ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..
Showing posts with label စိတ်နေသဘောထား. Show all posts
Showing posts with label စိတ်နေသဘောထား. Show all posts

Tuesday, September 8, 2015

သင့်လက် အမူအရာက ပြောတဲ့သင့်၏ စိတ်နေသဘောထား


1 - သင့်လက်နှစ်ဖက်ကို ဆုပ်ကိုင် ကြည့်ပါ
2- လက်ပိုက် ကြည့်ပါ...

 အထက်ဖော်ပြပါ ပုံများထဲမှာ သင်\ လက်ပိုက်ပုံ၊လက်ဆုပ်ကိုင်ပုံ နှင့် တူညီသည်ကို ရွေးပါ
။ပြီးနောက် သင့်၏ စိတ်နေသဘောထားကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။

Thursday, May 14, 2015

လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း။



လူတစ်ဦးစီမှာ မွေးရာပါ ပင်ကိုယ် `ဗီဇ´ လေးတွေ ပါလာတတ်ပါသည်။လူတစ်ယောက်၏ မွေးရာပါ ပင်ကိုယ်ဗီဇ.စရိုက်ကို အောက်ပါအတိုင်းတွက်ကြည့်နိုင်ပါသည်။အများအားဖြင့်မှန်ကန်သည်ကို တွေ့ရပါသည်။


Tuesday, May 12, 2015

သင့်လက်က ပြောတဲ့ သင့်အကြောင်း


ကိုယ့်ရဲ့ လက်ကလေးကို ကြည့်ပြီး ကိုယ်က ဘယ်လို လူမျိုးဖြစ်တယ်ဆိုတာ ကြည့်လိုက်ကြရအောင်ဗျာ..

(A)လက်သည်းကြွယ်ကလက်ညှိုးထက်ရှည်လျှင်၊သင်ဟာ ပျော်ပျော်နေတတ်ပြီးလူချစ်လူခင်ပေါများသောသူ

-အမြဲတမ်းသင့်ရဲ့ပတ်ဝန်းကျင်မှာသူငယ်ချင်း၊မိတ်ဆွေအပေါင်းအသင်းများရှိပြီးလူချစ်လူခင်ပေါများပါလိမ့်မယ်။
-ဒါပေမဲ့တခါတလေအရိပ်အခြေကိုမကြည့်တတ်လို့အဆူခံရတတ်ပင်မဲ့လည်းသင်ကတော့ရည်ရွယ်ပြီးလုပ်တဲ့ကိစ္စတော့မဟုတ်ပါ။
-ပြသာနာကို ဖြေရှင်းရာတွင် ကျွမ်းကျင်ပြီး အင်ဂျင်နီယာ၊ ပညာရှင်တွေ ဖြစ်ပါလိမ့်မယ်။

(B)
လက်ခလယ်ပြီးလျှင်ဒုတိယအရှည်ဆုံးကလက်ညှိုးဖြစ်သောသူဟာ၊အမြဲတမ်းယုံကြည်မှုအပြည့်ရှိပြီးလူအများ၏အားကိုးလေးစားခြင်းကိုခံရသူ


-အမြဲတမ်းမိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိပြီးဘာအလုပ်မဆို နောက်လှည့်ကြည့်စရာမလိုအားလုံးကိုပြီးမြောက်အောင်မြင်အောင်လုပ်ပေးသူ
-အများနဲ့ပူးပေါင်းဆောင်ရွက်တာထက် တစ်ယောက်တည်းလုပ်ရတာကို သဘောကျသူ။
-အလုပ်တွင် အာရုံစိုက်နေချိန်မှာ အနှောက်အယှက်ပေးလျှင် အလွန် စိတ်ဆိုးတတ်သူ။
- သူရဲ့လုပ်ကိုင်ပုံအတိုင်း ခွင့်ပြုပေးထားလျှင် အားလုံး အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။
- လက်ရှိအခြေအနေအပေါ်မှာ ကျေနပ်ခြင်းမရှိပဲ ဒီထက်ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ရှိသူ။

