ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, September 30, 2014

အာစရိယ ဂုဏံအဟံဝန္ဒာမိ ( ရင်သို့ထိသော)


ဒီမြင်ကွင်းလေးကတော့ ကျောင်းဆရာတစ်ဦးရဲ့ နှုတ်ဆက်ပွဲပြုလုပ်နေတဲ့ မြင်ကွင်းလေးဖြစ်ပါတယ်၊ဆရာနဲ့တပည့်တွေရဲ့သံယောဇဉ်...ဆရာကောင်းတဦးရဲ့ပုံရိပ်တွေကကျွန်တော်ကြည့်မိတဲ့အခါတိုင်ရင်ကိုထိသွားရှသွားစေပါတယ်၊။

(၂၉-၉၂၀၁၄)ရက်နေ့၊ ချောင်းဦးမြို့နယ်၊ဆူးလေကုန်းအုပ်စု၊ဆူးလေကုန်းကျေးရွာ၊“ဆရာဦးသန်းလှိုင်”ဂုဏ်ပြုနှုတ်ဆက်ပွဲဓါတ်ပုံများ ဖြစ်ပါတယ်..

ဆရာနဲ့ တပည့်ကြားက မေတ္တာတရားနဲ့ သံယောဇဉ်ကြိုး ၊ ဒီလိုမျိုး ၀မ်းနည်းပက်လက် ရှိုက်ကြီးတငင် ငိုကြွေးကြတဲ့ မျက်ရည်ကြားက နှုတ်ဆက်ပွဲမျိုး ရှားရှားပါးပါး တွေ့မြင်ရတာပါ။


Wednesday, September 24, 2014

အချစ်အစွန်းရောက် စစ်သွေးကြွ




ကောင်းကင်နဲ့မြေကြီးကို ဇစ်ဆွဲပိတ်
မင်းနဲ့နီးဖို့ဆို
ပင်လယ်ကိုလည်း စစ်ခင်းပစ်ရမှာပဲ

ကမ္ဘာဦးက အာဒမ်ခူးခဲ့တဲ့ပန်းသီး
မင်းအိမ်ရှေ့မှာ ငါခူးပေးထားတယ်

အပြည်ပြည်ဆိုင်ရာ အချစ်တက်ဆုံးကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်လုပ်
မင်းအတွက်ဆို . . .
အကုန်လုံးကို တောက်ချပစ်လို့ရတယ်

ပြန်ချစ်ပါ ကောင်မလေးရေ

တတိယကမ္ဘာစစ်ဟာ မင်းကြောင့်လို့
ရာဇဝင်မှာ မထင်ကျန်နေစေချင်ဘူး . . .
ရန်ကုန်ကိုဒုတိယရောမ လုပ်ပစ်လိုက်ဖို့
ငါ ဝန်မလေးဘူး . . .

စစ်ကြေငြာစာတမ်းမဟုတ်ပါဘူး
နှလုံးသားသဝဏ်လွှာပါ
မင်းကို သိမ်းဖို့မဟုတ်ဘူး
ကိုယ့်ကိုယ်ကို လာဆက်သတာ . . .

ဒါတွေဟာနှလုံးသားက ကိုးကားထားတဲ့စကားတွေပါ

ငါ့အချစ်ကိုဟားတိုက် လှောင်တဲ့သူတွေကို
ဂရိတွေလို ကျိန်စာတိုက်လိုက်မယ့်
ဘယ်တော့မှအချစ်မခံရပါစေနဲ့ . . .

ဒဿမှမဟုတ်ပါဘူး
နပိုလီယံကော
ဟစ်တလာကော ချစ်တက်ခဲ့ကြတယ် . . . ။



Ulay Kyi
( ကိုလင်း )






Tuesday, September 23, 2014

ဂီတ၀ိသောဓနီကျမ်း



ဂီတ၀ိသောဓနီကျမ်း- ဒေါင်းလုဒ်ဆွဲယူ ဖတ်ရှုနိုင်ရန် = DownLoad Pdf


-ဂီတ၀ိသောဓနီ
-KNOWLEDGE AND WISDOM TALKS(သုတပညာလေထန်ကုန်း)

