ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Sunday, February 14, 2016

နှစ်သက်မိသော စကားစုများ





“Rich people have small TVs and big libraries, and poor people have small libraries and big TVs.”
- Zig Ziglar -
  ချမ်းသာတဲ့လူတွေမှာ TV သေးသေးလေးတွေနဲ့ စာကြည့်တိုက် အကြီးကြီးတွေရှိတယ်။
 ဆင်းရဲတဲ့လူတွေမှာတော့ စာကြည့်တိုက် သေးသေးလေးနဲ့ TV အကြီးကြီးတွေရှိတယ်...။
 - Zig Ziglar -


“Choose your love. Love your choice.”
- Thomas S. Monson -
  မင်းအချစ်ကို ရွေးပါ။ မင်းရွေးချယ်မှုကို ချစ်ပါ...။
 - Thomas S. Monson -



“It's better to burn out than to fade away.”
- Neil Young -
  မှိန်ဖျော့ပျောက်ကွယ်ရတာထက် လောင်ကျွမ်းကုန်ဆုံးရတာက ပိုကောင်းပါတယ်...။
 - Neil Young -

“Friendship often ends in love. But love in friendship; never.”
- Charles Caleb Colton -
ခင်မင်ရင်းနှီးမှုဟာ အချစ်တွေအဖြစ် အဆုံးသတ်သွားတတ်တယ်။ ဒါပေမယ့် အချစ်တွေကတော့ ခင်မင်ရင်းနှီးမှုအဖြစ် ဘယ်တော့မှ အဆုံးမသတ်ကြဘူး...။
- Charles Caleb Colton -



“Never love anyone who treats you like you're ordinary.”
- Oscar Wilde -
  ကိုယ့်ကို သာမန်လူတစ်ယောက်လိုပဲ သဘောထားပြီး ဆက်ဆံတဲ့ ဘယ်သူ့ကိုမှ မချစ်မိစေနဲ့...
 - Oscar Wilde -
 

“Try not to become a man of success. Rather become a man of value.”
- Albert Einstein -
  အောင်မြင်တဲ့လူတစ်ယောက်ဖြစ်အောင် မကြိုးစားစမ်းပါနဲ့။ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားစမ်းပါ...။
 - Albert Einstein -



“Love is a fire. But whether it is going to warm your hearth or burn down your house, you can never tell.”
  -Joan Crawford -
အချစ်ဆိုတာ မီးပါပဲ။ ဒါပေမယ့် ကိုယ့်နှလုံးသားကို အနွေးဓာတ်ပေးမယ့်မီးလား၊ ဒါမှမဟုတ် ကိုယ့်အိမ်ကို ပြာချပစ်မယ့်မီးလားဆိုတာကိုတော့ ဘယ်သောအခါမှ မင်းပြောနိုင်မှာ မဟုတ်ဘူး...။
   -Joan Crawford -

“Friendship is selfless love, care, respect, and honor not a profitable opportunity.” -Santosh Kalwar -
ခင်မင်ရင်းနှီးမှုဆိုတာ အတ္တမပါတဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုတစိုက်ရှိမှု၊ ရိုသေလေးစားမှုနဲ့ ဂုဏ်သိက္ခာ ဖြစ်တယ်...။ အကျိုးအမြတ်ရနိုင်တဲ့ အခွင့်အရေးတစ်ခု မဟုတ်ဘူး...။
-Santosh Kalwar -



“Sometimes life knocks you on your ass... get up, get up, get up!!! Happiness is not the absence of problems, it's the ability to deal with them.”
- Steve Maraboli -
တစ်ခါတစ်လေမှာ ဘ၀က မင်းဖင်ကို ဆောင့်ကန်ပစ်လိမ့်မယ်။ ပြန်ထ...ပြန်ထ...ရအောင်ပြန်ထ...။ ပျော်ရွှင်မှုဆိုတာ ပြဿဿ      နာ တွေ မရှိတော့တာကို မဆိုလိုဘူး။ ပြဿဿ      နာ တွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်ကို ဆိုလိုတယ်...။
- Steve Maraboli -

