ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Wednesday, January 29, 2014

နည်းပညာ ဆိုင်ရာစာအုပ်များ- 25 အုပ်ဒေါင်းရန်

...
            စာအုပ်နာမည်                                               စာရေးသူ                                       Download ရန်
          

1Opera Web Standards Curriculum
Chris Mills

Open
Download

2Fruity Loop 6.0
ဇော်လင်း

Open
Download

3Css for Starter (မြန်မာ)
SaturnGod

Open
Download

46-SCJP Sun Certified Programmer for Java 6 Study Guide
Kathy Sierra Bert Bates

Open
Download

5WordPress For Dummies
Matt Mullenweg

Open
Download

6Cpanel မြန်မာဗားရှင်း
Saturngod

Open
Download

7PHP Guide Book မြန်မာ
မိုးမြင့်ရှိန်

Open
Download

8Linxu OS (မြန်မာ)



Open
Download

9ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းနည်း အခြေခံ သဘောတရားများ (တ)
မျိုးသူရ

Open
Download

10ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းနည်း အခြေခံ သဘောတရားများ (ဒု)
မျိုးသူရ

Open
Download
11ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းနည်း အခြေခံ သဘောတရားများ (ပ)
မျိုးသူရ

Open
Download

12Blog လုပ်နည်း အဆင့်ဆင့် (မြန်မာ) နောက်ဆုံးပိုင်း
ညီလင်းဆက်

Open
Download

13Blog လုပ်နည်း အဆင့်ဆင့် (မြန်မာ) ဒုတိယပိုင်း
ညီလင်းဆက်

Open
Download

14Blog လုပ်နည်း အဆင့်ဆင့် (မြန်မာ) ပထမပိုင်း
ညီလင်းဆက်

Open
Download

15Gtalk အတွက် အစွမ်းထက် နည်းလမ်း (၈၀)
ဇေယျာစံ

Open
Download

16ဘလောဒ့် အချက်အလက် (မြန်မာ)
မောင်စေတနာ

Open
Download

17ကွန်ပျူတာအမေးအဖြေ (မြန်မာ) နောက်ဆုံးပိုင်း
ကွန်ပျူတာဂျာနယ်

Open
Download

18ကွန်ပျူတာအမေးအဖြေ (မြန်မာ) ပဉ္စမပိုင်း
ကွန်ပျူတာဂျာနယ်

Open
Download

19ကွန်ပျူတာအမေးအဖြေ (မြန်မာ) စတုတ္တပိုင်း
ကွန်ပျူတာဂျာနယ်

Open
Download

20ကွန်ပျူတာအမေးအဖြေ (မြန်မာ) တတိယပိုင်း
ကွန်ပျူတာဂျာနယ်

Open
Download
21ကွန်ပျူတာအမေးအဖြေ (မြန်မာ) ဒုတိယပိုင်း
ကွန်ပျူတာဂျာနယ်

Open
Download

22ကွန်ပျူတာအမေးအဖြေ (မြန်မာ) ပထမပိုင်း
ကွန်ပျူတာဂျာနယ်

Open
Download

23C# Essentials
Techotopia

Open
Download

24Networking (မြန်မာ)
myanmaritpros

Open
Download

25web အခြေခံ (မြန်မာ)
-

Open
Download
.

HooligansBooks

Friday, January 17, 2014

Celine Dion - I Surrender ♫




Classical, Pop/Rock
တေးသီချင်း များ သီဆိုသူ - Celine Dion ၏ A new day has come
တေးအမ်ဘမ်ထဲက တေးသီချင်းကောင်း တပုဒ်ဖြစ်သည့်   ♫ Surrender ♫ တေးသီချင်း  ဖြစ်ပါသည်၊

Download ဆွဲယူနားဆင်လိုသူ - သူငယ်ချင်း - Nann Su အတွက်

Celine Dion - I Surrender♫ .mp3 ဒေါင်းရန် -> 1. 'Download Mp3  ..2. Download Mp3

..

