ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Friday, August 16, 2013

ချစ်သူ/ရည်းစာချင်း မပြောသင့်သော စကားများ


ခုတင်ပြမဲ့အချက်လေးတွေကချစ်သူရည်းစားချင်း.မပြောသင့်တဲ့စကားလေးတွေအချက်လေးတွေ  ရှောင်ရှားနိုင်စေဖို့ပါ၊

readmore



(၁) “တော်ပြီ… နင်နဲ့ ငါလမ်းခွဲတာပဲကောင်းတယ်”

ဘယ်လိုအခြေအနေရောက်ရောက်ကိုယ့်ဘက်ကသူ့ကိုလမ်းမခွဲနိုင်သေးဘူးဆိုတာသေချာရင်…ဟန်ဆောင်ပြီးလမ်းခွဲမယ်ဆိုတဲ့စကားကိုမပြောမိပါစေနဲ့…ကိုယ့်ချစ်သူကကိုယ့်ကိုတကယ်ချစ်တဲ့သူဆိုရင်…သူတော်တော်ခံစားရပါတယ်…ဒီစကားကသူမကြားချင်ဆုံးစကားပါပဲ…ပြီးတော့ကိုယ်ကလမ်းခွဲစကားကိုခဏခဏစိတ်ဆိုးတိုင်းပြောနေရင်…သူ့ဘက်ကကိုယ့်ကိုတဖြည်းဖြည်းအထင်လွဲလာတတ်တယ်…

၂) “ကို… ကို့အရင်ကောင်မလေးကို ဘယ်လောက်ထိချစ်ခဲ့လဲဟင်”
ချစ်သူရဲ့အရင်ရည်းစားအကြောင်းကိုခဏခဏမမေးမိပါစေနဲ့…သူစိတ်ရှုပ်လာတတ်တယ်…ငါ့ကောင်မလေးကငါ့ကိုဒီလောက်တောင်မယုံဘူးလား…နားမလည်ပေးနိုင်ဘူးလားဆိုပြီး တွေးလာတတ်တယ်…သိထားသင့်ရုံလောက်မေးထားသင့်ပါတယ်…ခဏခဏစိတ်ရှိတိုင်းလိုက်လိုက်ပြီးမမေးနဲ့ပေါ့နော်… တော်ကြာကိုယ့်ကြောင့်သူ့အရင်ကောင်မလေးအကြောင်းပြောပြရပါများပြီး…အရင်ကောင်မလေးကိုပြန်စိတ်လည်သွားမှဒုက္ခ…

(၃) ကိုယ့်ချစ်သူကို လူ့ရှေ့သူ့ရှေ့မှာ မအော်မိပါစေနဲ့… မဆူမိပါစေနဲ့
ယောက်ျားမာနကမသေးဘူးနော်…သူတို့ဘယ်လောက်မှားနေမှားနေမအော်သင့်ပါဘူး…သူတို့ကိုသိက္ခာကျစေပါတယ်…ကိုယ့်ကိုစိတ်နာသွားတတ်တယ်…ပြီးတော့ကိုယ့်ကိုလည်းအဆင့်မရှိတယ်မိန်းမလို့ထင်သွားတတ်တယ်…တကယ်ကကိုယ်တို့ကစိတ်အရမ်းဆိုးသွားပြီးအော်မိကြတာပါ…ဒါပေမယ့်မကောင်းပါဘူး…

(၄) ကိုယ့်ချစ်သူ မှားမိခဲ့တဲ့ အရင်က အပြစ်တွေကို ခဏခဏ ပြန်မပြောမိပါစေနဲ့
ကိုယ့်ကိုရောအရင်ကအပြစ်တွေခဏခဏ ပြန်ပြန်ပြီးလာပြောနေရင်ကြိုက်မလား…ဘယ်ကြိုက်မလဲနော်…စိတ်ညစ်တာပေါ့…သူတို့လဲဒီလိုပဲ…ကိုယ်ကပွစိပွစိနဲ့အရင်ကဟာတွေပြန်ပြန် ပြောနေရင်စိတ်ညစ်ကြမှာပေါ့…

