ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, July 15, 2014

ထူးအိမ်သင် -အမေ (သို့) မေတ္တာတော်ဘွဲ့

ထူးအိမ်သင် ၏ နာမည်ကျော် လူကြိုက်များသည့် .အမေ (သို့) မေတ္တာတော်ဘွဲ့.တေးအယ်ဘမ် ဖြစ်ပါသည်။
ကြိုက်နှစ်သက်ရာ သီိချင်းနာမည်ကို ကလစ်ပြီး Download ဆွဲယူနားဆင်ပါ



mmcybermedia

ထူးအိမ်သင် -အမှတ်တရဒဏ်ရာသီချင်းများ



ထူးအိမ်သင် သီဆိုထားတဲ့  အမှတ်တရဒဏ်ရာသီချင်းများ
ကြိုက်နှစ်သက်ရာ သီချင်း နာမည်ကို ကလစ်ပြီး Download ဆွဲယူနားဆင်ပါ။
  1. စကားလုံးမရှိတဲ့ကောင်းကင်
  2. အမှတ်တရဒဏ်ရာ
  3. ကောင်းကင်ထဲကမြစ်တစ်စင်း
  4. အထီးကျန်
  5. အလွမ်းရဲ့မီးလျှံများ
  6. အိမ်
  7. ထာဝစဉ်
  8. ရွှေစင်
  9. သွား
  10. ညီမျှခြင်း
  11. ချိုသောအရှုံးများ
  12. ဗင်းဆင့်ဗန်ဂိုးတမ်းချင်း

mmcybermedia




ထူးအိမ်သင်-ချစ်ခြင်းအားဖြင့်


ကြယ်တွေစုံတဲ့ညမှာ သီဆိုထားတဲ့ ထူးအိမ်သင် ၏ ချစ်ခြင်းအားဖြင့်  တေးအယ်ဘမ်ဖြစ်ပါသည်။ကြိုက်နှစ်သက်ရာ သီချင်း နာမည်ကို ကလစ်ပြီး Download ဆွဲယူနားဆင်ပါ။
  1. ကြယ်တွေစုံတဲ့ည
  2. တုနှိုင်းမဲ့ရတနာ
  3. အလင်းဆိုင်ရဲ့သီချင်း
  4. တို့နှစ်ယောက်ရဲ့အိမ်
  5. ပြုသူအသစ် ဖြစ်သူအဟောင်း
  6. လူနဲ့အင်္ကျီ
  7. မိုးတိမ်ပြဇာတ်
  8. ဝေဒနာ
  9. ဟောင်းနွမ်းခဲ့သောနေ့ရက်များ
  10. နောက်ဆုံးသီချင်း
  11. ငါတရားစီရင်တော်မူခန်း (live) + ဂျီလတ်
  12. နှုတ်ဆက်တေး

mmcybermedia

Monday, July 14, 2014

ခိုင်မြဲသောသစ္စာဖြင့် -ထူးအိမ်သင်၊ဘိုဘို


ထူးအိမ်သင် နှင့် ဘိုဘို..ပူပေါင်းသီဆိုထားသော   ခိုင်မြဲသောသစ္စာဖြင့် တေးအယ်ဘမ်ဖြစ်ပါသည်။.
ကြိုက်နှစ်သက်ရာ သီိချင်းနာမည်ကို ကလစ်ပြီး Download ဆွဲယူနားဆင်ပါ။
  1. ကျာက်ရုပ် ~ ထူးအိမ်သင်
  2. အကောင်းဆုံး ~ ဘိုဘို
  3. အမေ ~ ထူးအိမ်သင်
  4. လာခဲ့တော့ ~ ထူးအိမ်သင်+ကော်နီ
  5. ခိုင်မြဲသောသစ္စာဖြင့် ~ ဘိုဘို+ကော်နီ
  6. သူအားနာတတ်တယ် ~ ဘိုဘို၇~အကြွင်းမဲ့ ~ ဘိုဘို
  7. အဖေ ~ ထူးအိမ်သင်
  8. မင်းအတွက် ~ ဘိုဘို
  9. သံယောဇဉ်သံသရာ ~ ထူးအိမ်သင်


ပဉ္စဂံတေးစု -စိုင်းထီးဆိုင်၊ ခိုင်ထူး၊ စိုးလွင်လွင်၊ ထူးအိမ်သင်၊ အောင်ရင်



စိုင်းထီးဆိုင်၊ ခိုင်ထူး၊ စိုးလွင်လွင်၊ ထူးအိမ်သင်၊ အောင်ရင် -တို့သီဆိုထားတဲ့   ပဉ္စဂံတေးစု အယ်ဘမ်
ကြိုက်နှစ်သက်ရာ သီချင်း နာမည်ကို ကလစ်ပြီး Download ဆွဲယူနားဆင်ပါ။
  1. သန်းခေါင်ယံကဗျာ (ထူးအိမ်သင်)
  2. ရသမဲ့နိဂုံး (စိုးလွင်လွင်)
  3. ပန်း (စိုင်းထီးဆိုင်)
  4. နေမွန်းမတည့်ခင် (ခိုင်ထူး)
  5. ကြိုမောနေမယ် (အောင်ရင်)
  6. မေ့ထားတယ် (ထူးအိမ်သင်)
  7. နွေး (စိုင်းထီးဆိုင်)
  8. ကိုယ့်ရဲ့ညများ (ထူးအိမ်သင်)
  9. အပြုံးတံခါး (ခိုင်ထူး)
  10. မိုး (အောင်ရင်)
  11. နေရာဟောင်း (စိုးလွင်လွင်)
  12. ကိုယ့်အကြောင်းတွေးနေလား (အောင်ရင်)
  13. ညည်းသို့ညည်းချင်း (စိုင်းထီးဆိုင်)
  14. ပီပြင်တဲ့အချစ် (ခိုင်ထူး)




