Tuesday, April 30, 2013
Fb အကောင့်လုံခြုံရေးနှင့်အကောင့်ကိုဘယ်လိုပြန်ယူမလဲ
Fb အကောင့်လုံခြုံစေရန်နှင့်Hack ခံရတဲ့အကောင့်ကိုဘယ်လိုပြန်ယူမလဲ
အကယ်၍သင့်ရဲ့Facebookကိုhackလုပ်ခံလိုက်ရပြီဆိုရင်တော့ အောက်ပါနည်းလမ်းများကိုအသုံးပြုပြီး ပြန်လည်ရယူဖို့ကြိုးစားဆောင်ရွက်ကြည့်နိုင်ပါတယ်
နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)
အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - “My Account is Compromised” အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။
နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)
အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - “My Account is Compromised” အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ “I can’t identify my account” အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။
မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။
ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထား သင့်ပါသည်။
မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -
- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ အပြည့်အစုံ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။
Myanmar Consumer Guide
Friday, April 26, 2013
အရှင်ဇနကာဘိဝံသ၏ မှတ်သားဖွယ်သြ၀ါဒစကားများ
ကျေးဇူးတော်ရှင်..မဟာဂန္ဓာရုံဆရာတော်..အရှင်ဇနကာဘိဝံသ၏မှတ်သားဖွယ်သြ၀ါဒစကားများ ဖြစ်ပါသည်၊
Monday, April 22, 2013
ကားတွေကိုရှောင်ပြီး ပါဝါစား
ကားတွေကိုရှောင်ပြီး ပါဝါစားရမှာပါ
Friday, April 19, 2013
ဒရမ်တီးကြရအောင်
1234546789 နဲ့ တီးလို့ရပါတယ်..
Tuesday, April 16, 2013
မြစ်တစ်စင်း ရဲ့ ချစ်ခြင်း
လွယ်သတဲ့လား.....
တစ်ရက်ထဲနဲ့ စီးဆင်းနေတဲ့ဒဏ္ဍာရီမှမဟုတ်တာ
 နှလုံးသွေးတို့ နဲ့ စီးဆင်းခဲ့တဲ့မြစ်တစ်စင်းပါကွယ်...
ပယ်မတဲ့လား..
.တစ်ပါးသူ ပယောဂကင်းမဲ့ သခ်ါရ သဘောတရားသက်သက်နဲ့  ငါကိုယ်တိုင်ပျောက်ကွယ်ပေးမဲ့ မြစ်တစ်စင်းပါကွယ်...
ပျော်မယ်တဲ့လား.. .
နင်ပျော်မယ်ဆို ငါကိုယ်တိုင်ငါရင်ကိုခွဲ ရဲရဲကြီးအသေခံလိုက်ချင်ပါရဲ့ 
ငါ့အသွေးငါ့ အသားငါ့နှလုံးသားကို လက်ဆောင်အဖြစ် ပေးမဲ့ မြစ်တစ်စင်းပါကွယ်.
Monday, April 15, 2013
ကားပြိုင်အလန်း.
အရမ်းဆော့လို့ကောင်းပါတယ်ကျွန်တော်တော့မောင်းတရ် ၊ကိုယ်တိုင် ကားထဲဝင်မောင်းနေရ သလို ခံစားရစေတယ်..
Sunday, April 14, 2013
ဖလက်သီချင်းလုပ်နည်းနှင့်ဆော့ဝဲလ်
  • SWiSHနဲ့ဖလက်သီချင်းလုပ်မယ်
  • ဒေါင်းရန်ဆော့ဝဲလ်SWiSH Max3.exe
    သီချင်းလုပ်ရန်လိုအပ်သည့် ဆော့ဝဲလ်နှင့်Effectတို့ဒေါင်းရန်>http://flashsongcreators.blogspot.com/
    ဆော့ဝဲလေးကိုဒေါင်းလိုက်ပါ...rught click ပေး Run as လုပ်ပါ..
    SWiSH boxတက်လာပါလိမ့်မယ်.............New Movies Project .
