ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, January 13, 2014

အင်တာနက် အသုံးပြုခြင်းဆိုင်ရာ စာအုပ်များ-PDF


အင်တာနက်စတင်အသုံးပြုမည့်သူငယ်ချင်းများအတွက်များစွာအကျိုးရှိစေမည့်၊စာအုပ်များ ဖြစ်ပါသည်၊   အောက်မှာ Download ဆွဲယူ - လေ့လာပါ



 ၏လျှို့ဝှက်ချက်များ(ဇေယျာစံ)-PDF ►Download◄


အင်တာနက်အသုံးပြုနည်း
လမ်းညွှန်(မျိုးသူရ) -PDF     
►Download◄


အင်တာနက်မှရှာဖွေနည်း
များ-PDF                         
►Download◄




မှော်ဝင်မြို.



လေလွင့်နေတဲ့လူ

Friday, January 10, 2014

call of duty 4 ကွန်ပျူတာဂိမ်း Download




ကျွန်တော် အခုလက်ရှိ အင်တာနက်ကနေ Down ပြီး ကစားနေတဲ့ ကွန်ပျုတာ Game- call-of-duty-4

အဆိုပါဂိမ်းကို Gamer တော်တော်များများကတော့ ကစားဖူးကြမှာပါ ၊ ရုပ်ထွက် ကောင်းမွန်ပြီး  တကယ်တိုက်ပွဲ တခုရဲ့ ရသတွေကို အပြည့်အ၀ ခံစားသိရှိ ၊ ရရှိစေမှာပါ.................

Ps2 Game မှာလည်း
call-of-duty 1.2.3.4 ဆိုပြီး  နံပါတ်စဉ် လိုက်ထွက်ရှိအောင်မြင်ခဲ့ပါတယ်...

အခုကတော့ ကွန်ပျုတာ မှာ ကစားဖို့အတွက်ပါ- ဖိုင်ဆိုဒ်က 
1.37 GB  ရှိပါတယ်..
ကျွန်တော် ကစားကြည့်ပြီးပါပြီ... Error ကင်းရှင်းပါတယ်...အောက်မှာ Download ရယူပါ

Monday, January 6, 2014

၁၉၄၃ - ကမ္ဘာကျော်စမ်းသပ်မှု တခုအကြောင်း( ဖြစ်ရပ်မှန်)





ယုံကြည်ရန် ခက်ခဲလာသော ခေတ်ပေါ်နည်းပညာများ

အမေရိကန်ပြည်ထောင်စုတပ်မတော်တွင်အသုံးပြုရန်ရည်ရွယ်၍ထုတ်လုပ်နေသောကိုယ်ပျောက်ဝတ်စုံသည်
အောင်မြင်လုနီးပါးရှိနေပြီဟု သိရသည်။ တစ်စတစ်စ တိုးတက်လာသော သိပ္မံနည်းပညာများသည် ယုံကြည်ရန်ခက်ခဲလာသည်။ ရေဒီယို၊ တီဗီ၊ ဂြိုလ်တု၊ မောင်းသူမဲ့လေယာဉ်၊ ကွန်ပြူတာ အစရှိသည့် ခေတ်ပေါ်ကိရိယာများသည် အံ့ဖွယ်များပင်ဖြစ်သည်။ ယင်းကိရိယာများ မပေါ်ခင် ယင်းကိရိယာများ၏ အလုပ်လုပ်ပုံကိုပြောပြလျှင် မည်သူမျှ ယုံမည်မဟုတ်ပေ။ ကမ္ဘာတစ်ခြမ်းတစ်နေရာမှ ဖြစ်ပျက်နေသည်တို့ကိုရုပ်ရောအသံရောတစ်ပြိုင်နက်ကြားနိုင်မြင်နိုင်ရခြင်းသည်
ရှေးယခင် ခေတ်ကဆိုလျှင် သဘာဝလွန်စွမ်းအင်များကို ပိုင်ဆိုင်မှသာလျှင် ဖြစ်နိုင်မည်ဟုယူဆကြလိမ့်မည်။ ယခုအမေရိကန်တို့စမ်းသပ်နေသော ကိုယ်ပျောက်ကားများနှင့် ကိုယ်ပျောက်ဝတ်စုံတို့မှာ ဆန်းသည်ဟု ထင်ရသော်လည်း မဆန်းပါ။

