ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, March 21, 2013

တိုးတိုး တိတ်တိတ်

 ♥  ဘယ်လောက်အထိ ချစ်ခဲ့လည်းဆိုရင်
ငါ့ နှလုံးသားကို ပြန်ကြည့်မှ
နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေတတ်တာ
ငါ့ကို ငါတောင် သတိမထားမိ ခဲ့ဘူး.........

 ♥  အမြဲ သတိရနေခြင်းက
ချစ်ခြင်းရဲ့ အစဆိုရင်
မေ့ပျောက်ခြင်းတွေနဲ့ ပြီးဆုံး
အချစ်ရဲ့ နိဂုံးမှာ
အမုန်းဆိုတာတော့ ငါ့အတွက် မထားခဲ့ပါနဲ့...............

 နင်က ငှက်ကလေးဆို
ငါက သစ်ပင်တစ်ပင်ပါဟာ
ခဏတာ ဝင်နားမှန်း သိနေလျှက်
နင်ပျော်ရွှင်ဖို့ အတွက်
ငါ မနှင်ရက် ခဲ့ဘူးလေ...............

 ♥  ရေလှိုင်းလေး ခဏတာ ဝင်နားတဲ့
ကမ်းနားလေး ဟာလည်း... ငါ
တစ်စတစ်စ ပဲ့ကြွေခြင်းမှာ
ငါ ကျရှုံးခြင်းဆိုတာ သိပေမယ့်
ရင်ထဲက မေ့ပြစ်ဖို့ ခက်တယ်..................

 ♥  ကျွန်းခံနေတဲ့ နှလုံးသားလမ်းကြောင်းမဟုတ်ပေမယ့်
ဂုဏ်ဓန ဆိုတဲ့ မှတ်တိုင်လေးထား
ငွေပေးမှ သွားခွင့်ရတဲ့
နှလုံးသား လမ်းသစ်တွေကြားမှာ
ငါ....
လမ်းလျှောက်ရင်း လမ်းပျောက်ချင်ခဲ့တာပါ.............
 ♥  ဖန်တီးယူခဲ့တာ မဟုတ်ခဲ့ ပါဘူး
အလိုလို ဖြစ်တည်လာတဲ့ ရင်ခုန်မှုက
ငါ့နှလုံးသားကိုမှ ဗဟိုပြုခဲ့တာ
နာကျဉ်မှုတွေပါ တစ်ခါတည်း သယ်လာခဲ့သလား...........
ကမ္ဘာအတု လေးထဲက
သံယောဇဉ် အတုတွေလို့ ထင်ရင်
ငါတို့ ဘယ်တော့မှ ပြန်မဆုံချင်ကြေး
တစ်ခါတစ်ရံ ဟိုး...အဝေး
 အချစ်ဆိုတာ တိတ်တိတ်ကလေး ချစ်နေရတာပဲ ကောင်းတယ်...........

ညီညီ(မြန်အောင်)


No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်