Saturday, March 30, 2013
ပျောက်ကွယ်သွားချိန်
♥နင်ကြိုက်တဲ့ မိုးရေစက်တွေ
ငါ့နှလုံးသားမှာ ခိုနားတော့
တတောက်တောက် နဲ့ လေ..
ဖွင့်ချင်မှ ဖွင့်မဲ့တံခါး
အမြဲပိတ်ထားတာ ဘာဆန်းလဲ..
♥အာဒံက ဧ၀ ကိုချစ်တယ်..
ရိုမီယို က ဂျူးလိယက်ကိုချစ်တယ်..
မင်းနန္ဒာ က ရှင်မွှေးလွန်းကိုချစ်တယ်..
ငါကလည်း နင့်ကိုချစ်တာပဲ..
♥ဧ၀ က တုံပြန်တယ်..
ဂျူးလိယက်က လည်းတုံပြန်တယ်..
ရှင်မွှေးလွန်းက လည်းတုံပြန်တယ်..နင်ကလည်းတုံပြန်တာပဲ..
ကွာခြားသွားတဲ့တုံပြန်ပုံက
ငါ့ဘ၀နဲ့ ငါ့ကုသိုလ်..
♥လသာတုန်းအူတဲ့ ခွေးအူသံမှ
ဆွေးစရာကောင်းတာ မဟုတ်ဘူး..
နွေရောက်တိုင်း ဥသြငှက်ရဲ့အသံမှ
လွမ်းစရာကောင်းတာ မဟုတ်ပါဘူး..
♥လေတိုက်လို့ လန်သွားတဲ့ ပြက္ခဒိန်စာရွက်တွေလို
ရက်စွဲတွေက အကုန်မြန်တယ်..
ဂီတာက ကြိုးပြတ်တယ်..
ခံစားချက်က ကျိုးပျက်တယ်..
အသံတူပြီး အကြောင်းကွဲပုံများ..
♥မောင်၇ယ်..
နွေပြီးတော့ မိုးနဲ့ ဆောင်း..
ခံစားချက်မဲ့တဲ့ တေးသွားတစ်ပုဒ်လို
နေစားလိုက် လေစားလိုက်နဲ့ ..
ငါဟာတဖြည်းဖြည်းနဲ့ အရောင်ေ၀၀ါး လာခဲ့ပြီ..
Friday, March 29, 2013
ခေတ်သစ်နှလုံးသား
♥မခေါ်ဘဲနဲ့ဝင်လာရောက်လာတဲ့
ပျော်ရွှင်မှုတစ်ခုကို
Download လုပ်ပြီး
File တစ်ခုအဖြစ်
နှလုံးသားတစ်နေရာမှာ
Save As လုပ်ထားခဲ့တယ်........
♥တိမ်းညွှတ်လွယ်တဲ့ ငါ့နှလုံးသားကို
လျှို့ဝှက်မှုတွေ လွှမ်းခြုံထားတဲ့
Entertainment တွေနဲ့
လှည့်စားခဲ့ပြန်တယ်..................
♥အသိစိတ်ရဲ့ Warning တွေကြောင့်
သာယာနေတဲ့ မသိစိတ်ကို
Delete လုပ်ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ငါ
နှလုံးသားရဲ့ Recycle Bin ထဲက
နှင်ထုတ်ဖို့တော့
မကြိုးစားရက်ခဲ့ပါဘူးလေ............
♥ကဗျာချစ်သူ♥z@wko!
Wednesday, March 27, 2013
အတောင်ကျိုးနေတဲ့ ငှက်
အတောင်ကျိုးနေတဲ့ ငှက်မို့
လေဟုန်မှာ
တောင်ပံဆန့်ခွင့်မရှိတော့ပေမယ့်
မြေပေါ်မှာ
လျှောက်လှမ်းလို့တော့ ရပါသေးတယ်ကွယ်
အဲဒီလိုပဲ
ငါ့အချစ်လှိုင်လုံးလေးတွေကလည်း
မင်းရင်ဘတ်ကမ်းခြေဆီ
ဘယ်တော့မှ မရောက်နိုင်တော့ပေမယ့်
ကြိုးစားခွင့်လေးတော့ ရှိချင်ပါသေးတယ် ချစ်ရသူရယ် …….
