Wednesday, March 27, 2013

အတောင်ကျိုးနေတဲ့ ငှက်


အတောင်ကျိုးနေတဲ့ ငှက်မို့
လေဟုန်မှာ
တောင်ပံဆန့်ခွင့်မရှိတော့ပေမယ့်
မြေပေါ်မှာ
လျှောက်လှမ်းလို့တော့  ရပါသေးတယ်ကွယ်
အဲဒီလိုပဲ
ငါ့အချစ်လှိုင်လုံးလေးတွေကလည်း
မင်းရင်ဘတ်ကမ်းခြေဆီ
ဘယ်တော့မှ  မရောက်နိုင်တော့ပေမယ့်

ကြိုးစားခွင့်လေးတော့  ရှိချင်ပါသေးတယ် ချစ်ရသူရယ် …….
.
 
အချစ်ငှက်(မန်း)


No comments:

Post a Comment