ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Saturday, December 21, 2013

Personality - ကိုယ်ရည်ကိုယ်သွေး

Personality - ကိုယ်ရည်ကိုယ်သွေး..

Personality ဆိုတာ

လူတစ်ယောက်ရဲ့ ပြုမှုပြောဆိုပုံ (BEHAVIOUR)၊
ခံစားပုံ (FEELINGS)၊
တွေးခေါ်ပုံ (THINKING)၊
ခံယူပုံ (ACCEPTING) ၊
စိတ်ပိုင်းဆိုင်ရာလုပ်ခံစားပုံ (EMOTION)၊
လောကကိုသိမြင်ပုံ (PERCEPTION)၊
စိတ်သဘောထားပုံ(ATTITUDE)......စတဲ့စိတ်ပိုင်းဆိုင်ရာအကြောင်းတရားတွေအကုန်လုံးပေါင်းကိုဆိုလိုတာ
ဖြစ်ပါတယ်။


ကိုယ်ရည်ကိုယ်သွေး၊စိတ်ပညာနဲ့ပတ်သက်တဲ့လို့မှာလူတွေမှာအများဆုံးတွေ့ရတဲ့Personality နှစ်မျိုးရှိပါတယ်. လူအများစုမှာတွေ့နိုင်တဲ့ Personality ပုံစံနှစ်မျိုးကတော့

1) Extrovert (အပွင့်စိတ်/အပြင်စွဲ)
2) Introvert (အငုံစိတ်/ အတွင်းစွဲ) တို့ဖြစ်တယ်။

Extrovert (အပွင့်စိတ်/အပြင်စွဲ) ၏စရိုက်လက်က္ခဏာများ


• လက်တွေ့ကျကျလုပ်ဆောင်တတ် (အတွေးသမားမဟုတ်/စဉ်းစားသည်ကိုမကြိုက်)
• လောကကိုလက်တွေ့ ရင်ဆိုင်လို
• ပြင်ပအကြောင်းတရားကို ဦးတည်ပြုမှုပြောဆိုနေထိုင်တတ်
• တက်ကြွ
• အတွင်းစိတ်ကို ဝေဖန်ဆန်းစစ်ခြင်း မပြုနိုင်
• ဘ၀သည်အချက်အလက်ဆန်

အပွင့်စိတ်တို့၏ အားသာချက်များ

• ဘာလုပ်ရမည်ကို သိတတ်
• အခြေနေကို ရှင်းရှင်းလင်းလင်းမြင်တတ်
• လူဝင်ဆန့်
• စိုးရိမ်ပူပန်မူ မကြာရှည်တတ်
• တက်ကြွရှိ
• ဆုံးဖြတ်ကို အလွယ်တစ်ကူချနိုင်
• အမှားအမှန်ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းရှိ
• တိကျ၊ ပြတ်သား
• တဖြောင့်တည်းလုပ်တတ်

အပွင့်စိတ်တို့၏ အားနည်းချက်များ

• သက်တောင့်သက်သာနေလိုစိတ်များ
• အပြုအမှုအပြောအဆို ပေါ့ပျက်ပျက်ဆန်
• အပေါင်းသင်းမက်
• အယုံကြည်လွယ်
• ကိုယ့်ကိုယ်ကို အထင်ကြီးတတ်
• အရောဝင်လွန်း
• ကြီးကြပ်ကွပ်ကဲနိုင်စွမ်းနည်းပါးတတ်
• ကံစွပ်ကံငြားလုပ်လိုတတ်
• မိုက်ရူးရဲဆန်၊ ကမူးရှူးထိုးလုပ်လို
• တပွဲထိုး၊ တစ်ခါစားအလုပ်လုပ်တတ်
• အပျော်အပါးမက်၊ တိုးတက်မူနည်းပါး
• စာနာထောက်ထား၊ နည်းလည်မူနည်းပါးတတ်
• အသေးအဖွဲဂရုမထားတတ်
• အမျှော်အမြင်နည်း

Introvert (အငုံစိတ် စရိုက်များ)