.
အချစ်ငှက်(မန်း)
Friday, March 22, 2013
မျော်လင့်ချက်
ပြန်လာမလားလို့ မျှော်နေမိပေမဲ့
လမ်းဖျက်ခဲ့တဲ့ သူတစ်ယောက်အဖို့တော့
မနက်ဖြန်ဆိုတာ… ပြီးဆုံးခြင်းတဲ့လား၊
ပြောင်းလဲခြင်း..ဆိုတဲ့ နောက်တော့
ဒဏ်ရာကို သာတယ်… နာတယ်..
ကြေငြာမနေတော့ပါဘူး……။
အသိခေါက်ခက် အဝင်နက်တဲ့
နှလုံးသားအတွက်သာ၊ ဖြေသိမ့်ဖို့ လိုအပ်ခဲ့တာ
တကယ်တမ်းတော့…..
နင့်အတွက်သာဆိုရင်
ကဗျာတွေ… ကာရန်တွေ
ဘာတွေနဲ့မှ စာစီလို့မရပါဘူး။
ဒါပေမယ့်လည်းဟာ…
မျက်ရည်တွေနဲ့ ခင်းကျင်းပြမှ
အယူခံဝင်ခွင့်ရမယ်ဆိုလည်း
ဒီဘဝ…. ဒီမျှနဲ့သာ…..
ရှိပါစေတော့…… ။
တစ်ခုပဲ… ဆုတောင်းချင်ခဲ့တာပါ
ဖြစ်လေရာ ဘဝဆက်တိုင်း
ကျွန်ုပ်၏နှလုံးသား အစုံသည်
သံမဏိအတိပြီးရပါလို၏……။ ။
♥ကဗျာချစ်သူ♥z@wko!
Thursday, March 21, 2013
အသဲမကွဲဖူးသေးရင်မချစ်တတ်သေးဘူး
♥ ဘာသာပြန်ခက်နေတဲ့ 
ငါ့ရဲကာရံမဲ့ မျက်ရည်တွေ
အခန်းကျဉ်းလေးမှာတိတ်ဆိတ်
ငြိမ်သက်နေတယ်
ဂစ်တာတစ်လက်ကိုဆွဲ အလွမ်းသီချင်းလေးတိုးတိုးငြီးလို့ 
အလွမ်းသင့်နှလုံးသားတစ်စုံနေရာအနှံ လွှင့်ပြန်ကုန်တယ်........
အလွမ်းသင့်နှလုံးသားတစ်စုံနေရာအန
♥ ငါ့ကိုနင်မေ့နေပေမယ့်
နင့်ဓါတ်ပုံကအရင်လို ပြုံးပြနေဆဲပါ
အေးစက်စက်နင့်ရဲ အပြုံးတစ်ချက် အောက်မှာ
ငါ့ရဲ့ ရင်ကိုအမုန်းမုန်တိုင်းတစ်ခုတိ
ရင်ခွင်တစ်ခုလုံးဗလောင်ဆူသွား
♥ အားလုံးငြိမ်သက်သွား ချိန်မှာ
ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်
ကမ္ဘာပျက်သုဉ်းလို့  အရာအားလုံးစိတ်သုဉ်းသွားတယ်
ချစ်ဖူးရင်အသဲကွဲဖူးတယ် အသဲမကွဲဖူးသေးရင် မချစ်တတ်သေးပါဘူး.........
♥ ဟုတ်တယ်ကျွန်တော် ချစ်ဖူးတယ်ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်
ကမ္ဘာပျက်သုဉ်းလို့  အရာအားလုံးစိတ်သုဉ်းသွားတယ်
ချစ်ဖူးရင်အသဲကွဲဖူးတယ် အသဲမကွဲဖူးသေးရင် မချစ်တတ်သေးပါဘူး.........
