Saturday, June 15, 2013

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်((သံဝေဂ တေးထပ် ))


လယ်တီဆရာတော်ဘုရာကြီး မှ  တပည့်ဖြစ်သူ မောင်သြဇာကို ဆုံးမသော သံဝေဂ တေးထပ်


ငါးအာရုံ ဘင်အစု၊
ခင်မှုနှင့် နေ့ကုန်၊
နင်ယခု မေ့ပုံလို၊
တွေ့မကြုံ စခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊
ခေါင်းမပြူ စတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာ ထင်အလင်းရယ်နှင့်၊
နင်အဖျင်း ပိုထက်သာ ပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဖို့ အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲကမှ မခဲချင်လျှင်၊
အလွဲ နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။


ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ရေးသားပြုစုသော လယ်တီ ဒီပနီဝိသောဓကမူ ဂမ္ဘီရ ကဗျာကျမ်း




No comments:

Post a Comment