နားထောင်လေ့ရှိသော Ellie Goulding ၏ သီချင်းကောင်းတစ်ပုဒ် ..
Thursday, July 11, 2013
ငါ...........ငါ...........ငါ
နာကျင်မှုကို..ဆေးဆိုးထားတဲ့.
ပြာလဲ့လဲ..ကောင်းကင်ပြာကြီး.ရဲ.အကျည်းတန်မှုကိုဘယ်သူသိမှာလဲ..
ရနံသင်းနေတဲ့..ပန်းကလေးတို့ရဲ့ရှိုက်သံကို..
ဘယ်သူကြားနိုင်မလဲ...
သာယာတဲ့တေးသီသံ..နောက်ကွယ်က.ငှက်ကလေးတို့ရဲ့
ဝမ်းနည်းမှု တခုကို...ဘယ်သူနားဆင်နိုင်မှာလဲ..
ပျော်ရွှင်နေတဲ့ ငါ့ရုပ်သွင်..နောက်ကွယ်က..
နာကျင်စွာ...၀မ်းနည်းမှု
မျက်ရည်စတွေ ...ငိုကြွေးလိုက်တဲ့..ရှိုက်သံ နဲ့အတူ...
ချစ်သူ မင်းတစ်ယောက် ပျော်ရွှင်စေဖို့..
ငါ...........ငါ...........ငါ
ငါ မှော်ဝင်ပြဇာတ် တပုဒ် ကနေမိလေရဲ့................

Zây Łïñ
Wednesday, July 10, 2013
ပန်းချီလို့ပြောရင် ယုံမှမဟုတ်ဘူး
ရုပ်ရှင်ကြည့်သူတိုင်းသိကြမယ်ထင်ပါတယ်....ပင်လယ်ဓါးပြကြီး ဂျက်စပဲရိုး
အလွန် လက်ရာမြောက်လှပါတယ်...ပန်းချီဆရာ တကယ်လေးစားဖို့ကောင်းတယ်နော်
ကျွန်တော် ဇေလင်း တစ်ယောက်..ဒီလိုရေးဆွဲ နိုင်ဖို့ အချိန်တော်တော် ကြာကြိုးစားယူရအုံးမယ်..
ဒီပုံ ကို ရေးဆွဲခဲ့တဲ့ video အောက်မှာ ကြည့်ရှုပါ
အလွန် လက်ရာမြောက်လှပါတယ်...ပန်းချီဆရာ တကယ်လေးစားဖို့ကောင်းတယ်နော်
ကျွန်တော် ဇေလင်း တစ်ယောက်..ဒီလိုရေးဆွဲ နိုင်ဖို့ အချိန်တော်တော် ကြာကြိုးစားယူရအုံးမယ်..
ဒီပုံ ကို ရေးဆွဲခဲ့တဲ့ video အောက်မှာ ကြည့်ရှုပါ
Tuesday, July 9, 2013
အပြုံးက လူကို ဘယ်လိုအကျိုးပြုသလဲ
ပြုံးပါ
ပြုံးပြုံးလေးနေတာက သင့်ကို ပုံမှန်ထက် ပိုတောက်စေတဲ့အပြင် သင့်ခန္ဓာကိုယ်ကိုလည်း ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ အပြုံးကြောင့် သင့်ကျန်းမာရေး ကို ကောင်းမွန်စေသလိုဖိစီးမှုအဆင့်ကို လျော့ကျကာ ဆွဲဆောင်မှုရှိစေပါတယ်။
(၁) အပြုံးက သင့်ကို ဆွဲဆောင်မှုရှိစေ ပါတယ်
လူတွေကို ပြုံးနေတဲ့ပုံဆွဲလိုက်တဲ့အခါ တည်တဲ့ပုံတွေ ထက် ပိုပြီးဆွဲဆောင်မှုရှိတာကို လေ့လာမှုတွေအရ သိရ ပါတယ်။ မျက်မှောင်ကြုတ်တာ၊မျက်စောင်းထိုးတာ စတဲ့ အပြုအမူတွေက မျက်နှာကို ရှိရင်းစွဲ အသက်ထက် ပိုရင့် သလို ဖြစ်စေကာ ပြုံးတာက ငယ်နုတဲ့အသွင်ရစေတာကြောင့်ပါ။
(၂) အပြုံးက စိတ်ကိုပြောင်းစေနိုင်တယ်