ပြီးတော့ အသဲကွဲဖူးတယ်
တစ်ခါတစ်ခါ သတိနဲ့ အသိလွတ်သွားတယ်
မကြာမကြာသတိရတဲ့ အခါခါပဲ ဝမ်းနည်းပက်လက်ဖြစ်သွားတယ်
အားလုံးရူးသွားပြီလို့  ဝိုင်းပြောနေကြနေတာလား
ဟုတ်တယ်ဒီကောင်မလေးအတွက်ပေါ့ ကျနော်ရူးနေပြီ
အရမ်းချစ်ဖူးခဲ့ ကောင်းမလေးတစ်ယောက်ကြောင့်ပေါ့
ဖိုးခွားလေး(ကော့မူးမြို )
တိုးတိုး တိတ်တိတ်
♥ ဘယ်လောက်အထိ ချစ်ခဲ့လည်းဆိုရင်
ငါ့ နှလုံးသားကို ပြန်ကြည့်မှ
နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေတတ်တာ
ငါ့ကို ငါတောင် သတိမထားမိ ခဲ့ဘူး.........
♥ အမြဲ သတိရနေခြင်းက
ချစ်ခြင်းရဲ့ အစဆိုရင်
မေ့ပျောက်ခြင်းတွေနဲ့ ပြီးဆုံး
အချစ်ရဲ့ နိဂုံးမှာ
အမုန်းဆိုတာတော့ ငါ့အတွက် မထားခဲ့ပါနဲ့...............
♥ နင်က ငှက်ကလေးဆို
ငါက သစ်ပင်တစ်ပင်ပါဟာ
ခဏတာ ဝင်နားမှန်း သိနေလျှက်
နင်ပျော်ရွှင်ဖို့ အတွက်
ငါ မနှင်ရက် ခဲ့ဘူးလေ...............
♥ ရေလှိုင်းလေး ခဏတာ ဝင်နားတဲ့
ကမ်းနားလေး ဟာလည်း... ငါ
တစ်စတစ်စ ပဲ့ကြွေခြင်းမှာ
ငါ ကျရှုံးခြင်းဆိုတာ သိပေမယ့်
ရင်ထဲက မေ့ပြစ်ဖို့ ခက်တယ်..................
♥ ကျွန်းခံနေတဲ့ နှလုံးသားလမ်းကြောင်းမဟုတ်ပေမယ့်
ဂုဏ်ဓန ဆိုတဲ့ မှတ်တိုင်လေးထား
ငွေပေးမှ သွားခွင့်ရတဲ့
နှလုံးသား လမ်းသစ်တွေကြားမှာ
ငါ....
လမ်းလျှောက်ရင်း လမ်းပျောက်ချင်ခဲ့တာပါ.............
နှလုံးသား လမ်းသစ်တွေကြားမှာ
ငါ....
လမ်းလျှောက်ရင်း လမ်းပျောက်ချင်ခဲ့တာပါ.........
♥ ဖန်တီးယူခဲ့တာ မဟုတ်ခဲ့ ပါဘူး
အလိုလို ဖြစ်တည်လာတဲ့ ရင်ခုန်မှုက
ငါ့နှလုံးသားကိုမှ ဗဟိုပြုခဲ့တာ
နာကျဉ်မှုတွေပါ တစ်ခါတည်း သယ်လာခဲ့သလား...........
အလိုလို ဖြစ်တည်လာတဲ့ ရင်ခုန်မှုက
ငါ့နှလုံးသားကိုမှ ဗဟိုပြုခဲ့တာ
နာကျဉ်မှုတွေပါ တစ်ခါတည်း သယ်လာခဲ့သလား...........
ကမ္ဘာအတု လေးထဲက
သံယောဇဉ် အတုတွေလို့ ထင်ရင်
ငါတို့ ဘယ်တော့မှ ပြန်မဆုံချင်ကြေး
တစ်ခါတစ်ရံ ဟိုး...အဝေး
♥ အချစ်ဆိုတာ တိတ်တိတ်ကလေး ချစ်နေရတာပဲ ကောင်းတယ်...........