လွန်ခဲ့သည် နှစ်ပေါင်း ၆၀ ခန့်ကပင် သင်္ဘောကြီးတစ်စီးလုံးကို ပျောက်အောင် ဖြောက်နိုင်ခဲ့သည်မှာလဲ အမှန်ပင်ဖြစ်သည်။

ဆက်ဖတ်ရန်


၁၉၄၃ - ကမ္ဘာကျော်စမ်းသပ်မှု၏ အစ  Philadephia Experiment



ထူးဆန်းသော ပညာရှင်ကြီး တက်စလာသည် ၁၉၄၃ ခုနှစ်တွင် စမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့သည်။ ထိုစမ်းသပ်မှုကို အစက လျို့ဝှက်ပြုလုပ်ခဲ့သော်လဲ စမ်းသပ်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူများမှ ပေါက်ကြားကာ ကမ္ဘာကျော်ခဲ့သော စမ်းသပ်မှုတစ်ခုဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် Philadephia Experiment အမည်နှင့်ပင် ရုပ်ရှင်ကားတစ်ကားထွက်ရှိခဲ့သည်။

Experiment စပြီ

မူလအစ ၁၉၃၆ ခုနှစ်ပိုင်းကတည်းကဤ စမ်းသပ်မှုကို တိရိစ္ဆာန်များဖြင့်စမ်းသပ်နေခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင်ကား ကမ္ဘာကျော် Philadephia Experiment ကို သင်္ဘောသား အစုံအလင်ဖြင့် USS Eldrige သင်္ဘောပေါ်တွင် စမ်းသပ်ခဲ့သည်။ သင်္ဘောသားများကို အသိမပေးပဲ ရုတ်တရက်
စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ စမ်းသပ်မှုစတင်လိုက်သည်နှင့် တစ်ပြိုင်နက် သင်္ဘောပေါ်တွင် တပ်ဆင်ထားသော ဂျင်နရေတာများ မီးလောင်ကျွမ်းသွားကာ ယင်းနှင့် ဆက်နွယ်နေသော ခလုပ်များအားလုံးပျက်စီးသွားခဲ့သည်။ သို့သော် သင်္ဘောကြီးများ မြင်ကွင်းမှ ဖြည်းဖြည်းခြင်းပျောက်ကွယ်သွားတော့သည်။ သင်္ဘောကြီးနှင့် သင်္ဘောပေါ်ရှိ အရာရှိရေတပ်ဖွဲ့ဝင်တို့သည် (၄) နာရီကြာမျှ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

အချို့သော ဖော်ပြချက်တို့တွင်အပြာရောင်အလင်းတန်းကြီးများလျှပ်တစ်ပြက်ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့သည်
ဟုဆိုသည်။ သင်္ဘောကြီးပျောက်ကွယ်သွားသည် နှင့်တစ်ပြိုင်နက် သင်္ဘာကြီးသည် (၃၇၅) မိုင် အကွာအဝေးတွင် တည်ရှိသော ဗားဂျီးနီးယားပြည်နယ်ရှိ နော်ဖော့(Norfolk) ရေတပ် အခြေစိုက်စခန်းတွင် သွားပေါ်နေသည်။ (၄) နာရီကြာသောအခါ ဖီလာဒဲဗီးယား စခန်း၌ပြန်ပေါ်လာသည်။