• အတွေးသမား
• အရှက်အကြောက်ကြီးတတ်
• စိတ်ထိခိုက်လွယ်
• အာရုံခံထက်မြက်
• ဆက်ဆံရေး ပြေလည်မှုမရှိ
• စိတ်ကသိကအောက်ဖြစ်တတ်
• လူအများကြားတွင် မနေတတ်
• ပြင်ပလောကထက်
• စိတ်တွင်းဖြစ်ပေါ်မူကို အာရုံပိုထားတတ်
• ခံစားချက်များကို သိုသိပ်လွန်းတတ်
• တစ်ကိုယ်ရည်နေတတ်
• အတွေးများဖြင့် မျောလွင့်နေတတ်
• စိတ်ကူးယဉ်ကမ္ဘာတွင်နေတတ်သူ
• သံသယကြီးတတ်ကြ
• အလျော့ပေးလွယ်
• ဖိနှိပ်ချုပ်ထိမ်းမူလွန်ကဲ
• မိမိကိုယ်ကိုယုံကြည်မူအားနည်း
• ဘာသိဘာသာနေတတ်

အငုံစိတ်ဖြစ်ရခြင်း

• ကလေးဘ၀ဆိုင်ရာ မလုံခြုံမူနှင့် မိဘ၏နွေးထွေးမူ
• ခံစားချက်ပိုင်းဆိုင်ရာ လုံခြုံမူနှင့် ကလေးဘ၀၏ အာရုံထက်မြက်မူ
• ဘ၀ကို အဆင်ပြေအောင်မြင်အောင် ရှင်သန်ပုံ
• စိတ်ထိခိုက်လွယ်လွန်းခြင်း
• မိမိအတ္တကာကွယ်မှု ယန္တရား (Self-defense Mechanism)
• ရုပ်ပိုင်းဆိုင်ရာ ရှောင်ခွာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ရှောင်ခွာခြင်း

အတွင်းစွဲနှင့် Self-defence Mechanism

ဘေးလူတို့၏ လှုံ့ဆော်မူကို အရေးမစိုက်ရန် မတုန်မလှုပ် ကျောက်ရုပ်သဖွယ်နေပြခြင်း၊ မိမိ၏ခံစားမှုများကို တုံးသွားအောင် ဟန်ဆောင်ပြုမူခြင်း တို့ကြောင့် မူလထက်မြက်မူစွမ်းအားများ ကျဆင်းသွားတတ်ကြ၊ အဆိုးရွှားဆုံးအဖြစ်၊ အရာရာကို လျစ်လျူရှုသည့် (Apathy) အဆင့်ရောက်သောအခါ ဘ၀တစ်ခုလုံး ထိခိုက်နိုင်။

အတွင်းစွဲနှင့် စိတ်ကူးယဉ်မှု

• စိတ်ကူးအယဉ်လွန်ကြ၊
• တန်ဖိုးရှိသောအချိန်များစွာကို စိတ်ကူးယဉ်ခြင်းဖြင့် ကုန်ဆုံးစေတတ်ကြ၊
• စိတ်ကူးအယဉ်လွန်ခြင်းကြောင့် Schizophrenia စိတ်ရောဂါကိုဖြစ်စေတတ်
• စိတ်ကူးယဉ်လိုခြင်းကြောင့် ပြဿနာများကို လက်တွေ့ကျကျမဖြေရှင်းလိုပဲ ရှောင်ပြေးလိုတတ်ကြ၊
• မူးယစ်ဆေးအသုံးပြုကာ၊ ရင်ဆိုင်နေရသော ပြဿနာများမှ ရှောင်ဖယ်လို
• စိတ်ကူးဖြင့်ပြီးပြည့်စုံမှုကိုရှာတတ်၍ လက်တွေ့မပြည့်စုံမှုများကို လက်မခံနိုင်ကြ
• တစ်ကိုယ်တည်း ဆိတ်ငြိမ်စွား သုံးသပ်စဉ်းစားသည့် အလေ့အထကို ပျိုးထောင်သင့်
•စိတ်ကိုလွတ်လပ်စွာကွန့်မြူးခွင့်ပေးသင်(တီထွင်ဖန်တီးနိုင်မူအစွမ်းမြင့်မားစေ၊စိတ်တင်းအားနှင့်ဖိအားများကို လျော့နည်းစေ)


--ရည်ညွန်း။ ။ ဒေါက်တာကျော်စိန်၊ ကိုယ်ရည်ကိုယ်သွေးစိတ်ပညာ။
- Clinical Personality Assessment Practical Approaches, Second Edition, James N. Butcher.
- The Continuity of Mind (Oxford Psychology), Michael Spivey.