သံယောဇဉ် အတုတွေလို့ ထင်ရင်
ငါတို့ ဘယ်တော့မှ ပြန်မဆုံချင်ကြေး
တစ်ခါတစ်ရံ ဟိုး...အဝေး
♥ အချစ်ဆိုတာ တိတ်တိတ်ကလေး ချစ်နေရတာပဲ ကောင်းတယ်...........
ရင်ခွင်မဲ့အလွမ်း
♥ သတိရခြင်းတွေ
ပိတ်လှောင်မရတဲ့ အခါ
လွမ်းရတဲ့နေ့ တရက်ခြင်းကို
ဖြတ်ကျော်ရတာ အရမ်းကိုခက်ခဲနေတယ် ချစ်သူ........
♥ ပင်ယံထက်က ပန်းပွင့်လေး နွမ်းသွားပေမယ့်
ကြွေကျစရာ လမ်းဟောင်းလေးတစ်ခုတော့ရှိတယ်
သစ်ရွတ်ခြောက်လေး လေလွှင့်နေပေမယ့်
နောက်ဆုံးခိုနာရာ မြေနီလမ်းလေး ရှိသေးတယ်...........
♥ ငါ့နှလုံးသား အခါခါကြွေ
နွမ်းကြေနေပေမယ့်
ခဏတာလေး ခိုးနားစရာ
♥ အနေဝေးတဲ့ ချစ်ခြင်းတွေ
အပြစ်ကင်းကင်းနဲ့  ချစ်ကြပါစေ
မဝေးတဲ့ ချစ်ခြင်းတွေနဲ့ လည်း
ခိုနားရာ ရင်ခွင်တစ်စုံတစ်ရာ ရှိကြပါစေ........
♥ငါ့အတွက်တော့.......
အဖော်မဲ့ အလွမ်းနဲ့ 
ခိုနားရာ မရှိတဲ့ ရင်ခွင်က
အရမ်းပဲ အထီးကျန်လွန်းတယ်
မြင်လှည့်ပါ အဝေးရောက်ချစ်သူရယ်................။
ဖိုးခွားလေး (ကော့မှူးမြို့ )
ချစ်သူ့ပေးတဲ့ လက်ဆောင်
♥..ချစ်သူပေးလိုက်တာ
ပန်းလေး တစ်ပွင့်လား.....?
နွမ်းလွင့်ကာလေ
ရနံ့တွေ ပျယ်နေမလား...
ဒိုင်ယာရီ စာအုပ်ကြားမှာ
ငါ... သိုဝှက်စွာ သိမ်းထားမယ်..................
♥..ချစ်သူပေးလိုက်တာ
အလွမ်းလေး တစ်ခုလား......?
ကျွမ်းနင့်ပါစေ
နွေတစ်ရာ ပူစေမလား...........
ဒီအသဲ ကြားမှာ
ငါ..သိုဝှက်စွာ သိမ်းထားမယ်.....................
♥..သြော်.....
အလွမ်း ဖြစ်ဖြစ်
ပန်းဖြစ်ဖြစ်လေ
မြတ်နိုးမှုတွင်
သံယောဇဉ်နဲ့
ချစ်သူကိုယ်ပွား
နှလုံးသားမှာ
မစိမ်းကားချင်
သိမ်းထားချင်တယ် ချစ်သူရယ်................
အလွမ်း ဖြစ်ဖြစ်
ပန်းဖြစ်ဖြစ်လေ
မြတ်နိုးမှုတွင်
သံယောဇဉ်နဲ့
ချစ်သူကိုယ်ပွား
နှလုံးသားမှာ
မစိမ်းကားချင်
သိမ်းထားချင်တယ် ချစ်သူရယ်................
