ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..
Monday, August 31, 2015
ဦးဆန်းလွင် ( အရှင်အာဒိစ္စရံသီ ) ၏ စာအုပ်များ
ဦးဆန်းလွင်(အရှင်အာဒိစ္စရံသီ) ရေးသားထားသောရတနာသုံးပါးကိုယုံကြည်ကိုးကွယ်ဆည်းကပ်သူတစ်ယောက်အကြောင်းစာအုပ်အပါအ၀င်.. စာအုပ်များ(19)အုပ်စုစည်းထားရှိမှုဖြစ်ပါသည်။  အောက်မှာdownload-ဆွဲယူ လေ့လာမှတ်သားနိုင်ပါသည်။
  http://www.dhammadownload.com/
Friday, August 28, 2015
Run Command များ
ကွန်ပျူတာ အသုံးပြုသူများ အတွက့် ..ကွန်ပျူတာ Run box တွင် သုံးရန်  Command များအား စုစည်းဖော်ပြထားပါသည်။
Wednesday, August 26, 2015
ဖြစ်ရပ်များနှင့် သူ၏အမှန်တရား
ဖြစ်ရပ် (၁)
မစိုးရိမ်ကျောင်းဒကာကြီးကို သူ့မိတ်ဆွေတွေက ပြောကြတယ် "ခင်ဗျားကသာ ငွေတွေအများကြီး ကုန်ကျခံပြီး ကျောင်းကြီးတွေ ဆောက်လှူထားတာ၊ ခင်ဗျားကိုယ်တော်တွေက စာမကျက်ပဲ ခြင်းခတ်ပြီး အချိန်ဖြုန်းနေတာပဲ" တဲ့။ ဒါနဲ့ ကျောင်းဒကာကြီးက ဟေ.. ဟုတ်လား၊ ဒါဆို ငါလည်း လိုက်ကြည့်မယ်ဆိုပြီး သူ့မိတ်ဆွေတွေနဲ့ ကျောင်းကိုလိုက်သွားတယ်။ ကျောင်းရောက်လို့ သူ့မိတ်ဆွေတွေလိုက်ပြတဲ့နေရာ သွားကြည့်တော့ ဦးဇင်းတွေ ခြင်းခတ်နေတာ တွေ့ရတယ်။ သူ့မိတ်ဆွေတွေကလည်း လက်တွေ့မြင်ပြီမလားဆိုတဲ့ မျက်နှာထားနဲ့ပေါ့။ ဒါနဲ့ ကျောင်းဒကာကြီးက သူ့မိတ်ဆွေတွေကို ကျောင်းပေါ်ခေါ်သွားတယ်။ ကျောင်းပေါ်ရောက်တော့ သံဃာတွေ ရာနှင့်ချီပြီး စာဝါလိုက်နေကြတာ တွေ့ရတယ်။ ဒီတော့ ကျောင်းဒကာကြီးက မေးလိုက်တယ်...
" ခင်ဗျားတို့ စောစောကမြင်ခဲ့တဲ့ ခြင်းခတ်နေတဲ့ ကိုယ်တော် ဘယ်နှစ်ပါးလောက်ရှိလဲ "
" ဆယ်ပါးလောက်တော့ ရှိမှာပေါ့ "
" ဟုတ်ပြီ အခု ခင်ဗျားတို့ရှေ့မှာ စာဝါလိုက်နေတဲ့ သံဃာတွေ ဘယ်နှစ်ပါးလောက် ရှိလဲ "
" ရာနှင့်ချီပြီး ရှိပါတယ် "
" ကဲ .. ဘယ်ဟာက ပိုများလဲ ? ခင်ဗျားတို့က ခြင်းခတ်နေတဲ့ သံဃာတွေပဲ ကြည့်တော့ ခြင်းခတ်တဲ့ ကိုယ်တော်ပဲ မြင်မှာပေါ့။ စာဝါလိုက်နေတဲ့ သံဃာတွေကိုလည်း ကြည့်တတ်အောင် ကြိုးစားပါ " လို့ ဆုံးမတယ်။
ဒီအဖြစ်အပျက်လေးကို လူအတော်များများလည်း ကြားဖူးလိမ့်မယ် ထင်ပါတယ်။
ဆိုလိုတာကတော့ မိမိဘယ်လိုမြင်သလဲဆိုတာမိမိဘယ်လိုကြည့်သလဲဆိုတဲ့အပေါ်မှာလည်းမူတည်ပါတယ်။
*****************
ဖြစ်ရပ် (၂)
ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသဟာ တစ်နေ့မှာ ကျောင်းလာတဲ့ ဒကာ ဒကာမတွေကို မဟိဒ္ဓိကျောင်းပေါ် လိုက်ပြတယ်။ အချိန်က သံဃာတွေ အနားယူကျိန်းစက်တဲ့ နေ့ခင်း ၁၂ နာရီနှင့် တစ်နာရီကြား။ ကျောင်းပေါ်ရောက်တော့ သံဃာအများစု ကျိန်းစက်နေချိန်မှာ တစ်ချို့ကိုယ်တော်တွေက မကျိန်းပဲ စာတွေကျက်နေတာ တွေ့ရတော့ ဒကာမတွေလည်း ၀မ်းသာအားရနဲ့ စာကျက်နေတဲ့ ကိုယ်တော်တွေကို ဦးချတယ်။ အဲဒါကို မြင်တဲ့ဆရာတော်က ဘာပြောလဲဆိုတော့…
" အဲဒီကိုယ်တော်တွေက လေ့ကျင့်ခန်းစာမေးပွဲကျလို့ မအိပ်ပဲ စာကျက်ရမယ်လို့ ငါ ဒဏ်ချထားတာ။ ဒါကြောင့် စာကျက်နေတာ။ သူတို့ကို ဦးမချနဲ့။ ဟို အိပ်နေတဲ့ကိုယ်တော်တွေကို ဦးချ "
လို့ ပြောလိုက်တယ်။
တစ်ခါတစ်ရံမှာကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့အထင်လေးပေါ်မူတည်ပြီးလူတစ်ယောက်ရဲ့တန်ဖိုးကို ကောက်ချက်ဆွဲလို့မရဘူး။
***************
ဖြစ်ရပ် (၃)
စာရေးဆရာသိန်းဖေမြင့်လို့ ပြောလိုက်ရင်တက်ဘုန်းကြီးကိုအတော်များများ ပြေးမြင်မိကြလိမ့်မည်ထင်ပါတယ်။ သူ့ခေတ်အခါက သူ မြင်တွေ့ ကြားသိရတဲ့ မကောင်းတဲ့ဘုန်းကြီးတွေရဲ့အကြောင်းကို အခြေခံပြီး " တက်ဘုန်းကြီး "ဆိုတဲ့စာအုပ် ရေးသားခဲ့ရာမှာ အဲဒီစာအုပ် အတော်လေး အောင်မြင်ခဲ့သလို သူကိုယ်တိုင်လည်း အချို့သော ရဟန်း၊ ရှင်၊လူများရဲ့ ဝေဘန်မှုဒဏ်ကို ခံခဲ့ရတယ်။ တစ်နေ့မှာတော့ ဆရာသိန်းဖေမြင့်ဟာ သင်္ဘောနဲ့ ရေကြောင်းခရီးတစ်ခုသွားရင်း သူထိုင်တဲ့နေရာဘေးနားမှာ ဘုန်းကြီးတစ်ပါး ထိုင်လိုက်လာတာကို သတိထားမိတယ်။ ဘုန်းကြီးကို အကဲခတ်ကြည့်တော့ သင်္ကန်းရုံထားပြီး ဘေးမှာလည်း သပိတ်တစ်လုံးချထားတာကို သူတွေ့ရတယ်။ ညခင်းရောက်လို့ ခရီးသည်အများစု အိပ်ကြတဲ့ချိန်မှာ အဲဒီဘုန်းကြီးက မကျိန်းပဲ ထိုင်နေသတဲ့။ ဆရာသိန်းဖေမြင့် ညခင်းတစ်ရေးနိုးတဲ့အချိန်မှာ ကြည့်လိုက်တော့ ဘုန်းကြီးက ထိုင်မြဲထိုင်လျှက်။ မနက်ခင်း မိုးလင်းလို့ ကြည့်လိုက်တော့လည်း ထိုင်နေတာပဲ တွေ့ရတော့ သူလည်း မနေနိုင်တော့ပဲ မေးလိုက်တယ်…
" အရှင်ဘုရား မကျိန်းဘူးလား "
" ဒကာ .. ဦးဇင်းက ကျိန်းလို့မဖြစ်ဘူး "
" ဘာဖြစ်လို့လဲ ဘုရား "
" ဦးဇင်းတို့ရဲ့ဝိနည်းမှာ ရဟန်းဆိုတာ မာတုဂါမတွေနဲ့ တစ်မိုးတစ်ရံတည်းအောက်မှာ မအိပ်ကောင်းဘူး။ အခု ဒီသင်္ဘောပေါ်မှာလည်း မာတုဂါမတွေ ပါနေတဲ့အတွက် တစ်ကယ်လို့ ဦးဇင်းက အိပ်မယ်ဆိုရင် အာပါတ်သင့်လိမ့်မယ်။ ဒါကြောင့် မအိပ်တာပါ "