နှင်းဆီလှိုင်း Unplugged -ထူးအိမ်သင်၊ မာရဇ္ဇ၊ ညီငယ်၊ ချောစုခင်


နှင်းဆီလှိုင်း Unplugged တေးအယ်ဘမ်-ထူးအိမ်သင်၊ မာရဇ္ဇ၊ ညီငယ်၊ ချောစုခင် ..တို့သီဆိုသည်။
ကြိုက်နှစ်သက်ရာ သီိချင်းနာမည်ကို ကလစ်ပြီး Download ဆွဲယူနားဆင်နိုင်ပါသည်။

  1. ရက်စက်သူလေး (ထူးအိမ်သင်)
  2. သည်းခြေပျက်အချစ်ရူး (မာရဇ္ဇ)
  3. အိပ်မက်သစ် (ညီငယ်)
  4. ငယ်ငယ်ရေ (ထူးအိမ်သင်)
  5. သေချာပါတယ် (မာရဇ္ဇ)
  6. အိပ်မက်တိုင်းမှာ (ညီငယ်+ချောစုခင်)
  7. မျှော်လင့်ချက်ဝေး (မာရဇ္ဇ)
  8. ကယ်တင်ခြင်းည (ညီငယ်)
  9. သိပ်ဆိုးတဲ့ကောင်မလေး (ထူးအိမ်သင်)
  10. ဆွဲအား (မာရဇ္ဇ)
  11. နှလုံးသားအတွက်ကပါ (ညီငယ်)




Saturday, July 12, 2014

မွေးဖွားသည့် လရာသီအလိုက် ဒေါသကြီးပုံ



ဆယ့်နှစ်ရာသီခွင်အလိုက် ဒေါသဘယ်လောက်ကြီးတယ်ဆိုတာသိချင်တယ်ဆိုရင်ဆက်လက်ဖတ်ရှုကြည့်ပါ။



Aries March 21- April 20

ဒီကာလအတွင်း မွေးဖွားတဲ့သူတွေက စည်းကမ်းမရှိတဲ့၊ လေးစားချင်စရာမကောင်းတဲ့အပြုအမှုလောက် မုန်းတာမရှိပါဘူး။ ဒါပေမယ့် သူတပါးက စိန်ခေါ်တယ်ဆိုရင် ဒေါသထောင်းခနဲ ထလာတတ်တဲ့အကျင့်ရှိပါတယ်။ ဒေါသကို ချက်ချင်းထိန်းချုပ်ပေးမယ့်အရာ သို့မဟုတ် အခြားလူဘေးနားမှာ မရှိဘူးဆိုရင် ရက်စက်တဲ့လုပ်ရပ်တွေ လုပ်မိတတ်ကြပါတယ်။ ဒါပေမယ့်သေချာတာတစ်ခုကတော့ Aries မှာမွေးတဲ့သူတွေကို စိတ်ငြိမ်သွားအောင် ပြန်လုပ်ပေးဖို့ လွယ်ကူပါတယ်။ အဲဒါကြောင့် ဒီရက်တွင်းမှာ မွေးတဲ့လူတွေဟာ သူတစ်ပါးကို လွယ်လွယ်ကူကူခွင့်လွှတ်ပေးတတ်တဲ့သူတွေပဲဖြစ်ပါတယ်။

Friday, July 11, 2014

ဆေးဖက်ဝင် ငှက်သိုက်(သို့) ဇီဝစိုးငှက် အကြောင်း တစေ့တစောင်း













ဆေးဖက်ဝင် ငှက်သိုက်(သို့) ဇီဝစိုးငှက် အကြောင်း တစေ့တစောင်း

ငှက်သိုက်(သို့မဟုတ်)ဇီဝစိုးငှက်၏အန်ဖက်။


ငှက်သိုက်ဟူသည်

ငှက်သိုက်သည် ပျံလွှားငှက် တစ်မျိုးတွင် ပါဝင်သည့် ငှက်များက လုပ်သော အသိုက် ဖြစ်ပါသည်။ မိုးစာငှက်၊ ပြီးလဲငှက်၊ ဇီဝစိုးးငှက်များမှ ငှက်သိုက်ကို ထုတ်ယူရရှိနိုင်၏။ မြန်မာ နိုင်ငံတွင် ငှက်သိုက်ကို ဇီဝစိုးငှက်မှသာ ရရှိပါသည်။ ဇီဝစိုးငှက်သည် လေထဲတွင် ပျံသန်းရင်း ပိုးမွှားကောင်များကို ဖမ်းစားတတ်သောကြောင့် ``လေစားငှက်´´ ဟုလည်းခေါ်သည်။ ဇီဝစိုး ငှက်မှ အမဲရောင်ငှက်သိုက်နှင့် အဖြူရောင် ငှက်သိုက် (၂)မျိုးရရှိပါသည်။ အမဲရောင်ငှက်သိုက် ကို Collocalia innominata ဆိုသည့် ဇီဝစိုးငှက်မှ ရရှိပြီး အဖြူရောင်ငှက်သိုက်ကို Collocalia fuciphaga ဆိုသည့် ငှက်သိုက်မှ ရရှိသည်။