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့်သိမှတ်ဖွယ်ရာများ
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့်သိမှတ်ဖွယ်ရာများ
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)
သာသနာတော်သုံးရပ်
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း
ရတနာသုံးပါး
၁။ ဘုရား ၂။ တရား ၃။ သံဃာ
ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ
မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊
ယသော်ဓရာ၊ ဗောဓိညောင်ပင်
သံဝေဇနိယ လေးဌာန
၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ
သတ္တဌာန ခုနှစ်ပါး
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်
ဘုရားဂုဏ်တော်ကိုးပါး
၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။
တရားဂုဏ်တော် ခြောက်ပါး
၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၎။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။
သံဃာ့ဂုဏ်တော် ကိုးပါး
၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။
အနှစ်သုံးပါး
၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ
ပစ္စည်းလေးပါး
၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း
ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း
ဆွမ်းအကျိုး ငါးပါး
၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း
ပန်းလှူရသည့် အကျိုးသုံးပါး
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။
သီလရှိသူ ရနိုင်သောအကျိုး ငါးပါး
၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။
တရားနာခြင်း၏ အကျိုး ငါးပါး
၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။
မေတ္တာအကျိုး ၁၁ ပါး
၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၎။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။
သည်းခံခြင်းအကျိုး ငါးမျိုး
၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။
အပယ်လေးပါး
၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်
ကပ်သုံးပါး
၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်
ရပ်ပြစ်ရှစ်ပါး
၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တ၀ါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တ၀ါ
၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ၀ိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။
ရန်သူမျိုး ငါးပါး
၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ
ဝိပတ္တိတရား လေးပါး
၁။ သီလ၀ိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း
၎။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း
ဗျသနတရား ငါးပါး
၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း
ကိလေသာ သုံးပါး
၁။ လေဘ ၂။ ဒေါသ ၃။ မောဟ
ကာလ သုံးပါး
၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ
အဂတိတရား လေးပါး
၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ
မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး
၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း
သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး
၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း
ကံသုံးပါး
၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း
အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ
၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၎။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ
ပိဋကတ် သုံးပုံ
၁။ သုတ္တန် ၂။ ၀ိနည်း ၃။ အဘိဓမ္မာ
စေတနာ သုံးတန်
၁။ ပုဗ္ဗ =ကြိုတင်စေတနာ ၂။ မုဉ္စ = ပြုဆဲစေတနာ ၃။ ပရ = ပြုပြီးစေတနာ
လောကပါလတရား သုံးပါး
၁။ လွတ်လပ်ခြင်း ၂။ ညီမျှခြင်း ၃။ တရားမျှတခြင်း
လောက သုံးပါး
၁။ သတ္တလောက = လူသတ္တ၀ါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသောလောက
ဗြဟ္မစိုရ်တရား လေးပါး
၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။ ဥပက္ခာတရား
သမ္ပတ္တိတရား လေးပါး
၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၎။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။
သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)
၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၎။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု
ခန္ဓာ ငါးပါး
၁။ ရူပက္ခန္ဓာ ၂။ ဝေဒနာက္ခန္ဓာ ၃။ သင်္ခါရက္ခန္ဓာ
၎။ သညာက္ခန္ဓာ ၅။ ၀ိညာဏက္ခန္ဓာ
သစ္စာ လေးပါး
၁။ ဒုက္ခသစ္စာ ၂။ သမုဒယသစ္စာ ၃။ နိရောဓသစ္စာ ၄။ မဂ္ဂသစ္စာ
စေတီ လေးမျိုး
၁။ ဓမ္မစေတီ ၂။ ဓါတုစေတီ ၃။ ဥဒ္ဓိဿစေတီ ၄။ ပရိဘောဂစေတီ
ဥပါယ်တံမျဉ် လေးမျိုး
၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၎။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။
Wednesday, March 20, 2013
အချစ်၏ အဓိပ္ပါယ်
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၏ အချစ်အဓိပ္ပါယ်ဖွင့်ဆိုချက်များ.
1. အချိုမြိန်ဆုံးပျော်ရွှင်မှု၊ အကြမ်းတမ်းဆုံးပူဆွေးမှုဟာ အချစ်ပဲ (Bailey)
အချစ်ဆိုသောအရာဟာအချိုမြိန်ဆုံးသော ပျော်ရွှင်မှုကိုလည်းဖန်တီးပေးပါလိမ့်မယ်….အကြမ်းတမ်းဆုံးသောပူဆွေးမှုကိုလည်းတစ်ပါတည်းသယ်ဆောင်လာပါလိမ့်မယ်…….
