ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Saturday, August 17, 2013

အချစ်အက္ခရာ လေးများ





လူတွေကအချစ်ကိုအမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ဖွဲ့ဆိုကြတဲ့အထဲမှာအချစ်တာရှည်ခိုင်မြဲဖို့၊ချစ်ခရီးလမ်းဖြောင့်ဖြူးသာယာဖို့အဓိကထား ရေးဖွဲ့ကြပါတယ်။

အခုကအင်္ဂလိပ်အက္ခရာABCDEကနေZအထိစာလုံးလေးတွေနဲ့ဖွဲဆိုထားတဲံအချစ်ရဲ့အဓိပ္ပါယ်လေးတွေပါသိမှတ်ထားသင့်ပါတယ်...ဆက်ဖတ်ကြည့်ပါ

readmore



Accept (လက်ခံသည်)


"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"သူ့ကိုချစ်တယ်ဆိုရင်သူ့အားနည်းချက်အပါအဝင်သူ့ရဲ့အရာအားလုံးကိုလက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)

အချစ်မှာယုံကြည်ခြင်းတွေလိုပါတယ်။တစ်ဘက်သားကိုမယုံကြည်ဘဲအမြဲသံသယအမေး၊သံသယအတွေးတွေနဲ့အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာလမ်းခွဲခြင်းနဲ့ပဲအဆုံးသတ်ရပါလိမ့်မယ်။

Care (ဂရုစိုက်ခြင်း)

တစ်ဘက်သားကိုဂရုစိုက်တယ်ဆိုတာသူ့အပေါ်ထားတဲ့ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ဖုန်းလေးတစ်ချက်နဲ့"အလုပ်ပင်ပန်းလား?"ဆိုတဲ့ဂရုစိုက်တဲ့အမေးလေးမေးနိုင်သလို"မိုးအေးပြီနော်...အနွေးထည်ထပ်ဖို့မမေ့နဲ့နော်"ဆိုတဲ့မက်ဆေ့လေးလည်းပို့နိုင်ပါတယ်။ဒီလိုဂရုစိုက်မှုတွေကတစ်ဘက်သားအတွက်တကယ့်အသုံးမနိုင်ဝင်ပေမယ့်အနည်းဆုံးတော့သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။

Devoted (သစ္စာခိုင်မြဲသည်)

လူတစ်ယောက်ကိုချစ်ပြီဆိုရင်သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာကကိုယ်ချစ်တဲ့သူကိုနာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာလမ်းခွဲတာနဲ့ပဲအဆုံးသတ်ရတတ်တယ်။

Enjoy (ကျေနပ်စွာခံစားသည်)

တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင်အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ဒါမှချစ်ခရီးလမ်းကပိုတာရှည်တည်မြဲ ပျော်ရွှင်မှာဖြစ်တယ်။

Freedom (လွတ်လပ်မှု)

လက်ထပ်ပြီးအတူနေသည့်တိုင်တစ်ဘက်သားကိုကိုယ်ပိုင်လွတ်လပ်မှုနဲ့လျှို့ဝှက်ချက်တချို့ရှိစေသင့်တယ်။ကိုယ်နဲ့အိမ်ထောင်ကျတာဟာ ထောင်ထဲရောက်သွားသလိုအချုပ်နှောင်ခံတာမျိုးတစ်ဘက်သားကိုမခံစားစေချင်ဘူး။ဒါကြောင့်သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာရှိသင့်ပါတယ်။

Give (ပေးဆပ်ခြင်း)
အချစ်ဆိုတဲ့အရာကကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။ဒါပေမယ့်မပေးဆပ်ရင်တော့လုံးဝပြန်ရဖို့မရှိပါဘူး။ကိုယ်ပေးဆပ်သလိုမျိုးတစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင်ဒါဟာစစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။

Heart (နှလုံးသား)
အချစ်မှာအရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီးချစ်သင့်တယ်၊ကြင်နာနားလည်သင့်ပါတယ်။တကယ်လို့ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာမပါခဲ့ရင်အချစ်စစ်လို့မည်လိမ့်မှာမဟုတ်ပါဘူး။

Independence (မမှီခို၊ အားမကိုးဘူး)

စကားပြောကောင်းတဲ့ချစ်သူက"ငါဟာမင်းအတွက်မွေးဖွားလာတာပါ"လို့ပြောတတ်ကြတယ်။တကယ်တော့လူတိုင်းမှာကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။တစ်ဘက်သားကိုအလွန်အကျွံမှီခို၊အားကိုးတာကသူ့ကိုတာဝန်ပိုစေတဲ့အပြင်စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။

