ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Sunday, July 26, 2015

တိုက်ရေယာဉ် ၁၀၃ - မောင်သော်က


မောင်သော်က ရေးသားသောတိုက်ရေယာဉ်..103.စာအုပ်ဖြစ်ပါသည်။အောက်မှာ..Download..ဆွဲယူဖတ်ရှုနိုင်ပါသည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် မြန်မာအစိုးရသည် အမေရိကန်စစ်လက်ကျန် ကမ်းခြေစောင့် ကင်းရေယာဉ် ၁၀ စင်းကို လက်ခံရရှိရာ ၄င်း ၁၀ စင်းအနက် တစ်စီးဖြစ်သော တိုက်ရေယာဉ် ၁၀၃ သည် ရန်ကုန်မှ မြိတ်သို့ တာဝန်ထမ်းဆောင်ရန် သွားရောက်သည့် လမ်းခရီးတွင် မုန်တိုင်းမိကာ နစ်မြုပ်ခဲ့သည်။ ထိုရေယာဉ်၏ စစ်ရေယာဉ်မှူးဖြစ်သည့် စာရေးသူ ဗိုလ်ကြီးဘသော် (ကလောင်အမည် မောင်သော်က)နှင့်အဖွဲ့သည် အသက်ကယ်ဖောင် ၂ ဖောင်ခွဲကာ တကွဲတပြားစီ သင်္ဘောမှ စွန့်ခွာခဲ့ရပြီး ပင်လယ်ပြင်တွင် ကယ်သူမဲ့ မျောပါနေခဲ့သည်။ စာရေးသူ လိုက်ပါခဲ့သည့်ဖောင်သည် ၆ ဦးသာ ဆန့်သော်လည်း ဖောင်မလောက်ငှသဖြင့် ၁၈ ဦးအထိ ကြပ်တည်းစွာ စီးနင်းခဲ့ရသည်။

ပင်လယ်ပြင်တွင် ၁၃ ရက်ကြာ မျောပါခဲ့ပြီး အစာရေစာ ပြတ်တောက်မှုကြောင့် ပင်လယ်ဆားငန်ရေ၊ မိမိ၏ ကျင်ငယ်ရေတို့ကို သောက်ခဲ့ရသည့်အပြင် ဖောင်နားကပ်လာသည့် ဂဏန်း၊ ငါး၊ ဇင်ယော်များကို သတ်ကာ အစိမ်းစား၍ အသက်ဆက်ခဲ့ရသည်။ ပြင်းထန်လှသော ပင်လယ်ပြင်မျောပါခရီးသည် ၁၃ ရက်ကြာမြင့်ခဲ့ပြီး အရာရှိတစ်ဦးအပါအ၀င် စုစုပေါင်း ၈ ဦး အသက်ဆုံးပါးခဲ့သည်။ နောက်ဆုံးတွင် ဂျပန်ကုန်တင်သင်္ဘောမှ တွေ့ရှိကယ်တင်ခဲ့ခြင်း ခံခဲ့ရသည်။ ယခုစာအုပ်သည် ထိုပင်လယ်ပြင်၏ ကြမ်းတမ်းကြောက်မက်ဖွယ် အတွေ့အကြုံကို ရသမြောက်စွာ မှတ်တမ်းတင်ရေးသားထားခြင်းဖြစ်သည်။ ဆရာမောင်သော်က၏ ထင်ရှားသောလက်ရာ ကိုယ်တွေ့မှတ်တမ်းစာအုပ်ဖြစ်ပြီး ဖတ်ပြီးသူတိုင်း တသသဖြစ်ခဲ့ရသည့် စာမူတစ်ပုဒ်လည်းဖြစ်သည်၊   www.myanmarbookshop.com





တိုက်ရေယာဉ် ၁၀၃ (pdf) ->>  Download  <<



www.mmcybermedia.com

Tuesday, July 7, 2015

အမ်မီနမ် ၏ သီချင်းအသစ် ( Eminem Ft. Gwen Stefani - Kings Never Die )


Eminem နှင့်GwenStefani..တို့နှစ်ယောက်တွဲဖက်သီဆိုထားသည့်..သီချင်းအသစ်..Kings..Never..Die- ဖြစ်ပါသည်။
အောက်မှာ Download ဆွဲယူ နားဆင်နိုင်ပါသည်။



 Kings Never Die = Download-

နားဆင်ရန်








Wednesday, July 1, 2015

မြန်မာ စကားပုံများ



မြန်မာ စကားပုံများ(က မှ အ ထိ) ဖြစ်ပါသည်။ ကျွန်တော်တို့ သိနေ၊ကြားနေကျ စကားပုံများအပြင် မသိသေးတဲ့ စကားပုံများလည်း ပါဝင်ပါသည်။ အောက်မှာ ဆက်လက်ကြည့်ရှုပါ။



Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်