စာတစ်ပုဒ်ကိုဓါတ်ခွဲသုတေသနပြုခြင်း



မီဒီယာလွပ်လပ်ခွင့်နှင့်အတူ ပေါ်ပေါက်လာတဲ့အွန်လိုင်းနိုင်ငံရေးဝါဒဖြန့်မှုတွေ၊သတင်းအချက်အလက်တွေရဲ့ လွှမ်းမိုးမှုတွေကိုဘယ်လိုကာကွယ်မလဲ၊စာတပုဒ်ရဲ့ ဆိုလိုရင်း အဓိပ္ပါယ်က ဘာလဲ၊
ကိုယ်ဖတ်လိုက်တဲ့စာ ကို အမှားအမှန်ခွဲခြားဖတ်ရှုတတ်စေရန်....Ko Myo Set.. ရေးသားသော

စာဖတ်နည်း(သို့)စာတစ်ပုဒ်ကိုဓါတ်ခွဲသုတေသနပြုခြင်း


သတင်းတစ်ပုဒ်၊ စာတစ်ပုဒ်ကို ဖတ်ကြမယ်။ ဖတ်တတ်ရဲ့လားလို့မေးရင်စိတ်ဆိုးကြမယ်ထင်တယ်။ တစ်ကယ်တမ်းတော့ဒီသတင်းတစ်ပုဒ်စာတစ်ပုဒ်ကနေကိုယ့်ရဲ့စိတ်၊ကိုယ့်ရဲ့အမြင်ကို ပြောင်းလဲစေနိုင်စွမ်းရှိတာ နားလည်ရင်စာတစ်ပုဒ်ဟာ ပေါ့ပေါ့တန်တန်သဘောထားလို့မ၇မှန်းယေဘုယျသဘောတူကြမယ်ထင်တယ်။ အခုခေတ်မှာ သတင်းတွေ သိပ်များတယ်။ အခု မြန်မာလို ပွင့်လင်းစမှာ လူတွေဟာသတင်းရေလျှံမှု
(Information flood) နဲ့ တွေ့နေရတယ်။ ဘယ်ဟာကိုယုံရမှာလဲ စသဖြင့်ေ၇ှာ့ခ်တွေရကြတယ်။ ဒီမှာတင် စစ်ဆေးမှုပြုဖို့ ဇကာတပ်ဖို့လိုလာပါတယ်။ ဒီဇကာတပ်ခြင်းအမှုကိုမိတ်ဆက်ပေးချင်ပါတယ်။

+ဆက်ဖတ်ရန်-

တစ်ကယ်တော့ သတင်း၊ သတင်းဆောင်းပါး၊ ဆောင်းပါး၊ အက်ဆေး စတာတွေဟာ အများအားဖြင့် အိုင်ဒီယာတွေကို စီထားတာပဲဖြစ်တယ်။ စာပေသဘောတရားအရ သရုပ်ဖော်၊ ကျိုးကြောင်းပြ ဖြစ်စဉ်ပြလို့အမျိုးအစားကွဲကြပေမယ့် စာတစ်ပုဒ်မှာ အရေးအကြီးဆုံးပွိုင့်နေရာတွေရှိပါတယ်။ ဒီပွိုင့်နေရာတွေမှာကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျ ခေါ် သတင်းစကားကို ထည့်ထားပေးခြင်းအားဖြင့် စာဖတ်သူစိတ်ထဲ ကိုယ်တွေးစေချင်သလို တွေးမိသွားအောင်လုပ်တာဖြစ်ပါတယ်။
စာတစ်ပုဒ်မှာအရေးအကြီးဆုံးက ခေါင်းစဉ်နဲ့ အမြင်သာဆုံးနေရာတွေပဲဖြစ်ပါတယ်။ ပုံပါရင်ပုံပေါ့။ ပုံတစ်ပုံဟာစာလုံးတွေထက်များစွာအဓိပ္ပါယ်သက်ရောက်နိုင်စေတယ်မလား။နောက်ဒုတိယအရေးအကြီးဆံးက
ခေါင်းစဉ်ပေါ့။ သူကအမြင်သာဆုံး။ အထိရောက်ဆုံးကိုး။ သတင်းတစ်ပုဒ်၊ စာတစ်ပုဒ်လုံးရဲ့ အသက်လို့တောင်ပြောလို့ရတယ်။ ဒီကနေ စာဖတ်သူရဲ့စိတ်ကို လွှမ်းမိုးသွားနိုင်တယ်။ ဥပမာ ပြရရင် "ရခိုင်ဒေသမှ မွတ်ဆလင်များကိုမျိုးတုန်းသတ်ဖြတ်မှု" စတဲ့ခေါင်းစဉ်မျိုးပေါ့။ မွတ်ဆလင်တစ်ဦးဖတ်လိုက်ရင် ချက်ခြင်း ရခိုင်တွေကိုမုန်းတီးစိတ် မဖတ်ရသေးခင် ဝင်သွားစေနိုင်တာပေါ့။ ဒီလိုမျိုးအရေးကြီးပါတယ်။