-




Monday, September 22, 2014

ချစ်စကိုရှည်စေ ၊ မုန်းစကို တိုစေ


မိတ်ဆွေစစ်ကို ရှာဖွေခြင်း


တစ်ခါကလယ်သမားတစ်ဦးနှင့်မုဆိုးတစ်ဦးသည်အိမ်နီးနားချင်းများဖြစ်ကြသည်။လယ်သမားမှာဘဲများမွေးမြူးထားပြီးမုဆိုးမှာမူအမဲလိုက်ခွေးများမွေးမြူထား၏။ထိုခွေးများသည်မကြာခဏဆိုသလိုလယ်သမားအိမ်သို့ကျူးကျော်ဝင်ရောက်ပြီး ခြံထဲရှိဘဲများကိုကိုက်ဖြတ်စားသောက်လေသည်။လယ်သမားကခွေးများကိုလှောင်ထားပေးရန်အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်းမုဆိုးမှာ ခွေးများကို သေချာထိန်းသိမ်းထားခြင်းမရှိပေ။

သည်းမခံနိုင်သည့်အဆုံး လယ်သမားကြီးသည် ရွာသူကြီးထံ ခွေးများကို အရေးယူပေးဖို့ တောင်းဆိုခဲ့သည်။ ရွာသူကြီးက

”တကယ်လို့အရေးယူပေးလိုက်ရင်ခင်ဗျားမှာမိတ်ဆွေကောင်းအိမ်နီးချင်းကောင်းတစ်ယောက်လျော့သွားနိုင်ပြီး ရန်သူတစ်ယောက်တိုးလာနိုင်တယ် “

။ ရန်သူတစ်ယောက်နဲ့ အိမ်နီးချင်းဖြစ်ချင်သလား . မိတ်ဆွေတစ်ယောက်နဲ့အိမ်နီးချင်းဖြစ်ချင်သလား”။သူက
” မိတ်ဆွေနဲ့ပဲ အိမ်နီးချင်းဖြစ်ချင်ပါတယ် “ လို့ ဖြေလိုက်တ
”ဒီလိုဆို ကျွ န်တော်ရဲ့အကြံဥာဏ်ကို လိုက်နာရမယ်။ အသင်ရဲ့ဘဲတွေ မဆုံးရှုံးစေသလို မိတ်ဆွေကောင်း
တစ်ယောက်တိုးလာလိမ့်မယ်။

သို့နှင့်လယ်သမားကြီးမှာသူကြီးပြောတဲ့အတိုင်းအိမ်ရောက်ရောက်ချင်းအလှဆုံးဘဲသုံးကောင်ကိုရွေးပြီးမုဆိုးအားလက်ဆောင်ပေးလိုက်လေသည်။ထိုအခါမုဆိုးလည်းရရှိထားသောဘဲများကို ခွေးကိုက်မည်စိုးသောကြောင့်ခွေးများကို လှောင်ထားလေတော့သည်။

လယ်သမားအားလည်းကျေးဇူးတင်ပြီးမိမိအမဲလိုက်ရာမှရလာသောအသားများကိုလဲဝေငှတတ်လာသည်။လယ်သမားလဲ ခြံထွက်သီးနှံများဘဲဥများလက်ဆောင်အဖြစ်ပေးကမ်းခဲ့သည်။တဖြေးဖြေးနှင့်ချစ်ခင်မှု့များဖလှယ်ကြရင် နှစ်ဖက်စလုံးမှာအိမ်နီးချင်းမိတ်ဆွေကောင်းများ ဖြစ်လာကြသည်။

ကိုယ်လိုချင်တာကိုပဲဦးစားမပေးသင့်ပါဘူး။ကိုယ်ချင်းစာစိတ်ထားပြီးသူ့အတွက်လဲထည့်စဉ်းစားပေးပါ။ရန်သူတစ်ယောက်လို့ထင်ခံရရင်ပထမဆုံးအကျိုးဆက်ကအမုန်းခံရခြင်းပဲ။လောကလူသားအာလုံးဟာအမုန်းခံဘ၀ကို ရောက်ချင်တဲ့သူတစ်ယောက်မှမရှိကြသလိုလူတွေရဲ့အချစ်ခံရတဲ့ဘ၀ကိုမရောက်ချင်ကြတဲ့သူဆိုတာလည်းတစ်ယောက်မှမရှိပါဘူး။ကိုယ့်မှာရန်သူတစ်ယောက်ရှိနေရင်တောင်များတယ်လို့ဆိုရမှာ ဖြစ်ပြီးမိတ်ဆွေဦးရေ(၅၀)ရှိနေရင်တောင်နည်းတယ်ဟုပင်ဆိုရမှာပါ။ထိုကြောင့်ရန်သူဆိုတစ်ယောက်မှမရှိလေ ကောင်းလေပါပဲ။



Friday, September 12, 2014

မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ၏ ဟောပြောမှု


မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ ဟောပြောပွဲ ဖြစ်ပါသည်။ အောက်မှာတိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။





မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ၏ ဟောပြောပွဲ Video = DOWNLOAD
Myanmar B2B Management Magazine



Tuesday, September 9, 2014

ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းနှင့် နွားချင်း( နွား သားအိမ် )



ခင်ရာ ဆွေမျိုး၊ မြိန်ရာဟင်းကောင်းနှင့် နွားချင်း( နွား သားအိမ် )

=========================================

နွားမတွေသားမွေးတဲ့အခါ နွားသားပေါက်နဲ့အတူထွက်ရှိလာတဲ့ နွားအချင်းကိုလူတွေကစွပ်ပြုပ်လုပ်သောက်လေ့ရှိတယ်လို့ ပြောရင် နွားမွေးမြူရေးနဲ့သိပ်မနီးစပ်တဲ့သူနဲ့ နွားကိုတစ်နိုင်တစ်ပိုင်မမွေးမြူဖူးတဲ့သူတွေကတော့ကြားရတာနဲ့နှာခေါင်းရှုံ့ကြမယ်ထင်ပါတယ်။ နောက်ပြီးရှာရှာဖွေဖွေအစားအသောက်ပက်စက်တယ်လို့လည်း ပြေကြလေမလားဘဲ။

ဘယ်လိုဘဲ ပြောပြောအဲဒီနွားချင်းစွပ်ပြုတ်ဟာ တော်တော်အရသာကောင်းတဲ့စွပ်ပြုပ်တစ်မျိုးဖြစ်တယ်ဆိုတာကိုတော့စားဖူးတဲ့သူမှပဲသိမှာပါ။

ကျတော်တို့ငယ်ငယ်အိမ်မှာ နွားမမွေးခင်ကအိမ်နီးချင်းနွားပိုင်ရှင်အိမ်တွေမှာ နွားမကြီးက နွားကလေးမွးပြီဆိုရင်ကျတော်တို့အိမ်ကို နွားချင်းစွပ်ပြုပ်တွေလာပို့ပေးလေ့ရှိပါတယ်။

လာပို့တဲ့သူကလည်းရှားရှားပါးပါးစားခွင့်ကြုံစေချင်တဲ့ စေတနာနဲ့စားအသောက် ကောင်းတစ်ခုကိုမျက်နှာလုပ်ပြီးလာပို့တာမျိုးဖြစ်ပါတယ်။အဲဒီအခါမျိုးမှာကျတော်တို့မိသားစုတစ်စုလုံးက နွားချင်းစွပ်ပြုပ်ကို တော်တော်ကိုကြိုက်ကြတယ်ဆိုတော့အိမ်ရှိလူစေ့စားရအောင်နည်းနည်းလေးစီမျှဝေပြီးစားသောက်လေ့ရှိပါတယ်။

တော်တော်ကိုကောင်းတဲ့ စွပ်ပြုတ်တစ်မျိုးပါ ။ ၀က်ခြေတောက်စွပ်ပြုပ်တို့ ဆိပ်ပုဆိုးကြမ်း စွပ်ပြုပ်တို့ နဲ့ဆို နှိုင်းလို့ မရအောင်ကိုကောင်းတာ..။

ကျတော်တို့အိမ်မှာ နွားမွေးပြီးနောက်မှာတော့အိမ်က နွားမမှာကိုယ်ဝန်ရလာပြီဆိုရင်ကိုယ်ဝန်သည်နွားမကြီးရဲနို့ကိုမကြာခဏညှစ်ညှစ်ပြီးတော့ မွေးမယ့်အချိန်ကိုမှန်းမှန်းပြီး စောင့်မျော်ရပါတယ်။ညှစ်လိုက်တဲ့ နွားနို့က ညောင်စေးလို စေးပြစ်ပြစ်ကလေးဆိုရင် မွေးဖို့ တော်တော်ကြာအုံးမယ်။တကယ်လို့နို့အုံတစ်ခုလုံးတင်းပြီးနို့ဦးရည်တွေပန်းထွက်လာရင်တော့ မွေးဖို့သိပ်မလိုတော့ဘူးတဲ့။

