ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, December 30, 2014

စိုင်းစိုင်းခမ်းလှိုင် - ဒိတ်ဒိတ်ကြဲ MTV


စိုင်းစိုင်းခမ်းလှိုင်- ဒိတ်ဒိတ်ကြဲ  Music Video ဖြစ်ပါသည်။ သီချင်း အကုန် လုံးပါဝင်သည်။
ဖိုင်ဆိုဒ်- 1 G  ၊  အောက်မှာ Download ဆွဲယူ နားဆင်ပါ။


ဒိတ်ဒိတ်ကြဲ  Music Video ဒေါင်းရန် = DOWNLOAD


Saturday, December 27, 2014

လေးဖြူ - ဒိုင်ယာရီ (2014) တေးအယ်ဘမ်




ကျွန်တော် တို့၇ဲ့  ရောစ့်ကာ ကြီး ကိုလေးဖြူ ရဲ့ တေးအယ်ဘမ် အသစ် ( ဒိုင်ယာရီ ) ဖြစ်ပါသည်။
မူရင်းခွေ ၀ယ်ရန် အဆင်မပြေသည့်သူများ Download ဆွဲယူ နားဆင်နိင်ပါပြီ။


1- ငြိမ်းချမ်းရေးနိဒါန်း
2-
ကမ္ဘာမြေအောက်
3-
ဒိုင်ယာရီ
4-
ရုတ်သိမ်းပေး
5-
ကြိုနှင့်တော့
6-
စိတ်နဲ့ခန္ဓာ
7-
စိတ်ပူတယ်
8-
ရေမျှောကမ်းတင်
9-
ယုံကြည်ရာ
10-
ကြိုး
11-
အိပ်မက်

Album တခုလုံး ဒေါင်းရန်- DOWNLOAD
Album တခုလုံး ဒေါင်းရန်- DOWNLOAD





Thursday, December 11, 2014

လှပတဲ့ ''Eng စကားလုံး များ




 လှပတဲ့ ''Eng စကားလုံး များ


(1) Business is business = စီးပွားရေး က စီးပွားရေးပဲ

(2) Money talks = ပိုက်ဆံ စကားပြောတယ်

(3) Tell that to the marines = တောမှာသွားပြော

(4) Lead your own way = ကိုယ့်သမိုင်းကိုယ့်ရေး

Wednesday, December 10, 2014

ကပ်သီးကပ်သတ် အင်္ဂလိပ်စကားလုံးများ

ရဟန္တာ=Arhat
သောတာပန် - stream-enterer
သကဒါဂမ် - Once-returner
အနာဂါမ် - Non-returner
တောရကျောင်း=Cloister
ဈာန်ပျံ=levitation
ဝက်ခြံ=pimple
ကြွက်နို့=wart
ဘောက်=dandruff
ငရုတ်ဆုံ=mortor
ငရုတ်ကျည်ပွေ့=pestle
ထန်းရည်=toddy (ဓနိရည်)
မန္ဒာလီ =muscovy duck
ဖွတ်=iguana
စာခြောက်ရုပ်=scarecrow
လောက်စာလုံး=pellet
သိကြားမင်း=indra
နတ်သုဒ္ဓါ=nectar
စက္ကူပန်း=bouainvillea
နားပူနားဆာလုပ်=badger
ပတ်ချွဲနပ်ချွဲ=wheedle
ဘီလူး=ogre
ဘီလူးမ=ogress
ဂဠုန်=garuda or gruna
ကျို့ထိုးတာ=hiccup
လေချဉ်တက်=belch
လေလည်=fart or break wind
ကွမ်းသီး =areca
လေးညှင်းပွင့် =clove
နွယ်ချို=liquorice
စမုံစပါး=dill seed
တောက်တဲ့=gecko
လူ့ ခွစာ=codger
သူငယ်ပြန်နေသူ=dotard
လင်ကွင်း=cymbal
နှဲ=oboe
နှဲဆရာ=oboist
နတ်ကတော်=medium
ကြပ်ခိုး=soot
အိုးမဲ=lamp black
တံတွေး=saliva
ထွေးခံ=spittoon
ရုက္ခစိုးနတ်=dryad
အသင်္ချေ=eon or aeon
ဓူဝံကြယ်=polestar
ဘူကောင် ဂျိုကောင်=hoodoo
အပျိုကြီးမမ=spinster
ခြောက်လုံးပြူးသေနတ်=six-gun
အယုတ္တ-အနတ္တ=raunch
အရူးလုပ်ခံရသူ=pasty
အလားအလာရှိသူ=goer
သမ္ဘာရှိန်=vive
ဆွေမျိုးကို ဦးစားပေးသောစနစ်=nepotism
ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက်=logrolling
အရိုးပြာ=cremains
တရားဟောပလ္လင်=pulpit
ရောင်ခြည်စက်ဝိုင်း=nimbus
ဣနြေ္ဒကြီး=prudery
မြင်းဟီတာ=neigh
စကားချီး=proem
စကားချပ်=parenthesis
အရက်ပုန်း=moonsnshine
ကျုံး=moat
ချဉ်ဖက်=pickle
အချုပ်ကား=patrol wagon
ကျေးဇူးကန်းသူ=ingrate
ဘယ်သန်=southpaw
ဓါးသွေးကျောက်=whetstone
ပလုတ်တုတ်=timpani
တောသား=yokel
ထုံပေပေလူ=thicko
ကုလားမခြေထောက်=stilt
ငယ်နာမည်=moniker
ပုံမှားရိုက်တာ=dissimulation
ဂုံးကျော်တံတား=flyover

