ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, April 20, 2015

ဆရာကြီး မြသန်းတင့်၏ အတ္ထုပ္ပတ္တိနှင့် သူ၏စာအုပ်များ














                                                   ဆရာကြီး မြသန်းတင့်ကိုပခုက္ကူခရိုင်၊မြိုင်မြို.တွင်အဖအမိန်.တော်ရ ရှေ.နေဦးပေါ်တင်.၊အမိဒေါ်လှိုင်တို.မှ၁၉၂၉ခုနှစ်တွင်
မွေးဖွားသည် ။ငယ်စဉ်က မြိုင်မြု.တိုင်းရင်းမြန်မာ အထက်တန်းကျောင်း၊အစိုးရအထက်တန်းကျောင်း
တို.တွင် ပညာသင်ကြားခဲ့ပြီး ထိုကျောင်းမှတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ.သည် ။ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သို.ရောက်ပြီး ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ် အနုစာပေ ဒသနိကဗေဒ နှင်.နိုင်ငံရေး
သိပ္ပံတို.ဖြင်. ၀ိဇ္ဇာဘွဲ.ရခဲ့သည် ၊ ထို.နောက် နိုင်ငံတကာဥပဒေ နှင်.ပြစ်မှုဥပဒေတို.တွင် ဂုဏ်ထူးနှင်. ဥပဒေ၀ိဇ္ဇာဘွဲ. ရခဲ့သည် တက္ကသိုလ်ကျောင်းသား ဘ၀ကတည်းက ဂျာနယ်ကျော် ၊တာရာ ၊ပဒေသာ ၊ရှုမ၀ ၊ဆန်းသစ်ဦး စသည်.မဂ္ဂဇင်းမျာတွင် ၀တ္ထုတိုများ ကဗျာများဆောင်းပါးများရေးခဲ့သည် ။

၁၉၄၉-၅၀ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းတွင် အင်္ဂလိပ်စာကဏ္ဍ အယ်ဒီတာ ၊ထို.နောက် စာပေသစ် မဂ္ဂ ဇင်း ၊ပြည်တော်သစ်ဂျာနယ် ၊တိုးတတ်ရေးသတင်းစာ ၊စာရေးဆရာ အသင်းမှ ထုတ်ဝေသည်။စာပေမဂ္ဂဇင်းတို.တွင်အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သည် ။

ပင်ကိုယ်ရေးဝတ္ထု ၊ဘာသာပြန် ၊ခရီးသွားမှတ်တမ်း ၊သမိုင်း ၊ကဗျာ ၊သိပ္ပံ ၊ရသစာတမ်း စသည်. စာပေအမျိုးအစားများ စွာ ကိုရေးသားခဲ့ သည် ။လိုက်ခဲ့တော. မြနန္ဒာ ၊ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း ၊နွံထဲကြာ ၊မမ ၊အမှောင်ရိပ်ဝယ် ထားကျွန်မလင်၊ ကံကောင်း ၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် ၊ မာယာဘုံ စသည်. ပင်ကိုယ်ရေးဝတ္ထုများ ။ဘ၀တက္ကသိုလ် ၊စစ်နှင်.ငြိမ်ချမ်းရေး ၊ပါရီကျဆုံးခန်း ၊ရှားလော.ဟုမ်း ၀တ္ထုတိုပေါင်းချုပ် ၊လေရူးသုန်သုန်၊ ရွှေပြည်တော်မျှော်တိုင်းဝေး ၊ချစ်သောယွန်းခင်ခင် ၊လွမ်းမောရသော တက္ကသိုလ်နွေညများ ၊ ခန်းဆောင်နီအိပ်မက် ၊သုခမြို.တော် စသည်.ဘာသာပြန်ဝတ္ထုများ ။အရှေ.လေတိုက်သောအခါ ၊ပုံတောင်ပုံညာသွား တောလား ၊ လွမ်းမောဖွယ် ကမ္ဗောဇ ၊ ဟွန်ဒါယဉ်ကျေးမှု ၊ မေရီပိုစေး နှင်. အီကွေတာည များ ၊ မြောက်ဖက်တောင် ကုန်းဒေသမှ အပြန် စသော ခရီး သွားမှတ်တမ်းများ။ခေတ်သစ်သမိုင်းဋီကာ ၊ ပါမောက္ခတွိုင်ဘီနှင်. ငြင်းခုန်ခြင်း ၊တော်စတွိုင်း၏ ဘ၀အမြင်နှင်. သမိုင်း အမြင် ၊ ပါမောက္ခတွိုင်ဘီ နှင်. နောက်ထပ် ငြင်းခုန်ခြင်း စသည်. သမိုင်းကျမ်းများ ။နိုင်ငံတကာ ကဗျာသုံးပုဒ် ။တဂိုး၏ ကဗျာများ ၊ နိုင်ငံတကာ ကဗျာလက်ရွေးစင် စသည်. ကဗျာစာအုပ်များ။ရသစာတမ်းများ၊နိုင်ငံတကာရသစာတမ်းများ၊အညတရရုပ်ပုံလွာများ ၊ကြေးနီရောင် အချစ်နှင်.၀တ္ထုတိုများ ၊လေညှင်း၊လရောင်နှင်.ဇာ ခန်းဆီး စသည်. ၀တ္ထုတိုလက်ရွေးစင်များ တို.ကိုထုတ်ဝေခဲ့ သည် ၊ ယခုချိန်ထိ စာအုပ်ပေါင်းတစ်ရာ. ငါးဆယ်ခန်.ကို ထုတ်ဝေခဲ့ ပြီး ဖြစ်သည် ၊

