ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, March 13, 2017

ဝင်္က၀ုတ္တိ အလင်္ကာ - အကျယ်

“ ၀င်္က၀ုတ္တိ အလင်္ကာ . . . ”
---------------
------------
တိုက်ရိုက်မပြ..
.သွယ်ဝိုက်ပြ...၀င်္ကဟူ၍မှတ်...

ဆယ်တန်းကျောင်းသားဘ၀တုန်းက မြန်မာစာဆရာကြီး သင်ပေးထားတဲ့ အတိုကောက်လင်္ကာကလေးပါ...ဟိုးအရင်ခေတ်တွေတုန်းကတော့ အထက်တန်းအဆင့်ကျောင်းသားတွေဆိုရင် အလင်္ကာတွေကို ကိုယ့်ဉာဏ်နဲ့ကိုယ် သရုပ်ခွဲပြီး အမည်တပ်ပေးကြရတာဆိုတော့ အလင်္ကာတစ်ခုချင်းစီရဲ့ သဘောသဘာဝကို အထိုက်အလျောက်တော့ ကျွမ်းကျင်ကြတာတွေ များပါရဲ့...

သည်ဘက်ခေတ်မှာတော့ အလင်္ကာအမျိုးအစားကို တစ်ခါတည်း သတ်မှတ်ပေးလိုက်ပြီး ဘာကြောင့် သည်အလင်္ကာဖြစ်ရတယ်ဆိုတာလောက်ပဲ သုံးသပ်ခိုင်းတာဆိုတော့လည်း မြန်မာအလင်္ကာတွေရဲ့ အဆင့်အတန်းက ဟိုးအရင်ကထက် နိမ့်သွားတာအမှန်...သည်ကြားထဲမှာ ပုစွန်ဦးဏှောက်ဆရာတစ်ချို့က ကလေးတွေရဲ့ ဆက်စပ်စဉ်းစားနိုင်စွမ်းကို မြှင့်ပေးဖို့မကြိုးစားဘဲ ဆရာလုပ်တဲ့လူ ရေးထားတဲ့ အလင်္ကာအဖြေတွေကို ကြက်တူရွေးနှုတ်တိုက် အကျက်ခိုင်းကြပြန်လေတော့ သည်နေ့ခေတ်ကလေးတွေရဲ့ အလင်္ကာကို ခံစားနိုင်တဲ့ အရည်အချင်းက အ၀ီစိရောက်သွားပါလေရော...ထားပါတော့...ဒါကတော့ ဦးဟန်ကြည်တစ်ယောက်တည်းနဲ့ စွမ်းတဲ့ အရာ မဟုတ်လေတော့လည်း မပြောဘဲနေတာ ဘေးကင်းမယ်ထင်ပါရဲ့...

သည်တစ်ခါတော့ စိတ်ကူးကလေးပေါက်တုန်းမှာ ၀င်္က၀ုတ္တိအလင်္ကာကို အကျယ်ဖွင့်လိုက်ပါဦးမယ်...သည်နေရာမှာ ၀င်္က၀ုတ္တိဆိုတာ အလင်္ကာတစ်ခုတည်းကို ည်ညွှန်းတာမဟုတ်ဘဲ အလင်္ကာအုပ်စုကြီးတစ်ခုလုံးကို ရည်ညွှန်းပါတယ်...ကိစ္စတစ်ခု ဖြစ်စဉ်တစ်ခုကို တိုက်ရိုက်တည့်တိုးမပြောဘဲ စကားလုံးအလှအပနဲ့ တန်ဆာဆင်ပြီး ပြောလေ့ရှိတာကို ၀င်္က၀ုတ္တိလို့ ခေါ်ပါသတဲ့...ပါဠိဘာသာမှာက “ ၀င်္က ” ဆိုတာ ကွေ့ကောက်ခြင်း လို့ အနက်ပေးထားတာကိုး...

ဝင်္က၀ုတ္တိအလင်္ကာကို အကျယ်ဖြန့်ရမယ်ဆိုရင်တော့ အတော်ကြီးရှည်လျားထွေပြားတဲ့ စာရင်းကြီးဖြစ်သွားမှာ သေချာပါသဗျား...သို့ပေမင့် အရှင်ပဏ္ဍိတမထေရ်ကတော့ သူရေးတဲ့ “ မြန်မာအလင်္ကာကျမ်း ” ထဲမှာ “ သုဗောဓ လင်္ကာရကျမ်း ” ကို ကိုးကားပြီး ဟောသည်လို ၃၅ မျိုး ခွဲပြထားတာ တွေ့ပါရဲ့...