သင်္ဘောပတ်ပတ်လည်တွင်အစိမ်းရောင်မြူခိုးများရစ်ဝဲလျက်ရှိနေပြီးသင်္ဘောပေါ်တွင်ပါသွားသောသင်္ဘောသားအချို့လဲ
ပျောက်ဆုံးနေခဲ့သည်။ အချို့မှာ သင်္ဘောနံရံတွင် သံမဏိလွှာများနှင့် တွယ်ဆက် နစ်ဝင်နေခဲ့သည်။ အချို့မှာ မီးလောင်ကျွမ်းလျက်ရှိကာ အသက်ရှင်ကျန်သော သဘောင်္သားတို့မှာလဲ မှတ်ညဏ်များ ပျောက်ဆုံးနေကာ မိမိနာမည်ပင်မမှတ်မိတော့ချေ။ဤစမ်းသပ်မှုအားဖုံးကွယ်ရန်အမေရိကန်မှကြိုးစားခဲ့သော်လဲ နောက်ပိုင်းတွင် အတွင်းအရာရှိများမှ ပေါက်ကြားလာခဲ့သည်။ ထိုသင်္ဘောသည် အချိန်နှင့်ဟင်းလင်းပြင်ကို ဖြတ်ကာ အမှန်တကယ်ပင် ပျောက်ဆုံးသွားခဲ့ပြီး အခြားနေရာသို့ ရောက်ရှိနေခဲ့ပါသလား။ လူများမှာလဲ အဘယ့်ကြောင့်မှတ်ညဏ်ပျောက်ဆုံးခြင်းအပါအ၀င် အခြားဆိုးဝါးသည့် အဖြစ်အပျက်များစွာ အဘယ့်ကြောင့်ဖြစ်ခဲ့ရပါသနည်း။

Tesla သည် လူလော... ဂြိုလ်သားလော

တစ်စထက်တစ်စနာမည်ကြီးလာသော ထိုသတင်းကို အမေရိကန်အစိုးရက မည်သို့မျှ ဖုံးကွယ်၍မရတော့။ အမေရိကန်သည် Manhattan Project ခေါ် အနုမြူဗုံးစီမံကိန်းအား တိုးတိုးတိတ်တိတ် စမ်းသပ်ခဲ့ကာ ဟီရိုရှီးမားနှင့် နာဂါစကီ မြို့များပေါ် အမှန်တကယ် ကြဲချလိုက်မှသာလျှင် တစ်ကမ္ဘာလုံးမှ အံ့အားသင့်ခဲ့ရသည်။

ယခု ကိစ္စနှင့်ပတ်သက်၍လည်း ယုံကြည်နိုင်လောက်သော ထူးဆန်းသည့် သဲလွန်စများ တစ်စတစ်စ ပေါ်လာတော့သည်။ ၁၉၅၅ ခုနှစ်တွင် ဖြစ်သည်။ မောရစ်ကေဂျက်ဆပ်(Morris K. Jessup) ဆိုသော အပျော်တန်း နက္ခတ်ပညာရှင်တစ်ဦးထံ စာတစ်စောင် ရောက်လာသည်။ စာထဲတွင် ရေးသားသူသည် ထိုစမ်းသပ်မှု၏ မျက်မြင်သက်သေတစ်ဦးဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်ကို အနီးနားတွင်ရှိသောSSAndrewFurusethသဘောင်္ပေါ်မှအစအဆုံးမြင်တွေ့လိုက်ရကြောင်းရေးသားထားသည်။ ဂျက်ဆပ်ကထိုစမ်းသပ်မှုအားအသေးစိတ်သိလိုကြောင်းစာပြန်ပို့လိုက်သည်။ ပြန်စာမှာလအတော်ကြာမှ
ပြန်ရောက်လာခဲ့သည်။

သူပြန်ပြောသည်မှာသူ့အနေနှင့်ဂျက်ဆပ်မေးသည်ကိုတိုက်ရိုက်ပြန်မပြောနိုင်ကြောင်းမရေမရာ ပြန်လည်ဖြေထားခဲ့သည်။
စာထဲတွင်သူသည်ယခုကမ္ဘာပေါ်တွင်မဟုတ်ပဲအခြားဂြိုလ်တစ်ခု၌နေထိုင်နေပြီဖြစ်ကြောင်းလဲ ရေးသားထားသည်။ ဂျက်ဆပ်သည်အလွန်စိတ်အနှောက်အယှက်ဖြစ်ကာယင်းမှာသူ့အားအနှောက်အယှက်အနေနှင့်ဆက်သွယလာသူ တစ်ဦးသက်သက်ပင်ဖြစ်သည်ဟု ယူဆကာ အဆက်အသွယ်မလုပ်တော့ပေ။

ဂြိုလ်သားများလော.