“The worst thing you can do if you miss or need someone is let them know it.”
-Sarah Dessen -
တစ်ယောက်ယောက်ကို လွမ်းနေတယ်၊ တမ်းတနေတယ်ဆိုရင် ကိုယ်လုပ်နိုင်တဲ့ အဆိုးဆုံးအလုပ်ကတော့ ကိုယ်ခံစားနေရတာကို သူတို့သိအောင် လုပ်ဖို့ပဲ...။ 
 -Sarah Dessen -


“Love is that condition in which the happiness of another person is essential to your own.”
-Robert A. Heinlein -
တခြားလူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ ကိုယ့်အတွက် မရှိလို့ကိုမဖြစ်အောင် လိုအပ်နေတဲ့ အခြေအနေကို အချစ်လို့ ခေါ်တယ်... ။
 -Robert A. Heinlein -



“People rarely succeed unless they have fun in what they are doing.”
-Dale Carnegie -
  ကိုယ်လုပ်နေတဲ့အလုပ်ကို မပျော်ရွှင် မကြည်နူးဘဲ အောင်မြင်တဲ့လူဆိုတာ အတော်ကို ရှားတယ်...။
 -Dale Carnegie -

 

“The only way of knowing a person is to love them without hope.”
- Walter Benjamin -
  လူတစ်ယောက်အကြောင်းကိုသိဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ မျှော်လင့်ချက်မထားဘဲ သူ့ကို ချစ်ကြည့်လိုက်ဖို့ပဲ...။
- Walter Benjamin -


“We waste time looking for the perfect lover, instead of creating the perfect love.”
-Tom Robbins -
  ကျုပ်တို့တတွေဟာ ပြီးပြည့်စုံတဲ့ အချစ်ကို ဖန်တီးကြမယ့်အစား ပြီးပြည့်စုံတဲ့ ချစ်သူကို ရှာရင်း အချိန်တွေ ဖြုန်းနေကြတာပဲ...။
 -Tom Robbins -
 

“Don't let what you cannot do interfere with what you can do. ”
- John Wooden -
  ကိုယ်လုပ်နိုင်တဲ့အရာတွေကို ကိုယ်မလုပ်နိုင်တဲ့အရာတွေက ၀င်ပြီး မနှောင့်ယှက်စေနဲ့...။
 - John Wooden -


“How do you spell 'love'?" - Piglet
"You don't spell it...you feel it." - Pooh”

-A.A. Milne -
Piglet - အချစ်ဆိုတာကို ဘယ်လို စာလုံးပေါင်းရမလဲဟင်....
Pooh - အချစ်ဆိုတာ စာလုံးပေါင်းလို
့ရတာမဟုတ်ဘူးကွ...ခံစားရမှ သိတဲ့အရာ.
 -A.A. Milne -
 

“If you try and lose then it isn't your fault. But if you don't try and we lose, then it's all your fault.”
- Orson Scott Card -
မင်းကြိုးစားတယ်၊ ရှုံးသွားတယ်...ဒါ မင်းအပြစ်မဟုတ်ဘူး။ တကယ်လို့ မင်းမကြိုးစားလို့ ငါတို့တွေ ရှုံးသွားရင်တော့ အားလုံး မင်းအပြစ်ပဲ...။
 - Orson Scott Card - 



“Happiness is holding someone in your arms and knowing you hold the whole world.”
-Orhan Pamuk -
  ပျော်ရွှင်မှုဆိုတာဟာ တစ်ယောက်ယောက်ကို ကိုယ့်လက်မောင်းတွေနဲ့ ထွေးပိုက်ထားတဲ့အချိန်မျိုးမှာ ကမ္ဘာကြီးတစ်ခုလုံးကို ကိုယ်ထွေးပွေ့ထားပါလားလို့ သိနေတဲ့ အခြေအနေပါပဲ...။
 -Orhan Pamuk -
 

