ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, June 24, 2013

မြန်မာ့ သိုင်းပညာ


မြန်မာတို့၏ရိုးရာအားကစားသိုင်းပညာ၊ဗန်တိုဗန်ရှည်ရှေးသိုင်းဆရာကြီးများလက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြလို့ယနေကျွန်တော်တို့လေလာသင်ကြားခွင့်ရရှိသည်။

ဤစာအုပ်တွင် ဗန်တိုနည်းပေါင်း ၁၂၀၊ ဗန်ရှည်နည်းပေါင်း ၁၄-နည်း တို့ကို ရုပ်ပုံပေါင်း ၁၆၄-ပုံဖြင့်အကျယ် တ၀င့် ရှင်းပြထားသည်။

လက်တွေလေ့လာလိုသူ၊ဗဟုသုတအနေနဲ့ဖတ်ရှုလိုသူတွေအတွက်ဖြစ်ဖြစ်အမှန်အကန်စိတ်ကျေနပ်
မှုပေးစွမ်းနိုင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

လျှိုဝှက်သောဗန်တို ဗန်ရှည် .သိုင်းပညာ စာအုပ်..ဒေါင်းယူ ဖတ်ရှုရန်  ►ဒီနေရာကိုကလစ်ပါ◄ 

နောက်ထပ် သိုင်းပညာ စာအုပ်များရယူလိုပါက


http://thaingwizard.wordpress.com/ (or) Thaing Wizard ကိုသွားရောက် လေ့လာပါ




သူ

ရှင်းသန့်နေတဲ့ လမင်းကြီးထဲက
သန္တာကျောက်တန်းလေးမှာ
ရီ(ရယ်)သံလေးတွေ စွတ်လို့ ...
ရွှန်းလဲ့နေတဲ့ ကြယ်လေး နှစ်လုံးမှာ
ကြည်နူးရိပ်တွေ ရှိနေတယ် ...။

ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဖွင့်ပေါ့
အိပ်မက်တွေက လှပါတယ် ...။
(သူကလည်း လှတယ်)

ဆံနွယ်စတွေ
လေယူရာ သိမ်းတာလည်း မြင်ဖူးပါရဲ့
ကလစ်လေးနဲ့ အထိန်းမှာတော့
ရင်မှာ ခပ်ရှိန်းရှိန်းဖြစ်တယ် ...။

တဖက်သက်ပဲ စိမ်းလန်းနေဆဲပါ
ဘယ်နေ့ (သူ) ရောက်လာမလဲပေါ့ ...။

ရိုးသားခြင်းကိုတောင် အုတ်မြစ်ချခဲ့ပြီပဲ
တစ်နေ့မှာတော့ ...
မေတ္တာတရားကို သူ့ရှေ့မှာ
မျက်ဝါးထင်အောင် ချပြမယ် ...။


ညလင်းအိမ်

အမေ



ပူလျှင်အရိပ် ပန်းဖြေသိပ်ပါ နေနားပါလှည့်
မေ့မေတ္တာ ဒီအရိပ် ရိပ်ထီးကာခဲ့
မိုးရွာလျှင်လည်း ၀င်ပါနားပါ မိုးခိုလှည့်
မေ့မေတ္တာ ဗိမာန်တော်ကြီး အေးမြနေခဲ့

ဆောင်းရောက်လျှင်လည်း
ထွေးပါ နွေးပါ ခြုံလွှမ်းပါလှည့်
မေ့မေတ္တာလွှာရုံနွေး နွေးထွေးနေမြဲ
လေတိုးလျှင် မပူပင်နဲ့
မေမေ့ မေတ္တာ နံရံချပ်
မတ်တတ်ကာ ကာကွယ်ခဲ့
ရေဆာငတ်မူရင်ပူပြေရေး အမေပေး
ရေကြည်တစ်ပေါက်
စမ်းချောင်းတမျှ စီးဆင်းနေမြဲ

အမေ့ရဲ့မေတ္တာ စေတနာက
နေပူ မိုးရွာ ဆောင်းတွင်းပါ
အရိပ်ဖြစ်စမြဲ
နှိုင်းတုမရ အမေ့မေတ္တာ
လိုရာကိုသုံး စဉ်မြဲပြုံးလို့
သားထင်မိပါတယ်…ဒီကမ္ဘာမှာ အမေ သာအလှဆုံး


picture ..
ခဲပန်းချီ မှရယူထားသည်။

Sunday, June 23, 2013

မေ့လို့မရပါ


ငါ့ ဘ၀ နေရက်တွေကို အလွမ်းတွေအဖြစ် ဖန်တီးသွားခဲ့လေသူ.
မေ့လိုမရခဲ့...စက္ကန့် တွေက ငါ့နှလုံးသားကို တဖြည်းဖြည်း တိုက်စားနေပြီ

သူ့ကို မေ့လိုက်ချင်တယ်...ဒါပေမဲ့.
တိမ်တွေပြိုတိုင်းလွမ်းလို့   မိုးစက်ပြေးတိုင်းသတိရနေမိအုံးမယ်.

နှိုင်းဆမရတဲ့ အချစ်တွေ. နွယ်ပတ်ခဲ့ပြီးမှ..
တိမ်စိုင် တခု လို လျင်မြန်မှာ ငါ့ရင်ကိုခွဲ နှလုံးသားကို..
အပ်ဖျားလေးနဲ့...ထိုးခဲလေသူ...

ခုထိသွေးစိမ်းရှင်ရှင် ကျနေတုန်းးး.ဒါပေမဲ့လေ...
အမှတ်သည်းခြေ မရှိတဲ့ ငါပဲ.မိုက်နေရောသလားးး

စိတ်က တမ်းတနေတယ်..သူပုံရိပ်လေးတွေ..
နှလုံးသားက တောင်းဆိုနေပြန်တယ်..သူရဲ့အချစ်တွေ..
ရင်ဘတ်ကြီးကတော့ နာကျင်နေဆဲ..သိုပေမဲ့.
သူအတွက် ဒိရင်ခွင် အေးနေစေမယ်...


လေယာဉ်ပစ်

 လေယာဉ်ပျံ ဂိမ်းပါ ရန်သူ လေယာဉ်တွေ နှိမ်နင်;ရမှာပါ.ကစားလို့ကောင်းပါတယ်..ကျွန်တော်ကစားပြီးမှ ကြိုက်လို တင်လိုက်ပါတယ်

တာရာမင်းဝေ စာအုပ်များ 47 အုပ်


စာရေးဆရာ တာရာမင်းဝေ ၏ စာအုပ်များ ဖြစ်ပါသည်။ အောက်မှာ download ဆွဲယူဖတ်ရှုနိုင်ပါသည်။

Superbike ဆိုင်ကယ်ဂိမ်း-Pc


Superbike  ဆိုင်ကယ် ပြိုင် pc game  ဖြစ်ပါတယ်.ရုပ်ထွက် ကောင်းမွန်ပြီး ကစားရန် သင့်လျော်.ပါသည်  ဖိုင်ဆိုဒ်.File Size: 40.2 Mb ပဲရှိပါတယ် အောက်မှာ Download ပါ





Superbike  ဆိုင်ကယ်ပြိုင်Game ဒေါင်းရန် > > Download <<


http://www.zaylinthawtar1994.blogspot.com/


Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်