ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, April 21, 2015

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား သိပ္ပံနည်းကျကျ လေ့လာတွေ့ ရှိချက်



ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအားသိပ္ပံနည်းကျကျ လေ့လာတွေ့ ရှိထားချက်များဖြစ်ပါသည်။အောက်မှာ လေ့လာဖတ်ရှုပါ။



(က) တိုင်းတာတွေ့ ရှိချက်--

(၁) ကျောက်လုံးတော်ကြီး၏ ကျောက်အမျိုးအစား - ဂရက်နိုက် (Granite)
(၂) တစ်ယူနစ်အလေးချိန် (Unit Weight) - 2.5 Ton/m3 (156 pcf)
(၃) ထုထည် - 244.58m3 (8636 cft)
(၄) အလေးချိန် - 611.45 Ton
(၅) အလေးချိန်ဗဟိုချက် (Centroid) - 0.14m, 0.13m, 4.00m
(၆) နေရာ (x, y, z) - 5.5”, 5.1”, 13'1.5”
(အောက်ခံကျောက်တုံးနှင့် ထိစပ်နေသော ဧရိယာ၏ ဗဟိုချက် Area Centriod
ကို Origin အဖြစ်ယူထားသည်။)
(၇) အမြင့် - 8.15m ( 26'-9” ) (အနိမ့်ဆုံးနေရာမှ အမြင့်ဆုံးနေရာထိ)
(၈) ကျောက်လုံးတော်ကြီး၏ အောက်ခံ ကျောက်တုံးကြီးနှင့် ထိစပ်နေသော
ဧရိယာ - 0.714m3 (7.69 sp.ft)
(၉) အောက်ခံကျောက်တုံးကြီးနှင့် ထိစပ်နေသောဧရိယာ၏ ချောက်ဘက်ရှိလည်ပတ်ဝင်ရိုး (Axis of Rotation) မှ ကျောက်လုံးတော် ချောက်ဖက်သို့ စွန်းထွက်နေသော အများဆုံးအကွာအဝေး - 3.136m ( 10'-3” )


(ခ) သုံးသပ်ချက်များ

(၁) ကျောက်လုံးတော်ကြီး-- တည်ငြိမ်နေခြင်းမှာ-- ကျောက်လုံးတော်ကြီးနှင့်စေတီတော်၏-- နှစ်ရပ်ပေါင်း အလေးချိန် --ဗဟိုချက်သည်-- အောက်ခြေရှိ ထိစပ်နေသော ဧရိယာ (Contact Area) အတွင်းကျ
ရောက်နေပြီး
-- လည်ပတ်ဝင်ရိုး ( Axis --of-Rotation)၏အတွင်းဘက်တွင်လည်းကျေ
ရာက်နေခြင်းကြော
င့်ဖြစ်သည်။အဆိုပါဝင်ရိုး၏အပြင်ဘက်(ချောက်ဘက်)တွင်ကျရောက်နေပါကတည်ငြိမ်နိုင်မည်မဟုတ်ပေ။

(၂) ထိစပ်နေသောဧရိယာ (Contact Area) သည် ကျော်လုံးတော်ကြီးအပေါ်စီးကြည့်ဧရိယာ(Plan..Area)
၏(1.4%)သာရှိသည်ကို တွေ့ ရသည်။အလွန်သေးငယ်သောဧရိယာပေါ်တွင်တည်ငြိမ်စွာတင်နေခြင်း ဖြစ်ပါသည်။


(၃) ဘေးတိုက်အင်အား (Lateral Force) (46.6 ton) ဖြင့် နှစ်ရပ်ပေါင်းအလေးချိန် ဗဟိုချက်
( Centroid of Rock and Stupa) နေရာတည့်တည့်မှချောက်ဘက်သို့  တွန်းပါကကျောက်လုံးတော်ကြီး၏
တည်ငြိမ်မှု ပျက်ပြားသွားနိုင်စရာရှိကြောင်း တွေ့ ရှိရပါသည်။အဆိုပါအင်အားသည်ကျောက်လုံးတော်ကြီးနှင့်
စေတီတော် နှစ်ရပ်ပေါင်း စုစုပေါင်းအလေးချိန်၏(7.4%)မျှသာဖြစ်သော်လည်းလေပြင်းတိုက်ခတ်မှုကြောင့်
ဖြစ်ပေါ်လာသော ဘေးတိုက်အင်အားသည်(6.5 ton) ထက်မပိုကြောင်း တွေ့ ရပါသည်။

ထို့ ကြောင့် လေပြင်းဒဏ်ကိုစိုးရိမ်စရာမရှိဘဲမကြုံစဖူးအလွန်ကြီးမားသောငလျှင်နှင့် အောက်ခြေတိုက်စားခြင်း
(Erosion) အောက်ခြေပွန်းပဲ့ခြင်း တို့ ကိုသာ စိုးရိမ်စရာ ရှိပါသည်။

(၄) ကျောက်လုံးတော်ကြီး၏ အလေးချိန်မှာ (611.45 ton) ဖြစ်ပြီး စေတီတော်၏အလေးချိန်မှာ (19.45 ton) သာဖြစ်သဖြင့် စေတီတော်၏ အလေးချိန်သည်နှစ်ရပ်ပေါင်း အလေးချိန်၏ (3.1%) သာရှိသည်ကို
တွေ့ ရပါသည်။ထို့ ကြောင့် စေတီတော်၏ အလေးချိန်သည် စံနစ်တစ်ခုလုံး၏တည်ငြိမ်မှုကိုအနည်းငယ်သာ
ထိခိုက်စေနိုင်ပါသည်။