ဂျက်ဆပ်သည် ယခင်က ပန်ကန်းပြားပျံများ အလုပ်လုပ်ပုံအကြောင်း စာတမ်းတစ်ခုပြုစုကာ The Case For UFOs အမည်နှင့် စာအုပ်တစ်အုပ် ထုတ်ဝေခဲ့ဖူးသည်။ ၁၉၅၇ ခုနှစ်နွေရာသီတွင် ဖြစ်သည်။ ဂျက်ဆပ် အတွက် အံ့အားသင့်ဖွယ် များ ထပ်ဖြစ်လာသည်။

ဂျက်ဆပ်၏ အလုပ်ဌာနသို့ ပါဆယ်တစ်ခုရောက်လာသည်။ အထုပ်ထဲတွင် သူ့၏ ပန်းကန်ပြားပျံအကြောင်းစာအုပ်ပါကာ ယင်းစာအုပ်စာမျက်နှာတိုင်းတွင်ရှိသော ဖော်ပြချက်များအား အလွန်အဆင့်အတန်းမြင့်လှသော ဝေဖန်ထောက်ပြချက်များကိုလက်ရေးမူဖြင့် ပြန်လည် ရေးသားထားသည်။

ရေးသားထားသည့် ပုံစံမှာလည်း လူ ၃ ယောက် အပြန်အလှန်စကားပြောနေသည့် ပုံစံရေးသားထားသည်။ လူတစ်ယောက်၏ လက်ရေးမှာလဲ Tesla ၏ လက်ရေးနှင့် အလွန်အင်မတန်ပင် ဆင်တူဖြစ်နေသည်ကို နောက်ပိုင်းတွင်တွေ့ရသည်။ ဤကမ္ဘာတွင် မဟုတ်ပဲ အခြားကမ္ဘာတွင် ရှိနေသည့် ပုံစံဖြင့် လက်ရေးမူ ၃ ခု ဖြစ်နေသည်။ ၄င်းတို့၏ မှတ်ချက်များမှာ အလွန်အဆင့်အတန်းမြင့်လှပြီး ဖီလာဒဲဗီးယာဒအဖြစ်အပြတ်နှင့် ပတ်သက်သော ဝေဖန်မှတ်ချက်ချမှုတို့မှာလဲ ထိုစဉ်ကပေါ်ပေါက်နေသော နည်းပညာများထက် မြင့်မားနေကြောင်းသိသာသည်။ ဂျက်လေယာဉ် concept ကို သွယ်ဝိုက်ချပြသွားသည် ကိုလဲ နောက်ပိုင်းမှ သိရသည်။

နောက်ဆုံး ၁၉၅၉ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့တွင်ကား ဂျက်ဆပ်သည် ထူးဆန်းစွာပင် အကြောင်းမသိရ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတော့သည်။

ဤစီမံကန်းကိုအမေရိကန်အစိုးရက၀န်ခံထားသည်။မအောင်မြင်ပါ၊သင်္ဘောလဲ ပျောက်မသွားပါဟု ဖြေရှင်းထားသည်။

သို့သော် ဂျက်ဆပ်ထံသို့ ရောက်ရှိလာသော စာများနှင့် ပတ်သက်၍ နှုတ်ပိတ်နေခဲ့ရသည်။ ဘာမှ မပြောနိုင်။ လက်ရေးမူ ၃ ခုတွင် တစ်ခုမှာ တက်စ်လာ၏ လက်ရေးနှင့် တူနေရသည်မှာလဲ အလွန်ထူးဆန်းသော အချက်ဖြစ်သည်။ တက်စ်လာမှာ ၁၉၄၃ ခုနှစ် တွင် သေဆုံးပြီးဖြစ်သည်။ မှတ်ဥာဏ်များ ပြောက်ကွယ်သွားသော သင်္ဘောသားတို့မှာလဲ အမှန်တကယ်ပင်ဖြစ်သည်။
ဤစီမံကိန်းသည် မည်သို့သော စီမံကိန်းဖြစ်သနည်း။