    .အဲမှာdefault နဲ့ပဲ ၀င်လိုက်နော်.....အောက်ကပုံမှာ..ကျွန်တော်ပြထားသလိုပေါ်လာမယ်..
    အပေါ်ကပုံမှာကျွန်တော်အနီရောင်နဲ့ဝိုင်းပြထားတဲ့..moviespropertiesကိုကလစ်ပေးလိုက်..အိုကေ..အစိမ်းရောင်နဲ့ဝိုင်းပြထားတဲ့..
    properties box တက်လာမယ်....proper boxမှာ..moves size ,background color ,heightရယ်..သုံးမျိုးပြင်မယ်..
    အဲသုံးမျိုးမှာမိမိစိတ်ကြိုက်..ရွေးမယ်..ကျွန်တော်ကတော့..အနက်ရောင်ကိုbackground color ကိုအဖြူပဲပေးမယ်..width ကို
    1300 pix ပေးမယ်..heightကို600ပေးမယ်..အိုကေ...အဲတော့...
    အရမ်းဆိုဒ်ကြီးသွားတော့.လုပ်ရတာအဆင်မပြေတော့ဘူး....အဆင်မပြေရင်..ညာဘက်အောက်မှာ..view ဆိုတာရှိတယ်..
    အဲမှာ..zoon ကို50%လောက်ရှော့ချပြစ်လိုက်....နောက်..ပုံထည့်မယ်..background image လေးတွေထည့်မယ်..
    သီချင်းထည့်မယ်..သီချင်းစာသားထည့်မည်...
    အရင်ဆုံးသီချင်းနဲ့ပုံထည့်မယ်.
    ကျွန်တော်အနီရောင်ဝိုင်းပြထားတဲ့လေးမျိုးကိုအဓိကထားပြောပ့ါမယ်..ဒါဆိုရင်သီချင်းတစ်ပုဒ်ကောင်းကောင်းရပါပြီ..
     .import sound = သီချင်းထည့်ရန်
      import image = ဓာတ်ပုံထည့်ရန်wallpaper
      import video = movies ဖိုင်ထည့်ရန်
     .import animation = aninmation  glitterလှုပ်ရှားနေတဲ့ပုံထည့်ရန်/ mouseheart effect ထည့်ရန်
    သီချင်းထည့်ပြီးပြီ..ဓါတ်ပုံတွေကိုလည်းမိမိစိတ်ကြိုက်ထည့်ပြီးပြီး...
    နောက်..animationပုံတွေကိုလည်းမိမိစိတ်ကြိုက်ထည့်ပြီးပြီ
    ဆိုရင်..သီချင်းစာသားထည့်မယ်...သီချင်းစာသားကိုဘယ်လိုထည့်မလည်းဆိုတာကြည့်လိုက်..ပါ
    အရင်ဆုံးစာရေးမယ်နော်.
    အပေါ်ကပုံကိုကြည့်လိုက်ပါ...ဘေးမှာ tool bar မှာအညိုနဲ့ဝိုင်းပြထားတဲ့ " T "ဆိုတဲ့စာလုံးလေးကိုကလစ်ပေးလိုက်..
    ပြီးတော့..အလည်ကapplication boxမှာသွားလိုက်တော့..ကာဆာလေးကပုံစံပြောင်းသွားပြီ..
    အိုကေ..အဲကာဆာလေးကိုထောက်လိုက်တာနဲ့...
    စာရေးဖို့အကွက်ကလေးတွေကျလာပြီ..ဟုတ်လားပဲ...စာရေးတော့မယ်.ဆိုရင်...font type/size/color
    က..ဘယ်မှာပြောင်းမလည်း..ကျွန်တော်အနီရောင်နဲ့ဝိုင်းပြထားတဲ့..properties မှာသွားပြောင်းလိုက်...
    ..စာရေးပြီးပြီး...စာကြောင်း လေး ကြောင်းရေးထားပါရဲ့..အဲစာ လေး ကြောင်းက..ဒီအတိုင်းထားရင်ပုံသေကြီးပေါ်နေမှာပဲ
    ဒါကို..အ၀င်နဲ့..အထွက်ကလေးတွေ..ဘယ်လို့ထည့်ပေးမလည်း...သီချင်နားထောင်ကြည့်လိုက်..