ငှက်သိုက်ထွက်ရှိရာဒေသ

မြန်မာနိုင်ငံတွင် ငှက်သိုက်များကို ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုသိမ်မြို့ အနောက်တောင်ဘက်ရှိ ကျွန်းများတွင် တွေ့ရ၏။ တနင်္သာရီတိုင်းအတွင်းရှိ ငှက်သိုက် ကျွန်းပေါင်း (၃၂)ကျွန်းမှ အဖိုးတန်းငှက်သိုက်များ ထွက်ရှိပါသည်။ မြိတ်ကျွန်းစုရှိ ငှက်သိုက်များကို ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်း မြို့နယ်ရှိ ပုလုတိကျွန်းစု၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်းကျွန်းစု များမှ ရရှိ၏။ ယင်းကျွန်းစုများ အနက် မလိကျွန်းမှ ငှက်သိုက်အများဆုံး ရရှိသည်။


ဇီဝစိုးငှက် ပုံသဏ္ဍန်

မြန်မာနိုင်ငံတွင် ငှက်သိုက်အများဆုံး ထုတ်လုပ်ပေးသော ဇီဝစိုးငှက်သည် စာကလေး အရွယ်ခန့်သာ ရှိပြီး မီလီမီတာ ၁၀၀ မှ ၄၀၀ အတွင်းရှိသည်။ ကျောဘက် ငှက်မွေးမှာ အမဲရောင် ရှိပြီး ၀မ်းဘက် ငှက်မွေးမှာ မီးခိုးရောင် ဖြစ်နေ၏။ ဦးခေါင်းမှာ သေးလုံးနေပြီး ကတော့ပုံရှိ မာသော နှုတ်သီးနှင့် ကျယ်သော ပါးစပ်ပေါက် ရှိသည်။ တောင်ပံသည် ချွန်ပြီး အမြီးတိုသောကြောင့် ပျံသန်းမှုကို လျင်မြန်စေသည့် အပြင် ညအိပ်သည့် အချိန်မှ လွဲ၍ တစ်နေ့လုံး ပျံနိုင်သည်။ တိုပြီးကောက်နေသော ခြေသည်းပါသည့် ခြေချောင်း(၄)ချောင်းရှိ၏။ ခြေချောင်း(၄)ချောင်းအနက် (၃)ချောင်းသည် အရှေ့ဘက်သို့ ကား၍ ညွှန်းနေသောကြောင့် ကျောက်ဆောင် အစွန်းနှင့် အဆောက်အဦး များတွင် ခိုင်မြဲစွာ ကုတ်တွယ်ထားနိုင်သည်။


ဇီဝစိုးငှက်၏ သဘာဝ

ဇီဝစိုးငှက်သည် လူနှင့်ဝေးသည့် ပင်လယ်တွင်း ကျွန်းအချို့၌ ကျောက်ဆောင် လှိုဏ်ဂူများ အကြားတွင် နေထိုင်လေ့ရှိသည်။ အုပ်စုဖွဲ့နေတတ်၍ တစ်အုပ်စုလျှင် ထောင်ပေါင်း များစွာ ပါဝင်၏ ။ မြေပြင်တွင် ကျက်စားလေ့မရှိပေ။ ဝေဟင်နှင့် ပင်လယ် ရေပြင် ထက်တွင် လျင်မြန်စွာ ပျံသန်းစဉ် တောင်ပံပါ အင်းဆက်များကို ဖမ်းယူ စားသောက် ပေသည်။ တိမ်ရှိသည့် နေရာအထိ မြင့်မားစွာ ပျံသန်း နိုင်၍ အမြင်အာရုံ စူးရှပြီး လျင်မြန် ဖြတ်လတ်၏။ တပေါင်း၊ တန်ခူးလမှ စ၍ ငှက်သိုက်ပြုလုပ်တတ်သည်။ ၄င်းတို့၏ ငှက်သိုက်များသည် အခြား ငှက်များကဲ့သို့ သစ်ရွက်၊ သစ်ကိုင်းများဖြင့် မပြုလုပ်ကြပဲ ထူးဆန်းစွာ အာခေါင်မှ အာစေး တစ်မျိုးကို အန်ထုတ်၍ အသိုက်ပြုလုပ်ကြသည်။ ယင်းအသိုက်များတွင် ငှက်မများ ၀င်ဥ ကြသည်။ တစ်နှစ်လျင် နှစ်ကြိမ်ဥပြီး တစ်မြုံလျှင် ဥ နှစ်လုံးရှိသည်။ အများအားဖြင့် အထီး တစ်ကောင်၊ အမ တစ်ကောင် ပေါက်သည်။ ငှက်မသည် ငှက်ကလေးများကို နှစ်လ ကြာမျှ ကျွေးမွေး ပြုစုပြီး နောက် အသိုက်မှ ဆင်းသွားကြသည်။