“The right thing and the easy thing are never the same.”
- Kami Garcia -
  မှန်တဲ့အရာနဲ့ လွယ်တဲ့အရာဆိုတာ ဘယ်တော့မှ ထပ်တူမကျဘူး...။
 - Kami Garcia -
 
“Tears shed for another person are not a sign of weakness. They are a sign of a pure heart.”
- José N. Harris -
  တခြားတစ်ယောက်အတွက် ကျရတဲ့ မျက်ရည်တွေဆိုတာ အားနည်းပျော့ညံ့မှုရဲ့ လက္ခဏာတစ်ခု မဟုတ်ဘူး။ ဖြူစင်သန့်ရှင်းတဲ့ နှလုံးသားတစ်ခုရဲ့ သင်္ကေတပဲ ဖြစ်တယ်..။
 - José N. Harris -
 
“How people treat you is their karma; how you react is yours.”
- Wayne W. Dyer -
  တခြားလူတွေက မင်းကို ဘယ်လိုဆက်ဆံတယ်ဆိုတာ သူတို့ရဲ့ ကံကြမ္မာပဲ။ 
  မင်းက ဘယ်လိုတုံ့ပြန်တယ်ဆိုတာကတော့ မင်းရဲ့ ကံကြမ္မာပေါ့...။
- Wayne W. Dyer -
 
“Anyone who loves in the expectation of being loved in return is wasting their time.”
- Paulo Coelho -
  ကိုယ့်ကို ပြန်ပြီးချစ်တာကို ခံရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ ချစ်နေတဲ့လူဟာ သက်သက်မဲ့ အချိန်ဖြုန်းနေတာပဲ...။
 - Paulo Coelho -
 

“It doesn't matter who you are or what you look like, so long as somebody loves you.”
-Roald Dahl -
  တစ်ယောက်ယောက်က မင်းကို ချစ်နေသမျှ ကာလပတ်လုံး မင်းဟာ ဘယ်သူဖြစ်တယ်၊ မင်းရဲ့ ရုပ်ဆင်းသွင်ပြင် ဘယ်လိုရှိတယ်ဆိုတာတွေဟာ လုံးဝ အရေးမကြီးပါဘူး...။
-Roald Dahl -
 

“Don’t sacrifice yourself too much, because if you sacrifice too much there’s nothing else you can give and nobody will care for you.”
- Karl Lagerfeld -
သိပ်ပြီး လွန်လွန်ကြူးကြူး စွန့်လွှတ်အနစ်နာမခံစမ်းပါနဲ့။ စွန့်လွှတ်တာများလွန်းသွားရင် မင်းမှာ ပေးစရာ ဘာမှ မကျန်တော့လို့ ဘယ်သူကမှ မင်းကို ဂရုစိုက်မှာ မဟုတ်တော့ဘူး...
- Karl Lagerfeld -


“To the world you may be one person but to one person you may be the world.”
- Bill Wilson -
မင်းဟာ ကမ္ဘာကြီးအတွက်တော့ လူတစ်ယောက်ပဲ ဖြစ်နေနိုင်တယ်။ ဒါပေမယ့် လူတစ်ယောက်အတွက်တော့ မင်းဟာ ကမ္ဘာကြီးဖြစ်ချင်ဖြစ်နေမှာပေါ့...။
 - Bill Wilson -
 

“The saddest thing about love, Joe, is that not only the love cannot last forever, but even the heartbreak is soon forgotten.”
  -William Faulkner -
  အချစ်နဲ့ပတ်သက်ပြီး ၀မ်းနည်းစရာအကောင်းဆုံးကတော့...ဂျိုးရေ...အချစ်ဆိုတာကပဲ ထာဝရ မတည်တံ့နိုင်တာမဟုတ်တဲု့ပြင် အသည်းကွဲတဲ့ဒဏ်ရာတောင်မှ မကြာခင်မှာ
 မေ့မေ့ပျောက်ပျောက်ဖြစ်သွားနိုင်တယ်ဆိုတဲ့ အချက်ပဲ...။
   -William Faulkner - 
 