    အပေါ်မှာအစိမ်းနဲ့ဝိုင်းပြထားတယ်နော်.
    အဲကောင်လေးကို နိပ်ပြီး..play လုပ်လိုက်တော့.အောက်ကကျွန်တော်အ၀ါရောင်နဲ့ဝိုင်းပြထားတဲ့time line မှာ..
    အနီရောင်အတုံးလေးပြေးနေပါလိမ့်မယ်...စက်ပေါ်မူတည်ပါတယ်..play လိုက်ရင်...သူဘာသာအလုပ်လုပ်နေတာကိုခန
    စောင့်ပါ..စိတ်ရှည်ပါနော်....ဒီသီချင်းလုပ်တာက..စိတ်ရှည်ပါ..လို့ပဲပြောချင်တယ်..အိုကေ..time line မှာကိုယ့်စာသားက..
    အသံဘယ်နားမှာဝင်သလည်း...(စာသားကဥပမာ.."မ..မချစ်လို့သေနိုင်တယ်" ဆိုရင်.အနီရောင်အတုန်းလေးက..
    အဲစာသားအတွက်..နံပါတ်ဘယ်လောက်မှာဖြတ်သွားလည်းမှတ်ထားလိုက်..အဲနံပတ်မှာ..အောက်က
    ကျွန်တော်ရှင်းပြမယ်..effect ကလေးတွေကိုလိုက်ထည့်လိုက်တော့..
    EFFECT ထည့်မယ်...
    effect ထည့်မယ်..ကိုယ်ရေးတဲ့စာကို..သီချင်းအသံကဘယ်နံပါတ်မှာဝင်ပြီး.
    .ဘယ်နံပါတ်မှာထွက်သွားတယ်လို့မှတ်ခိုင်းထားတယ်နော်..
    ကိုယ်ရေးတဲ့စာကိုကလစ်ပေးလိုက်..ကျွန်တော်အညိုရောင်နဲ့ဝိုင်းပြထားတယ်..တွေ့လားပဲ...
    အဲဒါက..ကျွန်တော်ရေးထားတဲ..မ..မချစ်လို့သေနိုင်တယ်ဆိုတဲ့စာတန်းရဲ့...lineကလေးးးပဲ..အဲlineကလေးမှာ..
    နံပါတ်90မှာဝင်တယ်ဆိုရင်..အဲနံပါတ်90မှာ..right click ပေးလိုက်.ကျွန်တော်နီနဲ့ဝိုင်းပြထားတာကအ၀င်..အ၀ါနဲ့
    ရယ်..သုံးမျိုးတွေ့လိမ့်မယ်..အဲသုံးမျိုးမှတ်ထားပါ..အဲသုံးမျိုးမှာ..appear into....ဆိုတာက..စ၀င်တာ..
    disppear from.....ဆိုတာက..ပြောက်သွားမှာ..အထွက်အတွက်../
    နောက်..looping continouslyဆိုတာက..loopingပေးဖို့အတွက်..ပါ..အိုကေ
    အဲလောက်ဆိုရင်..တော်တော်အဆင်ပြေနေပြီဗျ..ဒီထက်..ထပ်ပြီးတော့..တတ်ချင်သေးတယ်ဆိုရင်..တော်..စာအုပ်တွေပေးလိုက်
    ပါမယ်....သူတို့ရှင်းပြထားတာက..ပို့ရှင်းပါမယ်..ကျွန်တော်ကတော့..ပိန်းတော့..လူပိန်းအတွေးနဲ့.ှရှင်းပြထားတာ..ပါ..
    ကျွန်တော်နားလည်ခဲ့သလို့..နားလည်အောင်ရှည်းပြထားတာပါ...နားမလည်ရင်..ပြောပါ..အောက်ကကွန်းမင့်ကနေ..
    နားမလည်တဲ့အပိုင်းအလိုက်ထပ်ရှင်းပေးပါ့မယ်..အိုကေလားပဲ..ကဲ့..အားလုံးကိုလေးစားလျှက်..(
    အော်မေ့တော့မလို့.mousehaert efffect (mousectheart.swi)ထည့်ပေးလိုက်ပါတယ်..အဲကောင်ကို..ဒေါင်းပြီးတော့..
