Tuesday, August 19, 2014

သို့ . . . ကမ္ဘာမြေ



သို့ . . . ကမ္ဘာမြေ
သင်နေကောင်းရဲ့လား
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြားမှာ
သင့်အသက်ရှူသံတွေ ပါးဖျော့သွားသလိုပဲ
ကျန်းမာရေးကိုဂရုစိုက်ပါကမ္ဘာမြေ။

သင်ဝတ်ထားတဲ့ အင်္ကျီက
ဆွေးရိပြဲကျနေပြီ
အဲဒါ ဖာထေးဖို့တော်တော်ခက်တယ်
ခုထိလည်း ဘာအပ်နဲ့ချုပ်ရမလဲမသိသေးဘူး

သင့်ကိုယ်ပူချိန်က တော်တော်မြင့်နေပြီကမ္ဘာမြေ
ဆေးခန်းလေးဘာလေးလည်းပြပါဦး
ဆေးသောက်သင့်လည်းသောက် ဆေးထိုးသင့်လည်းထိုးပေါ့။

သင့်အသားအရည်ဟာ အရင်လိုမစိမ်းလန်းတော့ဘူး
တဖြည်းဖြည်းနဲ့ ကန္တာရဆန်လာတယ်
သင့်ကိုယ်ထဲကသွေးတွေလည်း
တဖြည်းဖြည်းခန်းခြောက်လာတယ်ကမ္ဘာမြေ
သင်အအေးမိနေသလား ။


ဖြစ်နိုင်တာပေါ့
သင့်ကိုယ်ထဲကပိုးမွှားတွေက သစ္စာမရှိကြဘူးလေ
အစာအဟာရ မျှတအောင်စားပါကမ္ဘာမြေ။
နွေးနွေးထွေးထွေးနေပါ
ကျန်းမာရေးလိုက်စားပါ
အိပ်ရေး၀၀အိပ်ပါ
ကျန်းမာရေးကိုဂရုစိုက်ပါ ကမ္ဘာမြေ။
ကမ္ဘာမြေ.သင် . . . နေကောင်းပါစေ။


ရေးသူ= ??



Saturday, August 16, 2014

ဆရာကြီး မြသန်းတင့်၏စာအုပ်များ


ဆရာကြီးမြသန်းတင့်၏  စာရေးခြင်းအတတ်ပညာအပါအ၀င်စာအုပ်ကောင်းများ၁၈အုပ်စုစည်းထားပါသည်၊

နှစ်သက်ရာ စာအုပ်နာမည်ကို နှိပ်ပြီး Download ပါ

  1. စာရေးခြင်းအတတ်ပညာ
  2. လူလေးသို့ပေးစာများ
  3. တိမ်းရှောင်သူ
  4. ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်
  5. ပီကာဆို၏ပဉ္စလက်မီးအိမ်
  6. မယာဘုံ
  7. လက်ဖက်ရည်ဆိုင်
  8. ဂျူပီတာဖိုက်
  9. လမင်းကိုထရံပေါက်မှချောင်း ကြည့်ခြင်း
  10. လာခြင်းကောင်းသောအရှင်
  11. ကြာညိုနံသင်းသောရေ၀တီမ
  12. ဧကရီဖွားစော
  13. မော်ဒန်ကဗျာနှင့်ပတ်သက်၍
  14. မှောင်မိုက်မှာငို
  15. မှော်ရုံတော်မှာမောလှပြီ
  16. ရေပွက်ပမာ သမိုင်းထဲကမန္တလေး၊ မန္တလေးထဲကသမိုင်း
  17. နှစ်တစ်ရာကမ္ဘာ့စုံထောက်ဝတ္ထုတိုများ-၃
  18. သြဂုတ်တစ္ဆေများနှင့် အခြားဝတ္ထုတိုများ


 docs.google.com မှာတင်ထားတဲ့စာအုပ်ကို Down နည်း





 

Friday, August 15, 2014