Thursday, November 14, 2013

တိမ်အပြည့်နဲ့ မိုးခေါင်သူလေးဆီသို့


သူငယ်ချင်းဆိုတဲ့ ကြိုးတစ်ချောင်းနဲ့
နင် ငါ့ကို ကောင်းကောင်း ချည်သွားခဲ့ပြီ.

တိမ်အပြည့်နဲ့ မိုးခေါင်သူလေးရေ
ပန်းခြွေတဲ့ ရာဇ၀င်ကို နင် ပြင်ဆင်မှ ဖြစ်မှာပါ။

မတီးခတ်ရသေးတဲ့ စောင်းကြီးတွေမှာလည်း
ဂီတဟာ ခိုအောင်းနေတာပဲ။

ရေမလောင်းတဲ့ သစ်စေ့လေးဟာလည်း
ပန်းပွင့်တွေကို သိုဝှက်ထားမှာပဲ။

သူ ပြောချင်သလို ပြောပါစေတော့ကွယ်။

လွမ်းတတ်သူတို့ ဘာသာဘာဝ
နှုတ်ခမ်းကိုသာ ခပ်ဖွဖွ ကိုက်ထားလိုက်ရတယ်။





No comments:

Post a Comment