နောက်တစ်ခါ သင်စိတ်ဓာတ်ကျနေရင် ပြုံးနိုင်အောင် ကြိုးစားပြီး ပြုံးကြည့်လိုက်ပါ။ စိတ်ခံစားမှုက အကောင်းဘက်ကို ပြောင်းလဲသွားပါလိမ့်မယ်။ ပြုံးတာက စိတ်ကို ပြောင်းလဲစေတဲ့ လှည့်ကွက်တစ်ခုပါပဲ။
(၃) အပြုံးက ကူးစက်တတ်ပါတယ်
လူတစ်ယောက်က ပြုံးနေရင် အဲဒီအခန်းက လင်းနေသလိုပဲ တခြားလူတွေရဲ့စိတ်ကိုပါ ပျော်ရွှင်လာစေပါ တယ်။ ပြုံးနေတဲ့သူဟာ တခြားလူတွေဆီ ပျော်ရွှင်မှုကို သယ်ဆောင်လာတာပါ။
(၄) အပြုံးက စိတ်ဖိစီးမှုကို သက်သာစေပါတယ်
စိတ်ဖိစီးမှုဖြစ်နေရင် မျက်နှာမှာပေါ်လွင်နေပါတယ်။ အဲဒီအချိန်မှာ ပြုံးလိုက်ရင် သင်ရဲ့ ပင်ပန်းစိတ်ဓာတ် ကျပြီး နွမ်းနယ်နေတဲ့ပုံပျောက်သွားပါလိမ့်မယ်။
(၅) အပြုံးက ကိုယ်ခံစွမ်းအားစနစ်ကိုမြင့်တက်စေပါတယ်
ပြုံးတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းကောင်းအလုပ်လုပ်အောင် ကူညီနိုင်ပါတယ်။
ပြုံးလိုက်တဲ့အခါ ခုခံအားဆိုင်ရာလုပ်ငန်းဆောင်တာတွေက ကောင်းမွန်သွားတာကြောင့် အပန်းပြေစေပါ တယ်။
(၆) အပြုံးက သွေးဖိအားကိုလျော့ကျစေပါတယ်
ပြုံးလိုက်တဲ့အခါ သွေးဖိအားက သိသိသာသာလျော့ကျသွားပါတယ်။ အိမ်မှာ မိနစ်အနည်းငယ်ကြာထိုင်ပြီး
သွေးပေါင်တိုင်းကြည့်ပါ။ တစ်မိနစ်လောက်ပြုံးပြီး ပြုံးနေရင်းမှာပဲ သွေးပေါင်ထပ်တိုင်းကြည့်ပါ။ ခြားနားချက် ကို သင်တွေ့ရပါလိမ့်မယ်။
(၇) အပြုံးက ကောင်းတဲ့အရာတွေထွက်စေတယ်
လေ့လာမှုတွေအရ ပြုံးတာကြောင့် အန်ဒေါ်ဖင်၊ သဘာဝ အကိုက်အခဲပျောက်ဆေးနဲ့ ဆီရိုတိုနင်စတဲ့
ကောင်းတဲ့ဓာတ်တွေ ထွက်ရှိလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြုံးတာကို သဘာဝဆေးဝါး တစ်လက် လို့ ဆိုကြတာပါ။
(၈) အပြုံးက မျက်နှာကို ပင့်တင်ပေးပြီး နုပျိုစေပါတယ်
ပြုံးလိုက်တဲ့အခါမှာ ကျွန်မတို့သုံးလိုက်တဲ့ ကြွက်သားတွေက မျက်နှာကို ပင့်တင်ပေးလိုက်သလိုဖြစ်စေတာ
ကြောင့် ပိုနုပျိုတဲ့ ပုံဖြစ်သွားစေပါတယ်။
(၉) အပြုံးက အောင်မြင်သူတစ်ဦးလို ထင်ရစေတယ်
ပြုံးနေတဲ့သူတွေကို ကြည့်ရတာ ယုံကြည်မှုပိုရှိတဲ့ဟန်ပေါက်စေပြီး လုပ်ငန်းကိစ္စတွေမှာ စိတ်ချရတဲ့ပုံပေါက်
စေပါတယ်။ အစည်းအဝေးတွေနဲ့ အရေးကြီးတဲ့ တွေ့ဆုံမှုတွေမှာ များများပြုံးလိုက်ပါ။ အရင်နဲ့မတူတဲ့တုံ့ပြန် မှုကို ရရှိလာပါလိမ့်မယ်။
(၁၀) အပြုံးက အကောင်းမြင်စေပါတယ်