    Insert>import aninmation ကနေထည့်လိုက်ပါ...ရပါတယ်..
    ဒါကသာမန်သီချင်းတစ်ပုဒ်လောက်တော့..ကျွန်တော်ရှင်းပြထားတာနဲ့တင်ရလောက်မယ်ထင်ပါတယ်...
    ကျွန်တော်ပေးတဲ့ဖိုင်တိုင်းကိုဇစ်ချုပ်မထားပါဘူး။.နက်ဆိုင်မှာသုံးတဲ့သူငယ်ချင်းများအတွက်.အခက်အခဲဖြစ်မှာစိုးရိမ်လို့ပါ..
    အားလုံးကိုလေးစားလျှက်..
    ကိုdouble tun ရေးထားတဲ့စာအုပ်ကလေးပါ  swish max book.pdf  .
    -စိတ်ကူးပျော်ရာ 
    Saturday, April 13, 2013
    မိုက်ခရိုဆော့ ပိုင်ရှင်ဘီလ်ဂိတ် ပေးသော အကြံဥာဏ်(၁၁)ခု
    ဘွဲ့နှင်းသဘင်တစ်ခုမှာဘွဲ့ရကျောင်းသားတွေအတွက်ဘီလ်ဂိတ်ကဒီလိုအကြံဥာဏ်ပေးဟောပြောခဲ့ပါတယ်။
    သင့်ရဲ့ပန်းတိုင်(သို့)အောင်မြင်မှုရရန်အရေးကြီးတဲ့ သော့ချက်
    များသောအားဖြင့်တော့ “ပန်းတိုင်” ဆိုတာ လွယ်လွယ်နဲ့ ရောက်နိုင်တာမျိုးတော့ မဟုတ်လေဘူး။ ပန်းတိုင်က လန်ကျတာတွေ၊ ပန်းတိုင်ပျောက်သွားတာတွေ၊ ပျက်ပြယ်သွားတဲ့ ငယ်အိပ်မက်တွေ၊ အများကြီး ကြုံဖူးကြမှာပါ။
    အချစ်မှာမှတ်ထားရမဲ့ (၂၅) ချက်
    ၁။ ဆုံးရှုံးသွားတဲ့အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။
    ၂။ မှတ်သားသင့်တာကိုမှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ်။ ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်။
    ၃။ မျက်ရည်စက်တွေဟာ ၀မ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်။
    ၄။သူ့အတွက်နဲ့မျက်ရည်မကျသင့်ဘူး ။ သူသင့်ကိုချစ်တာမှန်ရင်သူ့အတွက်နဲ့မျက်ရည်ကျတော့မယ်ဆို ရင် သူကသင့်ရဲ့မျက်ရည်ကိုကျခွင့်ပေးမှာမဟုတ်ဘူး။
    ၅။ ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေအတွက်ဖြစ်တယ်။
    ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေ ထွက်လာတာကတော့ တယောက်ကို တယောက်နာကျင်စေတဲ့ စကားတွေပါပဲ။
    ၆။ပျော်ရွှင်မှုဆိုတာတစ်ခုခုပျောက်သွားလို့လိုက်ရှာနေသလိုပဲဘယ်လိုရှာရှာမတွေ့ဘူး။ဒါပေမဲ့ မေ့သွားတဲ့အချိန်မှာု ပြန်တွေ့သလိုပေါ့။ပျော်ရွှင်မှုဟာ
