ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, November 21, 2013

ချစ်သူ ရည်းစား ထားခြင်း နှင့်ပတ်သက်လို့ သိရန် အချက်တချို့



ချစ်သူရည်းစားထားတယ်ဆိုတာဖိနပ်ဝယ်စီးရတာနဲ့တူပါတယ်။ပထမဆုံးအကြိမ်ဝယ်စီးတဲ့ဖိနပ်ကခြေထောက်ပေါက်မှာပဲကိုယ့်ခြေထောက်နဲ့တော်ပမလားကိုယ်နဲ့လိုက်ပါ့မလားမသိနိုင်ဘူး။အဲ့လိုပဲပထမဆုံးထားတဲ့ချစ်သူကလည်းတစ်ယောက်နဲ့တစ်ယောက်နားလည်မှူ့ပေးနိုင်ဖို့တော်တော်ကြိုးစားရမယ်စစချင်းမှာအဆင်မပြေတာ ခြေထောက်ပေါက်တာရှိမှာပဲ။ဘာပဲပြောပြောအဲ့ဒါကိုသည်းခံပြီးနားလည်မှူ့နဲ့ ရှေ့ဆက်ရမှာပေါ့။ဒါပေမဲ့ကိုယ်နဲ့မတော်တဲ့ဖိနပ်ကိုဇွတ်ဝတ်လို့မရဘူးထားခဲ့ရမှာပဲ။ဇွတ်လုပ်လို့အလဲလဲအကွဲကွဲနဲ့သွေးထွက်သွားတဲ့လူတွေအများကြီးပါအဲ့အချိန်ကျပေးလိုက်ရတဲ့တန်ဖိုးကိုမနှမျှောနဲ့သင်ခန်းစာကိုပဲမှတ်ထားပါ။
readmore



ဖိနပ်ရွေးတဲ့အခါလှဖို့မလိုဘူးကိုယ်နဲ့တော်တာကိုရွေးရမယ်ကိုသွားမဲ့ခရီးပေါ်မူတည်ပြီးရွေးရမယ်ကိုယ်သွားမဲ့ခရီးကကန္တာရလမ်းကြမ်းဖြစ်နေရင်ဖန်ခြေနင်းကလှပေမဲ့ဘယ်လိုမှသင့်တော်မှာမဟုတ်ဘူး။ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုဦးစားပေးရမယ်။ကိုယ့်ဘဝကကြမ်းလားသာယာလားကိုယ်ဘာတွေလိုအပ်မလည်းသူကဘယ်လောက်ဖြည့်ဆီးပေးနိုင်မလည်းကိုယ့်အနားမှာဘယ်လောက်ရပ်တည်နိုင်မလည်းဆိုတာကိုဆုံးဖြတ်ပါ။ကိုယ်ချစ်တာထက်ကိုယ့်ကိုချစ်တဲ့လူကိုရှာပါ။

သူများစီးပြီးသားဖိနပ်ကိုလည်းစီးပါသူများကမတော်လို့ထားခဲ့တဲ့ဖိနပ်ကကိုယ့်အတွက်အသင့်တော်ဆုံးဖြစ်နိုင်ပါတယ်။အဲ့ဖိနပ်လေးကစုတ်ပြဲနေခဲ့ရင်သေသေချာချာတယုတယနဲ့လိုသလိုပြန်ချုပ်ပေးလိုက်ကိုယ့်အတွက်အသင့်တော်ဆုံးဖြစ်လာလိမ့်မယ်။အဲ့လိုပဲအရင်ကချစ်သူရှိတဲ့လူကိုလည်းစဉ်းစားပါသူ့မှာအတွေ့အကြုံရှိတဲ့အတွက်ကိုယ့်အတွက်အသင့်တော်ဆုံးဖြစ်လာနိုင်တယ်သူအသည်းကွဲနေတာကိုကုစားပေးပြီးယုယမယ်ဆိုရင်သင့်ကိုအရမ်းချစ်လာမှာပါ။

တစ်ချို့တွေကျတော့AllstarJeanဖိနပ်နဲ့တူတယ် ဟောင်းလေကောင်းလေပဲအရင်ကထားခဲ့တဲ့ချစ်သူကတခြားချစ်သူထက်နားလည်မှုပိုရှိမှာပါအချိန်မနှောင်းသေးခင်ပြန်ရှာဖို့ ပြန်တည်ဆောက်လို့ရပါတယ်။

သူများအမြင်ကိုမကြည့်နဲ့မမေးနဲ့ကိုယ့်ဟာကိုပဲဆုံးဖြတ်ပါသူများနဲ့ကိုယ်နဲ့အမြင်ချင်းလုံးဝမတူဘူးသူများအမြင်ဆိုးပေမဲ့ကိုယ့်အတွက်အကောင်းဆုံးဖြစ်နေတတ်တယ်။ယောက္ခမနဲ့တည့်ပမလားမစဉ်းစားနဲ့ကိုယ့်အလုပ်ကိုအကောင်းဆုံးဖြစ်အောင်သာကျိုးစားပါ၊ဆုံးဖြတ်ချက်ပြတ်သားပါ။အားလုံးပဲတစ်နေရာထဲမှာမနေပါနဲ့တစ်ရံထဲမဝတ်ပါနဲ့၊အဆင်မပြေရင်ပေးသွားလိုက်ပါအသည်းမကွဲပါနဲ့။တစ်နေ့မှာအသင့်တော်ဆုံးနဲ့အလှပဆုံးဖိနပ်လှလှလေးတစ်ရံပိုင်ဆိုင်နိုင်မှာပါ။


Admin<Joker>






No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်