ဒီမြင်ကွင်းလေးကတော့ ကျောင်းဆရာတစ်ဦးရဲ့ နှုတ်ဆက်ပွဲပြုလုပ်နေတဲ့ မြင်ကွင်းလေးဖြစ်ပါတယ်၊ဆရာနဲ့တပည့်တွေရဲ့သံယောဇဉ်...ဆရာကောင်းတဦးရဲ့ပုံရိပ်တွေကကျွန်တော်ကြည့်မိတဲ့အခါတိုင်ရင်ကိုထိသွားရှသွားစေပါတယ်၊။
(၂၉-၉၂၀၁၄)ရက်နေ့၊ ချောင်းဦးမြို့နယ်၊ဆူးလေကုန်းအုပ်စု၊ဆူးလေကုန်းကျေးရွာ၊“ဆရာဦးသန်းလှိုင်”ဂုဏ်ပြုနှုတ်ဆက်ပွဲဓါတ်ပုံများ ဖြစ်ပါတယ်..
ဆရာနဲ့ တပည့်ကြားက မေတ္တာတရားနဲ့ သံယောဇဉ်ကြိုး ၊ ဒီလိုမျိုး ၀မ်းနည်းပက်လက် ရှိုက်ကြီးတငင် ငိုကြွေးကြတဲ့ မျက်ရည်ကြားက နှုတ်ဆက်ပွဲမျိုး ရှားရှားပါးပါး တွေ့မြင်ရတာပါ။
ဒါပေမယ့် ဒီဓါတ်ပုံလေးတွေက ဖော်ပြနေတဲ့ အဓိပ္ပါယ်တွေကတော့ များစွာ ကျယ်ဝန်း နက်ရှိုင်းလှပါတယ်။ ဒီကနေ့ မြို့ကြီးပြကြီးတွေမှာ မြင်ရတွေ့ရခက်ခဲလှတဲ့၊ မေတ္တာနဲ့ ခြယ်မှုန်းထားတဲ့ ပန်းချီကားတစ်ချပ် ဆိုရင်လည်း မမှားပါဘူး။
နှုတ်ဆက်ထွက်ခွာ သွားရတော့မယ် ချစ်မြတ်နိုး ရိုသေလေးစားရတဲ့ ဆရာကြီးကို မခွဲနိုင် မခွာရက် ဖြစ်နေတဲ့ တပည့်လေးတွေ၊ မခွဲရက် အခွဲခက်ပေမယ့်လည်း မတတ်သာလို့ စွန့်ခွါရတော့မယ့် ဆရာကြီး ရင်ထဲက ဖြေမဆည်နိုင်တဲ့ သောကဗျာပါဒတွေ မြင်တွေ့ရပါတယ်။
နိုဗယ်လ်ဆုရ ကမ္ဘာကျော် ဘောဂဗေဒပညာရှင်ကြီး ဂျိုးဇက်စတစ်ဂလစ် မြန်မာနိုင်ငံ ရောက်ရှိချိန်မှာ စီးပွားရေးတက္ကသိုလ် ဆရာကန်တော့ပွဲနဲ့ ကြုံကြိုက်ခဲ့ပါတယ်။ ဆရာကြီး စတစ်ဂလစ် အရမ်းအံ့အားသင့်သွားပြီး မြန်မာ့ယဉ်ကျေးမှု ဆိုတာ သိလိုက်ရတော့ အတော်ကလေး လေးစားသွားတယ် လို့ သိရပါတယ်။ ဆရာကြီးစတစ်ဂလစ်ရဲ့ မှတ်ချက်က “မြန်မာနိုင်ငံမှာ လူမှုအရင်းအနှီး Social Capital ခိုင်ခိုင်မာမာ ရှိနေတာပဲ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ဒီဓါတ်ပုံလေးများကိုမျှဝေရခြင်း ဖြစ်ပါတယ်။ မြို့ကြီး၊ ပြကြီးတွေမှာမမြင်မတွေ့ရတဲ့ မြင်ကွင်းမျိုး၊ မြင်တွေ့ဖို့ ခက်ခဲနိုင်တဲ့ မြင်ကွင်းမျိုး ရှားရှားပါးပါး ကျန်ရှိနေသေးတဲ့ မြန်မာတွေရဲ့ ဓလေ့ထုံးစံလေး တစ်ခု၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ Social Capital ပဲ ဖြစ်ပါကြောင်း။ Hmuu Zaw
Saw Tun