#ငြိမ်းလဲ့
ref.taryarminwai






Sunday, November 2, 2014

Mrtv Live



MRTV  ရုပ်မြင်သံကြား အစိအစဉ် များကို အွန်လိုင်းပေါ်တွင် တိုက်ရိုက်ကြည့်ရှု နိုင်ရန် ပါ။

မိမိတို့ Blog တွင် ထည့်ထားချင်ပါက - အောက်မှာ Code ရယူပါ။

<iframe src="https://new.livestream.com/accounts/4723117/events/2253791/player?width=640&height=360&autoPlay=true&mute=true" width="640" height="360" frameborder="0" scrolling="no"> </iframe>


MRTVLive



Sunday, October 26, 2014

-တေလာဆွစ်ဖ်၏ 2014 ထွက် 1989 တေးအမ်ဘမ် အသစ်



တေလာဆွစ်ဖ်၏ 2014 ထွက် -ပဉ္စမ မြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ် သော 1989 တေးအမ်ဘမ် ကို အောက်တွင် Download ဆွဲယူ နားဆင်နိုင်ပါပြီ။

သီချင်း တပုဒ် ချင်းဆီလည်း Download ဆွဲယူနားဆင်နိုင်ပါသည်။

01 Welcome to New York / Zippyshare / Sharebeast
02 Blank Space / Zippyshare / Sharebeast
03 Style / Zippyshare / Sharebeast
04 Out of the Woods / Zippyshare / Sharebeast
05 All You Had to Do Was Stay / Zippyshare / Sharebeast
06 Shake It Off / Zippyshare / Sharebeast
07 I Wish You Would / Zippyshare / Sharebeast
08
Bad Blood / Zippyshare / Sharebeast
09 Wildest Dreams / Zippyshare / Sharebeast
10 How You Get the Girl / Zippyshare / Sharebeast
11 This Love / Zippyshare / Sharebeast
12 I Know Places / Zippyshare / Sharebeast
13 Clean / Zippyshare / Sharebeast

14 Wonderland / Zippyshare / Sharebeast
15 You R In Love / Zippyshare / Sharebeast
16 New Romance / Zippyshare / Sharebeast
17 I Know Places (Voice Memo) / Zippyshare / Sharebeast
18 I Wish You Would (Voice Memo) / Zippyshare / Sharebeast
19 Blank Space (Voice Memo) / Zippyshare / Sharebeast



သီချင်းအကုန်းလုံး Download ရန်  = Zippyshare  - Sharebeast  -
File size (148MB)
http://www.melodyspot.com





Tuesday, September 30, 2014

အာစရိယ ဂုဏံအဟံဝန္ဒာမိ ( ရင်သို့ထိသော)


ဒီမြင်ကွင်းလေးကတော့ ကျောင်းဆရာတစ်ဦးရဲ့ နှုတ်ဆက်ပွဲပြုလုပ်နေတဲ့ မြင်ကွင်းလေးဖြစ်ပါတယ်၊ဆရာနဲ့တပည့်တွေရဲ့သံယောဇဉ်...ဆရာကောင်းတဦးရဲ့ပုံရိပ်တွေကကျွန်တော်ကြည့်မိတဲ့အခါတိုင်ရင်ကိုထိသွားရှသွားစေပါတယ်၊။

(၂၉-၉၂၀၁၄)ရက်နေ့၊ ချောင်းဦးမြို့နယ်၊ဆူးလေကုန်းအုပ်စု၊ဆူးလေကုန်းကျေးရွာ၊“ဆရာဦးသန်းလှိုင်”ဂုဏ်ပြုနှုတ်ဆက်ပွဲဓါတ်ပုံများ ဖြစ်ပါတယ်..