၁၉၇၃ ခုနှစ်တွင် စစ် နှင်. ငြိမ်း ချမ်းရေး ၀တ္ထု၊ ၁၉၇၈ ခုနှစ်တွင် လေရူးသုန်သုန် ၀တ္ထု ၊၁၉၈၉ ခုနှစ်တွင် ခန်းဆောင် နီအိမ်မက် ၀တ္ထု၊ ၁၉၉၂ခုနှစ်တွင် သုမြို.တော်ဝတ္ထု တို.ဖြင်. အမျိုးသားစာပေ (ဘာသာပြန်ဆု)များရရှိခဲ့ သည် ။မြသန်းတင်.ကလောင် အမည်အပြင် မြသန်း ၊မောင်သစ်တည် ၊စောယွမ်း၊ ထက်အောင် ၊မေမေလှိုင် ၊မင်းနန္ဒာ ၊ရဲအောင်ဇေ ၊အုတ်လှငယ် ၊ဇောတိက စသော ကလောင် ခွဲများကိုလည်း အသုံးပြုရေးသားခဲ့ သည် ။

ဆရာကြီး မြသန်းတင့် သည် ၁၉၉၈ ခုနှစ်တွင် ဘ၀တစ်ပါး သို.ပြောင်းသွား ခဲ့ လေသည် ။ ( မှတ်စုစာအုပ် ))

ဆရာကြီး ၏ စာအုပ်များကို အောက်မှာ Download ဆွဲယူ ဖတ်ရှုနိုင်ပါသည်။

  1. မြသန်းတင့် - လက်ဖက်ရည်ဆိုင်
  2. မြသန်းတင့် - -ရေပွက်ပမာ
  3. မြသန်းတင့် - .မှောင်မိုက်မှာငို
  4. မြသန်းတင့် - .မော်ဒန်ကဗျာများနှင့်ပတ်သတ်၍
  5. မြသန်းတင့် - ဧကရီဖွားစော
  6. မြသန်းတင့် - သမိုင်းစကားပန်းစကား
  7. မြသန်းတင့် - လာခြင်းကောင်းသောအရှင်
  8. မြသန်းတင့် - လမင်းကိုထရံပေါက်မှကြည့်ခြင်း
  9. မြသန်းတင့် - မာယာဘုံ
  10. မြသန်းတင့် - ဘ၀နေနည်းအနုပညာ
  11. မြသန်းတင့် - ပီကာဆို၏ပဉ္စလက်မီးအိမ်
  12. မြသန်းတင့် - ဓါးတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်
  13. မြသန်းတင့် - မှော်ရုံတောမှာမောလှပြီ
  14. မြသန်းတင့် - လူလေးသို့ပေးစာများ
  15. မြသန်းတင့် - စာရေးခြင်းအတတ်ပညာ- 1
  16. မြသန်းတင့် - စာရေးခြင်းအတတ်ပညာ - 2
  17. မြသန်းတင့် - တိမ်းရှောင်သူ
  18. မြသန်းတင့် - ရွှေပြည်တော်မျှော်တိုင်းဝေး
  19. မြသန်းတင့် - အရှေ့လေတိုက်သောအခါ
  20. မြသန်းတင့် - သမိုင်းထဲကမန္တလေး၊ မန္တလေးထဲကသမိုင်း
  21. မြသန်းတင့် - နှစ်တစ်ရာကမ္ဘာ့စုံထောက်ဝတ္ထုတိုများ-၃
  22. မြသန်းတင့် - သြဂုတ်တစ္ဆေများနှင့် အခြားဝတ္ထုတိုများ
  23.  မြသန်းတင့် - ကြာညိုနံသင်းသောရေ၀တီမ



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်