Friday, May 17, 2013

မြန်မာအသံထွက်ကိုengလိုရေးနည်း

internet သုံးတဲ့အခါမြန်မာဖောင့် မရှိတဲံအချိန်၊Eng လိုအစအဆုံးရေးပြောဖို့ကလဲ အစဉ်မပြေ မြန်မာလိုလဲ ရေးလို့မရ .တော့တစ်ယောက်နဲ့ တစ်ယောက် chat ဖို့ အခက်အခဲဖြစ်ရပါတယ်…
 အဲဒိအခါမှာ မြန်မာစကားကိုပဲ Engလိုရိုက်ပြီးပြောတာဟာ အစဉ်အပြေဆုံးနည်းလမ်းပါ..အများအခေါ် (မြန်းဂလိပ်) ပေါ့အဲဒိလိုရိုက်နိုင်ဖို့ စာလုံးတွဲစပ်နည်းတွေ သိထားရင် အသုံးဝင် လာနိုင်ပါတယ်
အောက်မှာ ဆက်လေ့လာပါ


မြန်မာဗျည်းသက်သက် (၃၂)လုံး က=K ခ=Kh ခ= K ဂ,ဃ=G င=Ng စ,ဆ=S ဇ,ဈ=Z ည=Ny ဋ,တ=T ထ,ဌ=Ht ထ,ဌ=T ဒ,ဓ,ဍ,ဎ=D န,ဏ=N ပ =P ဖ =Ph ဖ=P ဗ,ဘ=B မ=M ယ=Y ရ= R လ,ဋ္ဌ=L ၀=W သ=Th ဟ=H
ခွဲခြားသတ်မှတ်ရန် အင်္ဂလိပ် အက္ခရာ 26 လုံးတွင် A.E.I.O.U. အက္ခရာငါးလုံးကို (Vowel ) သရဟုခေါ်၍ ကျန် 21 လုံးသော အက္ခရာတို့ကို ( Consonant ) ဗျည်းဟုခေါ်ကြောင်း မှတ်သားထားပါ ။ ။

ဗျည်းတွဲ (၆) မျိုး
၁/ ဗျည်းတစ်လုံးနောက်မှ Y ဆက်ပေးလျှင် (ယပင့်) ယရစ်ဖြစ်၏…..
ပုံစံ ။ ky= က်.ၾက Py =ပ်.ျပ By=ဗ်.ျဗ Gy =ဂ် phy = ဖ် , ျဖ My = မ် ,ျမ
၂/ ဗျည်းတစ်လုံးနောက်မှ W ဆက်ပေးလျှင် (၀ဆွဲ )ဖြစ်၏
ပုံစံ ။ Kw =ကွ Khw =ခွ Gw ဂွ Sw = စွ.ဆွ Zw =ဇွ.ဈွ Lw=လွ Ng =ငွ Dw =ဒွ
၃/ ဗျည်းတစ်လုံးရှေ့မှ H ဆက်ပေးလျှင် (၀ဆွဲ ) ဖြစ်၏
ပုံစံ ။ Hng =ငှ Hny= ညှ Hn =နှ.ဏှ Hm=မှ
၎/ ဗျည်းတစ်လုံးနောက်မှ Yw ဆက်ပေးလျှင် ( ယပင့်ဝဆွဲ ) (ရရစ်ဝဆွဲ ) ဖြစ်၏
ပုံစံ ။ Kyw =ကျွ.ကြွ Pyw=ပြွ.ပျွ Myw= မျွ.မြွ
၅/ ဗျည်းရှေ့က H နှင့် ဗျည်းနောက်က Y ဆက်ပေးလျှင် (ယပင့်ဟထိုး) (ယရစ်ဟထိုး) ဖြစ်၏
ပုံစံ ။ Hmy=မျှ.မြှ Hly =လျှ
၆/ ဗျည်းရှေ့က H နှင့် ဗျည်းနောက်က W ဆက်ပေးလျှင်(ဟထိုးဝဆွဲ)ဖြစ်၏
ပုံစံ ။ Hnw=နွှ Hlw =လွှ Hmw =မွှ
မှတ်ချက်/ အထက်ပါနမူနာအတိုင်းပင် ယပင့် ရရစ် ဟထိုး ၀ဆွဲ ဖြစ်နိုင်သောဗျည်းများကို ပူးတွဲ လေ့ကျင့်ပါ။