၁။ အတ္ထာတိသယ အလင်္ကာ - အနက်လွန်ကဲခြင်း
၂။ ဥပမာ အလင်္ကာ - ဥပမာတင်စား၍ပြခြ
င်း
၃။ ရူပက အလင်္ကာ - ဂုဏ်ရည်တူချင်း ထပ်တူပြု တင်စားခြင်း
၎။ အာဝုတ္တိ အလင်္ကာ - အထပ်ထပ် အကြိမ်ကြိမ် သုံးနှုန်းခြင်း
၅။ ဒီပက အလင်္ကာ - ထွန်းပြခြင်း၊ အကျယ်ဖွင့်ဆိုခြ
င်း
၆။ အက္ခောပ အလင်္ကာ - မြစ်ပယ်ခြင်း ( ဖယ်ရှားပိတ်ပင်ြ
ခင်း )
၇။ အတ္ထန္တရနျာသ အလင်္ကာ - အခြားအနက်တစ်မျု
ိးဖြင့် ပြခြင်း
၈။ ဗျာတိရေက အလင်္ကာ - အသီးအခြားပြဆြို
ခင်း ( ခွဲထုတ်ခြင်း )
၉။ ၀ိဘာဝနာ အလင်္ကာ - အကြောင်းထူးကို ပြခြင်း
၁၀။ ဟေတု အလင်္ကာ - ဖြစ်ကြောင်းအာြး
ပခြင်း
၁၁။ ကမ အလင်္ကာ - အစဉ်လိုက် ပြခြင်း
၁၂။ ပိယတရ အလင်္ကာ - အလွန်နှစ်သက်သည်
ကို ပြခြင်း
၁၃။ သမာသ အလင်္ကာ - ချဉ်း၍ ပြဆိုခြင်း
၁၄။ ပရိကပ္ပနာ အလင်္ကာ - ကြံဆခြင်း
၁၅။ ပရိယာယ၀ုတ္တိ အလင်္ကာ - စကားရိပ်ပေးခြင်
း၊ သဲလွန်စပေးခြင်း
၁၆။ သမာဟိတာ အလင်္ကာ - အကြောင်းတစ်ပါးက
ို ရခြင်း
၁၇။ ဗျာဇောပ၀ဏ္ဏနာ အလင်္ကာ - ကဲ့ရဲ့သယောင်ဖြင
့် ချီးမွမ်းခြင်း
၁၈။ ၀ိသေသ အလင်္ကာ - ချို့ငဲ့သော ဂုဏ်ရည်ကို ပြခြင်း
၁၉။ ရုဠာဟံကာရ အလင်္ကာ - ကြုံးဝါးခြင်း
၂၀။ သိသေသ အလင်္ကာ - အနက် ၂ မျိုးရအောင် ပြခြင်း
၂၁။ တုလျယောဂိကာ အလင်္ကာ - တူမတူ နှိုင်းယှဉ်ပြခြင
်း
၂၂။ နိဒဿန အလင်္ကာ - အကျိုးထူးကို ပြခြင်း
၂၃။ မဟန္တတ္တ အလင်္ကာ - ကြီးမြတ်သော အဖြစ်ကို ပြခြင်း
၂၄။ ၀ဉ္စနာ အလင်္ကာ - လှည့်ပတ်ပြောဆို
ခြင်း
၂၅။ အပ္ပကထုတိ အလင်္ကာ - မချီးမွမ်းလောက်
သည်ကို ချီးမွမ်းခြင်း
၂၆။ ဧကာဝဠိ အလင်္ကာ - အဆင့်ဆင့် ၀ိသေသန ဖြစ်ခြင်း ( အဆင့်ဆင့်အထူးပြ
ုခြင်း)
၂၇။ အညမည အလင်္ကာ - အချင်းချင်း ကျေးဇူးပြုခြင်း
၊ အချင်းချင်း မှီခိုခြင်း
၂၈။ သဟ၀ုတ္တိ အလင်္ကာ - အတူတကွဖြစ်ခြင်း
၂၉။ ၀ိရောဓိတာ အလင်္ကာ - ဆန့်ကျင်သည်ကို ပြခြင်း
၃၀။ ပရိဝုတ္တိ အလင်္ကာ - ဆန့်ကျင်သည်ကို ပြခြင်း
၃၁။ ဘမ အလင်္ကာ - အထင်မှားခြင်း
၃၂။ ဘာဝ အလင်္ကာ - သဘောကို ပြခြင်း
၃၃။ မိဿ အလင်္ကာ - ရောနှောခြင်း
၃၄။ အာသီသ အလင်္ကာ - တောင့်တခြင်း
၃၅။ ရသီ အလင်္ကာ - ရသရှိခြင်း