အသိုက်ပြုလုပ်ပုံ

ဇီဝစိုးငှက်များသည် မျိုးပွားရာသီဖြစ်သော ဇန်န၀ါရီလ ၊ ဧပြီလနှင့် သြဂုတ်လများတွင် ဥများဥရန် အသိုက်ဆောက်လေ့ရှိသည်။ အသိုက်ဆောက်မည့် ကျောက်လှိုဏ်ဂူအမိုးမှာ ပေ ၄၅၀ ကျော်ခန့်အထိ မြင့်မားလှ၏။ ဇိဝစိုးငှက်အထီးကသာ အိမ်ဖွဲ့ပေးလေ့ရှိသည်။ အသိုက် ဆောက်လုပ်ရာတွင် ငှက်၏ တံတွေးဂလင်းမှ စစ်ထုတ်လိုက်သော တံတွေးရည်များနှင့် ချေဖျက်ပြီး အစာရည်အချို့ပါဝင်၏။ အသိုက်ပြုလုပ်မည့် နေရာကို စိတ်ကြိုက်ရွေးချယ်ပြီး တံတွေးများကို အံထုတ်လိုက်သည်။ ယင်းတံတွေးများသည် လေနှင့် ထိတွေ့သည့်အခါ မာကြောသွား၏။ ယင်းအံဖတ်များကို ထပ်ခါထပ်ခါ အံပြီး နှုတ်သီးဖြင့် ခွက်ပုံသဏ္ဍာန်ဖော်ပေး သည်။ တစ်ခါတစ်ရံတွင် ငှက်သိုက်၏ သွေးစများ ပါလာတတ်သည်ကို တွေရ၏။ ငှက်သိုက်မှာ အရွယ်ရောက် ငှက်တစ်ကောင်နှင့် ငှက်ပေါက်စ နှစ်ကောင် နေရန် လုံလောက်သည်။ အဖြူရောင် ငှက်သိုက်တွင် အဖြူရောင် ငှက်မွေးနုများ ပါဝင်သည်။ အမဲရောင်ငှက်သိုက်တွင် အမဲရောင် ငှက်မွေးနုများ ပါဝင်သည်။ အရွယ်အစားအားဖြင့် အမဲရောင် ငှက်သိုက်သည် အဖြူရောင် ငှက်သိုက်ထက် (၂)ဆကြီး၏။ စီးပွားရေး ဈေးကွက်တွင် အဖြူရောင် ငှက်သိုက်ကို လူကြိုက်များ သောကြောင့် (၁၀)ဆမျှ ဈေးပိုကြီးသည်။

ငှက်သိုက်များ ထုတ်လုပ်ပုံ

ငှက်သိုက်များကို ပင်လယ် သမုဒ္ဒရာတို့အလယ်မှ လူသူမနီးသော ကျွန်းများပေါ်တွင် အလွန်မြင့်မားသော ကျောက်ဆောင် လှိုဏ်ဂူစောင်းများ၏ အထက်မျက်နှာကျက်တွင် ငှက်သိုက် ဖွဲ့လေ့ရှိကြသည်။ ထို့ကြောင့် ငှက်သိုက် စုဆောင်းချိန်တွင် ငှက်သိုက်များ ရရှိနိုင်သည့် ကျောက်ဆောင် လှိုဏ်ခေါင်းအတွင်း ၀င်ရောက်၍ အတွင်းနံရံကို ခဲယဉ်းစွာ တက်ရောက် ဆွတ်ယူကြရ၏။ ထိုကဲ့သို့ ဆွတ်ယူနိုင်ရန် ကျောက်ဆောင်များကို ငြမ်းဆင်၍ သက်စွန့်ဆံဖျား တက်ရောက်ကာ ခဲယဉ်းစွာ လိုက်လံ စုဆောင်း ကြရသည်။

မြန်မာနိုင်ငံတွင် ငှက်သိုက်ရသော ကျွန်းများကို သစ်တော ဦးစီးဌာနမှ အုပ်ချုပ်၍ နှစ်စဉ် ငှက်သိုက် သိမ်းယူခွင့် လိုင်စင် ထုတ်ပေးပြီး ဥပဒေများကို လိုအပ်သလို ထုတ်ပြန်၍ ငှက်မျိုးစိတ်မပြုန်းစေရန် စောင့်ရှောက်ပေးထား၏။ ၂၀၀၅ ခုနှစ်တွင် ငှက်သိုက် စုဆောင်းချိန် ကို မတ်လ ပထမပတ်မှ ဒုတိယပတ်၊ ဧပြီလ ပထမပတ်မှ ဒုတိယပတ်၊ ဇူလိုင်လ ပထမပတ်မှ ဒုတိယပတ်၊ နိုဝင်ဘာ (၂၁)မှ လကုန်အထိ (၄)ကြိမ် ခွဲ၍ စုဆောင်းရန် သတ်မှတ်ပေးထား သည်။ စုဆောင်းခွင့်ရရှိသော ငှက်သိုက်များကို သစ်တောဦးစီးဌာနမှ စစ်ဆေး၏။ သွေးပါသော ငှက်သိုက်များကို တွေ့ရှိပါက လိုင်စင်ရရှိထားသူကို ဒဏ်ရိုက်သည်။ လိုင်စင်ထုတ်ပေးရာတွင် ထိုကျွန်းများကို နှစ်စဉ် တစ်လှည့်စီ ပိတ်ပေးထားရ၏။ ပိတ်ထားသော ကျွန်းများပေါ်၌ ငှက်ကလေး များသည် အနှောင့်အယှက် မရှိဘဲ အသိုက် ပြုလုပ် ပေါက်ဖွား နိုင်ကြသည်။

ငှက်သိုက် အသုံးဝင်ပုံ

မြန်မာနိုင်ငံတွင် ငှက်သိုက်ကို နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အားကုန်ခမ်းနေသူများကို ငှက်သိုက်ပေါင်း ကျွေးလေ့ရှိသည်။ ငှက်သိုက်သည် ပရိုတင်း ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ် များစွာ ပါဝင်သည်။ သဘာဝ ငှက်သိုက်ကို ခေတ်မီနည်းဖြင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြား ပစ္စည်းများနှင့် ပေါင်းစပ်ဖော်ထား သဖြင့် အဆုတ်ကို အားကောင်း စေပြီး ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေး ရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရပါသည်။ ဆေးဖက်ဝင် ပစ္စည်း တစ်မျိုး ဖြစ်သောကြောင့် အလွန် အဖိုးအနဂ္ဃ ထိုက်သဖြင့် ရွှေနှင့် စက်၍ပင် ၀ယ်ယူကြသည်။ ငှက်သိုက် များကို ပြည်တွင်းတွင် အသုံးပြုရုံသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချသည်။
နိုင်ငံခြားဝင်ငွေရရှိသော ငှက်သိုက်သည် တနင်္သာရီတိုင်းမှ ရရှိသောကြောင့် တနင်္သာရီတိုင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် တစ်ဖက်တစ်လမ်းမှ ပါဝင် နေကြောင်း တင်ပြအပ်ပါသည်။

