ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Friday, August 23, 2013

ဦးနှောက်၏ ထူးဆန်းသောအချက်များ


ကျွန်တော် တို့ရဲ့ အသိဥာဏ်ရဲ့ တွေးတော မှုအစ တည်ရှိရာ ဦးနှောက်၏ ထူးဆန်းသောအချက် (8) ချက် သိထားသင့်ပါသည်။   




1.ဦးနှောက်သည်နာကျင်မှုကို မခံစား ရပေ။ အခြားနေရာမျိုးစုံ နာကျင်မှု များအား ဦးနှောက်ထံသတင်းပေးပို့ ခြင်းဖြင့် အဆုံးသတ်သော်လည်း ဦးနှောက်ကိုယ်တိုင်နာကျင်မှုကို ခံစား သိရှိရခြင်းမရှိပေ။

2. ဦးနှောက်သည် ခန္ဓာကိုယ်အလေး ချိန်၏နှစ်ရာခိုင်နှုန်းသာရှိသော်လည်း ခန္ဓာကိုယ်အောက်စီဂျင်နှင့် ကယ်လို ရီသုံးစွဲမှုစုစုပေါင်း၏ နှစ်ဆယ်ရာ နှုန်းကို ရယူလျက်ရှိသည်။


3.ဦးနှောက်သည် ပြင်ပလေနှင့်ထိ တွေ့မှသာ အစိုင်အခဲသဏ္ဌာန်မြင်ရ လေ့ရှိပြီး ဦးခေါင်းခွံအတွင်းလုံလုံခြုံ ခြုံရှိနေသည့်ဦးနှောက်မှာအရည်များဖြင့်(၈၀)ရာခိုင်နှုန်းဖွဲ့စည်းထား သောနူးညံ့သည့်အစိုင်အခဲတစ်ခုဖြစ်သည်။

4.ခန္ဓာကိုယ်သည် နေ့ဘက်တွင် အလုပ်လုပ်၍ ညဘက်အနားယူ သော်လည်း ဦးနှောက်သည် အိပ် စက်အနားယူချိန်ရောက်မှ အလုပ်ပို လုပ်လေ့ရှိသည်။

5. ဦးနှောက်နဗ်ကြောများသည် လျှပ် စီးကြောင်းများဖြင့် သတင်းပေးပို့ တတ်ကြပြီး ခန္ဓာကိုယ်ပြင်ပတွင် ဦးနှောက်ကို ရှင်သန်စေရန် အထောက် အပံ့ပေးရမည်ဆိုပါက လျှပ်စစ်စွမ်းအား(၁၀)ဝပ်ခန့်လိုမည်ဖြစ်သည်။

6. ဆယ်ကျော်သက်အရွယ်၌ ခန္ဓာ ကိုယ်ဖွံ့ဖြိုးမှု တစ်ရှိန်ထိုးမြန်ဆန် သကဲ့သို့ ဦးနှောက်ဖွံ့ဖြိုးမှုလည်း ရုတ်ချည်း ပြောင်းလဲတတ်သည်ဖြစ် ရာ ဆယ်ကျော်သက်များအား စွန့် စားလိုစိတ်၊ တဇွတ်ထိုးစိတ်များဖြစ် ပေါ်ခံစားရစေသည်။

7.မင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှ တို့ကို တစ်ခုမကျန် ဦးနှောက်ကသိုမှီးထားနိုင်သော်လည်း မှတ်ဥာဏ် တွင်းမှ ပြန်လည်ထုတ်ယူနိုင်စွမ်း (recall) ကိုမူတည်၍ သတိကောင်း ခြင်း၊သတိမေ့ခြင်းတို့ဖြစ်ပေါ်လာ ရသည်။

8.ဦးနှောက်၏အစိတ်အပိုင်းတစ်ခု နှင့်တစ်ခု မြန်နှုန်းမတူပါ။ သတင်းအချက်အလက်သယ်ယူသည့်နေရာချင်းလည်းမတူပါ။ ထို့ကြောင့် အချို့ ကိစ္စများကို သတိရလွယ်ပြီး အချို့ ကို သတိရစေရန် အချိန်အတော်ယူရ လေ့ရှိသည်။


http://saintsanyae.blogspot.com 

http://www.zaylinthawtar1994.blogspot.com/

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်