ကိုယ်ပျောက်ရန်အချက်

အမေရိကန် စစ်ဖက်ရေးရာများတွင် တာဝန်ထမ်းဆောင်နေသော ဒေါက်တာဖရန်ကလင်နိုက Unified Field Theory ကို တင်ပြထားသည်။ သီအိုရီကို အကြမ်းအားဖြင့်ပြောသော် ကမ္ဘာ့ဆွဲအားစက်ကွင်နှင့် လျှပ်စစ်သံလိုက်စက်ကွင်း တို့တစ်ခုနှင့်တစ်ခု အံဝင်ခွင်ကျ ပေါင်းစည်းနိုင်အောင် လုပ်နိုင်တဲ့ ကိရိယာကိုသာ ထုတ်နိုင်ခဲ့လျှင် အရာဝထ္ထုတစ်ခုကို ခြုံလွမ်းထားသော အလင်းများကို ယိုင်သွားစေပြီး ယင်းအရာဝထ္ထုသည် မြင်ကွင်းမှ ပျောက်ကွယ်သွားမည်ဖြစ်သည်။


၁၉၄၃ - ကမ္ဘာကျော်စမ်းသပ်မှု နှင့် ပတ်သက်သည့် ဓာတ်ပုံများ

...........................................
                                      


                          





Science Facts - Myanmar

Saturday, January 4, 2014

Shayne Ward ရဲ့ Breathless album


လူကြိုက်များသော သီချင်းတပုဒ်ဖြစ်သည့်  Until You သီချင်း- အဆိုရှင် Shayne Ward ၏ Breathless တေး album ဖြစ်ပါသည်၊၊ သီချင်း အေးအေးလေးတွေမို့ နားဆင်ခံစားကြည့်ပါအုံးခင်ဗျာ...


အောက်မှာ သီချင်းနာမည်ကို ကလစ်ပြီး Download ဆွဲယူ နားဆင်ပါ၊

+ ဆက်ကြည့်ရန် >>

1.  Breathless  - Shayne Ward
2.  You Make Me Wish  - Shayne Ward
3.  Damaged  - Shayne Ward
4.  If Thats OK With You  - Shayne Ward
5. Just Be Good To Me  - Shayne Ward
6.  Melt The Snow  - Shayne Ward
7.  No U Hang Up  - Shayne Ward
8. Some Tears Never Dry  - Shayne Ward
9.  Stand By Your Side  - Shayne Ward
10  Tangled Up  - Shayne Ward
11  Tell Him  - Shayne Ward
12  U Got Me So  - Shayne Ward
13  Until You  - Shayne Ward



www.zaylinthawtar1994.blogspot.com

လူငယ်အဆိုတော်- ဂျက်စတင်ဘီဘာ၏ Top Music 10


နာမည်ကျော်- လူငယ်အဆိုတော်- ဂျက်စတင်ဘီဘာ၏  အကျော်ကြားဆုံး သီချင်းများထဲက မှ အကောင်းဆုံး သီချင်း 10 ပုဒ်ဖြစ်ပါသည်၊

အောက်မှာ တိုက်ရိုက် နားဆင်ပါ၊ Download ပါ

1.Justin Bieber ft. Ludacris - Baby By
 
  ►Download ◄ 

2
.Justin Bieber - That Should Be Me (Ft. Rascal Flatts...
3.Justin Bieber - Overboard (feat Jessica Jarrell) -...
 
►Download ◄

4.Justin Bieber - Stuck In The Moment
5.Justin Bieber - Never Let You Go

► Download ◄
.
6.Justin Bieber - One Time
.
7.Justin Bieber - U Smile

► Download ◄
.
8.Sean Kingston and Justin Bieber - Eenie Meenie

► Download ◄
.
9.Justin Bieber - Boyfriend

► Download ◄
..
10.Justin Bieber - Somebody To Love

► Download ◄


ပြောတတ်ဆိုတတ် နေတတ်ပါစေ


“ ဒေါက်...ဒေါက်......ဒေါက်.........ကားပိတ်နေတယ် ”

“ ကားလေးပိတ်နေလို့ အစ်ကိုကြီးရေ။ ကျေးဇူးပြုပြီး ဖယ်ပေးပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်နော် ”


ကျွန်တော် မကြာခဏရောက်ဖြစ်တဲ့ စားသောက်ဆိုင်က ကားပါကင်စောင့် လုံခြုံရေး (၂)ဦးရဲ့ မတူညီသော ဆက်ဆံပုံတွေကိုသတိထားနေမိတယ်။စားသောက်ပြီးကားပြန်ထွက်တော့မယ့်အခါ ရှေ့မှာပိတ်ရပ်ထားတဲ့ယာဉ်က မှန်အလုံတင်ထားတော့

