ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, July 25, 2013

သင့်ရဲ့အကြည့် က အောင်မြင်မှုတခုကို ဘယ်လိုဆောင်ကျဉ်းပေးမလဲ (သို့) မျက်ဝန်းတစ်စုံ၏ လျှိုဝှက်ချက်




လူတွေနဲ့ ပေါင်းသင်းဆက်ဆံ ပြောဆိုရာမှာသူအမှန်တွေ ပြောနေတာလား၊လိမ်ညာနေတာလားဆိုတာခွဲခြားသိမယ်ဆိုရင်၊တစ်ဖက်သားကသင့်ကိုစိတ်ဝင်စားနေသလားဆိုတာသိမယ်ဆိုရင်သင့်အကဲခတ်နိုင်စွမ်းကသင့်ဆီကိုအောင်မြင်မှုတွေယူဆောင်လာပါလိမ့်မယ်။ဒါကြောင့်သင်သိသင့်တဲ့မျက်ဝန်းတစ်စုံရဲ့လျှိ့ဝှက်ချက်ကိုဖော်ပြပေးလိုက်ပါတယ်။..စိတ်ဝင်စားဖို့ကောင်းပါတယ်

readmore

သူ စိတ်ဝင်စားနေရဲ့လားဆိုတာ ဆန်းစစ်အကဲခတ်နိုင်အောင်


♦ မျက်ဝန်းအရွယ်အစားကို စစ်ဆေးပါ ♦

လူတစ်ယောက်က တစ်ခုခုနဲ့ ပတ်သက်ပြီးအပြုသဘောဆောင်တဲ့ ခံစားမှုရှိတဲ့အခါ မျက်စိသူငယ်အိမ်က အလိုအလျောက် ပိုကြီးမားလာတတ်ပြီး မနှစ်မြို့ဖွယ်ရာတစ်ခုခု ဒါမှမဟုတ် စိတ်မဝင်စားတဲ့ အရာတစ်ခုခု နဲ့ ကြုံဆုံရတဲ့အခါ မျက်စိသူငယ်အိမ်က ကျုံ့သွားတတ်ပါတယ်။ တစ်ဖက်သားက သင့်ကို စိတ်ဝင်စားမှုရှိ
သလားဆိုတာကို သူရဲ့ မျက်စိသူငယ်အိမ်က သက်သေခံနေပါတယ်။ မျက်ဝန်းကပဲ စိတ်ရဲ့ ပြတင်းပေါက်
ဖြစ်တာ မဟုတ်ပါဘူး။ မျက်ခွံတွေကလည်း စိတ်အခြေအနေကို သက်သေခံနေပါတယ်။ လူတွေက သူတို့ စိတ်ဝင်စားတဲ့သူတွေနဲ့တွေ့ဆုံတဲ့အခါ ''အပေါ်နဲ့ အောက်မျက်ခမ်းရှိကြွက်သားနှစ်ခုက အလိုအလျောက်
ဆွဲချဲ့လိုက်သလို ဖြစ်သွားပြီး မျက်ဝန်းကပိုကျယ်လာတတ်ပါတယ်။ ဒါကို လိမ်ညာလို့ မရပါဘူး''လို့ အချစ် သင်္ကေတများ စာအုပ်ရေးသားသူ ဒေးဗစ်က ဆိုပါတယ်။


လိမ်ညာမှုကို အကဲခတ်နိုင်အောင်


♦ မျက်တောင်ခတ်ပုံကို ကြည့်ပါ ♦

လေ့လာမှုအရ လူအများစုဟာ ပျမ်းမျှအားဖြင့် တစ်မိနစ်မှာ အကြိမ်၂ဝ မျက်တောင်ခတ်လေ့ရှိကြောင်း၊ ဒါပေမဲ့လိမ်ညာစကားပြောတဲ့အခါမှာတော့ မျက်တောင်ခတ်နှုန်းက ၃ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာလေ့ ရှိကြောင်း သိရပါတယ်။ မျက်တောင်ခတ်နှုန်း မြန်တာက မှန်ကန်တဲ့ အကြောင်းအရာကို ပြောနေတာ မဟုတ်ကြောင်း သက်သေခံနိုင်တဲ့ အဓိကအချက်ပါ။ လိမ်ညာစကားပြောရတဲ့အခါ မသက်မသာဖြစ်ရ၊ ရှိုးတိုးရှန့်တန့် ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် မျက်တောင်ကို မကြာခဏခတ်တာလို ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်လိမ်ညာနေသလားဆိုတာ သိအောင်မျက်လုံးချင်းဆုံပြီး စကားပြောပါ။