ဆရာနဲ့ တပည့်ကြားက မေတ္တာတရားနဲ့ သံယောဇဉ်ကြိုး ၊ ဒီလိုမျိုး ၀မ်းနည်းပက်လက် ရှိုက်ကြီးတငင် ငိုကြွေးကြတဲ့ မျက်ရည်ကြားက နှုတ်ဆက်ပွဲမျိုး ရှားရှားပါးပါး တွေ့မြင်ရတာပါ။


Wednesday, September 24, 2014

အချစ်အစွန်းရောက် စစ်သွေးကြွ




ကောင်းကင်နဲ့မြေကြီးကို ဇစ်ဆွဲပိတ်
မင်းနဲ့နီးဖို့ဆို
ပင်လယ်ကိုလည်း စစ်ခင်းပစ်ရမှာပဲ

ကမ္ဘာဦးက အာဒမ်ခူးခဲ့တဲ့ပန်းသီး
မင်းအိမ်ရှေ့မှာ ငါခူးပေးထားတယ်

အပြည်ပြည်ဆိုင်ရာ အချစ်တက်ဆုံးကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်လုပ်
မင်းအတွက်ဆို . . .
အကုန်လုံးကို တောက်ချပစ်လို့ရတယ်

ပြန်ချစ်ပါ ကောင်မလေးရေ

တတိယကမ္ဘာစစ်ဟာ မင်းကြောင့်လို့
ရာဇဝင်မှာ မထင်ကျန်နေစေချင်ဘူး . . .
ရန်ကုန်ကိုဒုတိယရောမ လုပ်ပစ်လိုက်ဖို့
ငါ ဝန်မလေးဘူး . . .

စစ်ကြေငြာစာတမ်းမဟုတ်ပါဘူး
နှလုံးသားသဝဏ်လွှာပါ
မင်းကို သိမ်းဖို့မဟုတ်ဘူး
ကိုယ့်ကိုယ်ကို လာဆက်သတာ . . .

ဒါတွေဟာနှလုံးသားက ကိုးကားထားတဲ့စကားတွေပါ

ငါ့အချစ်ကိုဟားတိုက် လှောင်တဲ့သူတွေကို
ဂရိတွေလို ကျိန်စာတိုက်လိုက်မယ့်
ဘယ်တော့မှအချစ်မခံရပါစေနဲ့ . . .

ဒဿမှမဟုတ်ပါဘူး
နပိုလီယံကော
ဟစ်တလာကော ချစ်တက်ခဲ့ကြတယ် . . . ။



Ulay Kyi
( ကိုလင်း )






Tuesday, September 23, 2014

ဂီတ၀ိသောဓနီကျမ်း



ဂီတ၀ိသောဓနီကျမ်း- ဒေါင်းလုဒ်ဆွဲယူ ဖတ်ရှုနိုင်ရန် = DownLoad Pdf


-ဂီတ၀ိသောဓနီ
-KNOWLEDGE AND WISDOM TALKS(သုတပညာလေထန်ကုန်း)

-




Monday, September 22, 2014

ချစ်စကိုရှည်စေ ၊ မုန်းစကို တိုစေ


မိတ်ဆွေစစ်ကို ရှာဖွေခြင်း


တစ်ခါကလယ်သမားတစ်ဦးနှင့်မုဆိုးတစ်ဦးသည်အိမ်နီးနားချင်းများဖြစ်ကြသည်။လယ်သမားမှာဘဲများမွေးမြူးထားပြီးမုဆိုးမှာမူအမဲလိုက်ခွေးများမွေးမြူထား၏။ထိုခွေးများသည်မကြာခဏဆိုသလိုလယ်သမားအိမ်သို့ကျူးကျော်ဝင်ရောက်ပြီး ခြံထဲရှိဘဲများကိုကိုက်ဖြတ်စားသောက်လေသည်။လယ်သမားကခွေးများကိုလှောင်ထားပေးရန်အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်းမုဆိုးမှာ ခွေးများကို သေချာထိန်းသိမ်းထားခြင်းမရှိပေ။