ကာရန်သရများ

A=အ .အာ .အား I =အိ အီ အီး u =ဥ ဦ ဦး (ar =အာ အား) (ee = အီ အီး) (oo=ဦ ဦး ) e= အေ အေ့ အေး e= အဲ အဲ့ အယ် (ay-aye =အေ အေ့ အေး) (ai = အဲ အဲ့ အယ်) aw= အော့ အော် အော an = အံ အံ့ အက္ခရာအသတ်များ et =က် in= င့် it= စ် i,(ee)=ည် int=င့် an= န် . မ် ai(e)=ယ် at= တ် . ပ် ant = န် . မ် သရနှင့် အသတ်များ Eik = -ိတ် .-ိပ် (လုံးတင်တသတ် .လုံးတင်ပသတ်) ein = -ိန် -ိမ် (လုံးတင်နသတ် . လုံးတင်မသတ်) ok(oke)=-ုတ် -ုပ် (ချေင်းငင်တသတ် .ချောင်းငင်ပသတ် ) on;(one,ohn)=-ုန် -ုမ် (ချောင်းငင်နသတ် . ချောင်းငင်မသတ်) auk=ေ-ါက် (သဝေထိုးရေးချကသတ်) aung=ေ-ါင် (သဝေထိုးရေးချငသတ်) aik = -ိုက် (လုံးတင်ချောင်းငင်ကသတ်) aine,(aie)= -ိုင် (လုံးတင်ချောင်းငင် ငသတ်) o,(oe,oh)= -ို (လုံးတင်ချောင်းငင်) စာလုံးပေါင်းရေးခြင်း အထက်ပါဗျည်းသက်သက်များ ဗျည်းတွဲများနှင့် ကာရန် သရ အက္ခရာအသတ် သရအသတ် များကို မှတ်မိအောင်လေ့ကျက်ထားပါ။

လေ့ကျက်ပြီးနောက် ဗျည်းသက်သက် ဗျည်းတွဲများနောက်တွင် ကာရန်သရများကိုသော်၎င်း၊ အက္ခရာအသတ်များကိုသော်၎င်း ၊ သရနှင့်အသတ်များကိုသော်၎င်း ထား၍ရေးလျှင် မြန်မာသင်ပုန်းကြီးတစ်အုပ်လုံးပြီးတော့သည်။
အထူးသတိပြုရမည်မှာ က. ကာ . ကား သုံးလုံးသည် မြန်မာအသံတွင်တူသော်လည်း အင်္ဂလိပ်ဘာသာ၌ Ka တစ်လုံးတည်း ၊တစ်မျိုးတည်းဖြစ်ကြောင်း တွေ့ရမည် ။

ဤနည်းတူ မြန်မာမှာကွဲသော်လည်း အင်္ဂလိပ်၌တူနေသောတစ်ခြားစာလုံးပေါင်းများလည်း သတိပြုမိပါစေ။
အောက်မြစ်ရှေ့က ၀တ်ဆံပေါက်များအတွက် အထူးမရှိပေ။ အောက်မြစ်အတွက် T =တီကို အသတ်နောက်၌ထား၍ရေးပြထားသည် ။ ဗျည်း - ဗျည်းတွဲနှင့် သရပေါင်းပုံနမူနာ Ka=က ကာ ကား ki= ကိ ကီ ကီး ku =ကု ကူ ကူး ke=ကေ ကေ့ ကေး ke,=kai =ကဲ ကဲ့ kaw =ကော့ ကော် ကော kan =ကံ (kant =ကံ့) kya=ကျ ကျာ ကျား kyi =ကျိ ကျီ ကျီး kyu =ကျု ကျူ ကျူး kye= ကျေ့ ကျေ ကျေး kye,(kyai)=ကျဲ ကျဲ့ kyaw =ကျော ကျော့ ကျော် kyan =ကျံ ကျံ့ (kyant=ကျံ့ ) kwa = ကွ ကွာ ကွား kwai= ကွိ ကြီ ကြီး kwe=ကွေ့ ကွေ ကွေး kwe, (kwai) =ကွဲ ကွဲ့ kun=ကွံ ကွံ့ (kwan ဟုမရေးရ )

ဗျည်းနှင့် အသတ်ပေါင်းပုံ နမူနာ

Ket=ကတ် kin=ကင့် ကင် ကင်း (kint =ကင့် ) kit=ကစ် ki,(kee)=ကည် ကည့် ကည်း ket=ကတ် ကပ် kan = ကန့် ကန် ကန်း K(kant=ကန့် ကမ်) kai ,(ke)=ကယ် ကယ့် kyet=ကြက် kyin= ကြင် ကြင့် ကြင်း (kyint=ကြင့်) kyit=ကြစ် kyi,(kyee)=ကြည့် ကြည် ကြည်း kyat=ကြတ် ကြပ် kyan=ကြန် ကြန့် ကြန်း ၊ ကြမ် ကြမ့် ကြမ်း K(kyant=ကြန့် ကြမ့်) kyai.(key)=ကြယ် ကြယ် ။