Jealousy (မနာလို၊ သဝန်တို)
သင့်တင့်တဲ့မနာလို၊သဝန်တိုမှုတွေကသူဟာကိုယ့်အတွက်ဘယ်လောက်အရေးပါကြောင်းတစ်ဘက်သားကိုခံစားစေတယ်။သဝန်တိုဖို့အကျိုးအကြောင်းညီမျှရမယ်ဆိုတာမမေ့သင့်ပါဘူး။အကျိုးအကြောင်းအဆက်အစပ်မရှိတဲ့သဝန်တိုမှုတွေကတစ်ဘက်သားကိုမလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ်။

Kiss (အနမ်း)

အနမ်းတစ်ပွင့်ကစကားအခွန်းထောင်သောင်းထက်သာလွန်ပါသတဲ့။ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ကိုယ့်မြတ်နိုးမှု၊ကြင်နာမှုကို ပြသနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့မတွန့်တိုသင့်ပါဘူး။

Love (ချစ်တယ်)

ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ချစ်မိပြီဆိုရင်တစ်ဘက်သားအတွက်အရာရာပေးဆပ်ရဲပါတယ်။"ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းကတခြားတန်ဖိုးကြီးလက်ဆောင်တွေထက်တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ်။

Mature (ရင့်ကျက်)
တချို့ကအချစ်ဦးနဲ့ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?အကြောင်းကငယ်ရွယ်စဉ်ရည်းစားထားချိန်မှာကလေးဆန်စိတ်တွေများနေခဲ့လို့ဖြစ်တယ်။ဘယ်သူကမှအဆင်ခြေမရှိစူစူအောင့်အောင့်မကြီးပြင်းတတ်တဲ့ကလေးကိုအမြဲအလိုလိုက်ချစ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်လူရင့်ကျက်ရင်အချစ်လည်းရင့်ကျက်ပြီးလှပတဲ့အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန်ဖူးပွင့်နိုင်မှာဖြစ်တယ်။

Natural (ပင်ကို၊ ပကတိ)
ချစ်စကြင်စမှာလူတွေကကိုယ့်အားနည်းချက်၊အနာအဆာကိုသိုဝှက်ပြီးဟန်ဆောင်နေတတ်ကြတယ်။အဲဒီအားနည်းချက်တွေက နှစ်ကြာမှတဖြေးဖြေး ပေါ်လာတတ်တယ်။ချစ်စတည်းကပကတိအတိုင်းချစ်မယ်၊သဘာဝအတိုင်းဟန်ဆောင်မှုတွေကင်းခဲ့ရင်အချစ်ကပိုတာရှည်တည်မြဲမှာဖြစ်တယ်။

Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)
တစ်ဘက်သားရဲ့ဝါသနာ၊ကြိုက်နှစ်သက်တာတွေကိုဂရုတစိုက်မှတ်သားခြင်းဖြင့်တစ်ဘက်သားကိုပိုနားလည်စေသလိုတစ်ခါတလေမှာသူ့ကိုထူးဆန်းအံ့သြအောင်လုပ်နိုင်ပါတယ်။ဥပမာမဂ္ဂဇင်းအတူကြည့်တုန်းစာအုပ်ထဲကနာရီကိုသူသဘောကျကြောင်းပြောခဲ့ရင်သူ့မွေးနေ့မှာသူအံ့သြဝမ်းသာအောင်လက်ဆောင်ပေးတာမျိုးဖြစ်တယ်။အဲဒီလိုတစ်ဘက်သားရဲ့အကြိုက်ကိုဂရုစိုက်တတ်တဲ့စိတ်ကလက်ဆောင်ပစ္စည်းတွေထက်ပိုတန်ဖိုးရှိကြောင်းတစ်ဘက်သားကိုခံစားစေနိုင်ပါတယ်။

Protect (ကာကွယ်စောင့်ရှောက်)

ယောက်ျားလေးချစ်သူကမိန်းကလေးချစ်သူကိုကာကွယ်စောင့်ရှောက်တယ်ဆိုတာသဘာဝပါ။ဒါပေမယ့်မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊မျက်နှာသာပေးမှုကိုကာကွယ်စောင့်ရှောက်ပေးရပါမယ်။လူတွေကြားမှာသူ့အရှက်မရဖို့၊ထိခိုက်နာကျင်မှုတွေမရဖို့သတိထားရပါမယ်။

Quarter (ခွင့်လွတ်သည်းခံ)
ခွင့်လွတ်သည်းခံခြင်းတွေအချစ်မှာမရှိမဖြစ်တဲ့အရာတွေဖြစ်တယ်။တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ခွင့်လွတ်သင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။