ကိုယ်ရည်ကိုယ်သွေးနဲ့ပါတ်သက်ပြီး
ဖတ်မိ-မှတ်မိသမျှ- ရေးမှတ်ထားသောမှတ်စုစာအုပ်မှ့ ပြန်လည် ဖော်ပြချက် ဖြစ်ပါသည်။


The Concept of Self-Esteem and Estimating yourself

The Concept of Self-Esteem and Estimating yourself

Esteemဆိုတာလက်တင်ဘာသာစကားကဆင်းသက်လာတာဖြစ်ပြီးတန်ဖိုးအကဲဖြတ်ခြင်းလို့အဓိပ္ဗါယ်ရတယ်။ Self-Esteem ဆိုတာ to estimate yourself မိမိတန်ဖိုးကို အကဲဖြတ်ခြင်းလို့အဓိပ္ဗါယ်ရတယ်။

မိမိကိုယ်ကိုယ် အကဲဖြတ်ဖို့ ကိုယ့်ကိုယ်ကို မေးခွန်းအချို့ ပြန်မေးရပါမယ်..... ဖြေကြည့်ပါ

၁) ကိုယ့်ကိုယ်ကို နှစ်သက်လက်ခံမှုရှိရဲ့ လား။
၂) လူကောင်းလူမွန်တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုလက်ခံလား။
၃)ကိုယ်ဟာအခြားတစ်ပါးသူတစ်ယောက်ယောက်ရဲ့ချစ်ခင်နှစ်သက်မေတ္တာထားခံရဖို့ထိုက်တန်သူအဖြစ်ယူဆသလား။
၎) ပျော်ရွှင်မှုတွေကို လိုလားသူ၊ နှစ်သက်သူ၊ ထိုက်တန်သူလို့ ယူဆရဲ့ လား။
၅) ကိုယ့်ကိုယ်ကိုယ် တစ်ကယ်ပဲ အဆင်ပြေသူ၊ ပြဿသ
နာရှိသူလို့ တစ်ကယ်ကိုပဲ အသိတရားအရကော၊ ခံစားချက်တွေအရမှာပါ လှိုက်လှိုက်လည်းလည်း လက်ခံရဲ့ လား။

Self-Esteem နည်းပါးတဲ့သူတွေ ဒီမေးခွန်းတွေကိုဖြေရာမှာ အခက်အခဲတွေရှိနိုင်တယ်။

Self-Esteemဆိုတာ

ကိုယ့်ရဲ့ တွေးနိုင်စွမ်း၊ဘ၀ရဲ့အခြေခံဖြစ်တဲ့ရင်ဆိုင်မှုတွေနဲ့၊စိတ်ခေါ်မှုတွေကိုဖြေရှင်းနိုင်စွမ်းတွေမှာယုံကြည်ချက်ရှိတာ၊
လူသားတစ်ယောက်အဖြစ်ကိုယ်နဲ့ထိုက်တန်တဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေကိုရရှိဖို့ကိုယ့်မှာရှိတဲ့အခွင့်အရေးကိုယုံကြည်မှု၊ကိုယ်ဟာကိုယ်အဖြစ်နဲ့တန်ဖိုးထိုက်တန်သူတစ်ယောက်ဖြစ်တယ်လို
့ယုံကြည်လက်ခံမှု၊ကိုယ့်ရဲ့လိုအပ်ချက်နဲ့လိုအင်ဆန္ဒတွေကို တောင်းဆိုဖြည့်ဆည်းနိုင်စွမ်း အပေါ်ယုံကြည်မှု၊ ကိုယ်ယုံကြည်ထားသော ဘ၀တန်ဖိုးများကို အောင်အောင်မြင်မြင်ရယူနိုင်စွမ်း၊ ကိုယ့်ရဲ့အားထုတ်မှုတိုင်းရဲ့ အသီးအပွင့်ရလာဒ်များကိုတန်ဖိုးထား နှစ်သက်လက်ခံပျော်ရွှင်နိုင်စွမ်း တွေအားလုံးပေါင်းကိုဆိုလိုတာဖြစ်တယ်လို့ ပညာရှင်တွေက ဖွင့်ဆိုကြပါတယ်။


Wednesday, December 18, 2013

စိတ်ပူတယ်- လေးဖြူ


ရောစ့်ကာကြီး ကိုလေးဖြူ  ၏ သီချင်းအသစ်တစ်ပုဒ် ဖြစ်တဲ့ - စိတ်ပူတယ်.MP3 Download  ဆွဲပြီးနားဆင်ပါ.