လေးစားပါတယ် ဆရာဦးသန်းလှိုင်ကလေးတွေ ငိုနေကြတယ်ဆရာ။ ဆရာနဲ့ခွဲရမှာ သူတို့ကြောက်နေကြတယ်။ တစ်ချိန်က မျက်နှာတည်တည်နဲ့ ကျောင်းလာရင် ကြိုဆိုခဲ့တဲ့ သူတို့ဆရာနဲ့ သူတို့ ခွဲရမှာကို သူတို့ ခံစားနိုင်ပုံ မရဘူး။ ဆရာက ဘာကြောင့်ဘဲ မျက်နှာကြီး တည်နေနေ အချိန်တန်တော့ ဆရာ့စေတနာ ဆရာ့မေတ္တာကို သူတို့ သိကြတယ်ဆရာ။
နုတ်ဆက်စကားပြောတဲ့ ဆရာ့လက်တွေတုန်နေတယ်တဲ့၊ စောစောက တင်းထားကြပေမဲ့ “ ကျွန်တော် သံယောဇဉ်ဖြစ်ခဲ့တဲ့ ဟောဒီဆူးလေကုန်းကျောင်းနဲ့ကျွန်တော်တပည့်တွေနဲ့ခွဲခွါ....“ဆိုတဲ့နေရာရောက်တော့ ဆရာ့အသံတိမ်သွားတယ်တဲ့၊ အဲဒီမှာ ရှေ့ဆုံးက ကလေးကစပြီး ငိုတာ ခပ်အုပ်အုပ် ဆိုပေမဲ့ အစ်ကနဲ့ သူ့အသံထွက်လာတယ်တဲ့ဆရာ။ ဟုတ်လား။ ဟုတ်မှာပါ အုပ်ချုပ်ရေးမှူးဆိုတဲ့ ဟို မျိုးနိုင်တောင်မှ မျက်ရည်ကျမှာစိုးလို့ တင်းထားရသတဲ့ဆရာ။ ကျောင်းသားမိဘတွေ ကျောင်းအကျိုးတော်ဆောင်တွေ မိဘဆရာအသင်းဝင်တွေက ပြုံးရယ်ပြီးနေတာ မျက်ရည်စက်လက်နဲ့လို့ အောင်ဇော်မြင့်က ဓါတ်ပုံရိုက်ရင်းတွေ့တယ်တဲ့ဆရာ.။ ဟိုကြံ့ခိုင်ရေးက ဘယ်သူ နောက်ဖေးသွား ငိုနေသတဲ့ဆရာရယ်။
ဆရာနဲ့ ကျောင်းအဆောက်ဦးပြင်ဖို့ စိတ်အားထက်သန်စွာ ပြောနေတုန်းကဘဲ ဆုံခဲ့ရတာ။ အခုပြောင်းမှာက ဘယ်ကျောင်းလဲဆရာ။ ဆရာ့ကို သူတို့ ဘာကြောင့်ချစ်ကြလဲဆိုတာ သိပါပြီ။ ဆရာ့စေတနာ ဆရာ့မေတ္တာတွေကြောင့်ပေါ့။
ဟင် ဆရာလည်းငိုနေတယ်။ ဟုတ်လား မငိုပါနဲ့ဆရာ ဆရာငိုရင် သူတို့ (တပည့်)တွေက ပိုပြီးခံစားကြရမှာပေါ့။ အခုခေတ်မှာ တယ်လီဖုန်းတွေလည်း ဆက်လို့ရပြီ၊ အရင်နဲ့စာရင် လမ်းပန်းဆက်သွယ်ရေးလည်းကောင်းပြီ။ အချိန်မရွေးလာလို့ သွားလို့ရနေပါပြီ။ ဗျာ ကလေးတွေက ပြောတယ် ဆရာ မပြောင်းပါနဲ့တဲ့လား။ အမိန့်ကထွက်ပြီးနေပြီ ဟုတ်လားဆရာ။
ကျုပ်တို့ရွာတော့ ရင်ကွဲပြီးကျန်ခဲ့မှာပါ ဆရာရယ်လို့ ချက်ပြုရေးချောင်က ထပြီးလည်းငိုလိုက်ရော ဘယ်သူမှ စကား မပြောနိုင်ကြဘူးတဲ့။ လက်ဆောင်ပစ္စည်းစာရင်း မှတ်နေတဲ့သူက ထားခဲ့တော့လို့ပြောပြီး ဆက်မမှတ်နိုင်ဘူးတဲ့ဆရာရေ။
Photo -Aung zaw myint
လင့်အဟောင်းကသုံးမရဘူးကွယ် အဲတာလင့်အသစ်ချိပ်တာ သူငယ်ချင်းတွေပါပျက်ကုန်လို့ခုမှပြန်ချိပ်ရတယ်မကြီးလင့်လဲပေးခဲ့တယ်နော် http://jasminesweet.blogspot.com/
ReplyDelete