Receive (လက်ခံ)
ကိုယ့်အတွက်ချစ်သူပေးဆပ်တဲ့အရာတိုင်းကိုကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေစိတ်ပျက်သွားတဲ့အမှုအရာမျိုး၊စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ပုံစံမျိုးထုတ်မပြသင့်ပါဘူး။အဲဒီအပြုအမှုတွေကသူ့ကိုစိတ်ဓာတ်ကျအားငယ်စေပါတယ်။ကိုယ့်အတွက်ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့လက်ခံပေးသင့်ပါတယ်။ဒါဟာ နှစ်ဦးသားရဲ့အကြင်နာကိုပိုမိုခိုင်မြဲစေပါတယ်။

Share (မျှဝေ)
တကယ်ချစ်ကြပြီဆိုရင်ဘဝရဲ့ပျော်ရွှင်၊ဝမ်းနည်းခြင်းတွေကိုအတူတကွမျှဝေသင့်ပါတယ်။ဒါဟာဘဝဖော်တစ်ဦးရဲ့အရိုးရှင်းဆုံးဝတ္တရားပဲဖြစ်တယ်။

Tender (နူးညံ့)

အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။

Understand (နားလည်)
တစ်ဘက်သားရဲ့အမူအကျင့်ကိုနားမလည်နိုင်ခဲ့ရင်အချစ်ဟာအထီးကျန်ပြီးဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။တစ်ဘက်သားရဲ့ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့်တစ်ဘက်သားကိုပိုနားလည်စေနိုင်ပါတယ်။

Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)
အချစ်မှာ ဖြောင့်မှန်၊မှန်ကန်ခြင်းတွေအဆတစ်ရာလိုပါတယ်။ကိုယ်ကလည်းကိုယ့်ချစ်သူကို"အပြောသမား"တစ်ယောက်မဖြစ်စေချင်သလိုသူကလည်းကိုယ့်ကိုဖြစ်စေချင်မှာမဟုတ်ပါဘူး။အချင်းချင်းအချစ်ညာစားသူမဖြစ်စေချင်ကြပါဘူး။

Wait (စောင့်သည်)
အချစ်မှာ စောင့်တာကအခြေခံလိုအပ်ချက်လေးဖြစ်တယ်။တစ်ဘက်သားနဲ့အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ခရီးလမ်းဆုံးထိတစ်ဦးကိုတစ်ဦး ဖေးမစောင့်စားသင့်ပါတယ်။ကိုယ်အရင် ခြေလှမ်းလှမ်းပြီးတစ်ဘက်သားကို နောက်ချန်ထားရစ်ခဲ့လို့မသင့်ပါဘူး။

X (အမြှောက်သင်္ကေတ)
ချစ်သူအပေါ်ထားတဲ့ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင်အချစ်ကအလိုလိုနေရင်းအဆုံးမရှိဖြစ်သွားနိုင်ပါတယ်။

Yield (အလျော့ပေး)
နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုကရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ်အလျော့ပေးတာက ဒေါသမုန်တိုင်းကိုငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကိုသဲသဲကွဲကွဲမသိခင်"လမ်းခွဲကြရအောင်"ဆိုတဲ့စကားကိုအလွယ်တကူမပြောမိဖို့သတိထားရပါလိမ့်မယ်။စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေရှာတာဟာအကောင်းဆုံးဖြစ်တယ်။

Zero (စမှတ်)
အိမ်ထောင်ရေးတည်မြဲပြီလို့မှတ်ယူတာပဲဖြစ်ဖြစ်၊အချစ်ရေးခိုင်မြဲပြီလို့ထင်မြင်တာပဲဖြစ်ဖြစ်ချစ်နေချိန်မှာအရင်ညားစ၊ချစ်စ၊ကြင်နာစကခံစားချက်မျိုး၊စိတ်သဘောထားမျိုးထားဖို့မမေ့သင့်ပါဘူး။တည်မြဲပြီလို့မှတ်ယူပြီးအချစ်ကိုပစ္စလက္ခမထားဘဲ၊အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကိုအသစ်အသစ်အဖြစ်နဲ့ချစ်နိုင်၊ခံစားနိုင်ခဲ့ရင်အချစ်ဟာအမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်။

လူတွေကအချစ်ကိုအမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ဖွဲ့ဆိုကြတဲ့အထဲမှာအချစ်တာရှည်ခိုင်မြဲဖို့၊ချစ်ခရီးလမ်းဖြောင့်ဖြူးသာယာဖို့ အဓိကထား ရေးဖွဲ့ကြပါတယ်။ အချစ်အက္ခရာ A to Zကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့ ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။အချစ်ကဘယ်တော့မှဘာသာပြန်ဆိုလို့ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့်အဲဒီအချစ်တွေကိုပဲ ကျွန်မကထပ်ဘာသာပြန်ဆိုပါတယ်။အချစ်အက္ခရာAtoZလက်ခံသည်ကပဲစမှတ်စခဲ့ပါတယ်။အားလုံးချစ်နိုင်ကြပါစေ...

နိုင်းနိုင်းစနေ


No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်