-
ပထမစကားကိုပြောတဲ့လုံခြုံရေးကမှန်ကို၃ခါ ခေါက်ပြီးအသံခပ်မာမာနဲ့ပြောပါတယ်။ဒီတော့ယာဉ်မောင်းသူက
ဖယ်သာဖယ်လိုက်ရတယ်။ အောင့်သက်သက်ဖြစ်သွားတာ မျက်နှာမှာ အထင်းသားပါ။

ဒုတိယစကားကိုပြောတဲ့လုံခြုံရေးကတော့မျက်နှာချိုချိုနဲ့စကားကိုချိုသာစွာ ပြောတော့ဖယ်ပေးရသူကလည်း
ပြုံးရွှင်စွာနဲ့ လိုလိုလားလား ဖယ်ပေးလေ့ရှိပါတယ်။

အသိတွေနဲ့ လက်ဖက်ရည်ဆိုင် သွားထိုင်တဲ့အခါ တစ်ချို့က စားပွဲထိုးလေးတွေကို -

+ Read More >

“ပြွတ်......ပြွတ်......(နှုတ်ခမ်းကို စုပြီး ခေါ်သံ) ဟေ့ကောင် ...... ဆေးလိပ်တစ်ပွဲ ချစမ်း” လို့လည်း ပြောလိုက်ရင် စားပွဲထိုးလေးခမျာ ဘာမှပြန်မပြောပဲ လုပ်တော့လုပ်ပေးပေမယ့် သူတို့လေးတွေ မျက်နှာမှာ ကိုယ့်ဘ၀ကိုကိုယ် အားငယ်တဲ့ အရိပ်တွေ အများကြီး မြင်လိုက်ရပါတယ်။

“သားရေ.......ဦးကိုလက်ဘက်ရည်ရှယ်တစ်ခွက် ပေးပါကွာ”လို့ ကျောလေးကိုပုတ်ပြီး ပြောလိုက်တဲ့အခါကျတော့မိဘနဲ့
အနေဝေးနေရှာကြတဲ့သူတို့လေးတွေမှာမျက်နှာမှာ ပျော်ရွှင်ကြည်နူးတဲ့အရိပ်လေးတွေဖြတ်သန်းသွားပြီး တက်တက်ကြွကြွ လုပ်ပေးတာကို သတိထားမိပါတယ်။

တကယ်တော့ဘယ်လိုပဲ ပြောဆိုပြောဆိုရလာဒ်ကအတူတူပါပဲ။ချိုသာနွေးထွေးစွာ ပြောပြီးခိုင်းတော့
စေတနာလေးကိုပါ အဆစ်ရတာပေါ့။ မေတ္တာရောင်ပြန်ဟပ်တာပေါ့။

အသိတစ်ယောက် ကျွန်တော်တို့ သာကေတရပ်ကွက်လမ်းကျဉ်းလေးတွေထဲ ကားဖြတ်မောင်းရင် လူရှုပ်တော့ စိုးရိမ်စိတ်နဲ့ ဟွန်းကို (၃)ချက်ဆက် အသံရှည်ကြီး မကြာခဏ တီးပါတယ်။ သူဟွန်းတီးပြီး ၀င်လာရင် လမ်းထဲက လူတွေက မနှစ်မြှို့တဲ့အမူအယာတွေနဲ့ စူးစူးရဲရဲကြည့်ကြပါတယ်။ ကျွန်တော်က သူ့ကို ဒီလောက်ကြီး မတီးဖို့၊ တစ်ချက်လောက် အသံခပ်တိုတို တီးရင်ရပြီလို့ ပြောတော့ “ဒါမျိုးလူတွေ၊ ဒီလောက်တီးပေးမှ သိကြမှာပေါ့ကွာ။ ငါတီးတာ ပုံမှန်ပဲ။ ဘာဖြစ်နေလို့တုန်း” လို့တုန့်ပြန်ပါတယ်။ ဟွန်းတီးသံ အတိုအရှည်၊ အနိမ့်အမြင့်မှာ ဘာသာဗေဒ၊ အဓိပ္ပါယ်တွေပါနေတာ မသိလေရော့သလား။