2. ကွန်ုပ်တို့ရဲ့ အရင်ဆုံးနဲ့နောက်ဆုံး အချစ်ဟာ ကိုယ့်ကိုကိုယ် ချစ်ခြင်းပါပဲ(Bovee)
ဒါကတော့နတ္တိအတ္တသမံ ပေမံဆိုတဲ့ဘုရားဟောနဲ့တထပ်တည်းပဲ……သတ္တ၀ါတွေအားလုံးဟာကိုယ့်ကိုကိုယ်အချစ်ဆုံးပါ………
3. အချစ်ရဲ့နိဒါန်းဟာ အသိဥာဏ်ရဲ့နိဂုံးပဲ(Antoine Bret)
ဒါကတော့ အချစ်နိဒါန်းပျိုးလိုက်တာနဲ့ အသိဥာဏ်နိဂုံးချုပ်သွားရသတဲ့……..
4. ယောက်ျားရဲ့အချစ်ဆိုတာ သူ့ဘ၀ရဲ့သီးခြားအစိတ်အပိုင်းတစ်ခုမျှသာ
မိန်းမရဲ့အချစ်ကတော့သူ့ဘ၀တစ်ခုလုံးပါပဲ(Byron)ယောကျာ်းတွေကတာဝန်ဝတ္တရားတွေကအချစ်ထက်ပိုတယ်လို့ပြောချင်တာပါ…..
5. ယောက်ျားက နဲနဲ နဲ့ ခဏခဏချစ်တတ်တယ်…..
မိန်းမကများများနဲ့ရှားရှားပါးပါးချစ်တတ်တယ်(Basta)မိန်းမကများများချစ်ခင်တတ်တယ်ဒါပေမယ့်ရှားရှားပါးပါးပဲချစ်တတ်တယ်ဆိုတာကတော့တကယ့်မိန်းမကောင်းမိန်းမမြတ်တွေပါပဲ……….
6. ပညာတွေ ဘယ်လောက်တတ်တတ် အချစ်နဲ့တွေ့ရင်တော့ အရူးပဲ (Joshua Cooke)
ပညာတွေဘယ်လောက်တတ်တတ်အချစ်နဲ့တွေ့ရင်တော့အဲဒီပညာတွေဟာနောက်ကောက်ကျသွားတော့တာပါပဲ………………………..
7. လူငယ်ဘ၀မှာဆန္ဒကအချစ် ငွေကျန်းမာရေး၊အိုမင်းမစွမ်းတဲ့အခါကျတောကျန်းမာရေး ငွေအချစ်တဲ့…(PaulGeraldy)
အချစ်ဆိုတာငယ်တုန်းကတော့ဦးစားပေးအရာပေါ့အသက်ကြီးတော့အရေးမပါတော့ဘူး….နောက်ဆုံးရောက်သွားတယ်….ပူလောင်တဲ့အချစ်ကိုပြောတာနော်….လူငယ်တွေနဲ့စကားပြောရင်ပီယဆေးအကြောင်းပြောပါသတဲ့….အသက်ကြီးတဲ့အဖိုးကြီးအဖွားကြီးတွေနဲ့စကားပြောတဲ့အခါအာယုဒီဃဆေးအကြောင်းပြောပါသတဲ့…………………………….