(C)လက်သည်းကြွယ်နဲ့လက်ညှိုးကအရွယ်တူနေလျှင်၊ပြသာနာကိုမေ့ထားပြီးငြိမ်းချမ်ရေးကိုအလေးထားသူ

- လူအများကို တည့်အောင်ပေါင်းနိုင်ပြီး ရန်ဖြစ်ခြင်းကို မုန်းသောသူ။
- တတ်နိုင်ရင် အေးအေးဆေးဆေးပဲနေချင်တယ်။
-ဒါပင်မဲ့ သူစိတ်တိုရင်တော့ ကြောက်စရာကောင်းတာကြောင့် သတိထားပါ။


http://chelmo.tips  ( Credit. tabi-labo )



Sunday, January 4, 2015

၃ ဂဏန်းသမား များ၏ စိတ်နေသဘောထား

မည်သည့်လတွင်မဆိုသင့်၏ မွေးရက်သည်(၃,၁၂,၂၁,၃၀) ဖြစ်မှုဂဏန်းသမား ဖြစ်သည်။ယခုဖော်ပြမည်ကဂဏန်းသမားများ၏စိတ်နေသဘောထားများ ဖြစ်ပါသည်။ အောက်မှာဆက်လက်ဖတ်ရှုပါ။

(၃)ဂဏန်းသမားများအကြောင်း တစေ့တစောင်း


Saturday, January 3, 2015

၂ ဂဏန်းသမား များ၏ စိတ်နေသဘောထား

မည်သည့်လတွင်မဆိုသင့်၏ မွေးရက်သည်(  (၂,၁၁,၂၀,၂၉)) ဖြစ်မှုဂဏန်းသမား ဖြစ်သည်။ယခုဖော်ပြမည်ကဂဏန်းသမားများ၏စိတ်နေသဘောထားများ ဖြစ်ပါသည်။ အောက်မှာဆက်လက်ဖတ်ရှုပါ။

(၂)ဂဏန်းသမားများအကြောင်း တစေ့တစောင်း



Friday, January 2, 2015

၁ ဂဏန်းသမား များ၏ စိတ်နေသဘောထား


မည်သည့်လ တွင် မဆို သင့်၏ မွေးရက်သည် (  ၁,၁ဝ,၁၉,၂၈ ) ဖြစ်မှု   ဂဏန်းသမား ဖြစ်သည်။
ယခုဖော်ပြမည်က ဂဏန်းသမား များ၏ စိတ်နေသဘောထား များ ဖြစ်ပါသည်။ အောက်မှာ ဆက်လက်ဖတ်ရှုပါ။

(1)ဂဏန်းသမားများ အကြောင်း တစေ့တစောင်း


Saturday, July 12, 2014

မွေးဖွားသည့် လရာသီအလိုက် ဒေါသကြီးပုံ



ဆယ့်နှစ်ရာသီခွင်အလိုက် ဒေါသဘယ်လောက်ကြီးတယ်ဆိုတာသိချင်တယ်ဆိုရင်ဆက်လက်ဖတ်ရှုကြည့်ပါ။



