Wednesday, May 15, 2013

♥--အချစ်--♫


 

--အချစ်--
ချစ်တယ်။
နည်းနည်းလေးမှ အသားပဲ့ပါမသွားဘူး။
ဒါပေမယ့် တစ်ခုခုဆို ကိုယ့်မှာနာရတယ်။

-
-အချစ်-၂--
ချစ်တယ်။
ပြောပြီးစလစ်နံပါတ်တစ်
မြေပုတ်ခေါင်းပုတ်လို့သူမ ပြောတယ်။
သူမ ပုတ်လိုက်တဲ့ မြေကြီးဟာလည်း တုန်လို့။
သူမ ပုတ်လိုက်တဲ့ ကိုယ့်ခေါင်းကလည်း
တဆတ်ဆတ်ညိတ်လို့။

--အချစ် -၃--

ချစ်သူကခေါင်းလားပန်းလားမေးတဲ့အခါ
ခေါင်းကျရင် ခေါင်းညိတ်လိုက်
ပန်းကျရင် ပန်းပေးလိုက်
ကိုယ်ဟာ အပ်ခြည်ကြိုးတန်းလန်းနဲ့
မိုးပျံပူဖောင်းပေါ့ကွယ်။

--အချစ်-၄--
ဘာမှမပြောနဲ့။
ညီမလေးနဲ့ပတ်သက်လာရင်
အပ်ကျတာကအစ ချစ်တယ်


 Nay Paing




No comments:

Post a Comment