“To love means loving the unlovable. To forgive means pardoning the unpardonable. Faith means believing the unbelievable. Hope means hoping when everything seems hopeless.”
-G.K. Chesterton -
  ဘယ်လိုမှ ချစ်လို့မရနိုင်တာကိုချစ်မှ အချစ်လို့ ခေါ်တယ်။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်တာကို ခွင့်လွှတ်မှ ခွင့်လွှတ်တယ်လို့ခေါ်တယ်။ မယုံကြည်နိုင်တာကို ယုံကြည်မှ ယုံကြည်မှုလို့ ခေါ်တယ်။
 မျှော်လင့်ချက်မဲ့နေတယ်လို့ ထင်ရတဲ့အချိန်မှာတောင် မျှော်လင့်နေမှ မျှော်လင့်ချက်လို့ ခေါ်တယ်...။
 -G.K. Chesterton - 
 

“If a man hasn't what's necessary to make a woman love him, it's his fault, not hers.”
- W. Somerset Maugham -
  ယောက်ျားတစ်ယောက်မှာ မိန်းမတစ်ယောက်က သူ့ကိုချစ်လာအောင်လုပ်နိုင်တဲ့ လိုအပ်ချက်တွေ မပြည့်စုံဘူးဆိုရင် အဲဒါ မိန်းမရဲ့ အပြစ်မဟုတ်ဘူး...သူ့အပြစ်ပဲ...။
 - W. Somerset Maugham -
 

“Loving someone is giving them the power to break your heart, but trusting them not to.”
- Julianne Moore -
  တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ ကိုယ့်အသည်းကိုခွဲဖို့ လုပ်ပိုင်ခွင့် သူ့လက်ထဲ ထည့်ပေးလိုက်တာပဲ။ ဒါပေမယ့် သူမခွဲလောက်ဘူးလို့လည်း ယုံကြည်နေမိတယ်လေ...။
 - Julianne Moore -
 

“It is better to lose your pride with someone you love rather than to lose that someone you love with your useless pride.”
-John Ruskin -
အသုံးမကျတဲ့ ကိုယ့်မာနကြောင့် ကိုယ်ချစ်တဲ့လူကို စွန့်လွှတ်လိုက်ရတာထက် ကိုယ်ချစ်တဲ့လူတစ်ယောက်အတွက် ကိုယ့်မာနကို စွန့်လွှတ်လိုက်တာက ပိုကောင်းပါသေးတယ်... ။
 -John Ruskin -
 

“Love is honesty. Love is a mutual respect for one another.”
- Simone Elkeles -
အချစ်ဆိုတာ ရိုးသားခြင်း။ အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားခြင်း...။
 - Simone Elkeles -

“A man is a success if he gets up in the morning and gets to bed at night, and in between he does what he wants to do.”
- Bob Dylan -
  အောင်မြင်တဲ့လူဆိုတာ မနက်မှာ အိပ်ယာထ၊ ညမှာ အိပ်ယာဝင်၊ ကြားထဲမှာ သူလုပ်ချင်ရာကို လုပ်နေနိုင်တဲ့လူကို ခေါ်တယ်...။
- Bob Dylan -
 

“Kites rise highest against the wind, not with it.”
  -Winston S. Churchill -
  လေတံခွန်တွေဟာ လေကြောင်းကို ဆန့်ကျင်ပြီး အမြင့်ဆုံးထိ ပျံတက်ကြတယ်။ လေကြောင်းနဲ့အတူ မျှောလိုက်နေကြတာ မဟုတ်ဘူး...။
   -Winston S. Churchill -


“In order to succeed, your desire for success should be greater than your fear of failure. ”
- Bill Cosby -
  အောင်မြင်ဖို့အတွက်ဆိုရင် အောင်မြင်မှုကို လိုလားတောင့်တတဲ့စိတ်ဟာ ရှုံးမှာကြောက်တဲ့စိတ်ထက် ပိုပြီး အင်အားကောင်းနေဖို့ လိုအပ်တယ်...။
 - Bill Cosby -