နောက်ဒုတိယအရေးအကြီးဆုံးက နိဂုံးတွေပါ။ နိဂုံးတွေမှာ ကိုယ်ပြောချင်တာကို ထည့်ပြောသွားတာ။ ဥပမာအားဖြင့် "စစ်အစိုးရလက်ချက်ကြောင့် တိုင်းပြည်နစ်နာခဲ့ရသည်မှာမှန်သော်လဲ ယခုအခါ ဒေါ်စုကဲ့သို့သောလူများနှင့်လက်တွဲကာ တိုင်းပြည်ကိုတည်ငြိမ်အောင်ကြိုးစားနေရချိန်တွင် ဦးသိန်းစိန်အစိုးရအားဝန်းရံသင့်ပေသည်" ဆိုတဲ့ပုံစံမျိုးပေါ့။

နိဂုံးမရောက်ခင်မှာ ဦးသိန်းစိန် ကောင်းတာတွေ၊ ဦးသိန်းစိန် ဆိုးတာတွေ စတာတွေကို တစ်ချက်ခြင်း အမှန်အတိုင်းဖော်ပြလာပြီး နောက်ဆုံးမှာ ဦးသိန်းစိန်ကို ထောက်ခံသင့်တယ်ဆိုတဲ့ သတင်းစကားကို စာဖတ်သူ ယုံသွားအောင် တစ်ကြောင်းတည်းနဲ့ပစ်ထည့်လိုက်တာပေါ့။ ဒီစာကြောင်းဟာ တစ်ပုဒ်လုံးရဲ့အသက်ပဲ။စာဖတ်တဲ့သူအတွေးကိသူတွေးစေချင်သလိုဖြစ်သွားအောင်ပစ်ထည့်လိုက်တဲ့ပစ်ချက်

 ဦိးသိန်းစိန်ကိစ္စကိုအခုရေးပေးထားတာကဥပမာအနေနဲ့သာပြထားတာပါ။ကျန် နိုင်ငံတကာသတင်းတွေမှာလဲ အဲ့လိုပါပဲ။ ဥပမာ ငယ်ပါကိုညှစ်လို့ သေဆုံးရတဲ့အမှုမှာဆိုရင် နောက်ဆုံးမှာ ပြစ်မှုကျူးလွန်သူဟာ အိမ်ထောင်နစ်ဆက် ရှိသူဖြစ်သည် ဆိုတာလေး ထည့်ပေးလိုက်တယ်။ အဲ့လိုထည့်ပေးလိုက်တော့ စာဖတ်သူက ပြစ်မှုကျူးလွန်သူဟာ အလိုလိုနေရင်း တဏှာရာဂကြီးမားသူလို အတွေးပေါ်သွားစေတာပေါ့။ ဒီလို စာကြောင်းတွေ ဟာ ပွိုင့်တွေပါတဲ့စာကြောင်းတွေပါ။ ဒါတွေကို တူးဖော်တတ်ရင် ဒီစာရေးသူဘာပြောချင်နေလဲ ဆိုတာကို ဖမ်းဆုပ်နိုင်သွားတတ်ပါတယ်။