    သင့်နံဘေးမှာပါ။
    ၇။ မျက်ရည်စက်ရဲ့ အပူချိန်ဟာ ၅၃၀℃ ဖြစ်တယ်။ အပြင်လောကရဲ့အေးစက်မှုကြောင့် မျက်ရည်စက်ကျချိန်မှာ ၅၃℃ သာကျန်တော့တယ်။
    ၈။ ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလဲရတယ်။ ဒါပေမဲ့ အချစ်မှာ အဲလိုလုပ်လို့မရဘူး။
    ၉။လူ့ဘ၀မှာပညာရေး၊စီးပွားရေး၊အချစ်ရေး၊အိမ်ထောင်ရေးဆိုပြီးစာမေးပွဲကြီးလေးခုမှာပျမ်းမျှအောင်မှသာ အောင်မြင်မှာပါ။
    တစ်ခုထဲမှာအာရုံစူးစိုက်နေလို့လဲ
    ဒီလူ့ဘ၀ မှာ အောင်မြင်မှာမဟုတ်ပါဘူး။
    ၁၀။ ငါးလေးကပြောတယ် သင်ငါ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကို တွေရမှာမဟုတ်ဘူး။ ငါးလေးက ရေထဲမှာနေလို့ပါ။
    ရေကပြောတယ် ငါးရဲ့မျက်ရည်ကို ရေကခံစားရတယ်တဲ့ ငါးလေးကရေရဲ့ ရင်ထဲမှာရှိလို့တဲ့။
    ၁၁။ လူ့ဘ၀ဆိုတာ လှပတဲ့ ပန်းလေးအသွင်နဲ့ သင့်ဘေးမှာရှိတဲ့သူတွေကို မွေးရနံ့နဲ့ သင်းစေရမယ်။
    ၁၂။တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သိနိုင်တယ်။ တစ်နာရီအတွင်း
    လူတစ်ယောက်ကိုနှစ်သက်နိုင် တယ်။ တစ်ရက်အတွင်းမှာ သင်သူ့ကို ချစ်နိုင်တယ်။
    ဒါပေမဲ့ တသက်လုံးအချိန်တွေကုန်သွား ပေမဲ့ သင်သူ့ကို မေ့နိုင်မှာမဟုတ်ဘူး။
    ၁၃။ သင်ဦးတည်ရာရှိနေရင် သင်ဟာဘယ်နေရာရောက်နေတယ်ဆိုတာအရေးမကြီးပါဘူး။
    ၁၄။ ဘယ်အရာမဆို အဘက်ဘက်သောရှုထောင့်မှကြည့် ရတယ်။
    ၁၅။ ဘ၀ခရီးလမ်းဆိုတာ ယုံကြည်ချက်ရှိတဲ့သူအတွက် ခင်းထားပေးပါတယ်။
    ၁၆။ ပျောရွှင်မှုကို ဝေမျှလိုက်ရင် ပျော်ရွှင်မှုဟာ နှစ်ဆပါ။ Sorrw share is sorrow half, Joy share is Joy double.
    ၁၇။ အမြင့်ဆုံးကိုမှန်း အကောင်းဆုံးကိုကြိုးစားပြီး အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ။
    ၁၈။ လုပ်ချင်တဲ့အလုပ်ကို အချိန်နဲ့အခွင့်အရေး ကိုရှာပါ။
    မလုပ်ချင်တဲ့အလုပ်အတွက် ဆင်ခြေကိုတော့ ရှာပါ။