“Love yourself. Forgive yourself. Be true to yourself. How you treat yourself sets the standard for how others will treat you.”
- Steve Maraboli -
  ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။ ကိုယ့်ကိုယ်ကို စစ်မှန်ဖြောင့်မတ်ပါ။ မင်းကိုမင်း ဘယ်လိုဆက်ဆံသလဲဆိုတာဟာ တခြားလူတွေက မင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတာအတွက် စံပြပုံစံပဲ ဖြစ်တယ်...။
 - Steve Maraboli -

“Every day People straighten up the hair, why not the heart?”
- Ernesto Che Guevara -
လူတွေဟာ ဆံပင် နေ့တိုင်းဖြောင့်ကြတယ်၊ နှလုံးသားကိုတော့ ဘာဖြစ်လို့ မဖြောင့်ကြတာပါလိမ့်...၊
- Ernesto Che Guevara -
 
“The true revolutionary is guided by great feelings of love.”
-Ernesto Che Guevara -
  စစ်မှန်တဲ့ တော်လှန်ရေးကို ချစ်ခြင်းမေတ္တာရဲ့ ခမ်းနားကြီးကျယ်တဲ့ ခံစားချက်က ဦးဆောင်တယ်...။ 
- Ernesto Che Guevara -

 
“In love, one and one are one.”
  -Jean-Paul Sartre -
  အချစ်မှာ တစ်နဲ့တစ်ပေါင်းရင် တစ်ပဲ ရတယ်...။
  -Jean-Paul Sartre -
 
“When you fish for love, bait with your heart, not your brain.”
- Mark Twain -
အချစ်ဆိုတာကို နှလုံးသားနဲ့ပဲ မျှားပါ...ဦးဏှောက်နဲ့ မမျှားပါနဲ့...။
- Mark Twain -
 
“The true revolutionary is guided by great feelings of love.”
- Ernesto Che Guevara -
စစ်မှန်တဲ့ တော်လှန်ရေးကို ချစ်ခြင်းမေတ္တာရဲ့ ခမ်းနားကြီးကျယ်တဲ့ ခံစားချက်က ဦးဆောင်တယ်...။
- Ernesto Che Guevara -


“Love is a rebellious bird that nobody can tame.”
-Veronica Rossi -
အချစ်ဆိုတာ ဘယ်သူကမှ ယဉ်ပါးအောင် မစွမ်းနိုင်တဲ့ ငှက်ဆိုးလေးတစ်ကောင်ပဲ...။
-Veronica Rossi -
 
“Love is hard to find, hard to keep, and hard to forget.”
- Alysha Speer -
  အချစ်ဆိုတာ ရှာရခက်တယ်၊ ထိန်းသိမ်းဖို့ခက်တယ်...မေ့ပစ်ဖို့လည်း ခက်တာပဲ...။
- Alysha Speer -

“I would rather die standing up to live life on my knees.”

- Ernesto Che Guevara -
ဒူးထောက်ပြီး အသက်ရှင်မယ့်အစာ
း မတ်တပ်ရပ်ပြီး အသေခံလိုက်မယ်...။
- Ernesto Che Guevara -


“Those who really love you don't mean to hurt you and if they do, you can't see it in their eyes but it hurts them too.”
-Holly Black - မင်းကိုတကယ်ချစ်တဲ့လူဟာ မင်းကို နာကျင်အောင်လုပ်ဖို့ ဘယ်တော့မှ မရည်ရွယ်ဘူး။ တကယ်လို့ နာကျင်အောင်လုပ်မိခဲ့တယ်ဆိုရင်တောင်မှ သူတို့လည်း နာကျင်ခံစားကြရတာချည်းပဲ။ ဒါပေမယ့် ဒါကိုတော့ သူတို့မျက်စိထဲမှာ မင်းမြင်နိုင်မှာ မဟုတ်ဘူးပေါ့လေ...။
-Holly Black -

A love in secret is but a shadow that’s cold and lonely.”
-Jarod Kintz -

တိတ်တခိုးအချစ်ဆိုတာ အေးစက်ပြီး အထီးကျန်ဆန်တဲ့ အရိပ်အာဝါသ တစ်ခုပါပဲလေ...။

-Jarod Kintz -

 
 


“I am two fools, I know,
For loving, and for saying so.”

