ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, March 23, 2015

အို ....လောကအရှင်



အို ....လောကအရှင်

သူရဲကောင်းတွေ မပေးပါနဲ့
လုပ်သားကောင်းတွေကိုပေးပါ
သူရဲကောင်းဆိုတာ အန္တရာယ်တွေကြားမှာပဲပေါက်ဖွားတတ်ကြတယ်
လုပ်သားကောင်းဆိုတာကတော့ တည်ဆောက်ခြင်းတွေမှာသာ ပေါက်ဖွားတတ်ကြတယ်.....

ဂရုဏာရှင်တွေ မပေးပါနဲ့
ပညာရှင်တွေကို သာပေးပါ
ဂရုဏာရှင်တွေ ဟာ ဘေးဒုက္ခ တွေ ကသာကယ်ဆယ်ကြတယ်
ပညာရှင်တွေကတော့ ဘေးဒုက္ခ တွေကို ရှောင်လွှဲနိုင်စွမ်းရှိ ကြတယ် ......

သတ္တိခဲတွေကိုမပေးပါနဲ့
ဗျတ္တိခဲ တွေကို သာ ပေးပါ
သတ္တိခဲ တွေ ဟာ နံရံကို ခေါင်းနဲ့ ဆောင့်ဝံ့ ကြတယ်
ဗျတ္တိ ခဲ တွေ ကတော့ သူ့ ထက်မာတဲ့ တူကောင်းကောင်းကိုရှာဖွေတတ်ကြတယ် ......

နတ်အိုးတွေ မပေးပါနဲ့
မြေအိုးတွေကို သာပါပေးပါ
နတ်အိုးတွေ ကတော့ အလှကြည့်ပြီး ကိုးကွယ်လို့ရတယ်
မြေအိုးတွေကတော့ လက်တွေ့ ဘ၀မှာ အသုံးကျ နိုင်တယ် ......

စာနာမှုတွေ မပေးပါနဲ့
စီမံ မှု တွေကို သာ ပေးပါ
စာနာမှု တွေ ဟာ နှစ်သိမ့် ခြင်းတွေကို သာ ပေးနိုင်စွမ်းတယ်
စီမံ မှု တွေ က တော့ လုံခြုံ မှု ကိုပေး နိုင်စွမ်းတယ် .....


 
https://fbcdn-profile-a.akamaihd.net/hprofile-ak-xpf1/v/t1.0-1/c27.0.160.160/p160x160/10930852_953313138026529_907516658463116521_n.jpg?oh=b4cd7111cb25f53e3d444889bbd90802&oe=557F1724&__gda__=1438130166_8bedd51c583777bdf6a10de3193e493a
  ရုပ်ဆိုး




Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်