လူကြီးတွေ ပြောတဲ့စကားတွေကိုမှတ်သားပြီးလိုက်လုပ်ရတာပါ။ နွားကလေးမွေးလာပြီဆိုရင် မွေးပြီးတာနဲ့ ပြီးချင်းနို့ဦးရည်ကိုညှစ်ပါတယ်။အဲဒီတုန်းက နွားမကြီးရဲ့နို့ဦးရည်ဟာ မွေးလာတဲ့ နွားသားပေါက်လေးအတွက် တော်တော်အဟာရဖြစ်စေတယ်ဆိုတာကိုလည်းမသိသေးပါဘူး။အဲဒီနို့ဦးရည်( နွားနို့ပုပ်)ကလည်းပေါင်းစားလို့အရမ်းကိုအရသာရှိပါတယ်။ နွားကလေးအမိဝမ်းကနေကျွတ်ပြီးအတူတွဲပါလာတဲ့ နွားချင်းကအပြင်ထွက်လာပေမယ့်တစ်ခါတည်းပြုတ်ကျသွားတာမျိုးမဟုတ်ပါဘူးအနည်းဆုံး2နာရီလောက်ကြာလေ့၇ှိပါတယ်။တစ်ခါတစ်လေ နေ့တစ်ဝက်လောက်တောင်ကြာသွားတတ်သေးတယ်။ နွားမကြီးရဲ့မွေးလမ်းကြောင်းမှာတန်းလန်းကြီးကျန်နေခဲ့တဲ့နွားချင်းဟာလူလစ်တုန်း ပြုတ်ကျသွားခဲ့ရင် နွားမကြီးကသူ့အချင်းကိုသူပြန်စားလိုက်ကြတယ်။အဲဒီလိုဆိုရင် နွားကလေး မွေးမှတစ်ခါစားခွင့်ကြုံလေ့ရှိတဲ့နွားချင်းစွပ်ပြုတ်နဲ့ ဝေးရတော့တာဘဲ။ဒါကြောင့်မို့နွားကလေးမွေးပြီးတာနဲ့ နွားပိုင်ရှင်တွေဟာ နွားမကြီးကိုမျက်ခြေအပြတ်မခံဘဲ စောင့်ကြည့်နေလေ့ရှိပါတယ်။

နွားမကြီးရဲ့မွေးလမ်းကြောင်းကနေကျွတ်ထွက်လာတဲ့ နွားအချင်းကို ရေနဲ့ သေချာစွာဆေးကျောသုတ်သင်ပြီးငရုတ်ကောင်း၊ ရှောက်ရွက်နဲ့တခြားဒေသထွက်အမွှေးနံထွက်စေတဲ့သစ်ရွက်တွေကိုထည့်ပြီးပြုပ်လိုက်ရင်တော့ကျတော်တို့ကြိုက်နှစ်သက်လှတဲ့ နွားအချင်းစွပ်ပြုပ်ရလာပါပြီ။

နွားအချင်းမှာချွဲအိအိအသားတွေပါသလို(မနိုင်းကောင်းနိုင်းကောင်း)ပိတ်စအပေါ်မှာပန်းပွင့်ဒီဇိုင်းဖော်ထားသလိုအပွင့် လေးတွေပါပါသေးတယ်။အဲဒီအပွင့်ကတော့အရသာအကောင်းဆုံးပါဘဲ။လူကြီးတွေ ပြောစကားအရ နွားမကြီးသားမွေးတဲ့အချိန်လဆန်းလဆုတ်အချိန်အခါပေါ်မူတည်ပြီးတော့ နွားအချင်းမှာပါတဲ့အပွင့်အကြီးအသေးကွာသေးတာတဲ့။

အဲဒီလို နွားချင်းစွပ်ပြုပ်ကိုအသေလဲကြိုက်တဲ့ကျတော်ဟာတစ်နေ့(ကျတော်တို့အိမ်မှာ နွားမမွေးခင်)အိမ်နားက နွားမကြီးတစ်ကောင် နွားသားလေးမွေးတာကိုသွားကြည့်မိတဲ့အခါမှာတော့....တို့စားနေတဲ့ နွားအချင်းဆိုတာ နွားကလေးအမိဝမ်းကနေကျွတ်ပြီးနောက် နွားမကြီးရဲ့ မွေးလမ်းကြောင်းမှာ သွေးသံရဲရဲနဲ့တန်းလန်းကြီးကျန်နေသးတဲ့ဟာကြီးပါလား..ဆိုပြီးသိသွားတော့အဲဒီနွားချက်စွပ်ပြုပ်ကိုဘယ်လိုမှစားချင်စိတ်မရှိတော့ဘူး။ဒါပေမယ့်လည်းသိပ်မကြာလိုက်ပါဘူးကျန်တဲ့အိမ်သားတွေစားနေတုန်း မွေးနံ့လေးတွေရနေတော့မနေနိုင်ဘဲ ပြန်စားမိသွားတော့တာအခုထိပါဘဲ...။

