Tuesday, August 20, 2013
အချစ်.နဲ့ အမုန်း hate and love
LOVE
'ဟေ့... ရပ်လိုက်၊ ဘယ်သူလဲ'
'အချစ်ပါခင်ဗျာ'
'ဘယ်ကအချစ်လဲ'
'နှလုံးသားမြို့နယ်ကအချစ်ပါ'
'မှတ်ပုံတင်ပါသလား'
'မေတ္တာကောင်စီကထောက်ခံစာပါပါတယ်'
'ဒါပေမယ့်... မင်းကိုရှာဖွေရဦးမယ်'
'လက်နှက်ဆိုလို့ မဲ့ပြုံးလေးတစ်ခုတောင်
မပါပါဘူးခင်ဗျာ'
'ဘာကိစ္စလာတာလဲ'
'လက်ဆောင်တွေလာပို့တာပါ'
'ဘာလက်ဆောင်လဲ'
'သစ္စာတရားနဲ့ယုယမှုတွေပါခင်ဗျာ'
'ဒါဆိုရင်လည်းဝင်ခဲ့လေကွယ်'
HATE
'ဟေ့... ရပ်လိုက်၊ ဘယ်သူလဲ'
'ငါ... အမုန်းကွ'
'ဘယ်ကအမုန်းလဲ'
'အစိမ်းရောင်နယ်မြေက'
'မှတ်ပုံတင်ပါသလား'
'မပါဘူး၊ ရက်စက်မှုနဲ့ မျက်စောင်းတစ်ခုပဲ ပါတယ်'
'ဘာကိစ္စလဲ'
'လက်ဆောင်ပေးမလို့'
'ဘာလက်ဆောင်လဲ'
'မျက်ရည်''အို...မလိုချင်ဘူး၊ သွား... သွား'
'မလိုချင်လို့မရဘူး၊ မင်းကိုဝိုင်းမိထားပြီ၊
လက်မြှောက်လိုက်'
'ကျွန်တော့်ကိုချမ်းသာပေးပါခင်ဗျာ''မရဘူး၊ ဟေ့.. ဘာလို့ပြေးတာလဲ၊ ရပ်လိုက်'
'... ... ...'
'အမုန်းတဲ့ကွ... ပြေးနိုင်မှ လွတ်စေ့မနော်၊
လိုက်ဟ... လိုက်ဟ'
*****************************************
ဆရာ မင်းလူ ရဲ့ စိတ်ကူးစိတ်သန်းလေးကို သဘောကျမိလို့ပါ
No comments:
Post a Comment