ဗျည်းနှင့် သရအသတ်ပေါင်းပုံ နမူနာ

Keik=ကိတ် ကိပ် kein= ကိန် ကိန့် ကိန်း ၊ကိမ် ကိမ့် ကိမ်း Keint=ကိန့် ကိမ် kok,(koke)=ကုတ် ကုပ် kon, (kone,kohn)=ကုန် ကုန့် ကုန်း ကုမ် ကုမ့် ကုမ်း kont= ကုန့် ၊ ကုမ့် kauk=ကောက် kaung=ကောင် ကောင့် ကောင်း kaik= ကိုက် kaing,(kine)=ကိုင် ကိုင့် ကိုင်း ko,(koe)= ကို ကို့ ကိုး kyeia=ကြိတ် ကြိပ် kyein= ကြိန် ကြိန့် ကြိန်း .ကြိမ် ကြိမ့် ကြိမ်း (kyeint=ကြိန့် ကြိမ့် ) Kyok,(kyoke) =ကြုတ် ကြုပ် Kyon,(kyone,kyohn)=ကြုန် ကြုန့် ကြုန်း ၊ ကြုမ် ကြုမ့် ကြုမ်း (Kyont=ကြုန့် ကြုမ်) Kyaik= ကြိုက် Kyaing,(kyine) ကြိုင် ကြိုင့် ကြိုင်း Kyo,(kyoe)ကြို ကြို့ ကြိုး ။
အမှာ။ ။ အထက်ပါ နမူနာများတွင် K= ကနေရာတွင် အခြားဗျည်းများထည့်ရေးပါက သင်ပုန်းကြီး တစ်အုပ်လုံးပြီးတော့သည်။

အထူး။ ။
(က) ချ ၊ခြ ကို khy ဖြင့်မရေးရ ၊ Ch ဖြင့်ရေးရမည်။
(ခ)ယှ၊ရှကို Hy,Hr ဖြင့်မရေးရ၊ Sh ဖြင့်ရေးရမည်။
(ဂ)၀ဆွဲနသတ် အတွက် Ur ကိုသုံးရမည်။ ( ထွန်း ) ကို Tun ဟုရေးရမည် ။ Twan ဟုမရေးရပါ။
(ဃ) ၀ဆွဲတသတ်ကို Ut ဖြင့်ရေးရမည်။ (ထွတ်)ကို Hut ဟုရေးရမည်၊ Twat ဟုမရေးရ။
(င) ထ=Ht အစား T တစ်လုံးတည်းဖြင့်လည်း ရေးသားကြသည်။
ဥပမာ - မောင်ထင် Mg Tin ။ ဦးဖေ =U Pe စသည်ဖြင့် ရေးသားကြသည်။ Kh အစား K တစ်လုံးတည်းရေးသားကြသည်။
ဥပမာ- Ma Kin =မခင်

အထူးမှတ်ရန် ။ ။ မြန်မာဘာသာတွင် စာရေးအမှန် စာဖတ်အသံ ဟုဆိုသည့်အတိုင်း ရေးသောအခါ သတ်ပုံမှန်အောင်ရေး၍ ဖတ်သောအခါ အသံကို အများဖတ်နေကျ အသံအတိုင်း ဖတ်ကြရလေသည်။
ဥပမာ ။ ။ ညောင်းလေးပင် …..ကို ညောင်လေးဘင် ဟုဖတ်၍ ရေကျော်….ကို ရေဂျော် ဟုဖတ်၏ မန္တလေး…ကို မန်းဒလေး ……………………………. ရွှေတိဂုံ….ကို ရွှေဒဂုံ................. ကြားတောရလမ်း….ကို ဂျားတောရ လမ်းဟုဖတ်၏ ။
သို့ရာတွင် အထက်ပါ နာမည်များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသောအခါ သတ်ပုံအမှန်ကို မကြည့်ဘဲ အသံထွက်အတိုင်း(၀ါ) ဖတ်သည့်ပြောသည့် အသံအတိုင်းလိုက်၍ ရေးရကြောင်း အထူးသတိပြုရပေမည် ။
ဥပမာ ။ ။ ညောင်လေးပင်…………. Nyaunglebib ရေကျော် …………Yegyaw မန္တလေး………….Mandalay ရွှေတိဂုံ ……………………….Shwedagon ကြားတောရလမ်း……………Gyatawya Street စသည်ဖြင့် သတ်ပုံမလိုက်ပဲ အသံကိုလိုက်၍ ရေးရလေသည်။ ။

