ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, April 11, 2013

'ဒီနေ.ဒီအချိန် မှာသင်ဘယ်လိုနေမလဲ


သင် 'ဒီနေ.ဒီအချိန်မှာသင်ဘယ်လိုနေမလဲဆိုတဲ့လမ်းညွှန်ချက် ဖြစ်ပါသည်။ အောက်မှာဆက်လက်ဖတ်ရှုပါ။



(၁) သည်နေ့အတွက် ငါ ပျော်ပျော်နေမယ်။ (ဤအကြံသည် အမေရိကန် သမ္မတကြီးလင်ကွန်း ပြောသော ” လူတို့သည်မိမိတို့စိတ်ပိုင်းဖြတ်ထားသလောက်သာ ပျော်ရွှင်ကြသည်”ဟူသောစကားနှင့်ကိုက်ညီပေသည်။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုမှာ အပြင်အပက လာသည်မဟုတ်။ မိမိ၏ ကိုယ်တွင်းသန္တာန်မှသာ လာနိုင်သည်။ )


(၂)သည်နေ့အတွက်တော့ငါ ဖြစ်သမျှကိုလက်ခံမယ်။ငါဖြစ်ချင်တာမဖြစ်တိုင်းအတင်းမဖြစ်မကျယ်မလုပ်ဘူး။ ငါ သည်နေ့တော့ ငါ့သားမယား၊ ငါ့အလုပ်အကိုင် ၊ ငါ့ဖြစ်သမျှအကြောင်းတို့နဲ့ ညီညွတ်အောင်နေမယ်။ ငါ့အလိုအတိုင်း ကတောက်ကဆ မဖြစ်စေရဘူး။

(၃)သည်နေ့အတွက်တော့ငါ့ကိုယ်ကာယကိုငါဂရုစိုက်မယ်။အညောင်းအညာဖြေမယ်။အာဟာရဖြစ်အောင်စားသောက်မယ်။ ငါ့ကိုယ်ကာယကိုပစ်မထားဘူး။အလွဲမသုံးစားဘူး။အဲသည်ကိုယ်ကာယကိုကျကျနနထားမှငါ့စိတ်တိုင်းကျလုပ်ငန်းကို လုပ်ဆောင်နိုင်ပေမယ်။

(၄)သည်နေ့အတွက်တော့ငါ့စိတ်အင်အားတိုးအောင်ကြိုးစားမယ်။အဖိုးတန်တဲ့ပညာဗဟုသုတကိုဆည်းပူးမယ်။ ငါ့စိတ်ကို အလေမခံဘူး။ တွေးရ၊ မှတ်ရ၊ ကြံရတဲ့စာမျိုးဖတ်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်မယ်။

(၅)သည်နေ့အတွက်တော့ငါ ကောင်းမှုပြုမယ်။သူတစ်ပါးကို ကောင်းမှုဆောင်မယ်။သူ ကျေးဇူးတင်ရုံကလေးမဟုတ်ဘဲ တကယ့်စေတနာနဲ့ ဆောင်ရွက်ပေးမယ်။ငါမလုပ်ချင်တဲ့အလုပ်ကိုအနည်းဆုံး နှစ်ခုတော့လုပ်မယ်။သည်းခံနိုင်အောင်ကျင့်တဲ့
နည်းအဖြစ်နဲ့ လုပ်ရလိမ့်မယ်။

(၆)သည်နေ့အတွက်တော့ငါသူတစ်ပါးနဲ့တည့်အောင်နေမယ်။ငါ့မျက်နှာကြည်လင်နိုင်သမျှကြည်လင်အောင် ထားမယ်။အ၀တ်အစားသန့်သန့်ရှင်းရှင်းဝတ်မယ်။စကားကိုညင်ညင်သာသာ ပြောမယ်။ယဉ်ယဉ်ကျေးကျေး ပြုမူမယ်။ သူတစ်ပါးကို ချီးကျူးမယ်။ မနှိမ်ဘူး။ အပြစ်မရှာဘူး။ ဘယ်ကိစ္စမှာဖြစ်ဖြစ် အာဏာသံနဲ့ မပညတ်ဘူး။

(၇)သည်နေ့အတွက်တော့ဒီနေ့မှာရှိတဲ့ကိစ္စတွေလောက်သာစဉ်းစားဆောင်ရွက်မယ်။ နောင်ရေးလဲ တွေးမပူဘူး။ နောက်ကဖြစ်ခဲ့တာတွေလည်း တွေးပြီး မဆွေးဘူး။ သည်ကနေ့ကိစ္စကို သည်နေ့ပြီးအောင် ပိုင်းဖြတ်ပြီးလုပ်မယ်။

(၈)သည်နေ့အတွက်တော့ငါအလုပ်ကိုအစဉ်အတိုင်းလုပ်မယ်။တစ်နေ့လုံးအတွက်နာရီတိုင်းဘာလုပ်မယ်ဆိုတာကို ရေးချထားမယ်။ ရေးထားတဲ့အတိုင်း တစ်သဝေမတိမ်းလုပ်မယ်တော့မဟုတ်ဘူး။အကြောင်းသင့်သလိုလုပ်ရမှာပေါ့။ဒါပေမယ့်လုပ်ငန်းစဉ်ကလေးကတော့ လုပ်ထားမယ်။ကတိုက်ကရိုက်ဆိုတာရယ်၊ချီတုံချတုံဆိုတာရယ်အဲသည်နှစ်ခုဟာအဖျက်အဆီးတွေပဲ။သည်အဖျက်အဆီးတွေကို ချေမှုန်းပစ်လိုက်မယ်။

(၉) သည်နေ့အတွက်တော့ နာရီဝက်လောက် တစ်ကိုယ်တည်း ကို်ယ်ရောစိတ်ရော အညောင်းအညာဖြေဖို့ အနားယူမယ်။ အဲသည်တော့မှ ငါ့ဘ၀အကြောင်း ငါ ပြန်ပြီးသုံးသပ်ဖို့ ဥာဏ်ပွင့်လန်းလာမယ်။

(၁၀)သည်နေ့အတွက်တော့ငါ ကြောက်စိတ်ကို ဖျောက်ပစ်မယ်။ ပျော်ပျော်နေဖို့မကြောက်ဘူး။ မေတ္တာတရားပွားများဖို့ မကြောက်ဘူး။ကိုယ်မေတ္တာပွားသလောက်သူတစ်ပါးကလည်းကိုယ့်ကို မေတ္တာထားကြလိမ့်မယ်လို့ယုံကြည်ရမှာ မကြောက်ဘူး။
 
ဆရာကြီးတက်တိုး ဘာသာပြန်သော(  How To Stop Worrying And Start Living by Dale Carnegie) သောကကင်းဝေး နေနိုင်ရေး စာအုပ်မှ

1 comment:

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်