ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Wednesday, February 12, 2014

အချစ်ဆိုသည်..



အချစ်သည်
အချစ်သည်....ပြုံးသောအခါ၌
အမြင့်ပျံငှက်တို့လေဟုန်စီးခြင်းနှင့်တူ၏
နူးညံစွာထိတွေ့နေရသောလေထု
ကျယ်ပြန့်သော မိုးကောင်းကင်၏လွတ်လပ်မှု
ပေါ့ပါးသွက်လက်သော လှုပ်ရှားခြင်းဖြင့်
ကျွန်ုပ်၏နှလုံးသားကို ညင်သာစွာ ပွတ်သပ်နေတတ်၏....။
အချစ်သည်.....စကားပြောသောအခါတို့၌
မျက်ဝန်းအစုံအား ရွန်းလဲ့ စေလျှက်
ပါးလွှာသောနှုတ်ခမ်းဖျားလေးဖြင့်
ပြုံးဝံ့ရစ်သန်း မပျက်ပယ်တမ်းသော
မျက်နှာအလှကိုပြ၍ ချိုမြိန်သော အသံကိုပြုတတ်၏။....
အချစ်သည်....ဝမ်းနည်းသောအခါမှာကား
တောင်စွယ်နှစ်ခုအကြားတွင် ကွယ်လုသောနေမင်း၏
တယောထိုးသံနှင့် တူပေသည်
တွန်းတိုက်မှုမရှိပဲ လဲပြိုတတ်သလို
ထိခိုက်မှုမရှိပဲလဲ ကွဲကြေနေတတ်ပြန်သည်....။
အချစ်သည်.... ထောင်ပေါင်းများစွာသောအကြောတို့အား၏
မျက်ရည်ဖြင့်ပြည့်စေလျက်
မျက်ဝန်းနက်တို့ကို အခါခါပုတ်ခတ်တတ်သေးသည်...
အချစ်သည်... သီချင်းတပုဒ်၏သံစဉ်ဖြစ်သလို
ကဗျာတပုဒ်၏ကာရန်လည်းဖြစ်သေး၏
အခါခပ်သိမ်းသောပျော်ရွှင်ခြင်းတို့၏ ဘုရင်ဖြစ်သလို
ဝမ်းနည်းခြင်းတို့၏ အရှင်သခင်လဲဖြစ်နေပြန်သည်....။
အချစ်သည်..ကြည်နှုးခြင်း ကြေကွဲခြင်းတို့ဖြင့်
အရာအားလုံးကို သိမ်းပိုက်တတ်သေးသည်..
အချစ်သည်.........................................




လေလွင့်နေတဲ့လူ........နှစ်သက်မိသော ကဗျာတပုဒ်




No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်