ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Thursday, March 21, 2013

အသဲမကွဲဖူးသေးရင်မချစ်တတ်သေးဘူး


 
ဘာသာပြန်ခက်နေတဲ့ 

ငါ့ရဲကာရံမဲ့ မျက်ရည်တွေ
အခန်းကျဉ်းလေးမှာတိတ်ဆိတ်
ငြိမ်သက်နေတယ်
ဂစ်တာတစ်လက်ကိုဆွဲ  အလွမ်းသီချင်းလေးတိုးတိုးငြီးလို့ 
အလွမ်းသင့်နှလုံးသားတစ်စုံနေရာအနှံ လွှင့်ပြန်ကုန်တယ်........

  ငါ့ကိုနင်မေ့နေပေမယ့်
နင့်ဓါတ်ပုံကအရင်လို ပြုံးပြနေဆဲပါ
အေးစက်စက်နင့်ရဲ အပြုံးတစ်ချက် အောက်မှာ
ငါ့ရဲ့ ရင်ကိုအမုန်းမုန်တိုင်းတစ်ခုတိုက်ခက်ချိန်မှာ
ရင်ခွင်တစ်ခုလုံးဗလောင်ဆူသွားတယ်.................

  အားလုံးငြိမ်သက်သွား ချိန်မှာ
ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်
ကမ္ဘာပျက်သုဉ်းလို့   အရာအားလုံးစိတ်သုဉ်းသွားတယ်
ချစ်ဖူးရင်အသဲကွဲဖူးတယ် အသဲမကွဲဖူးသေးရင် မချစ်တတ်သေးပါဘူး.........
ဟုတ်တယ်ကျွန်တော် ချစ်ဖူးတယ်
ပြီးတော့ အသဲကွဲဖူးတယ်
တစ်ခါတစ်ခါ သတိနဲ့ အသိလွတ်သွားတယ်
မကြာမကြာသတိရတဲ့ အခါခါပဲ ဝမ်းနည်းပက်လက်ဖြစ်သွားတယ်
အားလုံးရူးသွားပြီလို့  ဝိုင်းပြောနေကြနေတာလား
ဟုတ်တယ်ဒီကောင်မလေးအတွက်ပေါ့ ကျနော်ရူးနေပြီ
အရမ်းချစ်ဖူးခဲ့ ကောင်းမလေးတစ်ယောက်ကြောင့်ပေါ့
ဗျာ ...........................


ဖိုးခွားလေး(ကော့မူးမြို )



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်