ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Friday, August 2, 2013

ယောက်ျားလေးတွေ ရဲ့ အချစ်ခံစားချက် (မိန်းကလေးတွေ သိစေချင်တယ်)



ခုတင်ပြမဲ့အချက်လေးတွေက ယောကျာင်္းလေးတွေကိုနားလည်ပေးဖို့ ပါပဲကိုယ်ကိုတိုင်ကလဲ ယောကျာင်္းလေး တစ်ယောက်ဆိုတော့ခံစားချက်တချို့ နဲ့ လဲတိုက်ဆိုင်နေလို့ပါ...လောကမှာအဆိုးနဲ့အကောင်းဒွန်တွဲနေပါတယ်…
လူဆိုးရှိသလိုလူကောင်းလည်းရှိမှာပါမည်သူကိုမှထိခိုက်စေလိုတဲ့ဆန္ဒမရှိပါဘူး။ချစ်သူယောက်ျားလေးအပေါ်ကို
မိန်းကလေးတွေနားလည်ပေးနိုင်ရင် ကျေနပ်ပါတယ်..ချစ်သူ နှစ်ဦးအဆင်ပြေပါစေ.


1. မချစ်ပဲနဲ့  ချစ်တယ်လို့ မလိမ်ညာပါနဲ့ … မချစ်ရင်မချစ်ဘူးအစကထဲကပြတ်သားပေးပါ ။
(ဆန်းစစ်ဖို့ လုံလောက်တဲ့ အချိန်ကိုယူသင့်ပါတယ်)

2. ရည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး ဒါပေမယ့်အတတ်နိုင်ဆုံး အမှန်အတိုင်းချစ်သူယောက်ျားလေးကို ပြောပြပေးပါ။
အချိန်ကြာပြီးမှ လိမ်ညာတယ်ဆိုတာ သိရတဲ့အခါ ခံစားရတဲ့ သူမှာ ပိုပြီးနာကျင်စေပါတယ်။

3.ချစ်သူယောက်ျားလေးရှေ့ မှာအရင်ရည်းစားဟောင်းအကြောင်းကိုခဏခဏပြောဖို့မသင့်တော်ပါဘူး.....သူ့ ကို စာနာသင့် ပါတယ်..............

4. မိန်းကလေးအများစု ပြောတတ်ကြပါတယ် …သူတို့ ဘ၀တစ်ခုလုံးပေးအပ်လိုက်ရတာပါ တဲ့
ယောက်ျားလေးတွေကရော …. နှလုံးသားတစ်ခုလုံး ပေးဆပ်ပြီးမချစ်ခဲ့ရလို့လား .......?

5. ယောက်ျားလေးတွေဟာချစ်သူနဲ့ ပါတ်သက်တဲ့ နေ့ရက်တွေကိုအမြဲမှတ်ထားတက်ကြတယ်...အဲဒီနေ့ရက်တွေမှာ ဘာလုပ်ခဲ့တယ်...ဘယ်သွားခဲ့တယ်......မိန်းကလေးတွေနဲ့ ကွာနေတဲ့အချက်ကတော့
နေ့စွဲတွေကို မှတ်တတ်တာမျိုးမဟုတ်ပါဘူး … နေ့ စွဲတွေကအလွတ်ကျက်ထားလို့၇ပေမယ့်
အမှတ်တရလေးတွေကို အလွတ်ကျက်ထားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

6. ချစ်သူတွေ ဖြစ်သွားကြရင် သူငယ်ချင်းယောက်ျားလေးတွေနဲ့ အရောတ၀င်မနေပါနဲ့ …အထူးသဖြင့် ကိုယ့်ချစ်သူကောင်လေးရဲ့ရှေ့ မှာပေါ့...အထင်သေးစေမယ့် အပြုအမူတွေ......အပြောအဆိုတွေကို ရှောင်သင့် တယ်.
.....ကိုယ့် အပေါ်မှာ အလေး အနက်ထားတက်တဲ့သူဆိုရင်သံသယတွေဝင်တက်ပါတယ်......

7. ချစ်သူယောက်ျားလေးနဲ့ ချိန်းတွေ့ တဲ့အခါ မထင်မှတ်တဲ့ ကြင်နာမှုလေးတွေကို ပေးပါ
နှစ်များစွာတိုင်အောင် သူသတိရနေမှာပါ............

(ဥပမာ - ကိုယ်တိုင် ချက်ယူလာတဲ့ဟင်းနဲ့  ထမင်းချိုင့်လေးကို သူ့ ကိုကျွေးတာမျိုးပေါ့ )

8. ယုံကြည်မှုပေးပါ ယောက်ျားလေးတိုင်းဟာ အခွင့်အရေးသမားတွေမဟုတ်ပါဘူး ......
လွတ်လပ်စွာ နေချင်ရုံသက်သက်ကို ဆိတ်ကွယ်ရာလို့ မထင်မှတ်ပါနဲ့ ။

9. တခါတလေ ယောက်ျားလေးတွေမှာ ဆန်းသစ်တဲ့စိတ်ကူးလေးတွေရှိကြတယ် …...
(ဥပမာ - တီရှပ် အင်္ကျီ အတူလေးတွေဝယ်ပြီး လျောက်လည်ချင်တာလို ဟာမျိုး.....နောက် တစ်ခါမှ မရောက်ဘူးတဲ့နေ၇ာတွေကိုချစ်သူနဲ့ ပထမဦးဆုံးသွားချင်တာလေးပေါ့ ....သဘောမတူရင်နေပါ ကြောင်လွန်းပါတယ် လို့တော့ မတုံ့ ပြန်မိစေနဲ့...)