Aries March 21- April 20

ဒီကာလအတွင်း မွေးဖွားတဲ့သူတွေက စည်းကမ်းမရှိတဲ့၊ လေးစားချင်စရာမကောင်းတဲ့အပြုအမှုလောက် မုန်းတာမရှိပါဘူး။ ဒါပေမယ့် သူတပါးက စိန်ခေါ်တယ်ဆိုရင် ဒေါသထောင်းခနဲ ထလာတတ်တဲ့အကျင့်ရှိပါတယ်။ ဒေါသကို ချက်ချင်းထိန်းချုပ်ပေးမယ့်အရာ သို့မဟုတ် အခြားလူဘေးနားမှာ မရှိဘူးဆိုရင် ရက်စက်တဲ့လုပ်ရပ်တွေ လုပ်မိတတ်ကြပါတယ်။ ဒါပေမယ့်သေချာတာတစ်ခုကတော့ Aries မှာမွေးတဲ့သူတွေကို စိတ်ငြိမ်သွားအောင် ပြန်လုပ်ပေးဖို့ လွယ်ကူပါတယ်။ အဲဒါကြောင့် ဒီရက်တွင်းမှာ မွေးတဲ့လူတွေဟာ သူတစ်ပါးကို လွယ်လွယ်ကူကူခွင့်လွှတ်ပေးတတ်တဲ့သူတွေပဲဖြစ်ပါတယ်။

Monday, June 23, 2014

သင်၏လက်သည်းကပြောတဲ့ သင့်အကြောင်း


သင့်၏လက်သည်းက ပြောသောသင့်၏အကြောင်းတစေ့တစောင်း။..သင့်၏စိတ်နေသဘောထားနှင့်လက်သည်းပုံစံများကပြောသောအကြောင်းအရာများတိုက်ဆိုင်မှူရှိ/မရှိ အောက်မှာဆက်ြ့ကည့်ပါ။

Wednesday, December 25, 2013

"သွေး " - စံဇာဏီဘို



  သွေးက ၄ မျိုးပဲရှိတယ်။

“အို” သွေးရှိတယ်။ တစ်ကမ္ဘာလုံးရဲ့ ၄၅% ရှိတယ်။

“အေ” သွေးရှိတယ်။ ကမ္ဘာ့ ၄၀%။

“ဘီ”က ၁၁%။

“အေဘီ”က ၄%။

အိုသွေးက ကမ္ဘာမှာ အရင့်ကျက်ဆုံးသွေး။ hunter တွေ၊ တိုက်မယ်၊ ခိုက်မယ်၊ အမဲလိုက်မယ်၊ ဖိုက်မယ်၊အငြိမ်မနေ လှုပ်ရှားနေမယ်။ ဒါ အိုသွေးသမားရဲ့ ဗီဇ။ သူက တကယ့်ကျောက်ခေတ်တုန်းကလူတွေရဲ့သွေး။ hunter တွေရဲ့သွေး။

အေသွေးကျတော့ အငြိမ်နေမယ်။ သမိုင်းဦးပုံပြင်လို။ လယ်တွေစိုက်မယ်။ ယဉ်ကျေးမှုတွေ ထူထောင်မယ်။ အုပ်ချုပ်ရေးတွေလုပ်မယ်။

ဘီသွေးကျတော့ သမိုင်းဦးခေတ်ကို ကျော်ပြီးတော့ ကုန်သွယ်ရေးရာခေတ်ကိုရောက်တယ်။ စီးပွားရှာမယ်။ ကုန်သွယ်မယ်။ အလုပ် လုပ်မယ်။

အေဘီသွေးက နောက်ဆုံးပေါ်သွေး။ အေဘီသွေးသမားတွေက New Age တွေ။ ကွန်ပျူတာတွေ၊ အီလက်ထရွန်းနစ်တွေ၊ မော်ဒန်Artတွေ တီထွင်တာ၊ လမ်းသစ်ကို ထွင်ပြီးဖောက်တာ။

အဲဒီအကြောင်းကို ဂျပန်က သိထားတယ်။ ၁၉၃၁ မှာ Imperial Army ကြီးကိုထူထောင်တဲ့အခါကျတော့ သွေးအုပ်စုတွေခွဲပြီးတော့ အို ကို ဖိုက်တာအုပ်စု၊ အေ ကို Admin အုပ်စု၊ ဘီအုပ်စုကို ထောက်ပို့ရေးကို ကိုင်ခိုင်းတယ်။ အေဘီအုပ်စုကို research လုပ်တာ၊ Propaganda လုပ်တာတို့၊ ဗျူဟာ Research လုပ်တာတို့၊ Strategic Researchတွေကို ကိုင်ခိုင်းပြီးတော့ Imperial Army ကို ဒုတိယကမ္ဘာစစ်ထဲ တွန်း သွင်းတာ။

စံဇာဏီဘို

Saturday, December 21, 2013

Personality - ကိုယ်ရည်ကိုယ်သွေး

Personality - ကိုယ်ရည်ကိုယ်သွေး..

