Friday, September 6, 2013

နှင်း မရှိတဲ့ ဒီဇင်ဘာ

အလွမ်းဆိုတာ ခဏခဏပြန်ပြန်ကြည့်မိတဲ့
အနာရွတ်လေးတစ်ခုလိုပါပဲ

မနာကျင်ရတော့ပေမဲ့
ဒဏ်ရာကိုပြန်ကြည့်ပြီး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို သတိရလာမယ်..

တစ်ချိန်တုန်းကပေါ့
ဆောင်းရာသီဆိုတာ ချစ်သူရဲ့ပါးပြင်ရဲရဲလေးပေါ်မှာပဲရှိတယ်

ပန်းဆိုတာ ဟောဒီကျုပ်ရဲ့ရင်ထဲမှာပဲပွင့်တယ်

လမင်းဆိုတာ..ချစ်သူ ရှိနေသရွေ့
ကိုယ့်၇င်မှာ အမြဲ လင်းတယ်

ပြက္ခဒိန်တစ်ခုလုံးမှာ လည်း ချစ်သူအတွက်နေ့ရက်တွေချည်းပဲ........
.ဒါတွေဟာ....အတိတ်က ဖြစ်စဉ်တွေပါ..

'ဒီအချိန်မှာ
တမ်းတ လို့ လွမ်းမိလို့
မင်းကို ထာဝရ..မျှော်လင့်နေမိတယ်...

ဒါပေမဲ့.
မင်းလေးသိမှာပါ......
.နှင်း မရှိတဲ့ ဒီဇင်ဘာ ဟာ..ဘယ်လိုမှ..လှပနိုင်မှာ မဟုတ်ဘူးဆိုတာ...


 ...Zây Łïñ...


No comments:

Post a Comment