ရည်ညွှန်း......
-မြိတ်တက္ကသိုလ်၂၀၀၄-၂၀၀၅ နှစ်လည်မဂ္ဂဇင်းတွင်ထည့်သွင်းဖော်ပြထားသောသတ္တဗေဒဌာန(ဌာနမှူး)ပါမောက္ခ ဒေါ်မြင့်မြင့်သန်း၏``ငှက်သိုက်`` ဆောင်းပါး
-ဦးသန်းမြင့်(၂၀၀၁)၊´´ မြန်မာပြည်တောင်ဘက်ပင်လယ်တွင်းက``စာအုပ်ဓါတ်ပုံ..ထားဝယ်ဗျူးတီးမှကူးယူဖေါ်ပြသည်။


https://www.facebook.com/horo.konaing




ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်းတရား



မြတ်ဗုဒ္ဓ  ဟောကြားတော်မူခဲ့သော စီးပွားအောင်မြင်နည်းတရား  ။

ဗုဒ္ဓလက်ထက်တော်၊ ကောလိယတိုင်း၊ ကက္ကရပတ္တမြို့မှာ ဒီဃဇာဏုဆိုတဲ့အမျိုးသားဟာ ဒီဘဝမှာ ချမ်းချမ်းသာသာ နေချင်ပါတယ်အဲဒီလို ဖြစ်နိုင်တဲ့အခြေအနေကောင်းများရှိပါသလားလို့ မေးလျှောက်ခဲ့ပါတယ်။

ဗုဒ္ဓကရှိတယ်ဒီဘဝအတွက်ဟိတသုခအခြေအနေကောင်းတွေနဲ့ချမ်းသာသုခကိုရစေနိုင်တဲ့အချက်လေးမျိုးရှိပါတယ်။

Wednesday, July 9, 2014

မြန်မာနိုင်ငံ၏ အဆင့်သတ်မှတ်ချက်များ



မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်ပိုင်ဆိုင်မှုအဆင့်

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စမ်းသပ်တိုင်းတာပြီး သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှု အဆင့် ၄၁ တွင် ရှိနေပြီး ရေနံစိမ်းပိုင်ဆိုင်မှုမှာ အဆင့် ၇၈ တွင် ရှိနေပါသည်။

မြန်မာနိုင်ငံ၏ ရေသယံဇာတ အရင်းအမြစ်ပိုင်ဆိုင်မှုအဆင့်

မြန်မာနိုင်ငံ၏ ရေသယံဇာတ အရင်းအမြစ်ပိုင်ဆိုင်မှုသည် ကမ္ဘာတွင် အဆင့် (၁၄) ရှိပြီး အာရှဒေသ နိုင်ငံများတွင် အဆင့် (၅)တွင်ရှိနေပါသည်။

မြန်မာနိုင်ငံ၏ဒီရေတောများပိုင်ဆိုင်မှူအဆင့်
မြန်မာနိုင်ငံ၏ ဒီရေတောများ ပိုင်ဆိုင် မှုသည်မြန်မာတစ်နိုင်ငံလုံးတွင် ဧက တစ်သန်းနှစ်သိန်း ခန့်ရှိပြီး ကမ္ဘာ့ဒီရေတောဧရိယာ၏၃ဒသမ၃ရာခိုင်နှုန်းရှိသည့်အတွက်ကမ္ဘာပေါ်တွင်အဆင့်(၇) ဖြင့်ရပ်တည်နေပါသည်။

မြန်မာနိုင်ငံ၏ခရမ်းလွန်ရောင်ခြည် အန္တရာယ်အဆင့်

မြန်မာနိုင်ငံ၏ခရမ်းလွန်ရောင်ခြည်ကျရောက်မှူအန္တရာယ်အဆင့်မှာအမြင့်ဆုံးအဆင့်ကို မြန်မာပြည်မြောက်ပိုင်းမှနေ မြစ်ဝကျွန်းပေါ် တောင် ဘက် တခြမ်း အထိ ခံစားနေရပြီးခရမ်းလွန်ရောင်ခြည်ကျရောက်မှု အညွှန်းကိန်းများတွင် အဆင့် ၃ သည် အလယ်အလတ် အဆင့် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ဟု သတ်မှတ်ပြီး အဆင့် ၆ ဆိုလျှင် အဆင့်မြင့်၊ အဆင့် ၉ ဆိုလျှင် အလွန်မြင့်၊ အဆင့် ၁၁ ဆိုလျှင် အမြင့်ဆုံးအဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားပါသည်။