Personality ဆိုတာ

လူတစ်ယောက်ရဲ့ ပြုမှုပြောဆိုပုံ (BEHAVIOUR)၊
ခံစားပုံ (FEELINGS)၊
တွေးခေါ်ပုံ (THINKING)၊
ခံယူပုံ (ACCEPTING) ၊
စိတ်ပိုင်းဆိုင်ရာလုပ်ခံစားပုံ (EMOTION)၊
လောကကိုသိမြင်ပုံ (PERCEPTION)၊
စိတ်သဘောထားပုံ(ATTITUDE)......စတဲ့စိတ်ပိုင်းဆိုင်ရာအကြောင်းတရားတွေအကုန်လုံးပေါင်းကိုဆိုလိုတာ
ဖြစ်ပါတယ်။


ကိုယ်ရည်ကိုယ်သွေး၊စိတ်ပညာနဲ့ပတ်သက်တဲ့လို့မှာလူတွေမှာအများဆုံးတွေ့ရတဲ့Personality နှစ်မျိုးရှိပါတယ်. လူအများစုမှာတွေ့နိုင်တဲ့ Personality ပုံစံနှစ်မျိုးကတော့

1) Extrovert (အပွင့်စိတ်/အပြင်စွဲ)
2) Introvert (အငုံစိတ်/ အတွင်းစွဲ) တို့ဖြစ်တယ်။

Extrovert (အပွင့်စိတ်/အပြင်စွဲ) ၏စရိုက်လက်က္ခဏာများ


• လက်တွေ့ကျကျလုပ်ဆောင်တတ် (အတွေးသမားမဟုတ်/စဉ်းစားသည်ကိုမကြိုက်)
• လောကကိုလက်တွေ့ ရင်ဆိုင်လို
• ပြင်ပအကြောင်းတရားကို ဦးတည်ပြုမှုပြောဆိုနေထိုင်တတ်
• တက်ကြွ
• အတွင်းစိတ်ကို ဝေဖန်ဆန်းစစ်ခြင်း မပြုနိုင်
• ဘ၀သည်အချက်အလက်ဆန်

အပွင့်စိတ်တို့၏ အားသာချက်များ

• ဘာလုပ်ရမည်ကို သိတတ်
• အခြေနေကို ရှင်းရှင်းလင်းလင်းမြင်တတ်
• လူဝင်ဆန့်
• စိုးရိမ်ပူပန်မူ မကြာရှည်တတ်
• တက်ကြွရှိ
• ဆုံးဖြတ်ကို အလွယ်တစ်ကူချနိုင်
• အမှားအမှန်ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းရှိ
• တိကျ၊ ပြတ်သား
• တဖြောင့်တည်းလုပ်တတ်

အပွင့်စိတ်တို့၏ အားနည်းချက်များ

• သက်တောင့်သက်သာနေလိုစိတ်များ
• အပြုအမှုအပြောအဆို ပေါ့ပျက်ပျက်ဆန်
• အပေါင်းသင်းမက်
• အယုံကြည်လွယ်
• ကိုယ့်ကိုယ်ကို အထင်ကြီးတတ်
• အရောဝင်လွန်း
• ကြီးကြပ်ကွပ်ကဲနိုင်စွမ်းနည်းပါးတတ်
• ကံစွပ်ကံငြားလုပ်လိုတတ်
• မိုက်ရူးရဲဆန်၊ ကမူးရှူးထိုးလုပ်လို
• တပွဲထိုး၊ တစ်ခါစားအလုပ်လုပ်တတ်
• အပျော်အပါးမက်၊ တိုးတက်မူနည်းပါး
• စာနာထောက်ထား၊ နည်းလည်မူနည်းပါးတတ်
• အသေးအဖွဲဂရုမထားတတ်
• အမျှော်အမြင်နည်း