- John Donne -
ကျုပ်သိတယ်...။ ကျုပ် နှစ်ခါတောင် ရူးခဲ့တယ်။
 ချစ်မိသွားတဲ့အတွက်တစ်ခါ ချစ်မိတဲ့အကြောင်းကို ပြောမိတဲ့အတွက် တစ်ခါ...။ 
- John Donne -

“But you're so busy changing the world
Just one smile can change all of mine”

- Jack Johnson -
  ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ အလုပ်တွေများနေသလားကွယ်။ တကယ်တော့ မင်းအပြုံးတစ်ချက်နဲ့တင် ကိုယ့်ဘ၀ရဲ့ အရာရာကို ပြောင်းလဲနိုင်စွမ်းပါတယ်...။
- Jack Johnson -


" True love is like ghost, which everyone talks about and few have seen. "
- Francois de La Rochefoucauld -
  အချစ်စစ်ဆိုတာ ၀ိညာဉ်တစ်ကောင်နဲ့တူတယ်။ လူတိုင်းကတော့ သူ့အကြောင်းကို ပြောနေကြတာပဲ။ ဒါပေမယ့် လူအနည်းငယ်ကပဲ သူ့ကို မြင်ဖူးကြတယ်...
 - Francois de La Rochefoucauld -

" Do I love you because you're beautiful,
Or are you beautiful because I love you? "

-Richard Rodgers and Oscar Hammerstein II -
မင်းက လှလို့ ကိုယ်က ချစ်မိတာလား...ကိုယ်က ချစ်နေလို့ပဲ မင်းက လှနေတာလား...။
 -Richard Rodgers and Oscar Hammerstein II -

" The course of true love never did run smooth. "
- William Shakespeare -
  အချစ်စစ်တို့၏ လမ်းကြောင်းသည် မည်သည့်အခါတွင်မှ မဖြောင့်ဖြူး...
 - William Shakespeare -

" Life without love is like a tree without blossoms or fruit. "
- Khalil Gibran -
အချစ်မရှိတဲ့ဘ၀ဆိုတာ အသီးမသီး အပွင့်မပွင့်တဲ့ သစ်ပင်တစ်ပင်နဲ့ အတူတူပါပဲလေ...။
 - Khalil Gibran -

“Love is the most selfish of all the passions.”
-Alexandre Dumas -
  နှောင်တွယ်စွဲလမ်းတတ်တဲ့ သံယောဇဉ်တွေထဲမှာ အချစ်ဆိုတာ အတ္တအဆန်ဆုံးပဲ...။
 -Alexandre Dumas -

“One heart cannot serve two masters.”
-Robin LaFevers -
  နှလုံးသားတစ်ခုဟာ သခင်နှစ်ယောက်ဆီမှာ မခစားနိုင်ဘူး...။
 -Robin LaFevers -

“True love is born from understanding.”
- Gautama Buddha -
  စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ နားလည်မှုကနေ ပေါက်ဖွားလာတယ်...။
 - Gautama Buddha -

“People fall in love without reason, without even wanting to. You can't predict it. That's love.”
- Haruki Murakami -
  လူတွေဟာ အကြောင်းပြချက်မရှိဘဲ ချစ်ကြတယ်။ မချစ်ချင်ဘဲနဲ့လည်း ချစ်မိတတ်ကြတယ်။ ခင်ဗျား ဘယ်လိုမှ ကြိုတင်ခန့်မှန်းလို့ ရမှာမဟုတ်ဘူး...။ ဟုတ်တယ်...။ ဒါ အချစ်ပဲလေ...။
 - Haruki Murakami -




Han Kyi



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်