ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Saturday, December 21, 2013

The Concept of Self-Esteem and Estimating yourself

The Concept of Self-Esteem and Estimating yourself

Esteemဆိုတာလက်တင်ဘာသာစကားကဆင်းသက်လာတာဖြစ်ပြီးတန်ဖိုးအကဲဖြတ်ခြင်းလို့အဓိပ္ဗါယ်ရတယ်။ Self-Esteem ဆိုတာ to estimate yourself မိမိတန်ဖိုးကို အကဲဖြတ်ခြင်းလို့အဓိပ္ဗါယ်ရတယ်။

မိမိကိုယ်ကိုယ် အကဲဖြတ်ဖို့ ကိုယ့်ကိုယ်ကို မေးခွန်းအချို့ ပြန်မေးရပါမယ်..... ဖြေကြည့်ပါ

၁) ကိုယ့်ကိုယ်ကို နှစ်သက်လက်ခံမှုရှိရဲ့ လား။
၂) လူကောင်းလူမွန်တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုလက်ခံလား။
၃)ကိုယ်ဟာအခြားတစ်ပါးသူတစ်ယောက်ယောက်ရဲ့ချစ်ခင်နှစ်သက်မေတ္တာထားခံရဖို့ထိုက်တန်သူအဖြစ်ယူဆသလား။
၎) ပျော်ရွှင်မှုတွေကို လိုလားသူ၊ နှစ်သက်သူ၊ ထိုက်တန်သူလို့ ယူဆရဲ့ လား။
၅) ကိုယ့်ကိုယ်ကိုယ် တစ်ကယ်ပဲ အဆင်ပြေသူ၊ ပြဿသ
နာရှိသူလို့ တစ်ကယ်ကိုပဲ အသိတရားအရကော၊ ခံစားချက်တွေအရမှာပါ လှိုက်လှိုက်လည်းလည်း လက်ခံရဲ့ လား။

Self-Esteem နည်းပါးတဲ့သူတွေ ဒီမေးခွန်းတွေကိုဖြေရာမှာ အခက်အခဲတွေရှိနိုင်တယ်။

Self-Esteemဆိုတာ

ကိုယ့်ရဲ့ တွေးနိုင်စွမ်း၊ဘ၀ရဲ့အခြေခံဖြစ်တဲ့ရင်ဆိုင်မှုတွေနဲ့၊စိတ်ခေါ်မှုတွေကိုဖြေရှင်းနိုင်စွမ်းတွေမှာယုံကြည်ချက်ရှိတာ၊
လူသားတစ်ယောက်အဖြစ်ကိုယ်နဲ့ထိုက်တန်တဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေကိုရရှိဖို့ကိုယ့်မှာရှိတဲ့အခွင့်အရေးကိုယုံကြည်မှု၊ကိုယ်ဟာကိုယ်အဖြစ်နဲ့တန်ဖိုးထိုက်တန်သူတစ်ယောက်ဖြစ်တယ်လို
့ယုံကြည်လက်ခံမှု၊ကိုယ့်ရဲ့လိုအပ်ချက်နဲ့လိုအင်ဆန္ဒတွေကို တောင်းဆိုဖြည့်ဆည်းနိုင်စွမ်း အပေါ်ယုံကြည်မှု၊ ကိုယ်ယုံကြည်ထားသော ဘ၀တန်ဖိုးများကို အောင်အောင်မြင်မြင်ရယူနိုင်စွမ်း၊ ကိုယ့်ရဲ့အားထုတ်မှုတိုင်းရဲ့ အသီးအပွင့်ရလာဒ်များကိုတန်ဖိုးထား နှစ်သက်လက်ခံပျော်ရွှင်နိုင်စွမ်း တွေအားလုံးပေါင်းကိုဆိုလိုတာဖြစ်တယ်လို့ ပညာရှင်တွေက ဖွင့်ဆိုကြပါတယ်။


No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်