ပြုံးပြုံးလေးနေရင်း တစ်ခုခုကို အဆိုးဘက်က တွေးကြည့်ဖို့ မလွယ်ပါဘူး။ သင်ပြုံးလိုက်တဲ့အခါမှာ ဦးနှောက် ဆီကို “ဘ၀က နေပျော်စရာကောင်းတယ်” ဆိုတဲ့ သတင်းပေးပို့မှု ရောက်ရှိသွားတာကြောင့် ဖြစ်ပါတယ်။
ပြုံးပြုံးလေးနေရင်း စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ ပူပင်သောကတွေကို ဖယ်ရှားလိုက်ပါ။
Saturday, July 6, 2013
ဘလော့အတွက် အပေါ်သို့ဆိုတဲ့ မျှားထည့်နည်း
Blog မှာ အပေါ် သို့ ဆိုတဲ့ မျှားထည့်နည်း ဖြစ်ပါတယ်..
ယခုနည်းက...Blogအပေါ်ဆုံးရောက်နေရင်..အဲ့ဒီမျှားလေးဟာပျောက်နေတတ်ပြီး.Blog အောက်ကိုဆင်းမှသာပေါ်လာတာမျိုးလေးပါ..ကျွန်တော့်Blogမှာလည်းယခုနည်းလမ်းအတိုင်းအသုံးပြုထားပါသည်၊.
ဆက်ကြည့်ရန်
Blog မှာ Facebook Comment Box ထည့်နည်း
Blog မှာ Facebook Comment Box ထည့်နည်း ဖြစ်ပါတယ်...မိမိ Blog မှာ Facebook ကသူငယ်ချင်းများက ဝေဖန်၊အကြံပြုနိုင်အောင် ကျွန်တော် ဒီနည်းကို ထည့်သွင်းထားပါတယ်.
ပြုလုပ်နည်း
Facebook ကိုအရင် Sign in လုပ်ထားပါ။Blog ကိုဝင် Layout ကိုသွား AddGadget>>HTML/JavaScript ကိုကလစ်ပြီး အောက်ကကုတ်ကိုထည့်လိုက်ပါ
<div id="fb-root"></div><script src="http://connect.facebook.net/en_US/all.js#appId=140582962655888&xfbml=1"></script><fb:comments href="http://patheinzaylin1994.blogspot.com//" num_posts="5" width="1000px"></fb:comments>
http://patheinzaylin1994.blogspot.com/ နေရာ မှာ မိမိတို့ ဘလော့လိပ်စာ(Url)ကိုထည့်ပြီး Save လိုက်ပါ။
အဆင်ပြေပါပြီ
Subscribe to:
Posts (Atom)






ဘလော့ကိုဝင်
Layout ကိုကလစ် "Add a Gadget"ကိုသွားပြီး "HTML/JavaScript ကိုကလစ်ပြီး အပေါ်က ကုတ်ကို
ကော်ပီယူ ပြီး Save ပါ
။ BUTTON URL ဆိုတဲ့နေရာ မိမိ နှစ်သက် ရာအောက်က ပုံလင့်ကို ယူပြီးထည့်ပါ
width= height 50 ကိုကြိုက်ရာ အရွယ်အစား ပြောင်းနိုင်သည်။ BUTTON 1:
BUTTON 1 URL
BUTTON 2:
BUTTON 2 URL
BUTTON 3:
BUTTON 3 URL
BUTTON 4:
BUTTON 4 URL
BUTTON 5:
BUTTON 5 URL
BUTTON 6:
BUTTON 6 URL
BUTTON 7:
BUTTON 7 URL
BUTTON 8:
BUTTON 8 URL
BUTTON 9:
BUTTON 9 URL
BUTTON 10:
BUTTON 10 URL
BUTTON 11 URL:
BUTTON 11 URL