(၅) စေတီတော်၏ အလေးချိန်ဗဟိုချက် (Centroid) သည် ကျောက်လုံးတော်အောက်ခြေရှိ ထိစပ်နေေ
သာ ဧရိယာ (Contact Area)၏ လည်ပတ်ဝင်ရိုး(Axis of Rotation) အပြင်ဘက် (ချောက်ဘက်)
တွင် မသက်ရောက်ဘဲ ဝင်ရိုး၏အတွင်းဘက်တွင်သာ သက်ရောက်သဖြင့် စေတီတော်ကြီး၏ အလေးချိန်များလာခြင်းသည် ကျော်လုံးတော်ကြီး၏ တည်ငြိမ်မှုကို Under Gravity Load Condition
တွင် အနှောက်အယှက် မဖြစ်စေကြောင်းတွေ့ ရသည်။ သို့ ရာတွင် နှစ်ရပ်ပေါင်းအလေးချိန် ဗဟိုချက်
( centroid of Rock and stupa) သည် ကျောက်လုံးတော်ကြီးတစ်ခုတည်း၏ အလေးချိန် ဗဟိုချက်
(Centroid of Rock) ၏အပေါ်ဘက် ( 1'-0.1” ) ခန့် တွင် တည်ရှိသည်ဖြစ်ရာ တည်ငြိမ်မှုကို ပျက်ပြားစေရန် လိုအပ်သောဘေးတိုက်အင်အား (Leteral Force) မှာ စေတီတော်ကြီး အပါအဝင် နှ
စ်ရပ်ပေါင်းအတွက် အပိုဒ်(ဂ)တွင် ဖော်ပြထားသကဲ့သို့ (46.6 ton) ဖြစ်သော်လည်း စေတီတော်
ကြီးမပါဘဲ ကျောက်လုံးတော်ကြီး တစ်ခုတည်းအတွက်မူ (47.09 ton) အားဖြစ်သည်ကိုတွေ့ ရပါသည်။

ထို့ ကြောင့် Under Gravity and Lateral Load Condition တွင်စေတီတော် အလေးချိန်ပိုလာခြင်းဖြင့် တည်ငြိမ်မှုကို အနည်းငယ်လျှော့စေနိုင်ကြောင်းတွေ့ ရှိရပါသည်။ သို့ သော် အလွန်နည်းသော မမာဏသာဖြစ်ပါသည်။

(၆) ဤသိပ္ပံနည်းကျဘလေ့လာချက်ဖြင့် ကျော်လုံးတော်ကြီးနှင့် စေတီတော်တို့ ၏တည်ငြိမ်နေရခြင်း
အကြောင်းရင်းကို အနီးစပ်ဆုံး ရှင်းလင်းပြနိုင်ကြောင်းတွေ့ ရှိရပါသည်။

(ဂ) စေတီတော်ကြီးအား သုတေသနပြုလုပ်ခဲ့သော ပညာရှင်များအဖွဲ့ 

ပါမောက္ခ ဦးညီလှငယ် (ဒုဝန်ကြီး) မှနာယက အဖြစ်ဆောင်ရွက်၍
(၁) ဦးစန်းကြူ (ကထိက) မြို့ ပြအင်ဂျင်နီယာဌာန ရန်ကုန်နည်းပညာတက္ကသိုလ်
(၂)ဦးစိုးပိုင်(ဦးစီးအရာရှိ) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ပို့ ဆောင်ရေးဝန်ကြီးဌာန။
(၃) ဦးစောထွေးဇော် - Chief Enginner - Concordia Internatoinal Limited
(၄) ဦးမျိုးညွန့်  - Chief Surveyor - Concordia International Limited
(၅) ဦးမျိုးမင်းမင်းလွင် - Surveyor - Concordia International Limited
(၆) ဦးတင်အောင်စိုး - Enginner - ရန် ကုန်နည်းပညာတက္ကသိုလ်
(၇) ဦးကျော်ကျော်ခိုင် - Enginner - ရန်ကုန်နည်းပညာတက္ကသိုလ်
(၈) ဦးသန်းစိုး - Enginner - ရန်ကုန်နည်းပညာတက္ကသိုလ်

(ဃ) လေ့လာတိုင်းထွာခြင်းကာလ

25 January 2001 မှ 28 January 2001 (၄ ရက်တိုင်းတာခဲ့ပါသည်။)

(င) တိုင်းထွာရာတွင် အသုံးပြုခဲ့သော အထောက်အကူပြု ပစ္စည်းများ

Topcon Pulse Total Station GPE 1002
Topcon Auto Level ATG 3
Computer program - Civil CAD Software (Version 5.5) &
Auto CAD Software (version 2000)


ကိုးကား
- ဦးစိုးရှိန် (မောင်စိုးထိုက် - သုံးဆယ်) စာပေဆုနှင့် လူမှုထူးချွန်ဆုရ၏ကမ္ဘာ့အံ့ဖွယ် စာရင်းဝင် ဆံတော်ရှင် ကျို က်ထီးရိုးစေတီတော် စာအုပ်မှအချက်အလက်များကို ကောက်နှုတ်တင်ပြထားပါသည်။


Kyaw Gyi


No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်