Friday, August 30, 2013

လေ အလွင့် စိတ် အလွင့်



သက်စွန့်ဆံဖျား ရွက်လွှင့်ခဲ့ရတာ
တော်ရာမှာ ပျော်သလိုသာနေ
ကံကြမ္မာကို ကျိန်ဆဲပြီး

ဒီ ဂစ်တာအိုကြီး တဒေါင်ဒေါင် တီးနေရတာ
ယဉ်ကျေးမှုမတူရင် ခပ်ဝေးဝေးနေရုံပဲ
ကန္တာရထဲမှာ ညကိုပဲ မျှော်နေရတာ

မီးလောင်ဒဏ်ရာကို
ရှေးဦးသူနာပြုစုနည်းနဲ့ ကုသခဲ့ရတာ
ရူးချင်ယောင် မဆောင်ချင်နဲ့
ကိုယ့်ဇာတာနဲ့ကိုယ်ပဲ

လွတ်ရာကျွတ်ရာမှာ
လေချွန်နေလိုက်မယ်..........................၊။


ကြယ်ပန်းလူ 
လေလွင့်နေတဲ့လူ....နှစ်သက်မိသော ကဗျာ တပုဒ်

No comments:

Post a Comment