မြန်မာနာမည်ရေးနည်း

၁ ။ မြန်မာလူနာမည်များကို ရေးရာ၌ အသံထွက်သောစာလုံးတိုင်းကို Capital Latter ခေါ် စာလုံးကြီးဖြင့် စ၍ရေးရမည်။ စာလုံးပေါင်း တစ်ခုနှင့်တစ်ခု ဆက်မရေးရ။
ပုံစံ……Maung Thaung Lwin = မောင်သောင်းလွင် Ma Tin Yee = မတင်ရီ U Aye Maung = ဦးအေးမောင် Daw Mya Kyi = ဒေါ်မြကြည် Khin Soe Myint = ခင်စိုးမြင့် Ma Than Hlaing = မသန်းလှိုင်

၂ ။ ဘုန်းကြီးနှင့် သီလရှင် ဘွဲ့နာမည်များတွင် ရှေ့ဆုံးအက္ခရာ တစ်လုံးတည်းကိုသာ စာလုံးကြီးဖြင့်ရေး၍ တစ်ဆက်တည်း စာလုံးပေါင်းရပါမည်။
(လူကဲ့သို့ တစ်လုံးခြင်းမရေးရ မှားတတ်၏ ) ပုံစံ ။ ။ Ashin Thuman =အရှင်သုမန U Khemeida = ဦးခေမိန္ဒ ။ ဆရာတော် ဦးဥာဏ ( Ven U Nyana ကို Venerable …ဗင်း-န်ရ်ဘဲလ် ..ဟုပြောရဖတ်ရသည်။ ရိုသေလေးစားသော အားဖြင့် ဘုန်းကြီးဘွဲ့ရှေ့တွင် ထားရေးကြသည်။ Ashin Thawbana = အရှင်သောဘဏ Koyin Zawana =ကိုရင်ဇ၀န Daw Thilasari = ဒေါ်သီလစာရီ Ma Nyanawadi = မညာဏ၀တီ Ma Kinsana = မကဉ္စန Ma Kulawadi မကုလ၀တီ Daw Nyanasagi = ဒေါ်ဥာဏစာဂီ……..

 ၃။

ရာထူးအလုပ်အကိုင် တို့ကိုနာမည်ရှေ့ကထည့်၍ ခေါ်ဝေါ်ရေးသားသောအခါ ၎င်းရာထူး အလုပ်အကိုင်၏ အစဆုံးအက္ခရာတစ်လုံးကိုသာ စာလူံကြီးဖြင့်ရေးရ၍ တစ်ဆက်တည်းစာလုံးပေါင်းရသည်။
ပုံစံ။ ။Bogyoke Aung San =ဗိုလ်ချုပ်အောင်ဆန်း Sayama Ma Tin Yee=ဆရာမ မတင်ရီ Saya U Aye Maung =ဆရာဦးအေးမောင် Yebaw Kyaw Win =ရဲဘော်ကျော်ဝင်း Sayadaw U Zawtika= ဆရာတော် ဦးဇောတိက Phongyi U Khemeinda=ဘုန်းကြီး ဦးခေမိန္ဒ Ubazin U Nyana = ဦးပဇင်း ဦးဥာဏ Koyin Shin Kethara=ကိုရင်ရှင်ကေသရ မြီု့ရွာလမ်း အဆောက်အအုံ၏ အမည်များတွင် အစဆုံးအက္ခရာတစ်လုံးကိုသာ စာလုံးကြီးရေး၍ တဆက်တည်း စာလုံးပေါင်းရသည်။ အသံထွက်အတိုင်း စာလုံးပေါင်းရသည်။

ပုံစံ။ ။ Pyuntaza =ပြွန်တန်ဆာ Nyaunglebin= ညောင်လေးပင် Bago =ပဲခူး Yedashe= ရေတာရှည် Kanyutkwin=ကညွတ်ကွင်း Mandalay= မန္တလေး Seikpyangyi Village=ဆိတ်ပြန်ကြီးရွာ ရုံးကိစ္စ လျှောက်လွှာများတွင် လူနာမည် မြိှု့ရွာအမည်များကိုပုံနှိပ်စာလုံးကြီး သက်သက်ဖြင့်သာရေးကြလေသည်။

လျှောက်လွှာများ၌ ( In Block Letters) စာလုံးကြီး ဖြင့်သာရေးပါဟု အထူးမှာထားတတ်ကြသည်။
ပုံစံ။ ။ AUNG WIN MAUNG=အောင်ဝင်းမောင် MA MYA THAUNG =မမြသောင်း MAUNG SEIN WIN= မောင်စိန်ဝင်း MA TIN YEE =မတင်ရီ MANDALAY=မန္တလေး YANGON=ရန်ကုန် KYAUKSE=ကျောက်ဆည် THAZI=သာစည်


အသျှင်သုမန…၏…New Method English Grammar စာအုပ်မှ
ကျော်ကျော်( lamineiant@gmail.com)


No comments:

Post a Comment