    ၁၉။ သိရက်နဲ့ ရူးမူးနေတာ အရက်အပြင် အချစ်ပါ။
    ၂၀။ ငါတို့တွေ အခွင့်အရေးမရှိတာမဟုတ်ဘူး။ အခွင့်အရေးကမျက်စိရှေ့မှာပါ။ ပြန်စဖို့ သတ္တိမရှိတာပါ။
    ၂၁။ အရသာမရှိတဲ့ ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှမပြောသလို အေးဆေးငြိမ်းချမ်းတဲ့ ဘ၀ကို ဘယ်သူက ငြီးငွေ့မှာလဲ။
    ၂၂။ လိုချင်တဲ့အချစ်ကို မရရင် ရနေတဲ့အချစ်ကို သင်ချစ်မြတ်နိုးပါ။
    ၂၃။အရှေ့ဘက်ကနေထွက်လို့အနောက်ဘက်ကို နေ၀င်သွားသလိုစိတ်ညစ်လဲတစ်ရက်ပျော်လဲတစ်ရက် ပေါ့။ တစ်ခုခုကိုသင်ရင်ဆိုငိတဲ့အချိန်မှာသင်ရင်ဆိုင်နိုင်တဲ့သတ္တိကမျှတနေမယ်ဆိုရင်သင်လဲပျော်မယ်စိတ်လဲချမ်းသာမယ်။
    ၂၄။ သင်မြတ်နိုးတက်ရင် သင်ပိုင်ဆိုင်ထားတာကအကောင်းဆုံး ပါ သင်အတ္တကြီးနေမယ်ဆိုရင် သင်ပိုင်ဆိုင်ထားတာတောင်ဆုံးရှုံးနိုင်ပါတယ်။
    ၂၅။အချစ်မှာလိုအပ်တာပွင့်လင်းမှု၊အချေအတင်ဖြစ်ပြီဆိုရင်ညှိုနှိုင်းရမယ်။စိတ်တိုတဲ့အချိန်မှာစိတ်ကို အေးအေးထားရမယ်၊
    ပျော်ရွှင်တာတွေကို ဝေမျှရမယ်။
    နိုင်နိုင်းစနေ
    Thursday, April 11, 2013
    'ဒီနေ.ဒီအချိန် မှာသင်ဘယ်လိုနေမလဲ
    သင် 'ဒီနေ.ဒီအချိန်မှာသင်ဘယ်လိုနေမလဲဆိုတဲ့လမ်းညွှန်ချက် ဖြစ်ပါသည်။ အောက်မှာဆက်လက်ဖတ်ရှုပါ။
    ဘ၀ကပေးတဲ့သင်ခန်းစာ နှင့် တန်ဖိုး
    ဖတ်ကြည့်ပါ။
     ကျွန်တော်တို့ဟာ လက်ဝါးကပ်တိုင်အမျိုးမျိုးကို ထမ်းပိုးရင်း လူ့ဘဝလမ်းပေါ်မှာ ခက်ခက်ခဲခဲ ရှေ့ဆက်တိုးနေကြတယ်။ ဒီလက်ဝါးကပ်တိုင်ဟာ ကျွန်တော်တို့ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ တာဝန်ဝတ္တရား စတဲ့အရာတွေ ဖြစ်ကောင်းဖြစ်မယ်။ ဒီအရာတွေက လောကကြီးထဲ ကျွန်တော်တို့ရှင်သန်နေတဲ့ အကြောင်းပြချက်ဖြစ်တယ်၊ ကျွန်တော်တို့ရဲ့တန်ဖိုးဖြစ်တယ်။
    လူတိုင်းလူတိုင်း လေးလံတဲ့လက်ဝါးကပ်တိုင်ကို ထမ်းပိုးရင်း ရှေ့ကို နှေးနှေးကွေးကွေး၊ ခက်ခက်ခဲခဲ လှမ်းနေကြတယ်။
    အဲဒီထဲက လူတစ်ယောက်ဟာ လမ်းခုလပ်အရောက်မှာ ရုတ်တရက်ရပ်လိုက်တယ်။ သူဘာတွေ တွေးနေမလဲ!
