ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, March 21, 2013

ရင်ခွင်မဲ့အလွမ်း




♥ သတိရခြင်းတွေ
ပိတ်လှောင်မရတဲ့ အခါ
 လွမ်းရတဲ့နေ့ တရက်ခြင်းကို
ဖြတ်ကျော်ရတာ အရမ်းကိုခက်ခဲနေတယ် ချစ်သူ........

♥ ပင်ယံထက်က ပန်းပွင့်လေး နွမ်းသွားပေမယ့်
ကြွေကျစရာ လမ်းဟောင်းလေးတစ်ခုတော့ရှိတယ်
သစ်ရွတ်ခြောက်လေး လေလွှင့်နေပေမယ့်
နောက်ဆုံးခိုနာရာ မြေနီလမ်းလေး ရှိသေးတယ်...........

♥ ငါ့နှလုံးသား အခါခါကြွေ
နွမ်းကြေနေပေမယ့်
ခဏတာလေး ခိုးနားစရာ
♥ အနေဝေးတဲ့ ချစ်ခြင်းတွေ
အပြစ်ကင်းကင်းနဲ့  ချစ်ကြပါစေ
မဝေးတဲ့ ချစ်ခြင်းတွေနဲ့ လည်း
ခိုနားရာ ရင်ခွင်တစ်စုံတစ်ရာ ရှိကြပါစေ........

♥ငါ့အတွက်တော့.......
အဖော်မဲ့ အလွမ်းနဲ့ 
ခိုနားရာ မရှိတဲ့ ရင်ခွင်က
အရမ်းပဲ အထီးကျန်လွန်းတယ်
မြင်လှည့်ပါ အဝေးရောက်ချစ်သူရယ်................။

  ဖိုးခွားလေး (ကော့မှူးမြို့ )



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်