Introvert (အငုံစိတ် စရိုက်များ)

• အတွေးသမား
• အရှက်အကြောက်ကြီးတတ်
• စိတ်ထိခိုက်လွယ်
• အာရုံခံထက်မြက်
• ဆက်ဆံရေး ပြေလည်မှုမရှိ
• စိတ်ကသိကအောက်ဖြစ်တတ်
• လူအများကြားတွင် မနေတတ်
• ပြင်ပလောကထက်
• စိတ်တွင်းဖြစ်ပေါ်မူကို အာရုံပိုထားတတ်
• ခံစားချက်များကို သိုသိပ်လွန်းတတ်
• တစ်ကိုယ်ရည်နေတတ်
• အတွေးများဖြင့် မျောလွင့်နေတတ်
• စိတ်ကူးယဉ်ကမ္ဘာတွင်နေတတ်သူ
• သံသယကြီးတတ်ကြ
• အလျော့ပေးလွယ်
• ဖိနှိပ်ချုပ်ထိမ်းမူလွန်ကဲ
• မိမိကိုယ်ကိုယုံကြည်မူအားနည်
• ဘာသိဘာသာနေတတ်

အငုံစိတ်ဖြစ်ရခြင်း

• ကလေးဘ၀ဆိုင်ရာ မလုံခြုံမူနှင့် မိဘ၏နွေးထွေးမူ
• ခံစားချက်ပိုင်းဆိုင်ရာ လုံခြုံမူနှင့် ကလေးဘ၀၏ အာရုံထက်မြက်မူ
• ဘ၀ကို အဆင်ပြေအောင်မြင်အောင် ရှင်သန်ပုံ
• စိတ်ထိခိုက်လွယ်လွန်းခြင်း
• မိမိအတ္တကာကွယ်မှု ယန္တရား (Self-defense Mechanism)
• ရုပ်ပိုင်းဆိုင်ရာ ရှောင်ခွာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ရှောင်ခွာခြင်း

အတွင်းစွဲနှင့် Self-defence Mechanism

ဘေးလူတို့၏ လှုံ့ဆော်မူကို အရေးမစိုက်ရန် မတုန်မလှုပ် ကျောက်ရုပ်သဖွယ်နေပြခြင်း၊ မိမိ၏ခံစားမှုများကို တုံးသွားအောင် ဟန်ဆောင်ပြုမူခြင်း တို့ကြောင့် မူလထက်မြက်မူစွမ်းအားများ ကျဆင်းသွားတတ်ကြ၊ အဆိုးရွှားဆုံးအဖြစ်၊ အရာရာကို လျစ်လျူရှုသည့် (Apathy) အဆင့်ရောက်သောအခါ ဘ၀တစ်ခုလုံး ထိခိုက်နိုင်။