တတိယအရေးအကြီးဆုံးကတော့စာပိုဒ်တွေရဲ့အစနိဒန်းရဲ့ပထမဆုံးစာကြောင်းပိုင်းတွေပါ။အဲ့လိုနေရာတွေဟာ
ဒီစာထဲမှာ ဘာတွေရေးတော့မယ်ဆိုတာကို စတင်ဖော်ပြတဲ့နေရာတွေဖြစ်တတ်တယ်။ အဲ့လိုနေရာတွေဟာ စာဖတ်သူတွေအရင်မြင်တတ်တဲ့နေရာတွေမို့လို့ Key Information တွေပါလာတတ်ပါတယ်။ နောက် ထပ်တူအရေးကြီးတဲ့စာတွေကတော့စာပိုဒ်တွေရဲ့ နောက်ဆုံးစာကြောင်းတွေပါပဲ။တစ်ခါကဗိုလ်ချုပ်အောင်ဆန်းကို
အာဏာ၇ှင်ဖြစ်စေမယ်ဆိုတဲ့ ဆောင်းပါးမယ်ဆိုရင် စာပိုဒ်တွေထဲမှာ စာဖတ်သူဦးနှောက်အလုပ်ပေးစရာ facts တွေလောက်သာထည့်ထားပြီး ဦနောက်ပင်ပန်းသွားချိန်လောက် စာပိုဒ်အဆုံးသတ်ကျမှ ဗိုလ်ချုပ်အောင်ဆန်းမကောင်းတာတွေ ကိုတစ်လုံးချင်းထည့်ရေးပါတယ်။ စာပိုဒ် ဆယ့်ငါးပိုဒ်ဆိုရင် စာဖတ်သူဟာ ဆယ့်ငါးကြိမ်တိတိဒါတွေကိုဖတ်လိုက်ရပါတယ်။ဆယ့်ငါးကြိမ်လောက်ထိတွေ့လိုက်ရပါတယ်။
ဒီလိုဟာတွေကလဲ စာဖတ်သူရဲ့ အတွေးဖြစ်စဉ် (Thinking Process) ကိုလွှမ်းမိုးနိုင်ပါတယ်။

နောက် သီးခြားအိုင်ဒီယာက စာတစ်ပုဒ်မှာ အသက်ဖြစ်တဲ့ စကားလုံး(Key Words) တွေပါ။ ဥပမာ နိုင်ငံရေးလှုံ့ဆော်စာတွေဆိုရင် "လူထု၊ သွေးစည်း၊အောင်ပွဲ၊တော်လှန်ေ၇း၊ ရဲရဲတောက်" စတာတွေ ဒင်းကြမ်းတွေ့ရတတ်ပါတယ်။ ဒီလိုစကားလုံးတွေနောက်ကို လိုက်သွားပြန်ရင်လဲ မူလ Theme ကိုမဖမ်းနိုင်တော့ဘဲ စာရေးသူတွေးစေချင်သလို လိုက်တွေးပြန်တော့တာပါပဲ။ ဒီလိုဟာတွေကို အနုပညာ ပတ်တဲ့ နိုင်ငံရေး၊ လော်ဘီဆောင်းပါးတွေမှာတွေ့ရတတ်ပါတယ်။ ဥပမာ ဒေါက်တာမတင်ဝင်း ရဲ တစ်ချို့သောဆောင်းပါးတွေလိုပေါ့။

