ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..
Wednesday, August 19, 2015
ကွန်ပျူတာ တစ်လုံး ၏ ပါဝင်ပစ္စည်းများ
၁- Mother Board   
            Mother Board  အကြောင်းကို နာမည်ကြားရုံနှင့်ပင် နားလည်လောက်ပြီဟု ထင်ပါသည်။ Mother Board သို့မဟုတ် Main Board သည် သူ့နာမည်အတိုင်းပင် ကွန်ပျူတာတစ်ခု၏ အဓိကဆားကစ်ပြား သို့မဟုတ် ကွန်ပျူတာတစ်ခုကို မွေးဖွားထားသူပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကွန်ပျူတာ၏ မည်သည့် အစိတ်အပိုင်းမဆို မားသားဘုတ်နှင့် ဆက်သွယ် ထားရသောကြောင့်ဖြစ်ပါသည်။ မားသားဘုတ်တွင် ကွန်ပျူတာတစ်ခုလုံး၏ အစိတ်အပိုင်းများ ဆက်သွယ်ရန် slot များ၊ ၄င်း slot များကို ဆက်သွယ်ပေးထား သောလမ်းကြောင်းများ အားလုံးပါဝင်သည်။ ဥပမာ။   ။ နက်ဝါခ်ကဒ်အတွက် နက်ဝါခ်စလော့ ၊ vga ကဒ်အတွက် vga စလော့ ၊ CPU အတွက် CPU စလော့စသည်ဖြင့် ပါဝင်ပါသည်။
၂။ BIOS (Basic Input Output System)
             BIOS  သည် မားသားဘုတ်၏ OS ဟုတ်ခေါ်ဆိုနိုင်သော အစိတ်အပိုင်းဖြစ်လေသည်။ ၄င်းမှ မားသားဘုတ်၏ boot တက်သောအစီအစဉ်များနှင့် power management များကို ထိန်းချုပ်ပေး ပါသည်။
၃။ Chipset
             Chipset သည် မားသားဘုတ်တွင်ပါဝင်သော အစိတ်အပိုင်းတစ်ခုပင် ဖြစ်ပါသည် Chipset၏လုပ်ဆောင်ချက်မှာ  CPU နှင့် system memory ကဲ့သို့သော အစိတ်အပိုင်းများနှင့် ဆက်သွယ်ပေးခြင်း ဖြစ်လေသည်။ 
၎။ Internal Buses
             Internal Buses များ၏ လုပ်ဆောင်ချက်များမှာ Chipset ကဲ့သို့ပင် CPU နှင့် အခြားသော အစိတ်အပိုင်းများကို ဆက်သွယ်ပေးခြင်းဖြစ်လေသည် ။ Internal Buses များတွင် အစိတ်အပိုင်းနှစ်ခု ခွဲ၍ လေ့လာနိုင်လေသည်။
(က) north bridge memory controller
(ခ) south bridge I/O controller   
၅။CPU( Central Processing Unit )
      CPU သည် ကွန်ပျူတာ၏ ဦးနှောက်ဟုပင် ခေါ်ဆိုနိုင်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၄င်းသည် ကွန်ပျူတာတစ်ခုလုံး၏ လုပ်ဆောင်ချက်များကို ထိန်းချုပ်ထားရာ နေရာလဲဖြစ်လေသည်။ ကွန်ပျူတာ၏ မည်သည့် လုပ်ငန်းမဆို CPU၏ တွက်ချက်မှုများ လုပ်ဆောင်မှုများဖြင့်သာ လုပ်ဆောင်နိုင်လေသည်။ ထို့ကြောင့် CPUသည် ကွန်ပျူတာ၏ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။
၆။ RAM (Random-access Memory)
               RAM ၏ လုပ်ဆောင်ချက်မှာ ကွန်ပျူတာအလုပ်လုပ်နေစဉ်တွင် လိုအပ်သောဖိုင်များကို သိမ်းဆည်းပေးရန် ဖြစ်လေသည်။ ဥပမာ။    ။ ဆော့ဝဲလ်တစ်ခုကို ဖွင့်ပါက hardisk တွင်ရှိသော ဆော့ဝဲလ်အတွက်လိုအပ်သော ဖိုင်များကို RAMထဲသို့ အရင်ကူးယူကာ သုံးစွဲလေသည်။ အဘယ့်ကြောင့်ဆိုသော် RAM၏ အမြန်နှုန်းမှာ hardisk ထက်များစွာသာလွန်သောကြောင့်   ဖြစ်လေသည်။ ထို့ကြောင့် အလုပ်များများလုပ်လေ RAM များများလိုအပ်လေဖြစ်သလို RAM များလေ အလုပ်မြန်လေလည်းဖြစ်လေသည်။   RAM အထဲတွင် သိုလှောင်ထားသော ဒေတာများမှာ စက်ပိတ်ချိန်တွင် ပျောက်သွားမည်ဖြစ်ကာ စက်အသစ်ပြန်ဖွင့်ချိန်တွင် အသစ်ပြန်သုံးသော ဖိုင်များကိုသာ ပြန်လည် သိမ်းဆည်းထားမည် ဖြစ်ပေသည်။ RAM အမျိုးအစား များစွာရှိသည်။
 ၇။ Hard Disk 
               Window တစ်ခုဖြစ်ရန် အတွက် လိုအပ်သော OS နှင့် user အသုံးပြုသော softwaresများ အားလုံးနှင့် ဖိုင်များအားလုံးကို သိမ်းဆည်းပေးသလို ၊ partitions များခွဲကာ data များ သိမ်းဆည်းနိုင်သော အစိတ်အပိုင်းဖြစ်လေသည်။ Hard Disk ၏ လုပ်ဆောင်ချက်မှာ data storage လုပ်ရန်အတွက်သာ ဖြစ်လေသည်။ Hard Disk တွင် IDE နှင့် SATA ဟူ၍ အမျိုးအစား နှစ်မျိုး ရှိလေသည်။
၈။ Power Supply
၉။ Cards
                 Cards များမှာ ကွန်ပျူတာ၏ သက်ဆိုင်ရာ slot တွင်တပ်ဆင်ကာ ကွန်ပျူတာ၏ စွမ်းရည်ကို မြှင့်တင်ပေးရန် အသုံးပြုလေသည်။ ဥပမာ။   ။ graphic ပိုမိုကောင်းမွန်စေရန်အတွက် VGA card စိုက်ခြင်း ၊ network ရရှိရန် network card စိုက်ခြင်း စသည်တို့ ဖြစ်လေသည်။    
၁၁။ Monitor
Monitor များမှာ ကွန်ပျူတာ၏ လုပ်ဆောင်ချက်များကို ဖော်ပြနိုင်သော ကွန်ပျူတာ၏ အစိတ်အပိုင်းထဲတွင် မပါဝင်သော ပစ္စည်းဖြစ်လေသည်။ မော်နီတာတွင် အမျိုးအစားများစွာ ရှိလေသည်။
၁၀။ Casing  
              Casing ကိုမူ ကွန်ပျူတာတစ်ခုလုံး၏ အစိတ်အပိုင်းများကို လုံခြုံစွာထုပ်ပိုးရန်အတွက် အသုံးပြုလေသည် ။ ကေဇင်တစ်လုံးတွင် power ၊ restart buttons များအပြင် speaker ၊ usb ports များပါ ပါရှိလေသည်။
No comments:
Post a Comment
Blogger Tips and TricksLatest Tips And TricksBlogger Tricks
တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)
အကြံပြုပါ..ပြောချင်တာရှိလျှင်