အတွင်းစွဲနှင့် စိတ်ကူးယဉ်မှု

• စိတ်ကူးအယဉ်လွန်ကြ၊
• တန်ဖိုးရှိသောအချိန်များစွာကို စိတ်ကူးယဉ်ခြင်းဖြင့် ကုန်ဆုံးစေတတ်ကြ၊
• စိတ်ကူးအယဉ်လွန်ခြင်းကြောင့် Schizophrenia စိတ်ရောဂါကိုဖြစ်စေတတ်
• စိတ်ကူးယဉ်လိုခြင်းကြောင့် ပြဿနာများကို လက်တွေ့ကျကျမဖြေရှင်းလိုပဲ ရှောင်ပြေးလိုတတ်ကြ၊
• မူးယစ်ဆေးအသုံးပြုကာ၊ ရင်ဆိုင်နေရသော ပြဿနာများမှ ရှောင်ဖယ်လို
• စိတ်ကူးဖြင့်ပြီးပြည့်စုံမှုကိုရှာတတ်၍ လက်တွေ့မပြည့်စုံမှုများကို လက်မခံနိုင်ကြ
• တစ်ကိုယ်တည်း ဆိတ်ငြိမ်စွား သုံးသပ်စဉ်းစားသည့် အလေ့အထကို ပျိုးထောင်သင့်
•စိတ်ကိုလွတ်လပ်စွာကွန့်မြူးခွင့်ပေးသင်(တီထွင်ဖန်တီးနိုင်မူအစွမ်းမြင့်မားစေ၊စိတ်တင်းအားနှင့်ဖိအားများကို လျော့နည်းစေ)


--ရည်ညွန်း။ ။ ဒေါက်တာကျော်စိန်၊ ကိုယ်ရည်ကိုယ်သွေးစိတ်ပညာ။
- Clinical Personality Assessment Practical Approaches, Second Edition, James N. Butcher.
- The Continuity of Mind (Oxford Psychology), Michael Spivey.


ကိုယ်ရည်ကိုယ်သွေးနဲ့ပါတ်သက်ပြီး
ဖတ်မိ-မှတ်မိသမျှ- ရေးမှတ်ထားသောမှတ်စုစာအုပ်မှ့ ပြန်လည် ဖော်ပြချက် ဖြစ်ပါသည်။


The Concept of Self-Esteem and Estimating yourself

The Concept of Self-Esteem and Estimating yourself

Esteemဆိုတာလက်တင်ဘာသာစကားကဆင်းသက်လာတာဖြစ်ပြီးတန်ဖိုးအကဲဖြတ်ခြင်းလို့အဓိပ္ဗါယ်ရတယ်။ Self-Esteem ဆိုတာ to estimate yourself မိမိတန်ဖိုးကို အကဲဖြတ်ခြင်းလို့အဓိပ္ဗါယ်ရတယ်။

မိမိကိုယ်ကိုယ် အကဲဖြတ်ဖို့ ကိုယ့်ကိုယ်ကို မေးခွန်းအချို့ ပြန်မေးရပါမယ်..... ဖြေကြည့်ပါ

၁) ကိုယ့်ကိုယ်ကို နှစ်သက်လက်ခံမှုရှိရဲ့ လား။
၂) လူကောင်းလူမွန်တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုလက်ခံလား။
၃)ကိုယ်ဟာအခြားတစ်ပါးသူတစ်ယောက်ယောက်ရဲ့ချစ်ခင်နှစ်သက်မေတ္တာထားခံရဖို့ထိုက်တန်သူအဖြစ်ယူဆသလား။
၎) ပျော်ရွှင်မှုတွေကို လိုလားသူ၊ နှစ်သက်သူ၊ ထိုက်တန်သူလို့ ယူဆရဲ့ လား။
၅) ကိုယ့်ကိုယ်ကိုယ် တစ်ကယ်ပဲ အဆင်ပြေသူ၊ ပြဿသ
နာရှိသူလို့ တစ်ကယ်ကိုပဲ အသိတရားအရကော၊ ခံစားချက်တွေအရမှာပါ လှိုက်လှိုက်လည်းလည်း လက်ခံရဲ့ လား။