မြန်မာနိုင်ငံ၏၂၀၁၄ ခုနှစ် စီးပွားရေးလွတ်လပ်ခွင့်ဆိုင်ရာအဆင့်

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၈ နိုင်ငံတွင်း စီးပွားရေးလွတ်လပ်ခွင့်ဆိုင်ရာ ညွှန်းကိန်းများကို စစ်တမ်းကောက်ယူခဲ့ရာတွင်၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံမှာ အဆင့် ၁၆၂ ဖြင့် တည်ရှိနေပါသည်။
၂၀၁၄ တွင် ညွှန်းကိန်း ၄၆ ဒသမ ၅ ဖြင့် အဆင့် ၁၆၂ သို့ ရောက်ရှိလာခြင်းဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတွင်း ၄၂ နိုင်ငံတွင်အဆင့်၃၆ နေရာ၌ရပ်တည်နေပြီး ဒေသတွင်းပျမ်းမျှရမှတ်နှင့် နှိုင်းယှဉ်လျှင်အနိမ့်ကျဆုံးအဆင့်ဖြင့်ရပ်တည်နေပါသည်။
(The Heritage Foundation အစီရင်ခံစာ)

မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ အရင်းအမြစ် စီမံခန့်ခွဲနိုင်မှု အဆင့်

မြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင်သယံဇာတပေါကြွယ်ဝသော နိုင်ငံ (၅၈) နိုင်ငံ၏ သယံဇာတ ရှာဖွေ ထုတ်ယူရေး လုပ်ငန်းများ စီမံခန့်ခွဲမှုကို လေ့လာတိုင်းတာရာတွင်ဖွဲ့စည်းမှု ဆိုင်ရာနဲ့ဥပဒေဆိုင်ရာ တည်ဆောက်မှု၊ အစီရင်ခံမှုအလေ့အထ၊ လုံခြုံရေးနဲ့ အရည်အသွေးထိန်းချုပ်မှု၊ ပတ်ဝန်းကျင်ရေးရာအစရှိသည့် အချက်(၄) ချက်အပေါ် မူတည်တိုင်းတာခဲ့ရာတွင်ထိုအချက် (၄) မျိုးစလုံးတွင်အောက်ဆုံး အဆင့် ၅၇ နှင့် ၅၈ နေရာများတွင်တည်ရှိနေပါသည်။
(RWI အဖွဲ့၏ အစီရင်ခံစာရည်ညွန်းချက်)

မြန်မာနိုင်ငံ နိုင်ငံကူး လက်မှတ် အဆင့်


မြန်မာနိုင်ငံသည် ကမ္ဘာပေါ် နိုင်ငံတကာ ဗီဇာ အလွယ် တကူ လက်ခံသည့် အဆင့် သတ်မှတ်ချက်များ
ကိုနှိုင်းယဉ်ရာတွင် နိုင်ငံပေါင်း ၂၁၉ နိုင်ငံအနက် မြန်မာနိုင်ငံက နိုင်ငံကူး လက်မှတ် အဆင့်သည် ၈၆ တွင်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ် မီဒီယာလွတ်လပ်ခွင့် အဆင့်

မြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင်နိုင်ငံပေါင်း၁၈၀၏ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းအရ၂၀၁၄ခုနှစ်အတွက်
မီဒီယာလွတ်လပ်ခွင့် အဆင့်မှာ၁၄၅ တွင်တည်ရှိနေပါသည်။ (2014 World Press Freedom Index)

မြန်မာနိုင်ငံ၏၂၀၁၄ခုနှစ် e-Government အဆင့်

မြန်မာနိုင်ငံသည်ကုလသမဂ္ဂ၏ ၂၀၁၄ ခုနှစ် e-Government စစ်တမ်းအရ အဆင့် ၁၇၅တွင်တည်ရှိနေပြီး EGDI အမှတ်မှာ ၀.၁၈၆၉ ဖြစ်ပါသည်။ (E-Government Development Index 2014)

မြန်မာနိုင်ငံ၏ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များတည်ရှိရာ နိုင်ငံအဆင့်

မြန်မာနိုင်ငံသည်ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များတည်ရှိရာ နိုင်ငံများစာရင်း၌နိုင်ငံပေါင်း၂၀၇နိုင်ငံတွင် အဆင့် ၁၇၂ ဖြင့် ဇယားအောက်ခြေ၌ ရပ်တည်နေပါသည်။ ကမ္ဘာာ တက္ကသိုလ် စာရင်း သတ်မှတ်ချက်အရ ကမ္ဘာ့အဆင့် တစ်သောင်းကျော်နေရာတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ် ငါးခုပါဝင်နေပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ မန္တလေးဆေးတက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ (၂)နှင့် မကွေးဆေးတက္ကသိုလ်တို့ ဖြစ်ကြပါသည်။
(Spanish National Research Council (CSIC) ranking)

မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်းအသုံးပြုမှုအဆင့်

မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းအသုံးပြုမှု အများဆုံး ငါးနိုင်ငံတွင် အဆင့်(၃)နေရာတွင် ရှိနေပြီး နိုင်ငံပေါင်း ၁၆၁ နိုင်ငံမှ မြေမြှုပ်မိုင်းတားဆီးရေး သဘော တူညီမှုစာချုပ်ကို ရေးထိုးထားသော်လည်း လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနေနှင့် ပါဝင်မှု မရှိသေးပါ။
(International To Campaign Band & Landmines (ITCBL) - The Mine Ban Treaty)

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုအဆင့်

မြန်မာနိုင်ငံသည်ကမ္ဘာ နိုင်ငံပေါင်း ၁၇၇ နိုင်ငံ၏ အဂတိလိုက်စားမှုအခြေအနေများကို နှစ်စဉ်ထုတ်ပြန်သော
Trans-parency International ၏ အစီရင်ခံစာအရ ၂၀၁၃ ခုနှစ်အတွက် အကျင့်ပျက် ခြစားမှု အခြေပြ ဇယား၌ မြန်မာနိုင်ငံသည် အဆင့် ၁၅၇ ရရှိခဲ့ပြီး အမှတ်ပေါင်းမှာ ၂၁ မှတ် ဖြစ်ပါသည်။(Corruption Perceptions Index)