ဘုန်းကြီးရဲ့အဖြေစကားကို ကြားရချိန်မှာ ဆရာသိန်းဖေမြင့်ရဲ့ စိတ်ထဲ အတော်လေး အံ့သြတုန်လှုပ်သွားတယ်။ " သာသနာတော်မှာ ဒီလောက်အထိ ၀ိနည်းလေးစားတဲ့ဆရာတော်တွေလည်း ရှိသေးပါလား " ဆိုတဲ့အသိနဲ့ စိတ်ထဲမှာလည်း လေးစား ကြည်ညိုမိတယ်။ ဒါကြောင့် သူရေးခဲ့တဲ့ တက်ဘုန်းကြီးစာအုပ်ရဲ့ နောက်ဆက်တွဲလည်းဖြစ်၊ အဲဒီစာအုပ်ကို ပြန်ဖြည်တဲ့သဘောမျိုးလည်းဖြစ်တဲ့ " တက်ခေတ် တက်လူ တက်ဘုန်းကြီး " ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ စာအုပ် မထုတ်ဝေနိုင်ခင်မှာပဲ ဆရာသိန်းဖေမြင့် ကွယ်လွန်သွားတဲ့အတွက် စာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့ခြင်းမရှိပါ။
လောကမှာ တစ်ချို့အဖြစ်အပျက်လေးတွေဟာ စကားလုံးပေါင်းများစွာထက် ပိုပြီး မိမိတို့ရဲ့ အတွေးအမြင်နှင့် ခံယူချက်တွေကို ပြောင်းလဲစေနိုင်ပါတယ်။
စိတ်သည် နှလုံးသား၌ တည်သလော၊ ဦးနှောက်၌ တည်သလော
စိတ်သည် နှလုံးသား၌ တည်သလော၊ ဦးနှောက်၌ တည်သလောဆိုသည့် ပြဿနာသည် လူတစ်ချို့ကြားတွင် အငြင်းပွားဖွယ်ရာ ပြဿနာတစ်ခု ဖြစ်သည်။ ထိုပြဿနာနှင့် ပတ်သက်၍ စာစုတွင် ဗုဒ္ဓ၏ အဘိဓမ္မာရှုထောင့်မှ ချဉ်းကပ်ရေးသားသွားမည် ဖြစ်သည်။ အဘိဓမ္မာအရ မနောဓာတ်၊ မနောဝိညာဏဓာတ်ခေါ် ‘စိတ်’သည် ‘ဟဒယ၀တ္ထု’ဟုခေါ်သည့် ရုပ်တွင် တည်ရှိသည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ ဟဒယ၀တ္ထုဟူသည် မည်သို့သော ရုပ်မျိုးဖြစ်သည်ကို သိရှိနားလည်မှ စိတ်၏တည်ရာကိုလည်း သိနားလည်နိုင်ပေလိမ့်မည်။
Thursday, August 20, 2015
မြန်မာ့မြို့/ရွာ/ဒေသများ၏ ရှေးဟောင်းအမည်များ
မြန်မာနိုင်ငံ ၏ မြို့/ရွာ/ဒေသများအား ရှေးယခင်က သတ်မှတ်ခဲ့သည် အမည်နှင့် ယခုအခါ ပြောင်းလဲ ခေါ်ဆို သတ်မှတ်ထားသော မြို့၊ရွာ၊ဒေသ အမည်များအား ယှဉ်တွဲဖော်ပြထားပါသည်။
Wednesday, August 19, 2015
ထူးအိမ်သင် ၏သီချင်း အယ်ဘမ်လ်များ
တေးသံရှင် ထူးအိမ်သင် ၏ သီချင်း အယ်ဘမ်လ် များ  Download ဆွဲယူနားဆင်နိုင်ရန် ဖြစ်ပါသည်။
အောက်မှာ အယ်ဘမ်လ် တခုချင်းဆီ၏ ခေါင်းစဉ် ကို ကလစ် ပြီး Down နိုင်ပါသည်။
  1. ထူးအိမ်သင် - အလိုအပ်ဆုံး
  2. ထူးအိမ်သင် - အတ္တ့ပုံဆောင်ခဲ
  3. ထူးအိမ်သင် - အရင်အတိုင်းပဲ
  4. ထူးအိမ်သင် - အကြင်နာအိပ်မက်
  5. ထူးအိမ်သင် - မြို့ပြလရောင်တမ်းချမ်း 
  6. ထူးအိမ်သင် - အမှတ်တရ
  7. ထူးအိမ်သင် - မေမေ့မေတ္တာဘွဲ့ 
  8. ထူးအိမ်သင် - အစိမ်းရောင်နေ့စွဲ
  9. ထူးအိမ်သင် - ချစ်ခြင်းအားဖြင့်