    သူတွေးနေတာက ဘုရားသခင်... ဒီလက်ဝါးကပ်တိုင်က လေးလံလွန်းပါတယ်။ နည်းနည်းလောက် ဖြတ်ပစ်လိုက်မယ် ဆိုတာဖြစ်တယ်။
    အဲဒီလိုနဲ့ လက်ဝါးကပ်တိုင်ကို သူနည်းနည်းဖြတ်ပစ်လိုက်တယ်။
    တိုသွားတဲ့ လက်ဝါးကပ်တိုင်ကြောင့် သူပေါ့ပါးသွားတယ်။ ခြေလှမ်းတွေလည်း သွက်လာတယ်။
    လျှောက်ရင်း လျှောက်ရင်း ကျောပေါ်က လက်ဝါးကပ်တိုင်ကို အရမ်းလေးတယ်လို့ သူခံစားမိပြန်တယ်။
    အဲဒီလိုနဲ့ ဘုရားသခင်ကို သူပြန်ခွင့်တောင်းတယ်။ လက်ဝါးကပ်တိုင်ကို နည်းနည်းထပ်ဖြတ်လိုက်ရင် သူပိုပေါ့ပါး ပိုသွက်လက်လာမယ်လို့ဆိုတယ်။
    လက်ဝါးကပ်တိုင်ကို သူ ထပ်ဖြတ်လိုက်ပြန်တယ်။
    ဘုရားသခင်ကို သူကျေးဇူးတင်မိတယ်။ သူ ပေါ့ပါးသက်သာသွားတယ်လို့ ခံစားမိလို့ဖြစ်တယ်။
    အဲဒီလိုနဲ့ သူဟာ အင်အားတွေ သိပ်စိုက်ထုတ်စရာမလိုဘဲ လူတွေရဲ့ရှေ့ဆုံးကို ရောက်သွားတယ်။ တခြားသူတွေ ခွန်အားစိုက်ထုတ်ပြီး ရှေ့ကိုဆက်တိုးနေချိန်မှာ သူက လေလေးတချွန်ချွန်နဲ့ ပေါ့ပါးလို့နေခဲ့တယ်။
    ဒါပေမဲ့ မထင်မှတ်ဘဲ ရှေ့ဆက်တဲ့လမ်းပေါ်မှာ နက်နဲကျယ်ဝန်းတဲ့ မြောင်းကြီးတစ်ခု ရုတ်တရက်ပေါ်လာခဲ့တယ်။ မြောင်းပေါ်မှာ တံတားမရှိဘူး။ ဟိုဖက်ကမ်းကို ရောက်အောင်ပို့ပေးနိုင်တဲ့ ကယ်တင်ရှင်လည်း ရှိမနေခဲ့ဘူး။
    သူ့နောက်ကလူတွေ သူ့ကိုတဖြည်းဖြည်း မီလာကြတယ်။ သူတို့က သူတို့လွယ်ပိုးထားတဲ့ လက်ဝါးကပ်တိုင်နဲ့ မြောင်းပေါ် တံတားလုပ်ပြီး ဖြတ်ကျော်ကြတယ်။
    သူလည်း အဲဒီလို ကျော်ဖြတ်ချင်တာပါပဲ။ ဒါပေမဲ့ သူခုတ်ဖြတ်လိုက်လို့ တိုသွားတဲ့လက်ဝါးကပ်တိုင်က တံတားအဖြစ်နဲ့ မြောင်းကိုကျော်ဖြတ်ဖို့ သူ့ကို မကူညီနိုင်ခဲ့တော့ဘူး။
    တခြားလူတွေ မြောင်းကိုကျော်ဖြတ်ပြီး ဦးတည်ရာပန်းတိုင်ကို ဆက်သွားနေချိန်မှာ သူဟာ နေရာမှာတင်ရပ်ပြီး နောင်တတွေနဲ့ ခေါင်းငိုက်စိုက် ကျန်ရစ်နေခဲ့တော့တယ်။
    လူတိုင်းမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ ကိုယ်ပိုင်လက်ဝါးကပ်တိုင်ကို ထမ်းပိုးထားကြတယ်။ ရုပ်ပုံထဲက လူတွေကလည်း အဲဒီလိုပဲ.... ရှေ့မှာ တားဆီးထားတဲ့အရာ ပေါ်လာတဲ့အခါ သူတို့ကျောပေါ်က လက်ဝါးကပ်တိုင်နဲ့ အတားအဆီးကို ကျော်ဖြတ်ကြပြီး ရှေ့ဆက်လှမ်းကြတယ်။ ဒါကြောင့် သင်ကြားမှုတွေ လေးလံခက်ခဲတယ်၊ အလုပ်အကိုင် ပင်ပန်းတယ်လို့ မညည်းတွားပါနဲ့။ တကယ့်ပျော်ရွှင်ခြင်းဆိုတာ ကြိုးပမ်းပြီးမှ ရလာတဲ့အရာဖြစ်တယ်။ ဆင်းရဲပင်ပန်းတာတွေ မတွေ့ကြုံ၊ မခံစားဖူးရင် ပျော်ရွှင်ခြင်းရဲ့ တကယ့်အနှစ်ကို ကျွန်တော်တို့ ခံစားရမှာမဟုတ်ပါဘူး။
    နိုင်နိုင်းစနေ