မြန်မာနိုင်ငံ၏ဘောလုံးအားကစားအဆင့်

မြန်မာနိုင်ငံသည်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏အဖွဲ့ဝင်ကမ္ဘာ့နိုင်ငံများ၏ ဘောလုံးအဆင့်သတ်မှတ်ချက်တွင်
၂၀၁၄ခုနှစ်ဂျွန်လအတွက် ကမ္ဘာ့ အဆင့်(၁၅၆)၊ မြန်မာ့ အမျိုးသား လက်ရွေးစင် အသင်းမှာပျမ်းမျ အဆင့် ၁၄၀ ဖြစ်ပြီး မြန်မာ့ အမျိုးသမီး လက်ရွေးစင် အသင်းမှာပျမ်းမျ အဆင့် ၄၄ တွင်ရပ်တည်နေပါသည်။
(FIFA/Coca-Cola World Ranking)

OMO

https://plus.google.com/110908488755396567481/posts/fKfotmbN3GZ

 

ကိုယ်ပြုသည့်ကံ ကိုယ်သာခံ






https://www.facebook.com/groups/580787115305275/

မိန်းကလေး ရဲ့ နှလုံးသားကို ထိမှန် စေမဲ့ မျှားလေးတွေ...


(၁) မင်းအဖေက စောရတစ်ယောက်ဖြစ်နိုင်တယ် ။ဘာလို.လဲဆိုတော့ သူက ကြယ်တွေကို ခိုးပြီး မင်းမျက်ဝန်းတွေထဲ ထည့်ထားလို.လေ ။
ကာလမ်ဘတ်စ် ( ဗြိတိန် နှင့် အမေရိကန် မော်ဒယ်လ်ဟောင်း )

(၂) တကယ်လို.သာ အက္ခရာတွေကို ပြန်စီလို.ရမယ်ဆိုရင် U နဲ. I ( မင်းနဲ့ ငါ ) အတူကပ်ပြီး ထားလိုက်ချင်တယ် ။
ကာရိုး ဗွန်ဒါမန် ( ကစားပွဲ အစီအစဉ် Countdown ကိုတင်ဆက်သူ)

(၃) ကိုယ် နတ်ပြည်ရောက်နေတာဖြစ်ရမယ် ။နတ်သမီးလေးတစ်ပါးကို တွေ.နေရလို.လေ…။
မာရီယို မာကိုနီ (ဗြိတိန် နာမည်ကြီး ရုပ်သံ ဇါတ်လမ်းတွဲများတွင် ပါဝင်ခဲ့သူ )

(၄) မင်း မိုးပေါ်ကကျလာတုန်း ခိုက်မိသွားသေးလား ။
ခရစ်တီယာနို ရော်နယ်လ်ဒို ( မန်ယူ နှင့် ရီယဲလ် ကစားသမားဟောင်း )

(၆) မင်းကို ဖမ်းလိုက်ပြီ..။ ငါ့ အိပ်မက်ထဲ အခွင့်မရှိဘဲ ၀င်လာလို. ။
ရိုင်းစ်အိုင်ဖန်း ( ဝေလနယ်သား သရုပ်ဆောင် )

(၇) မင်းမောနေပြီ မဟုတ်လား။ တနေကုန် ငါ့စိတ်ထဲမှာ ပြေးလွားနေရလို.လေ..။
လီရှပ် ( မန်ယူ ကစားသမားဟောင်း နှင့် ရုပ်သံတင်ဆက်သူ )

(၈) မင်းမှာ မြေပုံ ရှိလား..။ ငါ မင်းမျက်ဝန်းတွေထဲမှာ လမ်းပျောက်နေလို. ။
ဒါးရီးယပ် ဒန်နက်ရှ် ( စကော့တလန် အဆိုတော် ၊ သီချင်းရေးဆရာ )


Tuesday, July 8, 2014

Terrorist..Takedown..Conflict စစ်တိုက် PC Game

ကွန်ပျူတာ သေနတ်ပစ်ဂိမ်း...Terrorist..Takedown..Conflict..InMogadishu. ဖြစ်ပါသည်။ တောထဲ တောင်ထဲ
ရန်သူနယ်မြေထဲဝင်ရောက်ကာ.ထိုးစစ်ဆင်..ကစားရမှာ ဖြစ်ပါတယ်။
Game file size ကတော့ 555.9 MB ရှိပါတယ်။ ..ကစားကြည့်ချင်ပါက.. အောက်မှာDownloadပါ။

Monday, July 7, 2014

နီနီခင်ဇော်- မျှော်လင့်ချက်တစုံတရာ Music MTV




 ဒေါ်အောင်ဆန်းစုကြည်.. နေအိမ် အကျယ်ချူပ်ဖြင့် နေထိုင်စဉ်က ပုံစံလေးနှင့် ရိုက်ကူး  ရေးစပ်သီကုံး ထားတဲ့ နီနီခင်ဇော် ၏ မျှော်လင့်ချက်တစုံတရာ Music MTV ဖြစ်ပါသည်။

မျှော်လင့်ချက်တစုံတရာ Music MTV  >> DOWN LOAD


မြန်မာ့စစ်မတော် ရာထူးအဆင့်အခေါ်အဝေါ်များ

မြန်မာ့ တပ်မတော် မှ တပ်မတော်သားများ၏ ရာထူး အဆင့်အလိုက် အခေါ်အဝေါ်များကို သိရှိနိုင်စေရန် အလိုငှာ တင်ပြလိုက်ပါသည်။ အောက်မှာ ဆက်လက် ဖတ်ရှုပါ။