သည်းမခံနိုင်သည့်အဆုံး လယ်သမားကြီးသည် ရွာသူကြီးထံ ခွေးများကို အရေးယူပေးဖို့ တောင်းဆိုခဲ့သည်။ ရွာသူကြီးက

”တကယ်လို့အရေးယူပေးလိုက်ရင်ခင်ဗျားမှာမိတ်ဆွေကောင်းအိမ်နီးချင်းကောင်းတစ်ယောက်လျော့သွားနိုင်ပြီး ရန်သူတစ်ယောက်တိုးလာနိုင်တယ် “

။ ရန်သူတစ်ယောက်နဲ့ အိမ်နီးချင်းဖြစ်ချင်သလား . မိတ်ဆွေတစ်ယောက်နဲ့အိမ်နီးချင်းဖြစ်ချင်သလား”။သူက
” မိတ်ဆွေနဲ့ပဲ အိမ်နီးချင်းဖြစ်ချင်ပါတယ် “ လို့ ဖြေလိုက်တ
”ဒီလိုဆို ကျွ န်တော်ရဲ့အကြံဥာဏ်ကို လိုက်နာရမယ်။ အသင်ရဲ့ဘဲတွေ မဆုံးရှုံးစေသလို မိတ်ဆွေကောင်း
တစ်ယောက်တိုးလာလိမ့်မယ်။

သို့နှင့်လယ်သမားကြီးမှာသူကြီးပြောတဲ့အတိုင်းအိမ်ရောက်ရောက်ချင်းအလှဆုံးဘဲသုံးကောင်ကိုရွေးပြီးမုဆိုးအားလက်ဆောင်ပေးလိုက်လေသည်။ထိုအခါမုဆိုးလည်းရရှိထားသောဘဲများကို ခွေးကိုက်မည်စိုးသောကြောင့်ခွေးများကို လှောင်ထားလေတော့သည်။

လယ်သမားအားလည်းကျေးဇူးတင်ပြီးမိမိအမဲလိုက်ရာမှရလာသောအသားများကိုလဲဝေငှတတ်လာသည်။လယ်သမားလဲ ခြံထွက်သီးနှံများဘဲဥများလက်ဆောင်အဖြစ်ပေးကမ်းခဲ့သည်။တဖြေးဖြေးနှင့်ချစ်ခင်မှု့များဖလှယ်ကြရင် နှစ်ဖက်စလုံးမှာအိမ်နီးချင်းမိတ်ဆွေကောင်းများ ဖြစ်လာကြသည်။

ကိုယ်လိုချင်တာကိုပဲဦးစားမပေးသင့်ပါဘူး။ကိုယ်ချင်းစာစိတ်ထားပြီးသူ့အတွက်လဲထည့်စဉ်းစားပေးပါ။ရန်သူတစ်ယောက်လို့ထင်ခံရရင်ပထမဆုံးအကျိုးဆက်ကအမုန်းခံရခြင်းပဲ။လောကလူသားအာလုံးဟာအမုန်းခံဘ၀ကို ရောက်ချင်တဲ့သူတစ်ယောက်မှမရှိကြသလိုလူတွေရဲ့အချစ်ခံရတဲ့ဘ၀ကိုမရောက်ချင်ကြတဲ့သူဆိုတာလည်းတစ်ယောက်မှမရှိပါဘူး။ကိုယ့်မှာရန်သူတစ်ယောက်ရှိနေရင်တောင်များတယ်လို့ဆိုရမှာ ဖြစ်ပြီးမိတ်ဆွေဦးရေ(၅၀)ရှိနေရင်တောင်နည်းတယ်ဟုပင်ဆိုရမှာပါ။ထိုကြောင့်ရန်သူဆိုတစ်ယောက်မှမရှိလေ ကောင်းလေပါပဲ။



Friday, September 12, 2014

မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ၏ ဟောပြောမှု


မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ ဟောပြောပွဲ ဖြစ်ပါသည်။ အောက်မှာတိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။





မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ၏ ဟောပြောပွဲ Video = DOWNLOAD
Myanmar B2B Management Magazine



Tuesday, September 9, 2014

ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းနှင့် နွားချင်း( နွား သားအိမ် )



ခင်ရာ ဆွေမျိုး၊ မြိန်ရာဟင်းကောင်းနှင့် နွားချင်း( နွား သားအိမ် )