10.ယောက်ျားလေးတွေမှာလည်းမိန်းကလေးသူငယ်ချင်းတွေ ဆိုတာ ရှိတတ်ပါတယ်… ဒါပေမယ့်
ကိုယ့်ရဲ့ချစ်သူနဲ့ယှဉ်လိုက်မယ်ဆိုရင် သူတို့ ရဲ့ပတ်သက်မှုက ကွာခြားလွန်းပါတယ်…......
မိန်းကလေးတွေကြတော့ ချစ်သူနဲ့ ယောက်က်ျားလေးသူငယ်ချင်းယှဉ်လာရင်.........ကွာခြားမှုသိပ်မရှိပေ.......

11. ယောက်ျားလေးတွေကချစ်သူ မိန်းကလေး ကိုလှစေချင်ကြတယ် …. လှလို့ ချစ်ခဲ့တာမဟုတ်ပေမယ့်
ချစ်လို့  လှတာလေ....ဘယ် မိန်းကလေးနဲ့ မှ နှိုင်းလို့ မရအောင် သူတို့ မျက်စိထဲမှာ လှနေတက်ကြတယ်
ပြီးတော့  ကို့ ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြတယ် ….။

12. တခါတရံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  မိန်းကလေးတွေကထင်တတ်ကြတယ် … အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကိုမဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။

13.ရှိတတ်ပါသေးတယ်…မိန်းကလေးတွေဟာသူတို့သူငယ်ချင်းတွေ ရှေ့ မှကို့ ချစ်သူလို့ ပြောဖို့ ၊မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် …ကောင်လေးသူငယ်ချင်းတွေ ရှေ့ မှာကျတော့ကို့ ကိုချစ်သူ လို့အသိပေးစေချင်ကြတယ် …
Action to action ပါ ပဲဗျာ … မိန်းကလေးကသာ သူ့ မိတ်ဆွေတွေ အလယ်မှာ ချစ်သူလို
့အသိပေးပါစေ ယောက်ျားလေးများက သူ့ အလိုလို သူငယ်ချင်းတွေနဲ့တွေ့ တိုင်းချစ်သူလို့
မိတ်ဆက်ပြီးသားဖြစ်သွားပါလိမ့်မယ် …။


14. ဘ၀မှာ ၇င်ဆိုင်ဖို့ အားအင်တွေ နဲ့အခြေတည်ဖို့ လုပ်ငန်းတွေကိုလုပ်ဆောင်နေတဲ့အချိန်မှာ တခါတရံ လစ်ဟာမှုလေးတွေ ရှိခဲ့၇င် နားလည်ပေးပါ …ဂရုမစိုက်တာမဟုတ်ပါဘူး နောင်တစ်ချိန်မှာပိုပြီး ဂရုစိုက်နိုင်ဖို့ပါ ။

15. ဂိမ်း ၊ ဘောလုံးပွဲ မက်တဲ့ ယောက်ျားလေးတွေရှိတယ်… .......စိတ်ထွက်ပေါက်အနေနဲ့ကစားနေတာပါ… တစ်သက်လုံး အဖော်ပြု ပေးနေမှာ ကွန်ပျူတာတစ်လုံး နဲ့ဘောလုံးကွင်း တစ်ခုမဟုတ်ပဲ ချစ်သူဆိုတာ ယောက်ျားလေးတိုင်း သိထားကြပါတယ် ။

16. ချစ်သူနှစ်ယောက် ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ ယောက်ျားလေးရဲ့ တာဝန်ပါ …ဒါပေမယ့် သူ့ မိသားစု အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ် …....။

17.မိန်းကလေးတစ်ယောက်ကထက်မြက်နေဖို့မလိုပါဘူး ဘေးနားကနေအလိုက်အထိုက်အကြံဥာဏ်ပေးနိုင်ရင်ရပြီ
၊ကူညီပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့ …။

18. ဥပုသ်စောင့်တဲ့ ကျား မရှိဘူး တဲ့ … မှန်ပါတယ် ဒါပေမယ့် ဦးနှောက် ၊
အသိပညာတွေ နဲ့ ထိန်းချုပ်နိုင်မှုစွမ်းရည်တွေက အလကား ထားတာမဟုတ်ပါဘူး..........လူ့ တန်ဖိုးရဲ့  အဆုံးအဖြတ်တွေပါ ။

19. ယောက်ျားလေးတွေရဲ့ မကောင်းတဲ့အကျင့် တစ်ခုခု( ဆေးလိပ် ၊အ၇က်၊ကွမ်း)စတာတွေကို မကြိုက်၇င် ချစ်သူမိန်းကလေး ကပြောင်းလဲပစ်နိုင်ပါတယ် … ချစ်သူမိန်းကလေးရဲ့ ပါးနပ်စွာပြောဆို နိုင်မှုနဲ
့ နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။

20. နောက်ဆုံးတစ်ချက်ကတော့မာန်မာနပါပဲ…လူတိုင်းရှိတတ်ကြတာပါ။ယောက်ျားလေးတစ်ယောက်၇ဲ့ မာန်မာနကို အတတ်နိုင်ဆုံး မစော်ကားမိပါစေနဲ့ ။

ယောက်ျားတစ်ယောက်ဟာမိမိချစ်သူ မိန်းကလေးအတွက်
မာန်မာနတွေကို လျော်ထားတတ်ကြတယ်။ ဒါပေမယ့်ယောက်ျားတစ်ယောက်ရဲ့ မာန က မာနကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးတွေထက်အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့..။။။။။။။။။။။။။။။။။။။




No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်