ကျွန်တော်တို့နေထိုင်ရတာလူတွေနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့လူ့လောကအသိုင်းအ၀ိုင်းဖြစ်ပါတယ်။ ကိုယ်နေ့စဉ် ပြုမူပြောဆိုတဲ့ ကိုယ့်ရဲ့ စကားသံ၊ မျက်နှာအမူအရာ၊ အပြုအမူတွေ၊ တဖက်က တုန့်ပြန်လာမှုတွေက ကိုယ့်ဘ၀အပေါ် အများကြီးသက်ရောက်စေပါတယ်။ စကားပြောချိုသာမှု၊ မျက်နှာချိုသာမှုတွေကြောင့် ပုဆိန်နဲ့ ပေါက်ရမှာကို အပ်နဲ့ထွင်းရုံနဲ့ ပြီးသွားတတ်ပြီး အဲဒီစကားကြောင့်ပဲ တစ်ခါတစ်လေ မီးပွားလေးကနေ မီးလောင်တတ်ပါတယ်။
ဆက်ဆံရေးကြောင့် ပြဿနာတက်နေကြရသူအများစုဟာ အမှန်က မိမိဆက်ဆံပြောဆိုပုံ ဘယ်လိုဘယ်ပုံဖြစ်နေသလဲဆိုတာ ကိုယ့်ကိုကိုယ်မသိခြင်းကပိုဆိုးပါတယ်။ဒါကြောင့်ပထမဆုံးကိုယ့်ကိုကိုယ်အရင်သိရှိဖို့လိုအပ်သလို
လိုလိုလားလားပြုပြင်လိုစိတ်လည်း ရှိရပါမယ်။

နောက်တစ်ချက်က ကျွန်တော်တို့အများစုဟာ နေ့စဉ် ဘ၀အမောတွေကြားမှာ ရုန်းကန်လှုပ်ရှားရင်း မေ့လျော့နေတတ်ကြတာက တစ်ဦးနဲ့တစ်ဦး ပြုံးပြဖို့ မေ့နေကြခြင်းပါပဲ။

ပြုံးပြလိုက်တဲ့အခါ ပြုံးပြသူမှာ ဘာမှ အများကြီးမပေးလိုက်ရပါပဲနဲ့ အပြုံးခံရသူမှာ အများကြီးရရှိလိုက်တယ် ဆိုတဲ့ ဆိုရိုးလေးရှိပါတယ်။ကိစ္စအတော်များများမှာ အမြဲတမ်း အပြုံးလေးနဲ့ဆောင်ရွက်ရင် တစ်ခြားသူတွေထက် ပိုမိုအောင်မြင်ခရီးရောက်တတ်ပါတယ်။

နှစ်သစ်မှာ တစ်ဦးကိုတစ်ဦး မေတ္တာ၊ စေတနာတွေ၊ ချိုမြိန်သောအပြုံးတွေနဲ့ လွှမ်းခြုံနွေးထွေးနိုင်ကြပါစေ။



.

ဤပိုစ့်ကို ရေးသားသူ-ဆရာ Kyaw Hlaing Win အားကျေးဇူးတင်ရှိပါသည်၊  Zây Łïñ

Wednesday, January 1, 2014

သီချင်း Music သံစဉ်ဖန်တီးတဲ့ ဆော့ဝဲလ်


သီချင်းချစ်သူ တွေ သီချင်းတပုဒ်ကို ကိုယ်တိုင်ဖန်တီးချင်သူ အတွက် အသုံးချ FL studio-10
ေ
ဆာ့ဝဲလ်လေးဖြစ်ပါတယ်.-အထက်ပါပုံပါ စာအုပ် အား Down ပြီးလေ့လာ နိုင်ပါသည်၊

အသုံးပြုလိုသူများ  အောက်မှာ Download ဆွဲပါ၊
       

FL studio-10 
ဆော့ဝဲလ်.ဒေါင်းရန်        >> .  ဒီနေရာကို ကလစ်ပါ
 FL studio-10ဆော့ဝဲလ်အားအသုံးပြုနည်း  >>      ဒီနေရာကို ကလစ်ပါ
   
Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်