ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, March 27, 2014

အချစ်မှာအပိုင်း၎ပိုင်းရှိတယ်


အချစ်မှာအပိုင်း၎ပိုင်းရှိတယ်ပြောတယ်…ဒီ၎ပိုင်းကို ဖြတ်ကျော်နိုင်ရင်တစ်သက်လုံးအတူလက်တွဲနိုင်ပါတယ်တဲ့…
ရင့်ကျက်တည်ငြိမ်တဲ့
အချစ်ဇာတ်လမ်းမှာ အပိုင်း ၄ ပိုင်းရှိတယ်… အဲဒါတွေက

ReadMore



၁/ ကိုယ်ရိပ်မကွာ အတူတူရှိနေခြင်း…
၂/ မှီခိုတာကို ဆန့်ကျင်ခြင်း…
၃/ တစ်ကိုယ်တော် အမှီအတွယ်ကင်းမဲ့ခြင်း…
၎/) အတူတကွရှင်သန်ခြင်း…

အပိုင်း (၁)… ကိုယ်ရိပ်မကွာ အတူတူရှိနေခြင်း

ဒါကတော့ချစ်စကြင်စပူပူနွေးနွေးချစ်သူတွေစဖြစ်တဲ့အချိန်ပါ…ဘယ်အချိန်ဘဲ ဖြစ်ဖြစ်…ဘယ်နေရာမှာဘဲ ဖြစ်ဖြစ်အတူတူရှိနေချင်တယ်…

အပိုင်း (၂)… မှီခိုတာကို ဆန့်ကျင်ခြင်း…
အချစ်ရေးရာမှာအခြေခိုင်လာတဲ့အချိန်တဖက်ဖက်ကကိုယ့်ကိုယ်ကိုအချိန်များများပေးပြီးကိုယ့် နှစ်သက်တဲ့အလုပ်ကိုလုပ်ချင်တယ်…ဒီအချိန်မှာအခြားတဖက်က အေးတိအေးစက်ဖြစ်လာတယ်လို့ခံစားရတယ်…

အပိုင်း (၃)… တစ်ကိုယ်တော် အမှီအတွယ်ကင်းမဲ့ခြင်း…
ဒါကတော့ အပိုင်း ၂ ရဲ့အဆက်ပါ… ကိုယ်ကိုယ်တိုင်လွတ်လပ်မှုကို ပိုပြီး တောင်းဆိုလာတတ်တယ်…

အပိုင်း (၄)…အတူတကွရှင်သန်ခြင်း…

အဲဒီအချိန်မှာ ဆက်ဆံရေးပုံစံ အသစ်ဖြစ်ပေါ်လာပြီး မင်းတို့ဟာ အရင်းနှီးဆုံး အသိကျွမ်းဆုံးတွေ ဖြစ်လာကြတယ်…

မင်းတို့၂ ယောက်ဟာအချင်းချင်းရိုင်းပင်း ဖေးမကြတယ်
မင်းတို့၂ ယောက်သားပိုင်ဆိုင်တဲ့ဘ၀ကိုအတူတူလက်တွဲတည်ဆောက်ကြတယ်…
မင်းတို့၂ ယောက်ဟာအချင်းချင်းချည်နှောင်ထားတာမဟုတ်ဘဲအတူတူကြီးပြင်းလာကြတယ်…သူဟာမင်းရဲ့ သွေးရင်းတစ်ယောက်လိုဖြစ်လာတယ်…

ဒါပေမဲ့…လူတွေတော်တော်များများဟာအဆင့်၂နဲ့အဆင့်၃ကိုမကျော်လွန်နိုင်ကြဘဲလမ်းခွဲရာကို ရွေးချယ်လိုက်ကြတယ်…အမှန်တကယ်ဆိုရင်ကိစ္စတော်တော်များများဟာ သေသေချာချာဆက်ဆံပြောဆိုထားရင် ပြသနာမရှိတတ်ပါဘူး…ဒါပေမဲ့အတွေးလွန်တာရယ်… ခေါင်းမာတာတွေကလဲမလွန်ဆန်နိုင်ပါဘူး…ကမ္ဘာပေါ်မှာဒီတစ်ယောက်တည်းဘဲရှိတဲ့ကိုယ့်ချစ်သူကိုကြုံကြိုက်နိုင်ဖို့ဆိုတာလွယ်ကူတဲ့အရာမဟုတ်တလိုလက်လျှော့ဖို့ကိုလွယ်လွယ်နဲ့ပြောမထွက်ကြပါစေနဲ့…

ခင်ဗျားတို့သတိထားမိကြလားမသိဘူး?ဒါပေမဲ့အချင်းချင်းချစ်ကြိုက်ပြီးအတူတူလက်တွဲခဲ့တာတစ်ရက်ပြီးတစ်ရက်တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးလာတဲ့အချိန်မှာ…တစ်နေ့နေ့မှာတော့…ကိုယ့်ကိုယ်ကိုအံ့သြစရာကောင်းလောက်အောင်သတိထားမိလာပါလိမ့်မယ်…မင်းရဲ့မျက်လုံးဟာသူ့ရဲ့မျက်လုံးနဲ့တူသလိုလိုရှိတယ်…မင်းရဲ့အပြုံးဟာသူ့အပြုံးနဲ့ဆင်သလိုလိုရှိတယ်…မင်းတို့ရဲ့ခြေလှမ်းတွေဟာခပ်ဆင်ဆင်ဖြစ်လာတယ်…