(၅) “ကိုကလဲ ဒါလေးတောင် မသိဘူးလား” (သို့) “ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့”
ကိုယ့်ချစ်သူကိုဘယ်လောက်ပဲအားမလိုအားမရ ဖြစ်ဖြစ်ဒီလိုပြောလိုက်ရင်သူစိတ်ထိခိုက်သွားလိမ့်မယ်…သူ့ကိုဘယ်နည်းနဲ့ဖြစ်ဖြစ်အထင်သေးတဲ့စကားမျိုးမပြောမိပါစေနဲ့…ကိုယ်သူ့ကိုတကယ်ချစ်တယ်ဆိုရင်သူ့ကိုတန်ဖိုးထားပြီး လေးစားသင့်တာပေါ့နော်…


(၆) “ကိုနဲ့ ချစ်သူဖြစ်ပြီးကတည်းက ချစ်မှာ သူငယ်ချင်းကို သိပ်မရှိတော့ဘူး … အဲဒါကို့ကြောင့်
တကယ်တမ်းကသူနဲ့ချစ်သူဖြစ်ပြီးသူ့ကိုချစ်တော့သူ့အတွက်ပဲအချိန်တွေပေးဖြစ်ပြီးကိုယ်ကသူငယ်ချင်းတွေနဲ့အဆက်အဆံကြဲသွားတတ်ပါတယ်…အဲဒါကိုယ့်ချစ်သူကြောင့်လို့အပြစ်မတင်သင့်ဘူးဘာလို့လဲဆိုတော့သူ့ကိုချစ်လို့ကိုယ်ပြောင်းလဲသွားတာလေ…သူကအတင်းသူငယ်ချင်းဖြတ်ခိုင်းတာဆိုရင်တော့တမျိုးပေါ့နော်…

(၇) “ကိုကလေ တခါတခါ အခြောက်နဲ့တူတယ် သိလား”
တခါတလေအခြောက်နဲ့တူသွားတဲ့အပြုအမူတချို့လဲရှိရင်ရှိမှာပေါ့…ဒါပေမယ့်အခြောက်နဲ့တူတယ်လို့သွားပြောလိုက်ရင်တော့မကောင်းပါဘူး…သူ့ကိုစော်ကားရာရောက်ပြီးသူစိတ်ဆိုးသွားလိမ့်မယ်…တကယ်ခြောက်နေတဲ့လူတချို့တောင်သူတို့ကိုအခြောက်နဲ့တူတယ်လို့ ပြောရင်မကြိုက်ကြပါဘူး…

(၈) ကိုယ့်ချစ်သူရဲ့  ဆွေမျိုးတွေ မိဘတွေ မကောင်းကြောင်း ဘယ်တော့မှ မပြောမိပါစေနဲ့
တကယ်မကောင်းလို့ပါးစပ်ကနေထုတ်ညည်းချင်တယ်ဆိုရင်တောင်သူ့ရှေ့မှာမညည်းမိပါစေနဲ့…သူ့ဆွေမျိုးသူ့မိဘကိုကိုယ့်ဆွေမျိုးကိုယ့်မိဘလိုပဲသဘောထားလိုက်ပါ…

(၉) “ကိုက ချစ်စိတ်ကို ချစ်သူငယ်ချင်းတွေလောက်တောင် နားမလည်ပါလား”
ကိုယ့်ချစ်သူကိုကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့လဲမနှိုင်းနဲ့ကိုယ့်သူငယ်ချင်းရဲ့ရည်းစားတွေနဲ့လည်းမနှိုင်းနဲ့… ဖြစ်နိုင်ရင်ဘယ်သူနဲ့မှမနှိုင်းပါနဲ့…ကိုယ့်ချစ်သူကလည်းကိုယ့်ကိုအတတ်နိုင်ဆုံးအလိုလိုက်နေတာပဲ…ချို့ယွင်းချက်လေးတွေတော့ရှိမှာပေါ့(အလိုမလိုက်တဲ့ချစ်သူဆိုရင်တော့တမျိုးပေါ့နော်…)ကိုယ်ကသဘောထားကြီးနိုင်သလောက်ကြီးပေးထားပါ…အတိုင်းအတာတစ်ခုအထိပေါ့…


No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်