Friday, July 4, 2014

ထူးအိမ်သင် - မှော်ဆရာ အိပ်မက်(၁၉၈၈)


မြန်မာ့..ဂီတလောက၏ကြယ်တပွင့် ဖြစ်သူ..ထူးအိမ်သင်၏. မှော်ဆရာ အိပ်မက် တေးAlburn ဖြစ်ပါသည်။ သီချင်း နာမည်ကို ကလစ်ပြီး Download ဆွဲယူနားဆင်ပါ။
  1. အချစ်ဆုံးလို့ 
  2. နတ်မိမယ်
  3. အမေ့အိမ်
  4. မျက်ရည်ဝဲရုံ
  5. ချစ်တယ်ဟေ့
  6. ကြိုးဝိုင်း
  7. မျှော်လင့်ချက်သာ မထားခဲ့ရင်
  8. ရက်စက်လိုက်တာ
  9. သင်းကွဲငှက်
  10. ဗိုင်းရက်(စ်)ပိုး
  11. စိုးရိမ်လို့ 
  12. ညီလေးရယ်
  13. သွားကွယ်
  14. အရူးအမူး
  15. မရှိ
  16. ပျော်မယ်ဆို

Myanmar Cyber Media




ထူးအိမ်သင် -နာရီပေါ်မှမျက်ရည်စက်များ Alburn


မြန်မာ့..ဂီတလောကရဲ့ကြယ်တပွင့် ဖြစ်ခဲ့သူ..ထူးအိမ်သင်၏.နာရီပေါ်မှမျက်ရည်စက်များ တေးAlburn ဖြစ်ပါသည်။
သီချင်း နာမည်ကို ကလစ်ပြီး Download ဆွဲယူနားဆင်ပါ။
  1. မေ့လိုက်တော့
  2. ရက်စက်စွာ ပြုံးတတ်သော
  3. ခွင့်မပြု
  4. နာရီပေါ်က မျက်ရည်စက်များ
  5. စိတ်ဓာတ်ကင်ဆာ
  6. တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်
  7. ကြိုက်သလို လုပ်
  8. မရိုးသားတော့ဘူး
  9. ဆွေးပြီ
  10. သီချင်းလေး သက်သေ
  11. သူငယ်ချင်းအတွက်
  12. ~ဝေးသွားတဲ့ အခါ
  13. နာရီရဲ့ သီချင်း
  14. ချစ်
  15. ညီလေးရေ
  16. စိမ်းရက်လေအား

Myanmar Cyber Media




Thursday, July 3, 2014

Halo-Combat Evolved-PC သေနတ်ပစ် Game


ကျွန်တော် ဒီနေ့  Download ဆွဲပြီး ကစားနေတဲ့ကွန်ပျုတာသေနတ်ပစ်ဂိမ်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်.
ဖိုင်ဆိုဒ်ကလည်း 100 ကျော်သာ ရှိပြီး ရုပ်ထွက်လည်းကောင်းပါတယ်-ပစ်ရခတ်ရ အလန်းပေါ့...
Gameစစချင်း.အာကာသယာဉ်ပျံကြီးပေါ်ကနေမှတဆင့် မြေပြင်ကိုသက်ဆင်း..ရန်သူတွေကို. ဖြိုခွင်းရမှာပါ..

စက်နှစ်လုံး ချိတ်ပြီးလည်း ကစားနိုင်တယ်။.ကောင်တာသေနတ်ပစ်.. သလိုပေါ့.. သေနတ်တွေ တင့်ကား ယာဉ်ပျံ တွေ နဲ့ ရန်သူကို အနိုင်ယူကစားရမဲ့ ကွန်ပျူတာ ဂိမ်းကောင်းလေး မို့ မျှဝေလိုက်ပါသည်။




ကစားချင်တယ် ဆိုရင် အောက်မှာ Downloadပါ-


Halo-Combat Evolved -Game ဒေါင်းရန် ..Download.


မှတ်ချက်-(ကျွန်တော်စမ်းသပ်ကစားပြီး error မတက်၊အဆင်ပြေမှသာတင်ပေးခြင်းဖြစ်ပါတယ်.)
Down ပြီးတဲ့ Zip ဖိုင်ကို ဖြည်၊ အင်စတော့ အဆင့်ဆင့်လုပ်ပြီး ကစားလို့ရပါပြီ...အဆင်ပြေပါစေ..





Wednesday, July 2, 2014

ဓာတ်ပုံရိုက်ရန် သူတို့လေးတွေ .ပိုစ့်ပေးနေသောအခါ....


သူတို့လေးတွေ ဓာတ်ပုံရိုက်ဖို့ပိုစ့် ပေးနေတဲ့ပုံစံလေးတွေကချစ်စရာလေးတွေ..ချစ်ဖို့ကောင်းလိုက်တာနော်.
.။အောက်မှာဆက်လက်ကြည့်ရှုပါ. ပုံပေါင်း 12 ပုံရှိပါသည်။

Tuesday, July 1, 2014

MRTV-4 ရုပ်သံလိုင်း

* If your browser can not open the player above, please try with a RTSP Player to view this link directly. Play with RTSP Streaming

MRTV-4 ရုပ်သံလိုင်းကို အွန်လိုင်းတွင်တိုက်ရိုက်ကြည့်ရှုနိုင်ရန် ဖြစ်ပါသည်။



အဆင်ပြေပါစေ.. http://www.mrtv4.tv/



Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်