  10. ထူးအိမ်သင် - တနေ့တာအလွဲများ
  11. ထူးအိမ်သင် - ၀င်ရိုးစွန်းမီး 
  12. ထူးအိမ်သင် - သက်ငြိမ်
  13. ထူးအိမ်သင် -  နာရီပေါ်မှမျက်ရည်စက်များ
  14. ထူးအိမ်သင် - unplugged
ကွန်ပျူတာ တစ်လုံး ၏ ပါဝင်ပစ္စည်းများ
၁- Mother Board   
            Mother Board  အကြောင်းကို နာမည်ကြားရုံနှင့်ပင် နားလည်လောက်ပြီဟု ထင်ပါသည်။ Mother Board သို့မဟုတ် Main Board သည် သူ့နာမည်အတိုင်းပင် ကွန်ပျူတာတစ်ခု၏ အဓိကဆားကစ်ပြား သို့မဟုတ် ကွန်ပျူတာတစ်ခုကို မွေးဖွားထားသူပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကွန်ပျူတာ၏ မည်သည့် အစိတ်အပိုင်းမဆို မားသားဘုတ်နှင့် ဆက်သွယ် ထားရသောကြောင့်ဖြစ်ပါသည်။ မားသားဘုတ်တွင် ကွန်ပျူတာတစ်ခုလုံး၏ အစိတ်အပိုင်းများ ဆက်သွယ်ရန် slot များ၊ ၄င်း slot များကို ဆက်သွယ်ပေးထား သောလမ်းကြောင်းများ အားလုံးပါဝင်သည်။ ဥပမာ။   ။ နက်ဝါခ်ကဒ်အတွက် နက်ဝါခ်စလော့ ၊ vga ကဒ်အတွက် vga စလော့ ၊ CPU အတွက် CPU စလော့စသည်ဖြင့် ပါဝင်ပါသည်။
၂။ BIOS (Basic Input Output System)
             BIOS  သည် မားသားဘုတ်၏ OS ဟုတ်ခေါ်ဆိုနိုင်သော အစိတ်အပိုင်းဖြစ်လေသည်။ ၄င်းမှ မားသားဘုတ်၏ boot တက်သောအစီအစဉ်များနှင့် power management များကို ထိန်းချုပ်ပေး ပါသည်။
၃။ Chipset
             Chipset သည် မားသားဘုတ်တွင်ပါဝင်သော အစိတ်အပိုင်းတစ်ခုပင် ဖြစ်ပါသည် Chipset၏လုပ်ဆောင်ချက်မှာ  CPU နှင့် system memory ကဲ့သို့သော အစိတ်အပိုင်းများနှင့် ဆက်သွယ်ပေးခြင်း ဖြစ်လေသည်။ 
၎။ Internal Buses
             Internal Buses များ၏ လုပ်ဆောင်ချက်များမှာ Chipset ကဲ့သို့ပင် CPU နှင့် အခြားသော အစိတ်အပိုင်းများကို ဆက်သွယ်ပေးခြင်းဖြစ်လေသည် ။ Internal Buses များတွင် အစိတ်အပိုင်းနှစ်ခု ခွဲ၍ လေ့လာနိုင်လေသည်။
(က) north bridge memory controller
(ခ) south bridge I/O controller   
၅။CPU( Central Processing Unit )
      CPU သည် ကွန်ပျူတာ၏ ဦးနှောက်ဟုပင် ခေါ်ဆိုနိုင်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၄င်းသည် ကွန်ပျူတာတစ်ခုလုံး၏ လုပ်ဆောင်ချက်များကို ထိန်းချုပ်ထားရာ နေရာလဲဖြစ်လေသည်။ ကွန်ပျူတာ၏ မည်သည့် လုပ်ငန်းမဆို CPU၏ တွက်ချက်မှုများ လုပ်ဆောင်မှုများဖြင့်သာ လုပ်ဆောင်နိုင်လေသည်။ ထို့ကြောင့် CPUသည် ကွန်ပျူတာ၏ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။