သုဗောဓာ လင်္ကာရကျမ်းမှာ ရူပကနဲ့ ဥပမာအလင်္ကာကို ၀င်္က၀ုတ္တိအလင်္ကာဆိုတဲ့ အဓိက အလင်္ကာအုပ်စုကြီးထဲမှာပဲ ပေါင်းထည့်လိုက်ပေမင့် သည်ဘက်ခေတ်ကို ရောက်တဲ့အခါမှာတော့ ၀င်္က၀ုတ္တိ ကိုသီးသန့်ပြန်ခွဲထုတ် အတိသယ၀ုတ္တိ၊ ရူပက၊ မြည်သံစွဲ၊ ဥပမာ စတာတွေနဲ့ ယှဉ်ပြီး အလင်္ကာ ၅ မျိုးပဲ ထားပါတော့တယ်...မြန်မာဘာသာမှာကလည်း အနှီ အလင်္ကာ ၅ မျိုးကပဲ ထင်ရှားတာကိုး...

အနှီတော့လည်း အလင်္ကာအကျယ် ၃၅ မျိုးခမျာ ကျောင်းသားတွေလက်ထဲရောက်တော့ ၅ မျိုးကျန်...အနှီ ၅ မျိုးကို ကျက်ကျူကေးရှင်းလိုက်လိုက်တော့ မြန်မာစာပေရဲ့ အဆင့်အတန်း အ၀ီစိဆိုက်ရောလို့ပဲ ဆိုကြပါစို့ရဲ့ ရဲဘော်များခင်ဗျား...။ ။

( ဟန်ကြည် ) 
https://m.facebook.com/hankyi.navistar
၁၃.၃..၂၀၁၇ ( တနင်္လာနေ့ )




Saturday, December 17, 2016

ဈေးကွက်ရှာမည့်.. အရောင်းသမားတို့ မမှားစေဖို့




 ဈေးကွက်ရှာမည့်.. အရောင်းသမားတို့ မမှားစေဖို့ ၊ Marketing  သမားတို့ လိုက်နာရမယ့် ကျင့်ဝတ် နှင့် စည်းကမ်း တချို့


The Engaging Leader




မိမိလုပ်ငန်း အတွက် အားကိုးရမဲ့ ခေါင်းဆောင်ကောင်းတွေကို  သေသေချာချာ ထိန်းသိမ်းထားနိုင်စေရန်  စည်းမျဉ်း (8 ) ချက်၊


Tuesday, November 15, 2016

ခွေးကလေးတွေရဲ့ အပြုအမူဆိုင်ရာပြဿ နာ (၁၀)မျိုး




ခွေးပိုင်ရှင်များ၊ခွေးချစ်တတ်သူများသိရှိစေဖို့ ခွေးကလေးတွေရဲ့ အပြုအမူဆိုင်ရာပြဿ     နာ (၁၀)မျိုး ကိုဖော်ပြထားပါသည်။


Tuesday, November 8, 2016

Facilitation skill ဟူသည်




-Facilitation skill ဟူသည် အဘယ်နည်း?
-ဆွေးနွေးပွဲ(သို့)အစည်းအဝေး တခု အဆင်ပြေချောမွေ့စေရန် ဘယ်လိုစီမံမလဲ၊ဘာတွေ လိုအပ်သလဲ?

Wednesday, September 7, 2016

ရာသီဖွားအဟော - မဟာဘုတ်ဗေဒင်ပညာ





မြန်မာ မဟာဘုတ်ဗေဒင်ပညာ

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ  ။ 
 ဥပမာ -မိမိဟာ ၁၃၅၀မွေးတယ်ဆိုပါတော့။ ၁၃၅၀ကို ၇နဲ့စားရင် ၆ကြွင်းတယ်(၁၃၅၀ ÷၇=၆) 
၆ကြွင်းကို ကြည့်လိုက်ပေါ့။

၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား ၊ 
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား   ။ 

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့..အောက်ကLinkကိုနှိပ်ပြီအင်္ဂလိပ်ခုနှစ်ကို မြန်မာခုနှစ်ပြောင်းပြီးကြည့်နိုင်ပါတယ်။ 
http://www.mmcalendar.com/



Tuesday, July 26, 2016

အလက်ဇန္ဒားဘုရင်ကြီးရဲ့ နောက်ဆုံးဆန္ဒ သုံးခု



ကမ္ဘာ့သမိုင်းကို သင်ဖူး လေ့လာဖူးသူတိုင်း ဂရိနိုင်ငံက အလက်ဇန္ဒားဘုရင်ကြီးအကြောင်းကို သိကြမှာပါ။ သူဟာ တိုက်ရည်ခိုက်ရည်ပြည့်ဝပြီး စစ်ရေးဗျူဟာ ကျွမ်းကျင်တာကြောင့် အီဂျစ်၊ ပါရှား၊ အိန္ဒိယအပါအဝင် ကမ္ဘာ့တိုက်ကြီး ၃ တိုက်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။


Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်