=========================================

နွားမတွေသားမွေးတဲ့အခါ နွားသားပေါက်နဲ့အတူထွက်ရှိလာတဲ့ နွားအချင်းကိုလူတွေကစွပ်ပြုပ်လုပ်သောက်လေ့ရှိတယ်လို့ ပြောရင် နွားမွေးမြူရေးနဲ့သိပ်မနီးစပ်တဲ့သူနဲ့ နွားကိုတစ်နိုင်တစ်ပိုင်မမွေးမြူဖူးတဲ့သူတွေကတော့ကြားရတာနဲ့နှာခေါင်းရှုံ့ကြမယ်ထင်ပါတယ်။ နောက်ပြီးရှာရှာဖွေဖွေအစားအသောက်ပက်စက်တယ်လို့လည်း ပြေကြလေမလားဘဲ။

ဘယ်လိုဘဲ ပြောပြောအဲဒီနွားချင်းစွပ်ပြုတ်ဟာ တော်တော်အရသာကောင်းတဲ့စွပ်ပြုပ်တစ်မျိုးဖြစ်တယ်ဆိုတာကိုတော့စားဖူးတဲ့သူမှပဲသိမှာပါ။

ကျတော်တို့ငယ်ငယ်အိမ်မှာ နွားမမွေးခင်ကအိမ်နီးချင်းနွားပိုင်ရှင်အိမ်တွေမှာ နွားမကြီးက နွားကလေးမွးပြီဆိုရင်ကျတော်တို့အိမ်ကို နွားချင်းစွပ်ပြုပ်တွေလာပို့ပေးလေ့ရှိပါတယ်။

လာပို့တဲ့သူကလည်းရှားရှားပါးပါးစားခွင့်ကြုံစေချင်တဲ့ စေတနာနဲ့စားအသောက် ကောင်းတစ်ခုကိုမျက်နှာလုပ်ပြီးလာပို့တာမျိုးဖြစ်ပါတယ်။အဲဒီအခါမျိုးမှာကျတော်တို့မိသားစုတစ်စုလုံးက နွားချင်းစွပ်ပြုပ်ကို တော်တော်ကိုကြိုက်ကြတယ်ဆိုတော့အိမ်ရှိလူစေ့စားရအောင်နည်းနည်းလေးစီမျှဝေပြီးစားသောက်လေ့ရှိပါတယ်။

တော်တော်ကိုကောင်းတဲ့ စွပ်ပြုတ်တစ်မျိုးပါ ။ ၀က်ခြေတောက်စွပ်ပြုပ်တို့ ဆိပ်ပုဆိုးကြမ်း စွပ်ပြုပ်တို့ နဲ့ဆို နှိုင်းလို့ မရအောင်ကိုကောင်းတာ..။

ကျတော်တို့အိမ်မှာ နွားမွေးပြီးနောက်မှာတော့အိမ်က နွားမမှာကိုယ်ဝန်ရလာပြီဆိုရင်ကိုယ်ဝန်သည်နွားမကြီးရဲနို့ကိုမကြာခဏညှစ်ညှစ်ပြီးတော့ မွေးမယ့်အချိန်ကိုမှန်းမှန်းပြီး စောင့်မျော်ရပါတယ်။ညှစ်လိုက်တဲ့ နွားနို့က ညောင်စေးလို စေးပြစ်ပြစ်ကလေးဆိုရင် မွေးဖို့ တော်တော်ကြာအုံးမယ်။တကယ်လို့နို့အုံတစ်ခုလုံးတင်းပြီးနို့ဦးရည်တွေပန်းထွက်လာရင်တော့ မွေးဖို့သိပ်မလိုတော့ဘူးတဲ့။