8. နဲနဲပဲ ချစ်ပါ ဒါမှ ကြာကြာချစ်နိုင်မှာ (Herrick)
မှန်မှန်လျှောက်ခရီးရောက်ဆိုတာလိုအချစ်မှာအစွန်းမရောက်ဖို့ပြောတာပေါ့နော်…အချစ်ကြီးရင်အမျက်ကြီးတတ်လို့ လျှော့လျှော့ပေါ့ပေါ့ထိန်းထိန်းသိမ်းသိမ်းနဲ့ချစ်ဖို့သတိပေးထားတာပါ…..ဒါကြောင့်လည်း တောင်မြို့မဟာဂန္ဓရုံဆရာတော်ကမိန့်တယ်“ချစ်…ချစ်နဲ့ချစ်တိုင်းကောင်းတာမဟုတ်ဖူး….လျော့လျော့ပေါ့ပေါ့ချစ်ကြ၊သူများကိုချစ်ရတာစိတ်မချရဘူး၊ကိုယ့်ကိုကိုယ်ချစ်ရတာကစိတ်ချရတယ်”တဲ့
9. အချစ်ဆိုတာ အဆိုးဆုံးစိတ်ရောဂါပဲ (Plato)
ဒါဟာအမှန်တရားပါ၊ အဆိုးဆုံးရောဂါဟာဒီရောဂါပါပဲ..ဒီရောဂါကြောင့်သံသရာရှည်နေတာပါ
10. ချစ်မိပြီဆိုရင် လူတိုင်းဟာအကန်းပဲ(Propertius)
အကန်းဆိုတာ အ လည်းအ ကန်းလည်း ကန်းနေတော့ ဘာမှမမြင်တော့ဘူးပေါ့
11. အချစ်ဆိုတာ လက်ထပ်ခြင်းရဲ့ အရုဏ်ဦးလက်ထပ်ခြင်းကတော့ အချစ်ရဲ့နေ၀င်ချိန်(Dfinod)
အချစ်ဆိုတဲ့အရာဟာလက်မထပ်ခင်ပဲကောင်းတယ်….လက်ထပ်ပြီးရင်တော့အချစ်ဆိုသောနေမင်းဟာ မှေးမှိန်သွားတော့တာပါပဲ…………
လူထုစိန်ဝင်း (လူငယ်နဲ့ အချစ်)
1. အချိုမြိန်ဆုံးပျော်ရွှင်မှု၊ အကြမ်းတမ်းဆုံးပူဆွေးမှုဟာ အချစ်ပဲ (Bailey)
အချစ်ဆိုသောအရာဟာအချိုမြိန်ဆုံးသော ပျော်ရွှင်မှုကိုလည်းဖန်တီးပေးပါလိမ့်မယ်….အကြမ်းတမ်းဆုံးသောပူဆွေးမှုကိုလည်းတစ်ပါတည်းသယ်ဆောင်လာပါလိမ့်မယ်…….
2. ကွန်ုပ်တို့ရဲ့ အရင်ဆုံးနဲ့နောက်ဆုံး အချစ်ဟာ ကိုယ့်ကိုကိုယ် ချစ်ခြင်းပါပဲ(Bovee)
ဒါကတော့နတ္တိအတ္တသမံ ပေမံဆိုတဲ့ဘုရားဟောနဲ့တထပ်တည်းပဲ……သတ္တ၀ါတွေအားလုံးဟာကိုယ့်ကိုကိုယ်အချစ်ဆုံးပါ………
3. အချစ်ရဲ့နိဒါန်းဟာ အသိဥာဏ်ရဲ့နိဂုံးပဲ(Antoine Bret)
ဒါကတော့ အချစ်နိဒါန်းပျိုးလိုက်တာနဲ့ အသိဥာဏ်နိဂုံးချုပ်သွားရသတဲ့……..
4. ယောက်ျားရဲ့အချစ်ဆိုတာ သူ့ဘ၀ရဲ့သီးခြားအစိတ်အပိုင်းတစ်ခုမျှသာ
မိန်းမရဲ့အချစ်ကတော့သူ့ဘ၀တစ်ခုလုံးပါပဲ(Byron)ယောကျာ်းတွေကတာဝန်ဝတ္တရားတွေကအချစ်ထက်ပိုတယ်လို့ပြောချင်တာပါ…..
5. ယောက်ျားက နဲနဲ နဲ့ ခဏခဏချစ်တတ်တယ်…..