၆။ RAM (Random-access Memory)
               RAM ၏ လုပ်ဆောင်ချက်မှာ ကွန်ပျူတာအလုပ်လုပ်နေစဉ်တွင် လိုအပ်သောဖိုင်များကို သိမ်းဆည်းပေးရန် ဖြစ်လေသည်။ ဥပမာ။    ။ ဆော့ဝဲလ်တစ်ခုကို ဖွင့်ပါက hardisk တွင်ရှိသော ဆော့ဝဲလ်အတွက်လိုအပ်သော ဖိုင်များကို RAMထဲသို့ အရင်ကူးယူကာ သုံးစွဲလေသည်။ အဘယ့်ကြောင့်ဆိုသော် RAM၏ အမြန်နှုန်းမှာ hardisk ထက်များစွာသာလွန်သောကြောင့်   ဖြစ်လေသည်။ ထို့ကြောင့် အလုပ်များများလုပ်လေ RAM များများလိုအပ်လေဖြစ်သလို RAM များလေ အလုပ်မြန်လေလည်းဖြစ်လေသည်။   RAM အထဲတွင် သိုလှောင်ထားသော ဒေတာများမှာ စက်ပိတ်ချိန်တွင် ပျောက်သွားမည်ဖြစ်ကာ စက်အသစ်ပြန်ဖွင့်ချိန်တွင် အသစ်ပြန်သုံးသော ဖိုင်များကိုသာ ပြန်လည် သိမ်းဆည်းထားမည် ဖြစ်ပေသည်။ RAM အမျိုးအစား များစွာရှိသည်။
 ၇။ Hard Disk 
               Window တစ်ခုဖြစ်ရန် အတွက် လိုအပ်သော OS နှင့် user အသုံးပြုသော softwaresများ အားလုံးနှင့် ဖိုင်များအားလုံးကို သိမ်းဆည်းပေးသလို ၊ partitions များခွဲကာ data များ သိမ်းဆည်းနိုင်သော အစိတ်အပိုင်းဖြစ်လေသည်။ Hard Disk ၏ လုပ်ဆောင်ချက်မှာ data storage လုပ်ရန်အတွက်သာ ဖြစ်လေသည်။ Hard Disk တွင် IDE နှင့် SATA ဟူ၍ အမျိုးအစား နှစ်မျိုး ရှိလေသည်။
၈။ Power Supply
၉။ Cards
                 Cards များမှာ ကွန်ပျူတာ၏ သက်ဆိုင်ရာ slot တွင်တပ်ဆင်ကာ ကွန်ပျူတာ၏ စွမ်းရည်ကို မြှင့်တင်ပေးရန် အသုံးပြုလေသည်။ ဥပမာ။   ။ graphic ပိုမိုကောင်းမွန်စေရန်အတွက် VGA card စိုက်ခြင်း ၊ network ရရှိရန် network card စိုက်ခြင်း စသည်တို့ ဖြစ်လေသည်။    
၁၁။ Monitor
Monitor များမှာ ကွန်ပျူတာ၏ လုပ်ဆောင်ချက်များကို ဖော်ပြနိုင်သော ကွန်ပျူတာ၏ အစိတ်အပိုင်းထဲတွင် မပါဝင်သော ပစ္စည်းဖြစ်လေသည်။ မော်နီတာတွင် အမျိုးအစားများစွာ ရှိလေသည်။
၁၀။ Casing  
              Casing ကိုမူ ကွန်ပျူတာတစ်ခုလုံး၏ အစိတ်အပိုင်းများကို လုံခြုံစွာထုပ်ပိုးရန်အတွက် အသုံးပြုလေသည် ။ ကေဇင်တစ်လုံးတွင် power ၊ restart buttons များအပြင် speaker ၊ usb ports များပါ ပါရှိလေသည်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks
တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)
အကြံပြုပါ..ပြောချင်တာရှိလျှင်