မင်းတို့ရဲ့ လေသံတွေဟာလဲတဖြည်းဖြည်းချင်းပိုပိုပြီးနီးစပ်လာတယ်…မင်းတို့၂ ယောက်ကြိုက်တတ်တဲ့အစားအသောက်ကလဲထပ်တူဖြစ်လာတယ်…မင်းတို့ ပြောလေ့ပြောထရှိတဲ့စကားတွေကလဲအတူတူဖြစ်လာတယ်…

အခြားတဖက်ကဘာကိုဆက်ပြောမလဲဆိုတာကိုအမြဲတမ်းခန့်မှန်းလို့ရနေပြီ…နောက်ဆုံးတော့ကျနော်တို့ဟာကျနော်တို့ချစ်တဲ့သူအဖြစ်ကို ပြောင်းလဲသွားတတ်ကြတယ်…

မင်းကလဲသူဒူးနန့်တတ်တဲ့အကျင့်ဆိုးကိုမသိမသာလေး ပြောင်းလဲပစ်နိုင်တယ်…ဒီပြောင်းလဲမှုလေးဟာသူကိုယ်တိုင်တောင်သတိထားမိချင်မှထားမိမယ်…သူကလဲမင်းကိုအလုပ်လုပ်တဲ့အချိန်မှာ ပေါ့ပေါ့ပျက်ပျက်မလုပ်ဖို့ ပြောင်းလဲလိုက်နိုင်တယ်…ကိုယ့်ကိုယ်ကိုတောင်မမှတ်မိချင်တော့ဘူး…

ကျနော်တို့ဟာတဖြည်းဖြည်းချင်းတဖက်လူရဲ့စိတ်ထဲကစံအဖြစ်သတ်မှတ်ထားတဲ့လူအတိုင်းမသိမသာလေး ပြောင်းလဲသွားတတ်ကြတယ်…ဒီပြောင်းလဲမှုဟာတမင်သတ်သတ်ပြောင်းလဲတာမျိုးမဟုတ်ဘူး…

၂ယောက်သားဆက်ဆံတဲ့အချိန်ကကြာလေစိတ်နေသဘောထားတွေကလဲတူလာလေပါ…တနေ့နေ့မှာမင်းအံ့အားသင့်လောက်အောင်သတိထားမိလာပါလိမ့်မယ်…ဒီတိုင်းရှိနေတဲ့မင်းတို့၂ယောက်မှာတိုက်ဆိုင်မှုတွေဒီလောက်ထိများနေတာ…ဒီလိုအချစ်မျိုးကို နောက်ထပ်မကြုံနိုင်တော့ပါဘူး…

လူတစ်ယောက်ကိုနက်နက်နောနောချစ်တဲ့အချိန်မှာ…တကယ်ပါဘဲ…ကိုယ့်ကိုယ်ကိုတဖြည်းဖြည်းချင်းဆုံးရှုံးသွားတတ်တယ်…ဒါပေမဲ့လဲအဲဒါကိုဘာဖြစ်လို့ကျေနပ်နေတာလဲ…ဖြစ်နိုင်တာကတော့ဆုံးရှုံးနေတဲ့တစ်ချိန်တည်းမှာဘဲမင်းကလဲအမြတ်ရလိုက်လို့ပါ…မင်းကသူ့ရဲ့သဘောထားတွေရယ်အပြုံးတွေကိုအမြတ်ရလိုက်လို့ပါ…

အခုစာဖတ်နေတဲ့ ခင်ဗျားတို့ကော် ဘယ်အပိုင်းကိုရောက်နေကြပြီလဲ?
ကမ္ဘာပေါ်မှာဒီတစ်ယောက်တည်းဘဲရှိတဲ့ကိုယ့်ချစ်သူကိုကြုံကြိုက်နိုင်ဖို့ဆိုတာလွယ်ကူတဲ့အရာမဟုတ်တလိုလက်လျှော့ဖို့ကိုလွယ်လွယ်နဲ့ပြောမထွက်ကြပါစေနဲ့…တွဲလက်ကိုမဖြုတ်ကြဘဲအတူတကွလျှောက်လှမ်းလို့မရဘူးလား…နောက်ဘ၀ဆက်တိုင်းဆက်တိုင်းဆိုတာကိုပြောမနေကြပါနဲ့…နောက်ဘ၀မှာမတွေ့ကြရင်ဘယ်လိုလုပ်မလဲ…

အဲဒါကြောင့် အခုဘ၀မှာဘဲ…ချစ်ခင်သူတို့ ၂ ယောက် အတူတူ လျှောက်လှမ်းကြပါလို့



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်