အချစ်ဟာ ကိုယ်အတွက်ခါးပေမဲ့ ..ချစ်ရသူအတွက် ချိုနေစေမဲ့ ပေးဆပ်သူ တို့ရဲ့ လွမ်းဆွတ် မှုတွေကို ဒီသီချင်းလေးနားဆင်ရင်းခံစားကြည့်ပါ

>>..Download 
  << ( Download ပေါ်ကို right ကလစ်ပြီး > Save link as )



လေလွင့်နေတဲ့လူ

Monday, December 16, 2013

နည်းပညာစာအုပ် -20



 အသုံးပြုလိုသူများ အတွက် နည်းပညာစာအုပ်(မြန်မာလို(၂ဝ)အုပ်တိတိ ဒေါင်းယူ လေ့လာရန်


 နှစ်သက်ရာ စာအုပ်နာမည်ကို ကလစ်ပြီး Download ပါ


1)  Windows 7 Installation

(2)  ကွန်ပြူတာအကြောင်း အသေးစိပ် သိစရာ-ZawLin
(3)  Adobe Illustrator အဓိကသော့ချက်များ-မင်းသန့်အောင်
(4)  Adobe InDesign CS6 အသုံးပြုနည်း -U SannOo
(5)  Adobe PhotoShop - Web Designer Guide-www.padonma.com
(6)  Adobe Photoshop Design Tutorials -U Aung Naing Maw
(7)  Laptop ကွန်ပြူတာပြုပြင်နည်းနှင့်သိသင့်စရာများ-သန်းထိုက်(ရွှေရိပ်)
(8)  Android ပေါ်မှလက်တွေ့သုံးနည်းပညာ-သန်းထိုက်(ရွှေရိပ်)
(9)  Autocad - ရေးသူမသိ
(10)  autocad 2005 by U Aung Myint
(11)   Basic MicrosoftExcel-ရေးသူမသိ
(12)  C++ Complete (Vol.1) - U Aung Myint
(13)  C++ Complete (Vol.2) - U Aung Myint
(14)  C++ Complete (Vol.3) - U Aung Myint
(15)  Excel 2010-U Aung Myint
(16) Domain Name System-Major ToeAung
(17)  Guide to Windows Server 2008- ZawLin
(18) ရိုးသားစွာထိုးထွင်းလေ့လာခြင်း Honest Hacking Guide Book -သန်းထိုက်(ရွှေရိပ်)
(19)  Ubuntu တွင်မြန်မာဖေါင့်ထည့်နည်း-(အမည်မသိ)
(20)  Windows Vista တင်နည်း- KoSannNyeinn )

...

အလင်းသစ်နံနက်ခင်း

Saturday, December 14, 2013

အမ်မီနမ်- The Marshall Mathers တေး (Album)


Hip Hop
အဆိုတော်- အမ်မီနမ် (Eminem) ဧ။်  The Marshall Mathers LP 2  တေး (Album)


01
. Bad Guy
02. Parking Lot (Skit)
03. Rhyme Or Reason
04. So Much Better
05. Survival
06. Legacy
07. Asshole (ft Skylar Grey)
08. Berzerk
09. Rap God
10. Brainless
11. Stronger Than I Was
12. The Monster (ft Rihanna)
13. So Far…
14. Love Game (ft Kendrick Lamar)
15. Headlights (ft Nate Ruess)
16. Evil Twin
17. Baby
18. Desperation (ft Jamie N Commons)
19. Ground Hog Day
20. Beautiful Pain (ft Sia)
21. Wicked Ways


သီချင်း(21ပုဒ်)လုံး- ဒေါင်းရန်>>>...'ဒီနေရာကို ကလစ်ပါ (အမှန်ခြစ်လေးကို ဖြုတ်  Download )



လေလွင့်နေတဲ့လူ

Friday, December 13, 2013

ငါတို့ဝေး - လွှမ်းပိုင်(hlwan paing)




Hip Hop  အဆိုတော် လွှမ်းပိုင် ၏ သီချင်းအသစ် တပုဒ်ဖြစ်တဲ့ -- ငါတို့ဝေး( Mp3)


ငါတို့ဝေး( Mp3) Download >>.'ဒီနေရာကို ကလစ်ပါ..(or)  ဒီနေရာကို ကလစ်ပါ. (or) ဒီနေရာကိုကလစ်ပါ.




လေလွင့်နေတဲ့လူ

Tuesday, December 10, 2013

နေကွယ်တာကိုမျှော်- လထွက်မှာကိုစိုး.


