Sunday, June 22, 2014

အစစ်နဲ့အတု




နုပျိုခြင်းဟာ အစစ်မဟုတ်ဘူး
ရင့်ရော်ခြင်းရဲ့ ငယ်ဘ၀ဖြစ်တယ် ။

 သန်စွမ်းခြင်းဟာ အစစ်မဟုတ်ဘူး
နာမကျန်းခြင်းရဲ့ ပုံပြင်တစ်ပုဒ်ဖြစ်တယ် ။

ချမ်းသာခြင်းဟာ အစစ်မဟုတ်ဘူး
ဆင်းရဲခြင်းရဲ့ အတုအယောင်ဖြစ်တယ် ။

 အောင်မြင်ခြင်းဟာ အစစ်မဟုတ်ဘူး
ကျဆုံးခြင်းရဲ့ အရေပြားတစ်ခုဖြစ်တယ် ။

ရှင်သန်ခြင်းဟာ အစစ်မဟုတ်ဘူး
 သေဆုံးခြင်းရဲ့ မျက်နှာဖုံးတစ်ခုဖြစ်တယ် ။

တည်မြဲခြင်းဟာ အစစ်မဟုတ်ဘူး
မတည်မြဲခြင်းရဲ့ ကာလအခိုက်အတန့်ဖြစ်တယ် ။

 တကယ့်အစစ်ဆိုတာ
 ရပ်တည်မှုတစ်ခုပဲရှိခဲ့ အတုရဲ့အပယ်ခံနေရာမှာပေါ့ ။

 အစစ်ဆိုတာကို ရချင်ရင်
အချိန်တွေကို နှင်ခဲ့ရမယ် ခန္ဓာတွေကို ကျဉ်ခဲ့ရမယ်
အသိတွေကို ငင်ခဲ့ရမယ် တရားတွေကို ခင်မင်ခဲ့ရမယ် ။

 မှတ်ထားပါ................. လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ဆိုတာ စစ်ချင်ယောင်ဆောင်ထားတဲ့ အတုတွေသာဖြစ်ပြီး နိဗ္ဗာန်ရဲ့လိုက်ကာတစ်ခုသာဖြစ်တယ်ဆိုတာပါ ။




No comments:

Post a Comment