မိန်းမကများများနဲ့ရှားရှားပါးပါးချစ်တတ်တယ်(Basta)မိန်းမကများများချစ်ခင်တတ်တယ်ဒါပေမယ့်ရှားရှားပါးပါးပဲချစ်တတ်တယ်ဆိုတာကတော့တကယ့်မိန်းမကောင်းမိန်းမမြတ်တွေပါပဲ……….
6. ပညာတွေ ဘယ်လောက်တတ်တတ် အချစ်နဲ့တွေ့ရင်တော့ အရူးပဲ (Joshua Cooke)
ပညာတွေဘယ်လောက်တတ်တတ်အချစ်နဲ့တွေ့ရင်တော့အဲဒီပညာတွေဟာနောက်ကောက်ကျသွားတော့တာပါပဲ………………………..
7. လူငယ်ဘ၀မှာဆန္ဒကအချစ် ငွေကျန်းမာရေး၊အိုမင်းမစွမ်းတဲ့အခါကျတောကျန်းမာရေး ငွေအချစ်တဲ့…(PaulGeraldy)
အချစ်ဆိုတာငယ်တုန်းကတော့ဦးစားပေးအရာပေါ့အသက်ကြီးတော့အရေးမပါတော့ဘူး….နောက်ဆုံးရောက်သွားတယ်….ပူလောင်တဲ့အချစ်ကိုပြောတာနော်….လူငယ်တွေနဲ့စကားပြောရင်ပီယဆေးအကြောင်းပြောပါသတဲ့….အသက်ကြီးတဲ့အဖိုးကြီးအဖွားကြီးတွေနဲ့စကားပြောတဲ့အခါအာယုဒီဃဆေးအကြောင်းပြောပါသတဲ့…………………………….
8. နဲနဲပဲ ချစ်ပါ ဒါမှ ကြာကြာချစ်နိုင်မှာ (Herrick)
မှန်မှန်လျှောက်ခရီးရောက်ဆိုတာလိုအချစ်မှာအစွန်းမရောက်ဖို့ပြောတာပေါ့နော်…အချစ်ကြီးရင်အမျက်ကြီးတတ်လို့ လျှော့လျှော့ပေါ့ပေါ့ထိန်းထိန်းသိမ်းသိမ်းနဲ့ချစ်ဖို့သတိပေးထားတာပါ…..ဒါကြောင့်လည်း တောင်မြို့မဟာဂန္ဓရုံဆရာတော်ကမိန့်တယ်“ချစ်…ချစ်နဲ့ချစ်တိုင်းကောင်းတာမဟုတ်ဖူး….လျော့လျော့ပေါ့ပေါ့ချစ်ကြ၊သူများကိုချစ်ရတာစိတ်မချရဘူး၊ကိုယ့်ကိုကိုယ်ချစ်ရတာကစိတ်ချရတယ်”တဲ့
9. အချစ်ဆိုတာ အဆိုးဆုံးစိတ်ရောဂါပဲ (Plato)
ဒါဟာအမှန်တရားပါ၊ အဆိုးဆုံးရောဂါဟာဒီရောဂါပါပဲ..ဒီရောဂါကြောင့်သံသရာရှည်နေတာပါ
10. ချစ်မိပြီဆိုရင် လူတိုင်းဟာအကန်းပဲ(Propertius)
အကန်းဆိုတာ အ လည်းအ ကန်းလည်း ကန်းနေတော့ ဘာမှမမြင်တော့ဘူးပေါ့
11. အချစ်ဆိုတာ လက်ထပ်ခြင်းရဲ့ အရုဏ်ဦးလက်ထပ်ခြင်းကတော့ အချစ်ရဲ့နေ၀င်ချိန်(Dfinod)
အချစ်ဆိုတဲ့အရာဟာလက်မထပ်ခင်ပဲကောင်းတယ်….လက်ထပ်ပြီးရင်တော့အချစ်ဆိုသောနေမင်းဟာ မှေးမှိန်သွားတော့တာပါပဲ…………
လူထုစိန်ဝင်း (လူငယ်နဲ့ အချစ်)
Subscribe to:
Posts (Atom)