♥
သံသယတွေမကျန်အောင်လို.
ငါ့အတိတ်ကို အကုန်ဖွင့်ပြခဲ့တာ
ရလာဒ်က ပြောင်းပြန်ဖြစ်သွားတယ်။

♥ ခိုးပြီးငိုတဲ့သူကို
ငါကဘယ်လို ဗြောင်ချော့ရမှာလဲ
ငါလည်း ဘယ်လိုဖြေသိမ့်ရမှန်း မသိတော့ပါဘူးကွယ်။

♥ သတိမရတော့ဘူးလို. ငါမငြင်းပါဘူး
ဒါအတွက်လည်း မင်းကိုမနာကျင်စေချင်တော့ပါဘူးလေ။

♥ သားကောင်က
မုဆိုးကို သတိရတာမဟုတ်ပါဘူး
နာကျင်မှုကို မမေ့နိုင်တာပါ။

♥ တွန်.ဆုတ်ငါးက
အစာကိုမတပ်မက်တာမဟုတ်ပါဘူး
ငါးမျှားချိတ်မှာ မိဘူးလို.ပါ။

♥ မင်းဆီကို ၀ံ့ကြွားတဲ့ခြေလှမ်းနဲ.
လာခဲ့သူမှ မဟုတ်တာပဲ
ဖုန်တွေ သဲတွေ သွေးတွေနဲ.
တောင်ပံတွေဒရွတ်ဆွဲဝင်လာခဲ့တာပဲ
သေချာပြုစု စောင့်ရှောက်ပြီးမှ
ဒဏ်ရာရခဲ့ရကောင်းလားလို.
ဒေါမနဿဖြစ်နေရင်
ငါဘယ်လိုနေတတ်မှာလဲ။

♥ ပါးပြင်ပေါ်က အမာရွတ်လေးကို
ခဏခဏပွတ်သပ်နေသူ
အမာရွတ်ပေးခဲ့သူကို လွမ်းလို.လား
ချောမွေ.မှုကို ပြန်လိုချင်တာလား
အဖြေက ရှင်းရှင်းလေးပါကွယ်။

♥ သူ.ကိုတစ်ခါ သတိရတိုင်း
စိတ်ထဲက မင်းကို ငါးခါတောင်းပန်ခဲ့ပါတယ်
ဒါလည်း မင်းကို သတိရခြင်းတမျိုးမဟုတ်ဘူးလား။

♥ မင်းအတွက်နဲ.
ငါတန်ဖိုးအထားဆုံးတစ်ခုကိုတောင်
 မေ့ပစ်နိုင်ဖို. ကြိုးစားနေပါတယ်လို.ပြောရင်
မင်းပိုငိုရမှာပါ။

♥ မင်းအတွက်နဲ.
ငါ့မှာနောက်ဆုံးကျန်တဲ့ သတိရခြင်းကိုတောင်
ငါမုန်းမိနေပြီလို. ပြောရင်
မင်းပိုကြေကွဲမှာပါ။

♥တစ်ခုတည်းသော ငါပြောနိုင်တာက
အသစ်ဖြစ်သောတစ်ခုကို နေရာအားလုံးပေးဖို.
အဟောင်းကို အမြစ်ပါမကျန် ရှင်းနိုင်အောင်
ငါအားထုတ်နေတယ် ဆိုတာပါပဲ။

♥ အဖြစ်အပျက်တွေရဲ.အဆုံး
သစ္စာတရားကို မေးခွန်းထုတ်ကြည့်
မြူတစ်စိတ်စာတောင် မလျော.ခဲ့ဘူး
အပ်တစ်ထောက်စာတောင် မပွန်းခဲ့ဘူး
ကျီးပေါင်းတက်သစ်ပင်မှာလည်း
အသန်.စင်ဆုံး ပန်းတစ်ပွင့် သိမ်းဝှက်ထားနိုင်တာ
နည်းနည်းလေး ယုံပေးပါ။

♥ နင်လည်း ခိုးမငိုပါနဲ.တော.
ငါလည်း ခိုးသတိမရတော့ပါဘူး
နောက်ဆုံးအကြိမ် အားရအောင်ငိုပစ်လိုက်ပြီး
ငါ့ရင်ခွင်မှာ ပါးအပ် သက်ပြင်းလေးချ
အသစ်သောဘ၀ကို “စ” ရအောင်။................................

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်