Sunday, October 6, 2013

ကြယ်ကြွေဆုတောင်း သူတို့တောင်း၏

ကောင်းကင်မှာ လင်းလက်
လမင်းကြီးကိုအလှဆင်ကာ..
ညအမှောင်မှာလည်းတောက်ပနေခဲ့
ကြယ်ကလေး တပွင့်

မတည်မြဲခြင်း..လောကနိယာမ
လွန်ဆန်မရ.
ကြွေကာကျ၏

ကြွေကျစဉ် အခိုက်

ကမ္ဘာမြေကို သူလှမ်းကာကြည့်
ဟိုမှာ လူသား
ထိုလူသား သည်
ငါ ကြွေသည်ကို
ဝမ်းနည်းခြင်းအလျဉ်းမရှိ
ဝမ်းသာစွာကြည့်
ပျော်ရွှင်နေကာ.
.ချစ်ရသူနဲ့ဆုံနိုင်ပါရစေ.
ကြယ်ကြွေဆုတောင်း သူတို့တောင်း၏

ထိုကြောင့် ကြယ်ကလေးစိတ်ထဲ သည်သို့တွေး၏

ငါ ပျောက်ကွယ်ရခြင်းက လူသားတွေရဲ့
တောင်းဆုကို ပြည့်မယ်ဆိုရင်ဖြင့်
ငါ့ဘ၀ကို အခါခါ စတေးလို့
အခါခါ ကြွေကျလို့ ပျောက်ကွယ်ချင်မိပါတော့သည်..



Zây Łïñ



No comments:

Post a Comment