အဲ.....အခုထိဆိုတာမဟုတ်ပါဘူး။ကျတော်တို့အဲဒီ နွားချင်းစွပ်ပြုပ်ကိုမစားခဲ့ရတာ10နှစ်တောင်မကတော့ဘူးဘဲ။ရွာမှာတစ်နိုင်တစ်ပိုင် နွားမွေးမြူတာတွေတစ်စစ ပျောက်ကွယ်ကုန်တော့ နွားချင်းစွပ်ပြုပ်မပြောနဲ့နွားနို့တောင် တော်တော်ရှားနေပါပြီ။အခုလက်ရှိအသက်20၀န်းကျင်အရွယ်ရှိတဲ့ကျတော်တို့ ဒေသကလူငယ်လေးတွေဟာ နွားချင်းစွပ်ပြုပ်ကိုစားဖူးတော့မှာမဟုတ်ပါဘူး။||


ဒီပိုစ့်ကိုရေးမိတာကလည်းတခြားဘာအကြောင်းထွေထွေထူးထူးတော့မရှိပါဘူး။ကျွန်တော်တို့ငယ်ငယ်က..စားခဲ့ဖူးတဲ့၊အဲဒီတုန်းကတောင်မှရှားရှားပါးပါးစားခဲ့ရတဲ့ နွားချင်းစွပ်ပြုပ်(ကျတော်တို့ ဒေသအခေါ် နွားချွတ်အူ၊ နွားချွတ်ဝီ)ရဲ့အရသာ လေးကိုသတိရမိနေသေးလို့ ရေးဖြစ်တာပါ


Yannaung Soe


Monday, September 8, 2014

ကွမ်းလုံ ရက်(၄၀)တိုက်ပွဲကြီး အကြောင်း

မြန်မာ့ တပ်မတော်သားများ တိုက်ပွဲဝင်နေစဉ် ( ကွမ်းလုံ ရက်(၄၀)ကြာ တိုက်ပွဲ )

ကွမ်းလုံ ရက်(၄၀)တိုက်ပွဲကြီး အကြောင်း တစေ့တစောင်း  အောက်မှာ ဆက်လက်ဖတ်ရှုပါ ။ 




Britney Spears ၏ I'm Not A Girl, Not Yet A Woman သီချင်း



ပေါ့စ် အဆိုတော် Britney Spears  ၏ နာမည်ကျော် တေးသီချင်းလေးတပုဒ်...ကိုသူငယ်ချင်းလေး Nann..Su. အတွက် တင်ပေးလိုက်ပါသည်။


Download ရန် ||>>>...I'm Not A Girl  -(or).I'm Not A Girl





"I'm Not A Girl, Not Yet A Woman
"
သီချင်းစာသား




I used to think
I had the answers to everything,
But now I know
Life doesn't always go my way, yeah...
Feels like I'm caught in the middle
That's when I realize...

[Chorus:]
I'm not a girl,
Not yet a woman.
All I need is time,
A moment that is mine,
While I'm in between.

[Verse 2]
I'm not a girl,
There is no need to protect me.
It's time that I
Learn to face up to this on my own.
I've seen so much more than you know now,
So don't tell me to shut my eyes.

[Chorus]

I'm not a girl,
But if you look at me closely,
You will see it in my eyes.
This girl will always find
Her way.

I'm not a girl
(I'm not a girl don't tell me what to believe).
Not Yet a woman
(I'm just trying to find the woman in me, yeah).
All I need is time (All I need),
A moment that is mine (That is mine),
While I'm in between.

I'm not a girl
Not yet a woman (not now)
All I need is time (All I need),
A moment that is mine,
While I'm in between.

I'm not a girl,
Not yet a woman.





Friday, September 5, 2014

ကွန်ပျူတာက IP address ကြည့်နည်း

 ......
မိမိကွန်ပျူတာ ကInternet IP Address (သို့)Pc IP Address ကိုသိရှိလိုပါက အောက်ဖော်ပြပါ နည်းလမ်းကိုအသုံးပြုပြီး ကြည့်ရှုနိုင်ပါသည်။

1.Start Icon ကို နှိပ်ပါ။ Run ကိုသွားပြီး။ cmd  (command prompt ) ဟုရိုက်ထည့်ပါ။




2. ပေါ်လာတဲ့ cmd box ထဲမှာ ipconfig/all ဟုရိုက်ပြီး Enter ခေါက်လိုက်ပါ။သင်၏ ကွန်ပျူတာက Ip Address အကုန်ကျလာပါလိမ့်မည်။

အဆင်ပြေပါစေ။



Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်