သူ့စိတ်ကို ဖတ်နိုင်အောင်


♦ ငေးမောရာနေရာကို လိုက်ကြည့်ပါ ♦

လူတစ်ယောက် ငေးမောတဲ့ ဦးတည်ရာလမ်းကြောင်းဟာ သူမ ဘာအကြောင်းကို တွေးနေသလဲဆိုတာ သိနိုင်ပါတယ်။ သူမ မျက်လုံးတွေက အပေါ်ဘ ဘယ်ဘက်ကို အကြည့်ရောက်နေရင် သူမတွေ့ခဲ့ ဖူးတဲ့ အရာ ဒါမှမဟုတ် ဖတ်ခဲ့ဖူးတဲ့ အကြောင်းအရာတစ်ခုခုကို ပြန်စဉ်းစားနေတာပါ။ တကယ်လို့ ညာ ဘက်အပေါ်ကို ကြည့်နေ တယ်ဆိုရင်တော့ သူမတစ်ခါမှ မမြင်ဖူးတဲ့အရာ ဒါမှမဟုတ်တကယ် ဖြစ်လာ မယ်လို့ ထင်မှတ်မထားတဲ့ အကြောင်းအရာ တစ်ခုခုကို သင့်ကိုပြောပြဖို့ စဉ်းစားနေတာပါ။ ဦးနှောက်နဲ့ မျက်စိအာရုံခံလွှာကြွက်သားတွေက အလွန်နီးနီးကပ်ကပ် ဆက်စပ်နေတာကြောင့်လူတွေ သတိမမူမိတဲ့ အချိန်မှာ ဒီတုံ့ပြန်မှုက ဖြစ်ပေါ်လာတတ်ပါတယ်။


ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းနိုင်အောင်


♦ မျက်စိကို စိုက်ကြည့်ပြီး တစ်-နှစ်-သုံး ရေတွက်ပါ ♦


သင့်ပေါင်းသင်းဆက်ဆံရေး တိုးတက်စေဖို့ အမြန်ဆုံး နည်းတစ်ခုကို လိုချင်ပါသလား။ သူ့မျက်ဝန်းကို သုံး စက္ကန့်ကြာကြည့်ပေးပါ။ မျက်ဝန်းချင်း ဆုံကြည့်တာက ပျမ်းမျှအားဖြင့် နှစ်စက္ကန့်လောက်ပဲ ကြာသင့်တာ မှန်
ပေမယ့် တခြားလူကိုဆွဲဆောင်ချင်တယ်ဆိုရင်တော့ ခပ်ကြာကြာကြည့်ဖို့ လိုပါတယ်။ မျက်ဝန်းချင်းကြာကြာ အကြည့်ဆုံတာကြောင့် သင်ဟာ အရင်လို ချစ်နေဆဲဆိုတဲ့ သင်္ကေတအချက်ပြမှုတွေကို တစ်ဖက်သားသိရှိ နားလည်သွားစေပါတယ်။ အဲဒီအခါ အချစ်ဟော်မုန်းအောက်ဆီတိုစင်တွေ တစ်ဟုန်ထိုးထွက်လာပြီး တစ်ဦး နဲ့ တစ်ဦး ခိုင်မြဲတဲ့ သံယောဇဉ်တရား ဖြစ်ပေါ်လာတတ်ပါတယ်။ လေ့လာမှုတစ်ရပ်အရ တစ်ဦးရဲ့ မျက်ဝန်း ထဲတစ်ဦးက ငေးစိုက်ကြည့်တတ်တဲ့ စုံတွဲတွေမှာ စိုက်ကြည့်လေ့မရှိတဲ့ စုံတွဲတွေထက် ပိုမိုခိုင်မြဲတဲ့ ချစ်ခြင်း တရား ဖြစ်ပေါ်တတ်ကြောင်း သိရပါတယ်။


သင့် သြဇာတိက္ကမအစွမ်း ပိုထက်အောင်


♦ မျက်ဝန်းတစ်ဖက်ပြီး တစ်ဖက်ပြောင်းကြည့်ပါ ♦

သင်ပထမဆုံးအကြိမ်စတင် တွေ့ဖူး၊ မြင်ဖူးတဲ့သူရဲ့ အချစ်ခံချင်သလား။ သူစကားပြောတာကို နားထောင်တဲ့ အခါပဲဖြစ်ဖြစ်၊ သင် စကားပြောတာပဲ ဖြစ်ဖြစ်သူ့မျက်ဝန်းတစ်ဖက်ကနေ နောက်တစ်ဖက်ကို တစ်လှည့်စီ အကြည့်ပြောင်းပေးပါ။ လူအများစုက တစ်စုံတစ်ယောက် စကားပြောတာကို နားထောင်နေတဲ့အခါ အာရုံ စိုက်ပြီး နားထောင်ဖို့ မေ့နေတတ်ပါတယ်။ သတိထားပြီး မျက်ဝန်းတစ်ဖက်စီကို စိုက်ကြည့်တာကြောင့် သင် အလေးထားကြောင်း တခြားသူကသဘောပေါက်နားလည်သွားပြီး သင်ပြောတဲ့အခါမှာလည်း တစ်ဖက်သား က ပိုအလေးထားလာပါလိမ့်မယ်။




Tip~!
တစ်စုံတစ်ယောက်ရဲ့ မျက်ဝန်းတွေကိုကြည့်ရမှာ မသက်မ သာ ဖြစ်နေသလား၊ ဒါမှမဟုတ် ခပ်စိမ်းစိမ်း ဖြစ်နေသလား။ မျက်ဝန်းတွေကို ကြည့်မယ့်အစား မျက်ခုံးတွေကို ကြည့်လိုက် ပါ။ မျက်လုံးချင်း ဆုံကြည့်သလို ဖြစ်စေပါတယ်။





ဇွ န် ခို င် ဦး (ေ ဆး ဝါး တ က္က သို လ် )
http://ngwesusan.blogspot.com/



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်