လူကြီးတွေ ပြောတဲ့စကားတွေကိုမှတ်သားပြီးလိုက်လုပ်ရတာပါ။ နွားကလေးမွေးလာပြီဆိုရင် မွေးပြီးတာနဲ့ ပြီးချင်းနို့ဦးရည်ကိုညှစ်ပါတယ်။အဲဒီတုန်းက နွားမကြီးရဲ့နို့ဦးရည်ဟာ မွေးလာတဲ့ နွားသားပေါက်လေးအတွက် တော်တော်အဟာရဖြစ်စေတယ်ဆိုတာကိုလည်းမသိသေးပါဘူး။အဲဒီနို့ဦးရည်( နွားနို့ပုပ်)ကလည်းပေါင်းစားလို့အရမ်းကိုအရသာရှိပါတယ်။ နွားကလေးအမိဝမ်းကနေကျွတ်ပြီးအတူတွဲပါလာတဲ့ နွားချင်းကအပြင်ထွက်လာပေမယ့်တစ်ခါတည်းပြုတ်ကျသွားတာမျိုးမဟုတ်ပါဘူးအနည်းဆုံး2နာရီလောက်ကြာလေ့၇ှိပါတယ်။တစ်ခါတစ်လေ နေ့တစ်ဝက်လောက်တောင်ကြာသွားတတ်သေးတယ်။ နွားမကြီးရဲ့မွေးလမ်းကြောင်းမှာတန်းလန်းကြီးကျန်နေခဲ့တဲ့နွားချင်းဟာလူလစ်တုန်း ပြုတ်ကျသွားခဲ့ရင် နွားမကြီးကသူ့အချင်းကိုသူပြန်စားလိုက်ကြတယ်။အဲဒီလိုဆိုရင် နွားကလေး မွေးမှတစ်ခါစားခွင့်ကြုံလေ့ရှိတဲ့နွားချင်းစွပ်ပြုတ်နဲ့ ဝေးရတော့တာဘဲ။ဒါကြောင့်မို့နွားကလေးမွေးပြီးတာနဲ့ နွားပိုင်ရှင်တွေဟာ နွားမကြီးကိုမျက်ခြေအပြတ်မခံဘဲ စောင့်ကြည့်နေလေ့ရှိပါတယ်။

နွားမကြီးရဲ့မွေးလမ်းကြောင်းကနေကျွတ်ထွက်လာတဲ့ နွားအချင်းကို ရေနဲ့ သေချာစွာဆေးကျောသုတ်သင်ပြီးငရုတ်ကောင်း၊ ရှောက်ရွက်နဲ့တခြားဒေသထွက်အမွှေးနံထွက်စေတဲ့သစ်ရွက်တွေကိုထည့်ပြီးပြုပ်လိုက်ရင်တော့ကျတော်တို့ကြိုက်နှစ်သက်လှတဲ့ နွားအချင်းစွပ်ပြုပ်ရလာပါပြီ။

နွားအချင်းမှာချွဲအိအိအသားတွေပါသလို(မနိုင်းကောင်းနိုင်းကောင်း)ပိတ်စအပေါ်မှာပန်းပွင့်ဒီဇိုင်းဖော်ထားသလိုအပွင့် လေးတွေပါပါသေးတယ်။အဲဒီအပွင့်ကတော့အရသာအကောင်းဆုံးပါဘဲ။လူကြီးတွေ ပြောစကားအရ နွားမကြီးသားမွေးတဲ့အချိန်လဆန်းလဆုတ်အချိန်အခါပေါ်မူတည်ပြီးတော့ နွားအချင်းမှာပါတဲ့အပွင့်အကြီးအသေးကွာသေးတာတဲ့။

အဲဒီလို နွားချင်းစွပ်ပြုပ်ကိုအသေလဲကြိုက်တဲ့ကျတော်ဟာတစ်နေ့(ကျတော်တို့အိမ်မှာ နွားမမွေးခင်)အိမ်နားက နွားမကြီးတစ်ကောင် နွားသားလေးမွေးတာကိုသွားကြည့်မိတဲ့အခါမှာတော့....တို့စားနေတဲ့ နွားအချင်းဆိုတာ နွားကလေးအမိဝမ်းကနေကျွတ်ပြီးနောက် နွားမကြီးရဲ့ မွေးလမ်းကြောင်းမှာ သွေးသံရဲရဲနဲ့တန်းလန်းကြီးကျန်နေသးတဲ့ဟာကြီးပါလား..ဆိုပြီးသိသွားတော့အဲဒီနွားချက်စွပ်ပြုပ်ကိုဘယ်လိုမှစားချင်စိတ်မရှိတော့ဘူး။ဒါပေမယ့်လည်းသိပ်မကြာလိုက်ပါဘူးကျန်တဲ့အိမ်သားတွေစားနေတုန်း မွေးနံ့လေးတွေရနေတော့မနေနိုင်ဘဲ ပြန်စားမိသွားတော့တာအခုထိပါဘဲ...။

