပ်ဆောင်နိုင်ကြပါစေလို့ဆန္ဒပြုရင်း





Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်