ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, November 12, 2013

ကမ္ဘာ့နာမည်ကျော် ပုဂ္ဂိုလ် 100 ပါဝင်တဲ့ပန်းချီကားတချပ်


အထက်ဖော်ပြပါ ပန်းချီကား ကို ၂၀၀၆ ခုနှစ်က တရုတ်လူမျိုး ပန်းချီဆရာ သုံးယောက်ဖြစ်တဲ့

Dai Dudu, Li Tiezi, နဲ့ Zhang Anjiun တို့ရေးဆွဲခဲ့တဲ့
Disscussion the Divine Comedy with Dante လို့အမည်ရတဲ့ ပန်းချီကားပဲဖြစ်ပါတယ်..

Dante ဆိုတာက
နာမည်ကျော် Divine Comedy ဆိုတဲ့ ငရဲနဲ့ကောင်းကင်ဘုံ ခရီးသွားဆိုတဲ့ ကဗျာရှည်ကြီးကို ရေးသားခဲ့သူ ၁၂၆၅ ခုနှစ်ဖွား အီတလီ ကဗျာဆရာ တစ်ယောက်ဖြစ်ပါတယ်..

ပန်းချီကား ရဲ့ အဓိပ္ပါယ်က
ရှင်ခြင်း သေခြင်းနဲ့ ကောင်းကင်ဘုံနဲ့ ငရဲတို့ကို ခရီးသွားမယ့်လူတွေ အကြောင်း ဆွေးနွေးခြင်း  ဖြစ်ပါတယ်.. ( ဒီထက်လည်း ပန်းချီကား -အဓိပ္ပါယ် နက်နဲနိုင်ပါတယ်)

ေ ခါင်းစဉ်အတိုင်းပါပဲ အဆိုပါ ဧရာမဆီဆေးပန်းချီကားကြီးမှာ လူဆိုးရော၊ လူကောင်းရောသေလူရော ရှင်လူရော......ဥပမာ-ဟစ်တာလာ၊ အမေရီကန်သမ္မတကြီးလင်ကွန်း၊ နပိုလီယံ၊
ဂန်ဒီ ၊မင်ဒဲလား၊ အိုင်းစတိုင်း၊ မာသာထရီဆာ၊ဘရုစလီ ၊ဟာသမင်းသားကြီးချာလီချာပရင်၊ စသည့် နာမည်ကျော် ပုဂ္ဂိုလ်များ အပါအ၀င်ကမ္ဘာ့နာမည်ကျော် ပုဂ္ဂိုလ် ၁၀၀ ကို ထည့်သွင်းရေးဆွဲထားပါတယ်

ပန်းချီကားရဲ့ ညာဘက်အပေါ်ထောင့်မှာတော့ ပန်းချီဆရာတွေကိုယ်တိုင် သူတို့ပုံတူကို ပြန်ထည့်ထားတဲ့အတွက် ပန်းချီကားထဲမှာ လူ ၁၀၃ ယောက်တိတိပါဝင်ပါတယ်

အေသင်မြို့က Raphael's ဥရောပအနုပညာစတိုင်လ် ရေးဆွဲထားတဲ့ အဆိုပါပန်းချီကားကြီးမှာ
မျက်နှာဟန်ပန် အမူအယာ လက်အထားအသို ကစလို့ လှို့ဝှက်ချက်တွေအပြည့်မို့ အခုထိ လူတိုင်း ထင်မြင်ချက်တွေ ပေးကြဆဲဖြစ်ပါတယ်

များပြားလှတဲ့ ထင်မြင်ချက်တွေကိုသာ ရေးသားရမယ်ဆို ပန်းချီကားအရသာပျက်မှာ စိုးလို့ မိမိဘာသာ သုံးသပ်ပါလို့ အနုပညာ website အတော်များများက ဆိုပါတယ်

  ဖော်ပြပါ ပန်းချီကားထဲက ကမ္ဘာကျော်ပုဂ္ဂိုလ်များ. က ဘယ်သူတွေ လဲဆိုတာ အောက်မှာ ဆက်ကြည့်ပါ။
လူပုံကို ထိ လိုက်တာ နဲ့ နာမည် ပေါ်လာမှာ ဖြစ်ပါတယ်...







No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်