အဲ.....အခုထိဆိုတာမဟုတ်ပါဘူး။ကျတော်တို့အဲဒီ နွားချင်းစွပ်ပြုပ်ကိုမစားခဲ့ရတာ10နှစ်တောင်မကတော့ဘူးဘဲ။ရွာမှာတစ်နိုင်တစ်ပိုင် နွားမွေးမြူတာတွေတစ်စစ ပျောက်ကွယ်ကုန်တော့ နွားချင်းစွပ်ပြုပ်မပြောနဲ့နွားနို့တောင် တော်တော်ရှားနေပါပြီ။အခုလက်ရှိအသက်20၀န်းကျင်အရွယ်ရှိတဲ့ကျတော်တို့ ဒေသကလူငယ်လေးတွေဟာ နွားချင်းစွပ်ပြုပ်ကိုစားဖူးတော့မှာမဟုတ်ပါဘူး။||


ဒီပိုစ့်ကိုရေးမိတာကလည်းတခြားဘာအကြောင်းထွေထွေထူးထူးတော့မရှိပါဘူး။ကျွန်တော်တို့ငယ်ငယ်က..စားခဲ့ဖူးတဲ့၊အဲဒီတုန်းကတောင်မှရှားရှားပါးပါးစားခဲ့ရတဲ့ နွားချင်းစွပ်ပြုပ်(ကျတော်တို့ ဒေသအခေါ် နွားချွတ်အူ၊ နွားချွတ်ဝီ)ရဲ့အရသာ လေးကိုသတိရမိနေသေးလို့ ရေးဖြစ်တာပါ


Yannaung Soe


Monday, September 8, 2014

ကွမ်းလုံ ရက်(၄၀)တိုက်ပွဲကြီး အကြောင်း

မြန်မာ့ တပ်မတော်သားများ တိုက်ပွဲဝင်နေစဉ် ( ကွမ်းလုံ ရက်(၄၀)ကြာ တိုက်ပွဲ )

ကွမ်းလုံ ရက်(၄၀)တိုက်ပွဲကြီး အကြောင်း တစေ့တစောင်း  အောက်မှာ ဆက်လက်ဖတ်ရှုပါ ။ 




Britney Spears ၏ I'm Not A Girl, Not Yet A Woman သီချင်း



ပေါ့စ် အဆိုတော် Britney Spears  ၏ နာမည်ကျော် တေးသီချင်းလေးတပုဒ်...ကိုသူငယ်ချင်းလေး Nann..Su. အတွက် တင်ပေးလိုက်ပါသည်။


Download ရန် ||>>>...I'm Not A Girl  -(or).I'm Not A Girl





"I'm Not A Girl, Not Yet A Woman
"
သီချင်းစာသား




I used to think
I had the answers to everything,
But now I know
Life doesn't always go my way, yeah...
Feels like I'm caught in the middle
That's when I realize...

[Chorus:]
I'm not a girl,
Not yet a woman.
All I need is time,
A moment that is mine,
While I'm in between.

[Verse 2]
I'm not a girl,
There is no need to protect me.
It's time that I
Learn to face up to this on my own.
I've seen so much more than you know now,
So don't tell me to shut my eyes.

[Chorus]

I'm not a girl,
But if you look at me closely,
You will see it in my eyes.
This girl will always find
Her way.

I'm not a girl
(I'm not a girl don't tell me what to believe).
Not Yet a woman
(I'm just trying to find the woman in me, yeah).
All I need is time (All I need),
A moment that is mine (That is mine),
While I'm in between.

I'm not a girl
Not yet a woman (not now)
All I need is time (All I need),
A moment that is mine,
While I'm in between.

I'm not a girl,
Not yet a woman.





Friday, September 5, 2014

ကွန်ပျူတာက IP address ကြည့်နည်း

 ......
မိမိကွန်ပျူတာ ကInternet IP Address (သို့)Pc IP Address ကိုသိရှိလိုပါက အောက်ဖော်ပြပါ နည်းလမ်းကိုအသုံးပြုပြီး ကြည့်ရှုနိုင်ပါသည်။

1.Start Icon ကို နှိပ်ပါ။ Run ကိုသွားပြီး။ cmd  (command prompt ) ဟုရိုက်ထည့်ပါ။




2. ပေါ်လာတဲ့ cmd box ထဲမှာ ipconfig/all ဟုရိုက်ပြီး Enter ခေါက်လိုက်ပါ။သင်၏ ကွန်ပျူတာက Ip Address အကုန်ကျလာပါလိမ့်မည်။

အဆင်ပြေပါစေ။



Tuesday, August 19, 2014

သို့ . . . ကမ္ဘာမြေ



သို့ . . . ကမ္ဘာမြေ
သင်နေကောင်းရဲ့လား
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြားမှာ
သင့်အသက်ရှူသံတွေ ပါးဖျော့သွားသလိုပဲ
ကျန်းမာရေးကိုဂရုစိုက်ပါကမ္ဘာမြေ။

