ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, June 24, 2013

အမေ



ပူလျှင်အရိပ် ပန်းဖြေသိပ်ပါ နေနားပါလှည့်
မေ့မေတ္တာ ဒီအရိပ် ရိပ်ထီးကာခဲ့
မိုးရွာလျှင်လည်း ၀င်ပါနားပါ မိုးခိုလှည့်
မေ့မေတ္တာ ဗိမာန်တော်ကြီး အေးမြနေခဲ့

ဆောင်းရောက်လျှင်လည်း
ထွေးပါ နွေးပါ ခြုံလွှမ်းပါလှည့်
မေ့မေတ္တာလွှာရုံနွေး နွေးထွေးနေမြဲ
လေတိုးလျှင် မပူပင်နဲ့
မေမေ့ မေတ္တာ နံရံချပ်
မတ်တတ်ကာ ကာကွယ်ခဲ့
ရေဆာငတ်မူရင်ပူပြေရေး အမေပေး
ရေကြည်တစ်ပေါက်
စမ်းချောင်းတမျှ စီးဆင်းနေမြဲ

အမေ့ရဲ့မေတ္တာ စေတနာက
နေပူ မိုးရွာ ဆောင်းတွင်းပါ
အရိပ်ဖြစ်စမြဲ
နှိုင်းတုမရ အမေ့မေတ္တာ
လိုရာကိုသုံး စဉ်မြဲပြုံးလို့
သားထင်မိပါတယ်…ဒီကမ္ဘာမှာ အမေ သာအလှဆုံး


picture ..
ခဲပန်းချီ မှရယူထားသည်။

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်