ဒါကြောင့် စာတစ်ပုဒ်ကိုဖတ်မယ်ဆိုရင် ခေါင်းစဉ်ကိုအရင်ကြည့်သင့်ပါတယ်။ နောက် နိဂုံးကိုအရင်ကြည့်ပြီး စာတစ်ပိုဒ်ချင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံးကို ကြည့်ကြည့်ပါ။ ဒီမှာတင် ဒီလူရဲ့အာဘော်ဘာလဲဆိုတာကို ဖမ်းဆုပ်လို့ရပါပြီ။ဒီလိုနည်းနဲ့အလှည့်စားမခံရအောင်ကာကွယ်လို့ရပါတယ်။ နောက်အဓိကအသက်စကားလုံးတွေရဲ့
Direction က ဘယ်လမ်းကိုညွှန်ပြနေသလဲဆိုတာကို မင်နီ၊ ခဲတံလိုဟာနဲ့ဖြစ်ဖြစ်ဝိုင်းထားလိုက်ပါ။ ဒါဆို ဒီစာရေးသူရဲ့ အာဘော်ဟာ ဘယ်လိုမြုပ်ထားထား ဘွားဘွားကြီးပေါ်လာရတော့တာပါပဲ။ ဒီလိုနည်းကို သတင်းတွေ ဥပမာ ဘီဘီစီသတင်းတွေမှာ သူ့နိုင်ငံအတွက်ဘယ်လိုပါးပါးလေး ကာသွားတယ်ဆိုတာ
တွေမှာ သင်ယူလို့ရပါတယ်။ စာအဆိပ်သင့်ခြင်းဘေးရန်က ကင်းကွာကြပါစေ။

ဒါဟာ ကျနော့်ကိုယ်ပိုင် အယူအဆများမဟုတ်ပါ။ တက္ကသိုလ်တွေမှာသုံးတဲ့ပညာရပ်ဆိုင်ရာစာဖတ်နည်းခေါ်
Academic Reading အခြေခံအနည်းငယ်ပဲဖြစ်ပါတယ်။)



Thursday, January 16, 2014

လုပ်ငန်းခွင်တွင်အလုပ်လုပ်ရာမှာ ပျော်စေရန်



လုပ်ငန်းခွင်တွင် အလုပ်လုပ်ရာမှာ ပျော်စေရန်- အောင်မြင်မှုရရှိစေရန်


ယခုဒီစာကိုလာဖတ်နေသူအများစုဟာအလုပ်မှာ ပျော်ရွှင်မှုများ ပျောက်ဆုံး နေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲစိတ်ညစ်နေသူတစ်ဦးဟာသူကိုယ်တိုင်ကလည်းမတိုးတက်သလို၊သူ့အလုပ်လုပ်တဲ့လုပ်ငန်း၊ကုမ္မဏီကလည်း
တိုးတက်လာမှာ မဟုတ်ပါဘူး။

ဆက်ဖတ်ရန်

1. Surround yourself with people who love their work

တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း အမြဲ ငြီးငြူပြီး မကောင်းပြောနေသူတွေနဲ့ အတူ နေဖြစ်တာများရင် သင်ကိုယ်တိုင် ကိုယ့်အလုပ်မှာ ချို့ ယွင်းချက်၊ အားနည်းချက်တွေ မသိမသာ ရှာနေမိမှာ အမှန်ပါပဲ။ ဒီတော့ မိမိလုပ်တဲ့အလုပ်ကို ချစ်မြတ်နှိုးသူများနဲ့ မိတ်ဆွေဖြစ်ခြင်း၊ ပြောဆို ဆက်ဆံခြင်း၊ သွားလာခြင်းဖြင့်လည်း မိမိကိုယ်တိုင် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးလာစေမှာ ဖြစ်ပါတယ်။