Self-Esteem နည်းပါးတဲ့သူတွေ ဒီမေးခွန်းတွေကိုဖြေရာမှာ အခက်အခဲတွေရှိနိုင်တယ်။

Self-Esteemဆိုတာ

ကိုယ့်ရဲ့ တွေးနိုင်စွမ်း၊ဘ၀ရဲ့အခြေခံဖြစ်တဲ့ရင်ဆိုင်မှုတွေနဲ့၊စိတ်ခေါ်မှုတွေကိုဖြေရှင်းနိုင်စွမ်းတွေမှာယုံကြည်ချက်ရှိတာ၊
လူသားတစ်ယောက်အဖြစ်ကိုယ်နဲ့ထိုက်တန်တဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေကိုရရှိဖို့ကိုယ့်မှာရှိတဲ့အခွင့်အရေးကိုယုံကြည်မှု၊ကိုယ်ဟာကိုယ်အဖြစ်နဲ့တန်ဖိုးထိုက်တန်သူတစ်ယောက်ဖြစ်တယ်လို
့ယုံကြည်လက်ခံမှု၊ကိုယ့်ရဲ့လိုအပ်ချက်နဲ့လိုအင်ဆန္ဒတွေကို တောင်းဆိုဖြည့်ဆည်းနိုင်စွမ်း အပေါ်ယုံကြည်မှု၊ ကိုယ်ယုံကြည်ထားသော ဘ၀တန်ဖိုးများကို အောင်အောင်မြင်မြင်ရယူနိုင်စွမ်း၊ ကိုယ့်ရဲ့အားထုတ်မှုတိုင်းရဲ့ အသီးအပွင့်ရလာဒ်များကိုတန်ဖိုးထား နှစ်သက်လက်ခံပျော်ရွှင်နိုင်စွမ်း တွေအားလုံးပေါင်းကိုဆိုလိုတာဖြစ်တယ်လို့ ပညာရှင်တွေက ဖွင့်ဆိုကြပါတယ်။


Saturday, July 27, 2013

ရာသီခွင်အလိုက် အချစ်ဒဿနများ




Aries - March 21 - April 20
Taurus - April 21 - May 21
Gemini - May 22 - June 21
Cancer - June 22 - July 22
Leo - July 23 -August 21
Virgo - August 22 - September 23
Libra - September 24 - October 23
Scorpio - October 24 - November 22
Sagittarius - November 23 - December 22
Capricorn - December 23 - January 20
Aquarius - January 21 - February 19
Pisces - February 20- March 20

မိမိ တို့ မွေးတဲ့ လရာသီ အလိုက်.အချစ်ရေး နဲ့ ပတ်သက်ပြီး ဘယ်လိုရှိတယ် ဆိုတာ. ဖော်ပြထားပါတယ်

Sunday, June 2, 2013

မွေးနေ့မွေးရက် ကပြောသောသင့်ဧ။်အကျင့်စရိုက်

သင်၏ မွေးနေ.မွေးရက် ပြောသော သင်၏ အကြောင်းသီချင်လျှင် အောက်မှာ ဆက်ဖတ်ပါ

Sunday, May 19, 2013

အရောင်နှင်.ပတ်သတ်တဲ.စိတ်နေသဘောထား





အပြာရောင်


အပြာရောင်ကို နှစ်သက်တယ် ဆိုရင်အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ကိုယ့်ရဲစိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်... သူဟာ ပတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။

အနီရောင်


အနီရောင်ကို နှစ်သက်တယ် ဆိုရင် သူဟာထက်မြက်တဲ့ တောက်ပြောင်တဲ့အရည်အချင်းအရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။သူ့ရဲ့အနေအထိုင်အပြေအဆိုအပြုအမူတွေဟာသွက်လက်နေတယ်။ရမ္မက်တော့
 ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။ မဟုတ်ရင်တော့နည်းနည်းလေးမှကိုသည်းခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ရည်ရွယ်ချက်လည်းသူတို့က
မြင့်မြင့်မားမားစိတ်ကူးလေ့ရှိတယ်။စွန့်စားလုပ်ကိုင် ဆောင်ရွက်ရတဲ့အလုပ်ကိစ္စတွေကိုဝါသနာပါသူ ဖြစ်တယ်။ ဒါကြောင့်များသောအားဖြင့်ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။တော်လှန်တတ်တယ်။ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။