သင်ဝတ်ထားတဲ့ အင်္ကျီက
ဆွေးရိပြဲကျနေပြီ
အဲဒါ ဖာထေးဖို့တော်တော်ခက်တယ်
ခုထိလည်း ဘာအပ်နဲ့ချုပ်ရမလဲမသိသေးဘူး

သင့်ကိုယ်ပူချိန်က တော်တော်မြင့်နေပြီကမ္ဘာမြေ
ဆေးခန်းလေးဘာလေးလည်းပြပါဦး
ဆေးသောက်သင့်လည်းသောက် ဆေးထိုးသင့်လည်းထိုးပေါ့။

သင့်အသားအရည်ဟာ အရင်လိုမစိမ်းလန်းတော့ဘူး
တဖြည်းဖြည်းနဲ့ ကန္တာရဆန်လာတယ်
သင့်ကိုယ်ထဲကသွေးတွေလည်း
တဖြည်းဖြည်းခန်းခြောက်လာတယ်ကမ္ဘာမြေ
သင်အအေးမိနေသလား ။


ဖြစ်နိုင်တာပေါ့
သင့်ကိုယ်ထဲကပိုးမွှားတွေက သစ္စာမရှိကြဘူးလေ
အစာအဟာရ မျှတအောင်စားပါကမ္ဘာမြေ။
နွေးနွေးထွေးထွေးနေပါ
ကျန်းမာရေးလိုက်စားပါ
အိပ်ရေး၀၀အိပ်ပါ
ကျန်းမာရေးကိုဂရုစိုက်ပါ ကမ္ဘာမြေ။
ကမ္ဘာမြေ.သင် . . . နေကောင်းပါစေ။


ရေးသူ= ??



Monday, August 18, 2014

ရွှေဥဒေါင်း ၏စာအုပ်များ


ဆရာကြီးရွှေဥဒေါင်းဧ။် စာအုပ်များ ဖြစ်ပါသည်


ရွှေစကား

http://www.zaylinthawtar1994.blogspot.com/

Saturday, August 16, 2014

ဆရာကြီး မြသန်းတင့်၏စာအုပ်များ


ဆရာကြီးမြသန်းတင့်၏  စာရေးခြင်းအတတ်ပညာအပါအ၀င်စာအုပ်ကောင်းများ၁၈အုပ်စုစည်းထားပါသည်၊

နှစ်သက်ရာ စာအုပ်နာမည်ကို နှိပ်ပြီး Download ပါ

  1. စာရေးခြင်းအတတ်ပညာ
  2. လူလေးသို့ပေးစာများ
  3. တိမ်းရှောင်သူ
  4. ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်
  5. ပီကာဆို၏ပဉ္စလက်မီးအိမ်
  6. မယာဘုံ
  7. လက်ဖက်ရည်ဆိုင်
  8. ဂျူပီတာဖိုက်
  9. လမင်းကိုထရံပေါက်မှချောင်း ကြည့်ခြင်း
  10. လာခြင်းကောင်းသောအရှင်
  11. ကြာညိုနံသင်းသောရေ၀တီမ
  12. ဧကရီဖွားစော
  13. မော်ဒန်ကဗျာနှင့်ပတ်သက်၍
  14. မှောင်မိုက်မှာငို
  15. မှော်ရုံတော်မှာမောလှပြီ
  16. ရေပွက်ပမာ သမိုင်းထဲကမန္တလေး၊ မန္တလေးထဲကသမိုင်း
  17. နှစ်တစ်ရာကမ္ဘာ့စုံထောက်ဝတ္ထုတိုများ-၃
  18. သြဂုတ်တစ္ဆေများနှင့် အခြားဝတ္ထုတိုများ


 docs.google.com မှာတင်ထားတဲ့စာအုပ်ကို Down နည်း





 

Friday, August 15, 2014

စာရေးဆရာ သော်တာဆွေ ၏ စာအုပ်များ




ဆရာ သော်တာဆွေ ၏  စာအုပ်များ 13 အုပ် Download ဆွဲယူ ဖတ်ရှုနိုင်ရန်ဖြစ်ပါသည်။နှစ်သက်ရာ

စာအုပ် အမည်ကို ကလစ်ပြီး Download ပါ။--



Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်