2. Work to improve your strengths and talents

Personal Development ကိုပြောတာပါ။ တစ်ကိုယ်ရည် စိတ်စွမ်း၊ ဥာဏ်စွမ်း၊ကိုယ်စွမ်းဖွံ့ဖြိုးတိုးတက်နေရင်
လူက စိတ်ဓာတ်မကျပါဘူး။ အမြဲတမ်း Update ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အလုပ်မှာ
ပျော်တတ်ပါတယ်။ ဒါကြောင့် မိမိအလုပ်ကနေပဲ လုပ်ပိုင်ခွင့် တာဝန်ကနေ သင်ယူနိုင်တာ သင်ယူပြီး အချိန်တွေ ပိုနေရင်၊ အခွင့်အရေးတွေ ရနေရင်ပိုမြင့်တဲ့ပညာရပ်တွေကိုအလုပ်ထဲကနေပဲတစ်ဆင့် လေ့လာ
နိုင်ပါတယ်။

3. Identify the impact you want to have on the world

အချို့  က ငါလုပ်နေရတဲ့ အလုပ်က ဒီလောက်လေး။ င့ါတာဝန်က ဒီလောက်လေး။ အကျိုးကျေးဇူးအနေနဲ့ ဒီလူတွေကိုပဲ Effect ဖြစ်မှာ အစရှိသဖြင့် ခံယူချက် ထားရှိမှုတွေ မှားယွင်းသွား ပါတယ်။ မိမိရဲ့  Action တိုင်းအတွက် ကိုယ့်ကိုပဲ Reaction ရုံမကပဲ Effect က တစ်ဆင့်ပြီးတစ်ဆင့် လူအရေအတွက် ဘယ်လောက်ထိ များများသို့ ထိရောက်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်တွေးဖို့လိုပါမယ်။ ဒါမှ မိမိကိုယ့်ကို တန်ဖိုးထားမှု ဖြစ်လာပြီး အလုပ်မှာလည်း ပျော်လာ ပါမယ်။

4. Learn as much as you can about the life you want

ဘဝ အကြောင်းလေ့လာဖို့ပါ။ အလုပ်ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလုပ်ကိုပဲ ဘဝလို့ထင်နေသူဟာ အလုပ်မှာ ပြဿနာ တစ်ခုကြုံရင်တောင် မခံနိုင်လောက်အောင် စိတ်သောက ရောက်ပါတယ်။ ဒီတော့ ယင်း အနိမ့်အမြင့် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ဘဝအကြောင်း ကောင်းကောင်း လေ့လာဖို့လိုအပ်ပါတယ်။
ဘဝ အကြောင်းကို ဒဿန စာပေအပြင် ဘာသာရေး စာပေတွေထဲမှာလည်း အလွယ်တကူရှာတွေ့ နိုင်ပါတယ်။

5. Try, and try again


ဘယ် အလုပ်မဆို ကိုယ်နဲ့ လုံးဝ perfect ဖြစ်အောင် အဆင်ပြေ တယ်လို့တော့ ဘယ်ရှိနိုင်မလဲ။ အားလုံးက သူ့ အားနည်းချက်၊ အားသာ ချက်တွေချည်းပဲ ဖြစ်ပါတယ်။ အရမ်းကြီးဆိုးရွားတဲ့ အခြေအနေ တစ်ခုခံနေရင်တော့Careerကိုပြောင်းသင့်ရင် ပြောင်းရမှာပေါ့။အခြေအနေအားလုံးကိုလက်ခံသိရှိထားရပါမယ်။
အခက်အခဲတွေ့တိုင်း လည်း စိတ်ညစ်နေဖို့မဟုတ်ပါဘူး။ ဖြေရှင်းစေဖို့ ဖြစ်ပါတယ်။ ဒီမှာ ကြိုးစားဖို့ လိုအပ်ပါတယ်။ အခက်ကြုံတိုင်း လက်မြောက်အရှံးပေးနေရင် အလုပ်မှာ မပျော်တော့ပါဘူး။ Try, and try again ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လူတိုင်း အလုပ်မှာ ပျော်ရွှင်ဖို့အတွက် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။



Ref:entrepruner.com

အောင်ခမ်း ( ရိုးရာလေး )



Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်