အဖြူရောင်

အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ရိုးသားတဲ့သဘောလည်းရှိတယ်။အဲဒီတော့အဖြူရောင်ကြိုက်သူတဲ့သူကတော့ အေးအေး
ချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်းမနေတတ်ဘူး။လူတွေနဲ့ဆက်ဆံတဲ့အခါတွေဆိုရင်လည်းဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ရှိတယ်။သူတွေးလိုက်ရင်လည်းရိုးရိုးရှင်းရှင်းပဲ တွေးတယ်။သစ္စာတရားကိုတန်ဖိုးထားတတ်
တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ်ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှုကို မြင်နေရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင်ချစ်တတ်တယ်။

အစိမ်းရောင်


အစိမ်းရောင်ကို နှစ်သက်တယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မယ်။ဂတိတည်မယ်။သစ္စာရှိတယ်။သူတပါးကို ကူညီတတ်တယ်။သိမ်မွေ့နူးညံ့မယ်။ ဒေါသဖြစ်ခဲတယ်။စိတ်ဆိုးခဲတယ်။ကိုယ့်ချစ်သူအပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်းမရှိဘူး။အုံပုန်းဆန်တာပေါ့။ ပတ်ဝန်းကျင်နဲ့ဆက်ဆံရေးကလည်းခပ်ကြဲကြဲပဲ။လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။

အနက်ရောင်

အနက်ရောင်ကို နှစ်သက်တယ်ဆိုရင် သွေးအေးတယ်။အရာရာကို လေးလေးနက်နက်သဘောထားပြီး
လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကိုယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့စိတ်ရှိတယ်။
ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်းအရူးအမူး ချစ်မယ့်သူပေါ့။

ခရမ်းရောင်


ခရမ်းရောင်ကို နှစ်သက်တယ်ဆိုရင်ဆွဲဆောင်မှု့တော့ရှိတယ်။ ပြဿနာတွေဘာတွေတော့မဖြစ်စေနဲ့။
ပြဿနာဖြစ်လာရင်တော့ ခေါင်းရှောင်သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ် လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့အရမ်းသိတတ်တယ်။ဘယ်လိုအခြေအနေပဲ ရောက်ရောက်ဘ၀တိုးတက်ဖို့အတွက်
ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်းစိတ်ဝင်စားလေ့ရှိတယ်။ နောက်ပြီးသူဟာအလှအပတို့အနုပညာတို့စာပေတို့ကိုလည်း
 မြတ်နိုးသူ ဖြစ်မယ်။ အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲအရမ်းယဉ်တတ်တယ်။လက်တွေ့မကျတဲ့အိပ်မက်ဆန်ဆန်စိတ်ကူးတွေလဲသူ့မှာအပြည့်ရှိတယ်။
နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။

လိမ္မော်ရောင်

လိမ္မော်ရောင်ကို နှစ်သက်တယ်ဆိုရင်အရာရာမှာတက်တက်ကြွကြွရှိမယ်။ နေတာထိုင်တာ ပြောတာဆိုတာ
ကအစ ပျော်ပျော်ရွှင်ရွှင် နေတတ်ထိုင်တတ်တယ်။ နောက်ပြီးစကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်
။လူတွေကသာသူ့ကိုဂရုစိုက်လို့ကတော့ သူကအရမ်းကြိုက်။ဒါပေမယ့်သူဟာဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ကြိုက်သလားမမေးနဲ့။ နေရာတကာမှာထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။အချစ်
ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ်။

အဝါရောင်


အ၀ါရောင်ကို နှစ်သက်တယ်ဆိုရင်အများအကျိုးကိုသယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။လူတွေကိုဘယ်လိုကူညီပေး၇မလဲဆိုတာကိုပဲစဉ်းစား နေလေ့ရှိတယ်။ လူ့ပတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့အကျင့်ရှိတယ်။အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမားရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဖြစ်ပါတယ်။



Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်